သံယောဇဉ်ဆိုသောအရာ

သံယောဇဉ် ဆိုတဲ့အရာ သည်ဖြတ်တောက်ရန်ခက်ခဲလှပေသည်။(၅၂၈)၊(၁၅၀၀)၊
သူငယ်ချင်းသံယောဇဉ် စသည်ဖြင့်အမျိုးမျိုးခံစားရပါတယ်။လူတစ်ယောက်ကိုချစ်သည်
ခင်သည်၊ကြိုက်နှစ်သက်သည်၊ မုန်းသည်စသည်ဖြင့်အားလုံးသည် ဒုက္ခသစ္စာရဲ့သ
သောတရားတွေပါဘဲ။ အဲဒါတွေကိုလဲသိနေပြီဆိုရင်တော့ဘာလုပ်သင့်သလဲစဉ်းစား
ကြည့်ပါ။တဏှာရာဂ ဖက်နေနေရင်တော့ ဒီသံသရာမှလွတ်မည်မဟုတ်တော့ပါ။
မသိသေးရင်လဲသိအောင်လုပ်ပါ၊သိနေရင်လဲ လွတ်အောင်ကြိုးစားပါ။ ကိုးဘွဲ့ရ
ဆရာတော်ရဲ့တရားထဲမှာဒီသံသရာ ထဲမှလည်နေခဲ့တဲ့ဘဝတွေလဲများခဲ့ တဏှာ
မဖက် သံသရာမှလွတ်အောင်ကြိုးစားကြမည်ဟုဟောကြားခဲ့ပါတယ်ဗျာ။ ဘယ်သူမှတော့သံယောဇဉ်ဆိုတာကို မဖြတ်နိုင်ကြပါဘူး။မိဘနဲ့သားသမီး
သံယောဇဉ်ဆိုတာတော့ရှိကြပါတယ်ဗျာ။ စာရေးသူလဲသိပါတယ် တရားတွေလဲနာ
ကြားဖူးပါတယ် ။လက်တွေ့တော့မလုပ်ဖူးပါဘူးဗျာ။
                    
ကြိုးစားပြီးလုပ်ဆောင်ကြည့်ပါကောင်ကျိုးတွေရလာပါလိမ့်မယ်ဗျာ။
အရိယသူတော်ကောင်းတို့ ၏စွန့်ခြင်းသာဓကတွေယူပြီးကျင့်ကြံ
နိုင်ရင်တော့ကောင်းပါတယ်။အခုမေးသောအစ်မလဲအဲလိုကျင့်ပါ။
သံယောဇဉ်ဖြတ်နိုင်ပါတယ်။စာရေးသူကတော့မဖြတ်နိုင်သေးပါဘူးဗျာ။
          လောကီနယ်ပယ်မှာလေ သံယောဇဉ်ကိုဖြတ်နုင်ရင်အကောင်းဆုံး
ပေါ့ဗျာ။(ကျွန်တော်လဲ မိမိသိသလောက်ကလေးတွေကိုတင်ပြထားပေးပါတယ်
အမှားရှိက တောင်းပန်ပါတယ်၊လိုအပ်ချက်ရှိရင်လဲအကြံလေးပေးခဲ့ပါဗျာ။)
              ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေ။(မင်းလှသားလေး)

တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး မေတ္တာပို့


                      ပဇာသဗ္ဗာသုသာ.ယန္တု၊ ဝုဋ္ဌာဟန္တုသုမင်္ဂလံ

                      ဒုသေန္တုဒုဂ္ဂတိံဂါမိံ၊ပုရေ န္တုသဗ္ဗပါရမိံ။

ပဇာသဗ္ဗာကိုယ်စီကိုယ်ငှကိုယ့်ဒေ၌ပျော်ကြစပ်ရာသတ္တဝါဟူသမျှတို့သည်၊
သုသာယန္တု၊အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြည်သာ အိပ်စက်ရိန
တော်မူနိုင်ကြပါစေသတည်း။သုမင်္ဂလံ၊မင်္ဂလာကြက်သရေ လျှက်ဝေလန်း
သဖြင့် စန်းပွင့် ကြကုန်ဖြစ်၍၊ ဝုဋ္ဌာဟန္တု၊ကောင်းစွာမိုးသောက်အလင်း
လျက်ထမြောက်နိုးကြားနိုင်ကြပါစေသတည်း။ ဒုဂ္ဂတိံဂါမိံ၊အပါယ်ဒုဂ္ဂတိ
ရောက်မည့်အကြောင်း၊မကောင်းညစ်ဆိုး အကုသိုလ် ဒုစရိုက်မျိုးကို၊
ဒုသေန္တု၊သူတော်လက်နက်တရားစက်ဖြင့်ဖြိုဖျက်နိုင်ကြပါစေတည်း။
သဗ္ဗပါရမိံ၊အလောင်းလျာဖြည့်ကောင်းရာသည့် သုံးဖြာဆယ်လီပါရမီ
အကျင့်ကောင်းကို၊ပုရေ န္တု၊ဆဆင့်ထက်တဆင့်မြင့်သထက်မြင့်အောင်

