မွေးမြေရပ်မှ ပထမဆုံးသာသနာပြုခြေလှမ်း




                                                                                                                                                                
မွေးရပ်မြေလေးကတော့ ပဲခူးတိုင်းဒေသကြီး၊မင်းလှမြို့နယ်၊သရော(ဂျီ)အုပ်စု၊ငှက်ကြီးသိုက်ကျေးရွာရှိ       
သူရိယစန္ဒာကျောင်းတိုက်တွင် စေတီတော်တည်ထားကိုးကွယ်မှု ပထမခြေလှမ်ကတော့ ပန္နက်ရိုက်မင်္ဂလာ၊
မြေသန့်မင်္ဂလာအခမ်းအနားတို့ကို ပြာသိုလပြည့်နေ့(အမေများနေ့)တွင် ကျင်းပခဲ့ပါတယ်။ရှေးဦးစွာ
ကြွရောက်တော်မူသောဆရာတော်ကြီးများဦးဆောင်ကာ နမောတသ ဘုရားကန်တော့အခမ်းအနား
စတင်ကာ၊သီလဆောက်တည်မှု၊ မြေသန့်မင်္ဂလာတွင်ပရိတ်ရွတ်ဖတ်ခြင်း၊ ကမ္မ၀ါများရွတ်ဖတ်ခြင်းတို့ကို
ရွတ်ဖတ်ပေးပါတယ်။ထိုနောက် ပန္နက်တိုင်ရိုက်ခြင်း၊နံသာရေပက်ဖြန်းခြင်း၊တို့ကို ကိုဆောင်ရွက်ကြပါတယ်။
ဆရာတော်ကြီးများနှင့်ဧည့်သည်တော်များကိုဦးတင်မောင်လတ်၊ဒေါ်မိုးမိုးမိသားစုကနေ့ဆွမ်း၊အချိုပွဲများ
ဆက်ကပ်လှူတန်းပါတယ်။ရွာသူ၊ရွာသားများကလဲမိမိတို့တတ်စွမ်းသမျှ လုပ်အားနဲ့ပါဝင်ကူညီပါတယ်။      
ရွာမှဥပါသိကာအဖွဲ့ကလဲ ရွာအနီးကျေးရွာတို့ကိုအလှူငွေများကောက်ခံလျှက်ရှိပါတယ်။သဲ၊ကျောက်ပါဝင်
ဒါနပြုသူတွေကလဲရှိပါတယ်ခဗျား။(မည်သူမဆိုကုသိုလ်ပါဝင်နိုင်ပါတယ်) ။တပို့တွဲဖဆန်း(၅)ရက်နေ့၊        
(၈.၂.၂၀၁၁)အဂ်ါနေ့တွင်အုတ်မြစ်ချမင်္ဂလာအခမ်းအနား၊ကိုဆောင်ရွက်ပါမည်။                                                                                 အားလုံးကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေ။(မင်းလှသားလေး)                                               (ကျေးလက်တောသ၊ူတောင်သားတို့၏ဒါနတရားကိုသာဓကယူကြပါ)

ဗုဒ္ဓသာသနာ့အလံအစ

(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။

ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။

တီထွင်သူ အစစ်

(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)

ဟင်နရီစတီးအိုကော့ ( H.S. Olcott )
ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်
အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။
၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး
သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။
စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)

စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။

စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ၀န်ခံထားခဲ့သည်။ အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။

မြန်မာနိုင်ငံ နှင့် သာသနာ့အလံ
သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အလံတော် အဓိပ္ပါယ်

သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။

အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။

ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။

အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-

(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)

(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။

(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊

(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။

စူးရှသော စိတ်ကူးဥာဏ် ရှိခဲ့သော စီ ပီ ဂုဏ၀ဍ္ဎန( ခေါ် )ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) အား ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ ကိုယ်စား လေးစားသမှု့ ပြုအပ်ပါသည်။
အရှင်စန္ဒောဘာသ(ရွှေဘို)ရေးသားသော `သာသနာ့အလံတော်´ စာအုပ်နှင့် ဒီဝက်ဆိုက် မှ မှီငြမ်းရေးသားပါသည်။
Copy blog from; http://www.dhammayaungchi.com/2010/06/blog-post_02.html

သာသနာ့အလံ

သာသနာ့ အလံအကြောင်း အပြည့်အစုံကို အစ်မရွှေပြည်သူ ဘလော့မှာ ရေးခဲ့ဖူးပါတယ်။ အဲဒီမှာ ဖတ်လိုက်ရင် ပိုမို ပြည့်စုံစွာ သိရမှာပါ။
သာသနာ့အလံအရောင် နဲ့ပတ်သတ်လို့ ဓမ္မစေတီဆရာတော်က မှတ်သားရ လွယ်ကူအောင် လင်္ကာနဲ့ ဟောကြားခဲ့ပါတယ်။
ခြောက်ရောင် ကွန့်မြူး၊ တင့်ထူးပေဟန်၊
သာသနာ့အလံ၏၊ ဓိပ္ပါရံကို၊ ဖွင့်ဆိုရန်မှာ၊
အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ်၊
နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း
တဏှာကင်းပြောင် လိမ္မော်ရောင်နှင့်
ရောင်စဉ်ဖြာဖြာ သင်္ကေတာမှာ
အရိယာ၏ ဖော်ညွှန်းဂုဏ်ရည်
စာသွန်းစီသည် လ၀န်းရောင်ခြည်
ဓမ္မစေတီ။


အရောင်များ
အလံတော်မှာပါဝင်တဲ့ အရောင်ငါးမျိုးဟာ မြတ်စွာဘုရားရှင် သဗ္ဗညုတဥာဏ်တော်ကို ရရှိချိန် ကိုယ်တော်ကနေ ကွန့်မြူးထွက်ပေါ်တဲ့ ရောင်ခြည်တော် ခြောက်သွယ်ကို ကိုယ်စားပြုပါတယ်။
ပြာသောရောင်ခြည် (နီလ) = ကရုဏာ၊ ငြိမ်းချမ်းမှု နှင့် စကြာဝဠာသို့ ဖြန့်ကျက်သော မေတ္တာတော်။
ဝါသောရောင်ခြည် (ပီတ) = အလယ်အလတ်လမ်းစဉ် ~ အစွန်းရောက်ခြင်း၊ သတိလက်လွတ်နေခြင်းများကို ရှောင်ကျဉ်ခြင်း။
နီမောင်းသောရောင်ခြည်(လောဟိတ)= လက်တွေ့ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများ ~ အောင်မြင်ခြင်း၊ အသိဥာဏ်၊ သီလ၊ ကံနှင့် စောင့်စည်းမှု။
ဖြူသောရောင်ခြည် (သြဒါတ)= တရားဓမ္မ၏ စင်ကြယ်ခြင်း ~ အချိန်၊ နေရာ အကန့်အသတ်တို့ကို လွန်မြောက်၍ သံသရာဝဋ်ဆင်းရဲမှာ လွတ်မြောက်အောင် လမ်းပြခြင်း၊
လိမ္မော်ရောင်ခြည် (မဉ္ဖိဋ္ဌ)= ဗုဒ္ဓ၏ဟောကြားဆုံးမမှုများ ~ အသိဥာဏ်ပညာ။
အလံတော်ပေါ်က ခြောက်ခုမြောက် ဒေါင်လိုက်လိုင်းကို ကျန်တဲ့အရောင်ငါးမျိုးရဲ့ လေးထောင့်လိုင်းလေးနဲ့တွေ ပေါင်းစပ်ပြုလုပ်ထားပြီး အဲဒီလိုင်းဟာ ရောင်ခြည်တော်ထဲက အရောင်ငါးမျိုးပေါင်းစုံမှုကို ကိုယ်စားပြုပါတယ်။ အဲဒီ ပေါင်းစပ်မှုအရောင်ဟာ “ပဘဿရ” (အလင်းရဲ့အဓိက အနှစ်ချုပ်) ကို ရည်ညွှန်းပါတယ်။
သာသနာ့ အလံနှင့် ပတ်သတ်လို့ ယခုလောက်သိခွင့်ရကြရင် ကျေနပ်နှစ်သိမ့်နိုင်ကြပါစေ။

သာသနာကို စောင့်ရှောက်နိုင်တဲ့ သူတောင်ကောင်းများ ဖြစ်ကြပါစေ…

သံဝေဂ

သံဝေဂ ၈-ပါး

၁။ နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်း နောက်ဆုံးရှိချေ၏တကား။
၂။ ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏တကား။
၃။ ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏တကား။
၎။ ၀ိညာဉ်တင်းလင်း၊ သက်ရှည်ခြင်းကား၊ သေမင်းနောက်ဆုံး ရှိချေ၏တကား။
၅။ တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျှောကျနောက်ဆုံး ရှိချေ၏တကား။
၆။ ခင်မင်ခယ၊ ချစ်လွန်းကလည်း၊ သောကနောက်ဆုံး ရှိချေ၏တကား။
၇။ ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏တကား။
၈။ ကြည်သာရွှင်ပျ၊ ချမ်းသာကြလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏တကား။
                                

သံဝေဂတေးထပ်

အဇ္ဇေ၀ သုေ၀၀၊ ခုတွေးဆ ပြန်လှန်။
ယနေ့လား နက်ဖြန်၊ ရက်မှန်မှန် မသိ။
အနိစ္စလက္ခဏာရယ်၊ သန်ဘက်ခါ ဆုံးစမရှိ။
လူ့အသက်ပုံပမာ၊ ပဒုမ္မာ နေထိ။
ကုန်မကြာ ကြွေရိလို့၊ ဇာတိပဋိသန္ဓေ။
ဝဋ်ဒုက္ခသံသာဝဲ၊ တနဲစီ ဖြစ်ပျက်သာပွေ။
နောင်ရိက္ခာ ပါလေအောင်၊ အဋ္ဌင်္ဂေသီလနှင့်၊
တစ်လ လေးရက်ကွယ်၊ မြဲပါတော့မယ်။
ကြွင်းနှစ်ဆယ့်ခြောက်ရက်ဝယ်၊
ငါးပါးကွယ် သီလနှင့်လေး။(စလေဦပုည)
အားလုံသံဝေဂတရားရနိုင်ကြပါစေ။(မင်းလှသားလေး)
                                                                                                                                                                                                                      