 မလင့်ပုံသေဖြည့်ကျင့်တော်မူနိုင်ကြပါစေသတည်း။
                                                         (သာဓု…သာဓု…သာဓု)
   ကျွန်တော်အမြဲရွတ်တဲ့မေတ္တာပို့လေးပါ။သူတော်ကောင်းတို့လဲရွတ်ဖတ်
သင့်ပါတယ်ဗျာ။(မင်းလှသားလေး)

ပဋိသန္ဓေတားခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်းနှင့် ကိုယ့်ကိုယ်ကို သတ်သေခြင်း

 ယောကျာ်းမှာ မိသားစု စီမံချက်ကို မိမိတို့ရဲ့ အဆင်ပြေမှုအရ လွတ်လပ်စွာ ပြုလုပ်နိုင်သော်လည်း ကိုယ်ဝန် ဖျက်ချခြင်းကတော့ တရားမဝင်ပါဘူး။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ပဋိသန္ဓေ တားဆီး ထိန်းချုပ်ခြင်းကို ဆန့်ကျင်ရန် အကြောင်း ယုတ္တိ မရှိပါ။ မိမိတို့ သဘော ဆန္ဒအလျောက် အိမ်ထောင်ရှင်များ အနေနဲ့ ရှေးကျတဲ့ နည်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ ခေတ်သစ် တားဆေးတွေနဲ့ပဲ ဖြစ်ဖြစ် ပဋိသန္ဓေ မရအောင် တားဆီးလိုက လွတ်လပ်စွာဆားဆီးနိုင်ပါတယ်။ တချို့ ပဋိသန္ဓေ တားဆီးခြင်းကိစ္စကို ကန့်ကွက်သူများ ပြောကြတာက ဒါဟာ ဘုရား သခင်ရဲ့ အလိုတော်ကို ဆန့်ကျင်တာ ဖြစ်တယ်ဆိုပြီး ကန့်ကွက်ကြတာပါ။ သူတို့အနေနဲ့ သတိပြုသင့်တာက ပဋိသန္ဓေ ကိစ္စကို သူတို့ ပြတဲ့ အကြောင်းပြချက်ဟာ သဘာဝယုတ္တိ၊ အာဂမယုတ္တိ မရှိဘူး ဆိုတာပါ။ ပဋိသန္ဓေ တားဆီး ထိန်းချုပ်ရေးကိစ္စမှာ ပြုလုပ်ကြတာက နောက် ဖြစ်တည်လာမည့် သတ္တဝါကို လူ ဖြစ်မလာမီ တားဆီးထားတာပဲဟာ။ ဒါဟာဖြစ်လာပြီးတဲ့ သတ္တဝါကို သတ်ဖြတ်တာမှ မဟုတ်ဘဲနဲ့။ ဒါ့ကြောင့် ပဋိသေန္ဓ မဖြစ်ခင် တားတာဟာ အကုသိုလ် အလုပ်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ပဋိသန္ဓေရပြီသား သန္ဓေသားကို ကိုယ်ဝန် ဖျက်ချတာကတော့ မကောင်းတဲ့ အကုသိုလ်အမှု ဖြစ်ပါတယ်။ ဒါဟာ မှားယွင်းတဲ့ အလုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဝန် ဖျက်ချခြင်းဟာ ရှင်သန်ပြီး သတ္တဝါကို သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်း ဖြစ်လို့ပဲ ဖြစ်တယ်။ ကိုယ်ဝန် ဖျက်ချခြင်းကတော့ တရားမဝင်တဲ့ လုပ်ရပ်ပါ။
မြတ်ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့တဲ့ ပါဏာတိပါတကံထိုက်တဲ့ အခြေအနေ ငါးမျိုး ရှိပါတယ်။ ဒီငါးမျိုးနဲ့ အကျုံးဝင်ရင် သူ့အသက်ကို သတ်ခြင်း အကုသိုလ်ကံ မြောက်တယ်။ ပါဏာတိပါတကံဖြစ်စေတဲ့ အခြေအနေ ငါးမျိုး ဆိုတာက….
၁ ။ သတ္တဝါ ဖြစ်ဖြင်း
၂။ သက်ရှိသတ္တဝါ ဖြစ်သည်ကို သိခြင်း