မေမေအသဲလေး

             ချစ်လှစွာသော သားသားရေ
             လှမ်းလျှောက်ကာလေ  လာခဲ့လေ
             လှုပ်တုတ်လှုပ်တုတ် လျှောက်ကာသွား
             ချစ်စရာ မေမေ့သား
             ရှေ့သွားလေးက နှစ်ချောင်းပေါ်
             ရီကာပြုံးကာနော်
              စိတ်ချမ်းသာတယ် မေ့ရင်ထဲ
             သားသားလေးရဲ့ ရီ(ရယ်)သံဘဲ
             စော့ကာမောလို့ အိပ်ပါနော်
            မေမေတေးဆိုသိပ်မယ်နော်
             အိပ်ပျော်သွားတဲ့ မေ့သားလေး
             အနာဂတ်အတွက် အလင်းတန်းလေး
             အိပ်ကာနိုးလို့ ပြုံးပါနော်
              မေမေစိတ်ရွင်ပျော်
             ဘဝမှာပုံကာချစ်
         မေ့သားလေးက နံပါတ်တစ်။    ။                                                                                
                                                                   ဓမ္မအေးရိပ်မှကဗျာလေးကိုကူးယူထားပါတယ်။      
                                                   ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေ။(မင်းလှသားလေး)

သီတဂူ အလင်းရောင်အလှူ

ကြမ်းတမ်းသော လမ်း ဆိုက်ကားဖြင့် ကြွပုံ

လူနာများအား အားပေးစကားပြောနေစဉ်
စမ်းသပ်မှုခံယူရန် စောင့်ဆိုင်းနေကြစဉ်

ဆရာတော်ကြီးက လူနာအား အားပေးစကားပြောနေစဉ်
မျက်စိဝေဒနာရှင်များ စမ်းသပ်မှုခံယူရန် စောင့်ဆိုင်းနေကြစဉ်
သီတဂူဒေါက်တာ ဒေါ်မိမိခင် မျက်စိစမ်းသပ်နေစဉ်
ဆရာတော်ကြီးက လူနာအား မေတ္တာပို့ပေးနေစဉ်
Missionary and Ministry ဟူသော သာသနာပြုနည်းကို မူထားလျက် သီတဂူဆရာတော်ကြီး ဦးဆောင်လျက် သီတဂူ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် သူနာပြု ဆရာ ဆရာမများ ၁၄ ယောက်အဖွဲ့တို့သည် ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာ ကဒုံကနိတိုက်နယ်ဆေးရုံတွင် သီတဂူစက္ခုဒါန အလှူတော်များ ပြုလုပ်ခဲ့သည်။ ကဒုံကနိကျေးရွာသို့ ဘိုကလေးမြို့မှ သင်္ဘောဖြင့် ၄ နာရီကျော် စီးရသည်။ လမ်းခရီးက ကြမ်းသည်။ ထော်လာဂျီ၊ ဆိုက်ကား၊ လှေ၊ မော်တော်ဘုတ်များဖြင့်သာ သွားနိုင်သည်။ သက်တော် ၇၄ နှစ်ရှိသော ဆရာတော်ကြီးသည် ထိုခရီးကြမ်းကို မမှုဘဲ ထိုဒေသရှိ မျက်စိဝေဒနာရှင်များအား အစဉ်သနားသော ကရုဏာ၏ အစွမ်းကြောင့်သာ ဆိုက်ကားတတန် ထော်လာဂျီတမျိုး လေသင်္ဘောတဖုံတို့ဖြင့် အဆင်ပြေချောမွေ့စွာ သွားနိုင်ခဲ့သည်။

၁၈-၁-၂၀၁၁ နေ့ကစပြီး တိုက်နယ်ဆရာဝန် ဒေါက်တာအေးနိုင်နှင့်အဖွဲ့၊ သီတဂူအာယုဒါနဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ဇော်နှင့် သီတဂူဒေါက်တာ ဒေါ်မိမိခင် တို့ဦးဆောင်သော သီတဂူဆရာ ဆရာမများက မျက်စိဝေဒနာရှင်များကို ကြိုတင် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ကြသည်။ ၁၉-၂၀-၂၁-၂၂-၂၃-၂၄ ရက်များတွင် မျက်စိအထူးကု ဆရာဝန်ကြီးများဖြစ်ကြသော ဒေါက်တာမြအောင်၊ ဒေါက်တာ စဂျေလွင်၊ ဒေါက်တာတင်ဇော်ဦးတို့က ခွဲစိတ်ကုသမှုများ ပြုလုပ်ကာ အလှူဒါနပြုခဲ့ကြပါသည်။
လူနာများ
စမ်းသပ်လူနာ- အယောက် ၁၀၀၀ ကျော်
ခွဲစိတ်လူနာ-၂၈၃ ယောက်
ဤသို့အားဖြင့် ၁၀၀၀ ကျော်သော မျက်စိဝေဒနာရှင်များကို ကုသမှုများပြုလုပ်ကာ ၂၈၃ ယောက်သော မျက်စိဝေဒနာရှင်များအား အလင်းရောင်ပေးလှူနိုင်ခဲ့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၂၅-၁-၂၀၁၁                                                                                        

                                ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေ(မင်းလှသားလေး)                                             သီတဂူစတားဆိုဒ်မှကူးယူဖြန်ဝေထားပါသည်။

ဘိက္ခူနီမများအတွက်ဂရုဓံ(၈)ပါး

မြတ်စွာဘုရားရှင်၏ မိထွေးတော် မဟာပဇာပတိဂေါတမီ ၏ကျေးဇူးကြောင့် ဘိက္ခူနီ(ရဟန်းမ)သာသနာ ပေါ်ပေါက်လာခဲ့ပါတယ်။ မိထွေးတောဂေါတမီသည် သုံးကြိမ်တိုင်တိုင် မြတ်စွာဘုရားရှင်ထံ ဘိက္ခူနီမ သာသနာကို တောင်းဆိုခဲ့သော်လည်းပဲ မြတ်စွာဘုရားရှင်သည် '' ဂေါတမီ သာသနာတော်ဝယ် အမျိုးသမီးများ ၀င်ရောက်ထမ်းဆောင်ရန် မတောင်းတပါလင့်'' ဟုသာ ငြင်းပယ်ခဲ့ပါသည်။ အရှင်အာနန္ဒာ၏ မဆုတ်မနှစ် တောင်ဆိုးမူ့ကြောင့်သာလျှင် ဘိက္ခူနီမ သာသနာပေါ်ပေါက်သောကြောင့် အရှင်အာနန္ဒာ ကျေးဇူးလဲ မကင်းပါ။
မြတ်စွာဘုရားရှင်သည် ဘိက္ခူနီသာသာနာအတွက် ဂရုဓံ (၈) ပါးကို ပညတ်ခဲ့ပါသည်။
၁။ ရဟန်းမသည် ၀ါတစ်ရာပင်ဖြစ်စေ။ ယနေ့မှဖြစ်သော ရဟန်းသစ်ကို ရှိခိုးရမည်။ခရီးဦးကြိုပြုရမည်။ အရိုအသေပေးရမည်။
၂။ ယူဇနာဝက်အတွင်း၌ ရဟန်းတစ်ပါးမှ မရှိသော ကျောင်းတွင် ၀ါမဆိုရ။
၃။ ရဟန်းသံဃာထံသို့ လပြည့်လကွယ်နေ့တိုင်း ဥပုတ်အမေး သွားရမည်။
၎။ဝါကျွတ်ပြီးသော ရဟန်းမသည် ရဟန်းနှင့်ရဟန်းမ သံဃာ နှစ်ရပ်စလုံး၌ ကိုယ်တိုင်မြင်သော၊ တစ်ဆင့်ကြားသော၊ ယုံမှားသင်္ကာ ရှိသော အပြစ်အာပတ်များကို ထုတ်ဖော်ပြောဆိုရန် ပန်ကြားရမည်။
၅။ ဂရုကံ အာပတ်ကြီးများသင့်သော ရဟန်းမသည် သံဃာနှစ်ရပ်လုံး၌ ပက္ခမာနတ် ကျင့်ရမည်။
၆။ ၀ိကာလ ဘောဇနတိုင်အောင် သိက္ခာပုဒ်ခြောက်ခုကို နှစ်နှစ်တိုင်တိုင် ကျင့်ခဲ့ပြီးသော သိက္ခာမာန်ကို သံဃာနှစ်ရပ်၌ ရဟန်းခံနိုင်ရန် ကြိုးစားအားထုတ်ရမည်။
၇။ မည်သို့သော အကြောင်းရှိသည်ဖြစ်စေ ရဟန်းမသည် ရဟန်းကို မဆဲရေးရ၊ ရေရွတ်တိုင်းထွားခြင်းမပြုရ။
၈။ ဤယနေ့မှစ၍ ရဟန်းမတို့က ရဟန်းတို့အပေါ် ပြောဆိုနိုင်ခွင့် မရှိပေ။ သို့သော် ရှေးရှေးက မထေရ်များသည် ဤသို့သော သင်္ကန်းဆိုင်ရာ ကျင့်ဝတ်များကို ကျင့်သုံးကြပေသည်ဟူ၍ကား ရည်ညွန်းပြောဆိုနိုင်သည်။ ရဟန်းမများအပေါ်တွင်ကား ရဟန်းတို့က ပြောဆိုခွင့်ရှိပေသည်။
မြတ်စွာဘုရားရှင်သည် အခြားအမူ့ကိစ္စများတွင် ကျူလွန်းမူ့ဖြစ်ပေါ်ပြီးမှ ၀ိနည်းတော် ပညတ်ချက်ကို ထုတ်ပြန်တော်မူလေသည်။ ယခု မလွဲမရှောင်သာ ခွင့်ပြုလိုက်ရသောကိစ္စတွင်မူ ကြိုတင် ပညတ်ချက်များကို ချမှတ်တော်မူလေသည်ကို '' တစ်ဖက်ဆည်ကန်ကြီး၏ ကန်ဘောင်ကို ကန်ရေတွေ ကျိုးပေါက်ဆုံးရှူံးခြင်း မရှိသေးမှီကပင် ကြိုတင်၍ ဆည်ဖို့ထားရဘိသကဲ့သို့ ရဟန်းမများအတွက် ရာသက်ပန် မကျိုးပေါက်အောင် စောင့်ရှောက်ရန် ဂရုဓံတရား ရှစ်ပါးကို ကြိုကြိုတင်တင် ပညတ်၍ထားလိုက်သည် ''
(အဂုင်္တ္တရ၊ အဋ္ဌကနိပါတ်၊ ပေါတမီသုတ် ပါဠိတော်နှင့် အဋ္ဌကထာ)