၃။ သတ်ဖြတ်လိုသော ရည်ရွယ်ချက် စေတနာ ပါရှိခြင်း
၎။ သတ်ဖြတ်ရန် အားထုတ်မှုရှိခြင်း
၅။ သတ်၍ သေခြင်း တို့ ဖြစ်သည်။
အမျိုးသမီး  တစ်ဦးမှာ ကိုယ်လေးလက်ဝန် ရှိလာပြီဆိုရင် သူမရဲ့ ဗိုက်ထဲမှာ သက်ရှိ ရုပ်ကလေး၊ သတ္တဝါကလေး တစ်ခု ဖြစ်ပေါ်လာပြီး ဖြစ်ပါတယ်။ ဒါဆိုရင်  ပထမချက်ဖြစ်တဲ့ သတ္တဝါဖြစ်ခြင်းဆိုတဲ့ အခြေအနေ ရှိပြီ ဖြစ်ပါတယ်။ တစ်လ နှစ်လ ကြာပြီးနောက် သူမက သူမမှာ ကိုယ်ဝန် ရှိနေပြီဆိုတာကို သိလာတဲ့အခါ သူမ ဗိုက်ထဲမှာ ကလေး ရှိနေပြီကို သိပြီ ဖြစ်တယ်။ ဒါဆို ဒုတိယ အင်္ဂါရပ်နှင့် ပြည့်စုံသွားပြီ ဖြစ်ပါတယ်။ ဒီနောက် အကြောင်းတစ်ခုခုကြောင့် သူမက ဒီကိုယ်ဝန်ကို ဖျက်ချပစ်ချင်လာတယ်ဆိုရင် သူမက  ကလေး ဖျက်ချပေးမည့် လက်သည်ကို ရှာရပါတယ်။ ဒီအလုပ်ကို ဖျက်ချပေးသူက ပြုလုပ်တာနဲ့ တစ်ပြိုင်နက် တတိယနဲ့ စတုတ္ထ အချက်တွေကို ကျူးလွန်ပြီ ဖြစ်ပါတယ်။  နောက်ဆုံး ကိုယ်ဝန် ပျက်ကျပြီး အသက်က ဆုံးရှုံးသွားရင် ပဉ္စမ အချက်ကို ကျူးလွန်မိပြီး လူသတ်မှု ပါဏာတိပါတကံမြောက်သွားပါတော့တယ်။ ဒီလိုဖြစ်ရင် သူ့အသက်ကို သတ်ခြင်း ဆိုတဲ့ ကိစ္စ ပြီးမြောက်သွားပါပြီ။ ဗုဒ္ဓဘာသာအရကတော့ ငါတို့မှာ ကိုယ် မလိုချင်ရင် ကိုယ့် ဗိုက်ထဲက ကိုယ်ဝန်ကို ကိုယ့်ဘာသာကို ဖျက်ချတာပဲ။ ဒါ ကိုယ့်မှာ အခွင့်အရေး ရှိတယ်ဆိုလို့ လုံးဝ မရပါ။ ဗိုက်ထဲက ကိုယ်ဝန်ဟာ ကိုယ့်ရင်သွေး ၊ ကိုယ့် သားသမီး ဖြစ်ပေမဲ့ ကိုယ့်မှာ ဒီကလေးကို သတ်ပိုင်ခွင့် လုံးဝ မရှိပါ။
အချို့သော ပတ်ဝန်းကျင် အခြေအနေအရ အမျိုးသား၊ အမျိုးသမီးတွေရဲ့ ဘဝ အဆင်ပြေရေး အတွက် ဒီလို ကိုယ်ဝန် ဖျက်ချဖို့ လိုလာတယ် ဆိုတာမျိုးကို ခံစားချက် ရှိလာတာမျိုးလည်း ကြုံတက်ပါတယ။် ဒါပေမဲ့ ကိုယ်ဝန် ဖျက်ချတာဟာ မကောင်းမှု အကုသိုလ်ရဲ့ မကောင်းတဲ့ ကံအကျိုးပေးကိုတော့ ပြေးမလွတ်ခံစားရမှာကတော့ သေချာပါတယ်။ ဒီအလုပ်ဟာ တရားသဖြင့် ဖြစ်တယ်ဆိုပြီးတော့ ဘယ်နည်းနဲ့မှ မပြောနိုင်ပါဘူး။ တချို့ နိုင်ငံတွေမှာတော့ ကိုယ်ဝန် ဖျက်ချခြင်းကို ဥပဒေနဲ့ ခွင့်ပြုထားတာ ရှိပါတယ်။ ဒါက ပြဿနာ အချို့ကို ကျော်လွန်နိုင်ဖို့ အတွက် ဥပဒေက ခွင့်ပြုထားရတာ ဖြစ်တယ်။ လူတွေ ပျော်ပါးဖို့အတွက် ဘာသာရေး  အခြေခံမူတွေကိုတာ့ ဘယ်တော့မှ မစွန့်လွှတ်သင့်ပါဘူး။ ဘာသာရေး အခြေခံမူတွေက လူ့ လောကကြီး တစ်ခုလုံး ကောင်းကျိုး ချမ်သာ ခံစားကြရဖို့ ရပ်တည်နေကြတာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း