မယ်တော်ကြီး ပဇာပတိဂေါတမီအား မြတ်စွာဘုရားရှင်ဟေားကြားခဲ့သော ဒေသာနတစ်ပုဒ်မှာ '' ဂေါတမီ ဤတရားသည် ရာဂနှင့်တကွဖြစ်ခြင်းငှား ၀ဋ်တရားနှင့်စပ်ခြင်းငှား ၀ဋ်တရားတို့ တိုးပွားစေခြင်းငှား အလုတဏှာကြီးထွားခြင်းငှား မရောင့်မရဲ သူထက်ကဲခြင်းငှား အပေါင်းအဖော်များကြား၌ ပျော်ပါးခြင်းငှား လုံးလမရှိ ပျင်းရိခြင်းငှား လုပ်ကျွေးမွေးမြူရခက်ခြင်းငှား ဖြစ်ကုန်၏ ဟု မိမိကိုယ်တိုင် သိမြင်ငြားအံ့ ထိုတရားသည် ငါဘုရားဟောကြားသော တရားတော်မဟုတ် ပညတ်တော်မူတော် ၀ိနည်းတော်မဟုတ် ဘုရာရှင်ပေးသနားသော အဆုံးအမ မဟုတ် ဟူ၍ ဧကန်မုချ မှတ်ယူရာ၏ ''
'' ဂေါတမီ ဤတရားတော်သည် ရာဂကင်းခြင်းငှား ၀ဋ်တရားကို ဖျက်ဆီးခြင်းငှား အလိုတဏှာ ကင်းခြင်းငှား သူ့ထက်မကဲ ရောင့်ရဲလွယ်ခြင်းငှား အဖော်မမှီတစ်ကိုယ်တည်းနေခြင်းငှား မဆုတ်မနစ် အားသစ်ခြင်းငှား၊ လုပ်ကျွေးမွေးမြူရ လွယ်ကူစေခြင်းငှား ဖြစ်ကုန်၏ ဟု ကိုယ်တိုင်သိမြင်ငြားအံ့ ထိုတရားတော်သည် ဘုရားရှင်ဟောကြားသော တရားတော် ပညတ်တော်မူသော ၀ိနည်းတော် ဖြစ်၏ ဘုရားရှင်ပေးသနားတော်မူသော အဆုံးအမဖြစ်၏ ဟု ဧကန်မုချ မှတ်ယူရာ၏ '' ဟု မိန့်ကြားခဲ့ပါတယ်။
(အဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်သံခိတ္တသုတ် ပါဠိတော်နှင့် အဋ္ဌကထာ)(မြန်မာဖိုရမ်မိသားစု မှကူးယူကာဖြန်ဝေထားပါတယ်ခဗျား)                                                                                      

                        စာဖတ်သူအားလုံးကျန်မာ၊ပျော်ရွှင်ကြပါစေ။(မင်းလှသားလေး)

ကိလေသာ(၁၀)ပါး

ကိလေသာ ၁၀-ပါး
ကိလေသာဟူသည်မှာ သတ္တဝါတို့ကို ညှင်းဆဲနှိပ်စက် ညစ်နွမ်းပင်ပန်းအောင် ပြုလုပ်တတ်သည့် အကုသိုလ် တရားဆိုးများ ဖြစ်ပါသည်။ ယင်းကိလေသာတရားတို့သည်-

၁) လောဘ= လိုချင်တပ်မက်မှု
၂) ဒေါသ= ကြမ်းတမ်းပြစ်မှားမှု
၃) မောဟ= အမှန်မသိမြင် မိုက်မဲမှု
၎) မာန= ထောင်လွှားတတ်ကြွမှု
၅) ဒိဋ္ဌိ= အထင်အမြင် အယူအဆ လွဲမှားမှု
၆) ဝိစိကိစ္ဆာ= အမှန်မဆုံးဖြတ်နိုင်ပဲ ယုံမှားမှု
၇) ထိန= ပျင်းရိ ထိုင်းမှိုင်းလေးလံမှု
၈) ဥဒ္ဓစ္စ= မငြိမ်မသက် လှုပ်ရှားပျံ့လွင့်မှု
၉) အဟိရိက= မကောင်းမှုပြုရန် မရှက်မှု
၁၀) အနောတ္တပ္ပ= မကောင်းမှုဖြစ်မှာ မကြောက်မှု-
ဟူ၍ အကျဉ်းအားဖြင့် ၁၀-ပါးရှိသည်။

ကျေးဇူးဆပ်ပါမည်

၁၈--၀၁-၂၀၁၁ နေ့ နံနက်စောစောပိုင်း (၆-၀၀) က အောင်မင်္ဂလာ အဝေးပြေးကားဂိတ်မှ မြောက်ဒဂုံ ဘေလီတံတားထိပ် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သို့ လိုက်ပါ ပို့ဆောင်သော တက္ကစီကား အဖြူရောင်ပေါ်တွင် ပစ္စည်းများ မေ့ကျန်ရစ်ခဲ့ပါသည်။ အလွန်အရေးကြီးသောကြောင့် တွေ့ရှိပါက ပြန်လည်အကြောင်းကြား ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
(အထူး ကျေးဇူးဆပ်ပါမည်။)
ပါဝင်သောပစ္စည်းများ
၁။ အနက်ရောင်အိပ် ထိုထဲတွင်
၂။ နိုင်ငံကူး ပတ်စပို့----------၉၈၉၂၁၈
၃။ သာသနာဝင်မှတ်ပုံတင်---၉/မဟမ(သ)၀၀၂၃၉၃
၎။ အမေရိကန် ဗီဇာဝင်ရန်နှင့် ကျောင်းတက်ရန် အရေးကြီးသော စာရွက်စာတမ်းများ
၅။ အိပ်ဆောင်ကွန်ပြူတာအနီရောင် Dell
၆။ အမေရိကန်ဒေါ်လာ ၅၀၀
၇။ မြန်မာကျပ်ငွေ ၂၀၀၀၀၀ (နှစ်သိန်း)
ပျောက်ဆုံးသူ အရှင်သုစိတ္တသည် အမေရိကန်နိုင်ငံတွင် ပညာသင်သွားရန် ရက် နီးကပ်နေပါသောကြောင့် အမြန်ဆုံးဆက်သွယ် ပေးပါရန် ထပ်လောင်းပြီး မေတ္တာရပ်ခံပါသည်။
ဆက်သွယ်ရန်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
မြောက်ဒဂုံ၊ ဘေလီတံတားထိပ်၊ ပင်လုံလမ်း
ဖုန်း-၀၁-၅၈၁၇၇၇။ ၀၁-၅၈၁၉၉၉
ကျေးဇူးပြု၍ ကော်ပီကူးပြီး လက်လှမ်းမီသလောက် မျှဝေပေးစေလိုပါသည်။ ကုသိုလ်ယူလိုက်ကြပါကုန်။
ရွှင်လန်းချမ်းမြေ့ပါစေ။                  သီတဂူစတားဆိုဒ်မှကူယူဖြန့်ဝေထားပါတယ်။(မင်းလှသားလေး)

မေမေရဲ့မေတ္တာ

အနန္တောအနန္တ ငါးပါးနှင့်  ကျေးဇူးရျင်အပေါင်းတို့ အား ဦးခိုက်ကန့်် တော့ပါ၏ ။                                         မေမေသည် သားသမီးတစ်ဦး လူလောကထဲရောက်ဖို့ ရန် အစားအမျိုးမျိုးကိုရှောင်ပြီး ဒုက္ခအမျိုးမျိုးကို ခံစားကာအသက်ကိုပင် မရဏရှင်သေမင်းနှင့် စစ်ခင်းကာ မိခင်မေတ္တာစိတ်အပြည့်ဖြင့် သားသမီးများကို လူလောကထဲသို့  ခေါ်ဆောင်လာသော မေမေ၏ မေတ္တာသည်  တုနိုင်းဖွယ်ရာမရှိပါ ။ မေမေကို ရည်ညွှန်းသော ဒုတိယတန်းတွင် သင်ကြားခဲ့သောကဗျာလေးကို သားသမီးတိုင်အမှတ်ရစေရန်အတွက်တင်ပြလိုက်ပါသည်။             




       “ ဒို့ မေမေ ”
ကျွေးမွေးသုတ်သင် သက်ဆုံးပင် 
ချစ်ခင်ရှာပေ ဒို့ မေမေ ။
ငယ်စဉ်ကာလ စည်းကမ်းပြ 
ဆုံးမခဲ့ပေ ဒို့ မေမေ ။
အရွယ်ေ၇ာက်လာ ကျောင်းအပ်ကာ
ပညာပေးပေ ဒို့ မေမေ ။
ကျမ်းမာဖို့ အရေး သင်ရာကျွေး 
လေးစားအပ်ပေ ဒို့ မေမေ ။
ဝတ်စားဆင်ယင် မြတ်နိုးကြင် 
ချစ်ခင်အပ်ပေ ဒို့ မေမေ ..... ကဗျာလေးကို သတိရမိပါတယ် ။



ကဗျာလေးကို ဖတ်မိပြီး  အဝေးနေရာက မေမေဆီကိုပြန်ကာ ပြုစုလိုက်ချင်ပေမယ့်  မဖြစ်နိုင်သေးပါ ။ ကျွန်တော်တို့ လောကီလူသားတွေ မပြောနဲ့  ... ဗုဒ္ဓမြတ်စွာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးပင်လျှင်  မိခင်တော်စပ်ခဲ့ဖူးသာ  မယ်တော်မီးနတ်သားအား ဝါတွင်း (၃) လပတ်လုံး တုသိတာနတ်ပြည်တွင် အဘိဓမ္မာ (၇) ကျမ်းကို  ဟောကြားကာကျေးဇူးဆပ်မွေးကျေူးဇူးဆပ်ခဲ့ပါတယ် ။ ပုထုစဉ်ဖြစ်တဲ့ လူသားအားလုံးအတွက် ဘုရားရှင်က အဖေ့ချွေးဖိုး နဲ့ အမေ့ နို့ ဖိုးကို ဆပ်နိုင်သော နည်းလမ်းများကို ဟောကြားဆုံးမခဲ့ပါတယ် ။  ဘယ်အရာမဆိုအစားထိုးရပေမယ့်  မေမေရဲ့  မေတ္တာနှင့် မေမေ နဲ့ နေရာကိုတော့ အစားထိုးလို့  မရနိုင်ပါ ။ မိမိတို့  ဘယ်လောက်ပဲ ဒုက္ခတွေ ပင်လယ်ဝေပါစေ မေမေရင်ခွင်ရိပ်တွင် ခိုးနားလိုက်ပါက သားသမီးတို့  အား အေးချမ်းမူ့ ကို  အမြဲပေးနိုင်ပါသည် ။  အမေ့ကျေးဇူးဆပ်သော သာဓကများစွာရှိသည့်အနက်  မြတ်စွာဘုရားရှင်၏ လင်္ကျာတော်ရံ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏  အမေ့ကျေးဇူးကို  လောကုတ္တရာနည်းဖြင့် ကျေးဇူးဆပ်ပုံလေးကို ဥပမာယူစေလိုပါတယ် ။  ပြာသိုလပြည့်နေ့ အမေများနေ့ ကို  သားသမီးအားလုံး အမှတ်ရစေရန်အတွက် တင်ပြထားသည်တွင်  အမှားအယွင်းရှိပါက ပြင်ဆင်၍  ဖတ်ရူကြပါရန်  မေတ္တာရပ်ခံအပ်ပါသည်။

“အမေများနေ့ ” တွင် မိခင်ကို အပေါ် လေးစားမြတ်နိုးတန်ဖိုးထားသော ၊ မွေးကျေးဇူးသိတတ်သော သားသမီးအားလုံး သတိတရရှိစေရန်အတွက်  ရည်ရွယ်၍ ရေးသားလိုက်ပါသည် ။


                                                   စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာနိုင်ကြပါစေ ။ 
                                                                                          
မင်းလှသားလေး

                                                                                                                                                                                    

မိဘကျေးဇူးဆပ်နည်းလေး

သားသမီးတိုင်းအတွက် မိဘကျေးဇူးဆပ်နည်းလေး 

အနန္တောအနန္တငါးပါးနှင့် ကျေးဇူးရှင်အပေါင်းတို့အား ဦးခိုက်ကန်တော့ပါ၏၊
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်အများစုသိရှိထားကြသော မိဘကျေးဇူးဆပ်နည်းလေး အကြောင်းကိုတင်ပြချင်ပါတယ်....တစ်ချို့သော စာဆိုတွေက ကဗျာသီချင်းတွေထဲမှာ ရေးထားသောအကြောင်းအရာမှာ မြတ်စွာဘုရားရှင်သော်မှ  နို့တစ်လုံးဖိုးကျေ ဟုဆို ကြပါတယ်....ကျွန်တော်တို့  ဗုဒ္ဓမြတ်စွာဘုရားရှင်သည်  မိဘကျေးဇူးကို အကျေဆပ်ခဲ့ပြီး မိဘကျေးဇူးသိတတ်တဲ့သူတိုင်း  မိဘကျေးဇူးအကျေဆပ်ရန် မာတုပေါသကသုတ္တန်တွင်ဖော်ပြခဲ့ပါသည်။     ကျွန်တော်ကြားနာဘူးခဲ့သော(အမွေခံထိုက်သူဖြစ်ပါစေ) တရားတော်တွင် မိဘကျေးဇူးအကျေဆပ်နည်း  ( ၂ ) နည်းကို ဆရာတော်ဘုရားထံမှကြားနာခဲ့ရပါသည်....ထိုအခြင်းအရာမှာ လောကီနည်းနှင့် လောကုတ္တရာနည်း ဟုဟောကြားခဲ့ပါသည်......လောကီနည်းတွင် မိဘများ၏ကျန်းမာရေး.. စား ၊၀တ်၊ နေ၊ရေး တို့ ဖြင့် မိဘတို့အား ကျေးဇူးဆပ်နိုင်သလို လောကုတ္တရာနည်းဖြင့်လည်း မိဘတို့၏ ကျေးဇူးကို ပညာမဲ့သောမိဘအား ပညာအလှူ လှူခြင်းဖြင့်လည်းကောင်း.. သဒ္ဓါနည်းသောမိဘကို သဒ္ဓါတရား တိုးပွားအောင်လည်းကောင်း....အလှူမလှူတတ်သောမိဘအား အလှူ လှူတတ်လာအောင် လှုံ့ဆော်ခြင်း..တရားဓမ္မတို့အား ကျင့်ကြံအားထုတ်ရန် ပြောကြားခြင်း (ကောင်းမှုပါရမီများ ပြုနိုင်ရန် အခွင့်လမ်းများ ရအောင်ဖန်တီးပေးခြင်း) ဖြင့်မိဘကျေးဇူး ဆပ်ဖူးနိုင်ကြပါသည်.....လောကုတ္တရာနည်းဖြင့် ကျေးဇူးဆပ်ခြင်းသည် လောကီနည်းဖြင့် ကျေးဇူးဆပ်ခြင်းထက် ပို၍ မြင့်မြတ်ပါသည်ဟု နာယူမှတ်သားခဲ့ရပါသည်။

မိဘကို မသေခင်လုပ်ကျွေးပါ သေမှမငိုပါနှင့်....(မင်းကွန်းဆရာတော်ဘုရားကြီးရဲ့အမှတ်တရစကားလေး)

ကျွန်တော်တို့ငယ်စဉ်တောင်ကျေးကလေးဘ၀က ၇ွတ်ဆိုခဲ့ရသောကဗျာလေးကို အမှတ်ရမိပါသည်....
‘ကျွေးမွေးမပြတ် ဆောင်၇ွက်စီမံ မွေခံထိုက်စေ လှူမျှဝေ၍ စောင့်လေမျိုးနွယ် ၀တ်ငါးသွယ် ကျင့်ဖွယ်သားတို့ သမီးတို့တာ’’


                                            ကျေးဇူးရှင်မိဘနှစ်ပါးအား ဘုရားတစ်ဆူ ဂူတစ်လုံး
                                             ပမာ ထားကာကျေးဇူးဆပ်နိုင်ကြပါစေ။(မင်းလှသားလေး)
                                                                                      

ဆရာတော်ဘုရားရဲ့ဆုံးမစာ

သားသမီးတိုင်းပေါ့လေ..
သူ လူကောင်းဟုတ်တာ...မဟုတ်တာ                                                                           သားသမီးကောင်း ဟုတ်တာ...မဟုတ်တာကို                                                                ဝေဖန်နေမယ့်အစား.....                                                                                       ကိုယ်လူကောင်းဖြစ်ပြီလား...                                       
သား၊သမီးကောင်းဖြစ်ပြီလားလို့....                                                                             ဝေဖန်သုံးသပ်လိုက်စမ်းပါ။                                                                     ပြီးရင်...သားကောင်းသမီးကောင်းဖြစ်အောင်                                                                 ကြိုးစားလိုက်ပါ။  ။                                                                                                                                                          ကျန်းမာကြပါစေ။                                                                                                          (မင်းလှသားလေး)                                                     

ဖေဖေ မေမေတို့ မျှော်လင့်ချက်

    ဖေဖေ မေမေတို့ဟာ သားသမီးတွေအပေါ်မှာ မျှော်လင့်ချက် ငါးမျိုးထားရှိတယ်လို့  အင်္ဂုတ္တိုရ်ပါဠိတော် ပုတ္တသုတ်မှာ ရှင်တော်မြတ်ဘုရား ကမိန့်ကြားခဲ့ပါတယ်။
         ၁။ငါတို့ အိုမင်းမစွမ်းသောအခါ ငါတို့ သားသမီးတွေက ငါတို့ကို    ပြုစုစောင့်ရှောက်ပေးကြလိမ့်မယ်။
         ၂။ငါတို့ပြုလုပ်တဲ့  ကိစ္စအ၀၀ကိုလည်း ငါတို့ကိုယ်စား ပြုလုပ်ပေးကြလိမ့်မယ်။
          ၃။ငါတို့ရဲ့ လောကီ လောကုတ္တရာ အမွေခံယူ သူများ ဖြစ်လိမ့်မယ်။                                       
           ၄။ငါတို့ရဲ့ အမျိုးဘာသာကို  ဆက်လက်စောင့်ထိန်းကြလိမ့်မယ်။      
           ၅။ငါတို့ကွယ်လွန်လျှင်  ငါတို့အား ရည်စူးရည်မှန်းပြီး  ကုသိုလ် အမျှအတန်းတွေပေးဝေကြလိမ့မယ်။                                                                                               ယခုပို့စ်အား မဇ္စျိမဂုဏ်ရည် ဆရာတော်   ဒေါက်တာ အရှင်ကောဝိဒ ၏  (အမွေခံထိုက်သူဖြစ်ပါစေ )တရားတော်မှထုတ်နုတ်ထားပါသည်။အဖေ အမေတို့ရဲ့မျှော်လင့်ချက်ကို သိရှိကြသော သားကောင်း သမီးကောင်းများဖြစ်ကြပါစေ...                                                                     အာလုံးကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ။              
                                                                                                   (မင်းလှသားလေး)




                                                     




          

မြတ်စွာဘုရားဟောကြားတော်မူသော မိဘကျေးဇူးဆပ်နည်း

သတ္တလောကတွင်မိဘကျေးဇူးဆပ်နိုင်သောနည်များကိုဘုရားရှင်က ဟောကြားခဲ့ပါတယ်ခဗျား.....သီချင်းတွေထဲမှာတော့အမှားတွေရှိတာပေါ့......
  • လောကီနဲ့(၄)နည်း။လောကုတ္ထရာနဲ့(၄)နည်းပါ။
  • လောကီမှာတော့
  • စားရေး....၀တ်ရေး....နေရေး...ထိုင်ရေး
  • လောကုတ္ထရာမှာတော့
  • သဒ္ဓါ..သီလ..စာဂ....ပညာ                                 
  • အားလုံးမိဘကျေးဇူးဆပ်နိုင်သောသားကောင်းသမီးကောင်းများဖြစ်နိုင်ကြပါစေ။(မင်းလှသားလေး)

ဘလော့ဒ်ရေးခြင်းရဲ့ရည်ရွယ်ချက်

  • တောရွာလေးရဲ့စေတီတည်ဆောက်မှုအတွက်အထောက်အကူရရန်
  • အလှူရှင်များမိမိတို့တတ်နိုင်သမျှ ပါဝင်လှူဒါန်းနိုင်ရန်
  • တောရွာလေးစေတီတော်တည်ဆောက်မှုအမြန်ဆုံးအကောင်အထည်ဖော်ရန်                                                                                      မင်းလှသားလေး

*သံသရာအရှည်နှင့် ပုထုဇဉ်အရူး*

  • သံသရာခရီးက အလွန်ရှည်၏။
  • ခရီးသွားသူတွေက အရူး အနှမ်းတွေသာ။
  • သူတို့၏ ဂုဏ်ပကာသန၊ ဒါန၊ သီလ၊ ဘာဝနာ၊ စားနပ်ရိက္ခာ သည် နိဗ္ဗာန်မရောင်ခင် ပုပ်သိုးကြလိမ့်မည်။
  • သူတို့၏ အဖော်ဖြစ်သူမှာ အမြဲပါနေသော တဏှာဖြစ်၏။
  • သို့ဖြစ်ပါ၍ အပါယ်ငရဲ ရောက်သော်လည်း တဏှာမပျောက်သောကြောင့် သံသရာမှ လွန်မြောက်ဖို့ရာ အဝေးကြီး ဖြစ်နေ၏။
    လူတွေဟာ အကောင်းကြိုက်ကြတယ်၊ ကောင်းကောင်း (စား-၀တ်) နေကြတယ်၊ အကျင့်ကျ အကောင်း မကျင့်ကြဘူး။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ

ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
မပြီးဆုံးသေးသောနေ့ရက်များ မှကူးယူဖြန့်ဝေထားပါတယ်ခင်ဗျား(မင်းလှသားလေး)
| |