ဘယ်အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်အသက်ကို ကိုယ်သတ်ပြီး သေတာဟာ ကိုယ်ကျင့်သီလ သဘောအရရော၊ ဘာသာရေး သဘောအရရော မှားတဲ့ အလုပ်ဖြစ်တယ်။ စိတ်ပျက်လို့ပဲ ဖြစ်ဖြစ်၊ စိတ် မချမ်းမသာဖြစ်လို့ပဲ ဖြစ်ဖြစ်၊ ကိုယ့်အသက်ကို ကိုယ် သတ်ပြီး သေခြင်းဟာ ပိုပြီး ကြီးမားတဲ့ ဒုက္ခဆင်းရဲကိုသာ ဖြစ်စေနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် သတ်သေတာဟာ ပြဿနာ တစ်ခုကို ရင်မဆိုင်ရဲလို့ သူရဲဘောကြောင်စွာ မိမိဘဝကို အဆုံးစီရင်တာသာ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ စိတ်ဟာ ကြည်လင် သန့်ရှင်းနေလို့ရှိရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ အသေခံပြီးလုပ်တဲ့ အပြစ် ကျူးလွန်မှုမျိုးကို ဘယ်တော့မှ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ စိတ်ရှုပ်ထွေးပြီး ချောက်ချားနေတဲ့ စိတ်နဲ့၊ ဒီလောကကြီးကို စွန့်ခွာသွားရင် သူဟာ နောင်ဘဝမှာ ပဋိသန္ဓေ နေတဲ့အခါ သုဂတိဘုံမှာ ဘယ်နည်းနဲ့မှ ပြန်လည် မွေးဖွားလာနိုင်မှာ မဟုတ်တော့ပါ။ မိမိကိုယ်ကိုယ် အဆုံးစီရင်တဲ့ အလုပ်ဟာ အကုသိုလ် အလုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အသေခံပြီး ပြုလုပ်တဲ့ ဒီအလုပ်ကို လုပ်တဲ့ လူရဲ့ စိတ်ထဲမှာ ကြီးမားတဲ့ လောဘ၊ ဒေါသနဲ့ မောဟတရားတွေ ဖုံးလွှမ်းနေပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေသူဟာ ဘဝ ပြဿနာတွေကို ဘယ်လို ဖြေရှင်းရမှန်း မသိဘဲ အခြေရှာမရသူ ဖြစ်တယ်။ ဘဝ အခြေအနေတွေကို ဘယ်လို ရင်ဆိုင်ရမှန်းမသိတဲ့ လူ ဖြစ်တယ်။ မိမိ စိတ်ကို သင့်တင့် လျောက်ပတ်စွာ ဘယ်လို အသုံးချရမှန်း မသိတဲ့ လူ ဖြစ်တယ်။ ဒီလူတွေဟာ ဘဝရဲ့ သဘောသဘာဝ လောကရဲ့ သဘောသဘာဝကို နားမလည်နိုင်သူ ဖြစ်တယ်။
တချို့ လူတွေက သူတို့ အယူ မွန်မြတ်တယ်လို့ ထင်တဲ့ အကြောင်းတွေအတွက် မိမိ အသက်ကို စွန့်လွှတ် အနစ်နာခံတာမျိုးကိုလည်း ပြုလုပ်တက်ကြတယ် ဒီလူတွေဟာ အစာငတ်ခံတာတို့ ၊ အသေခံ ဗုံးခွဲတာတို့၊ မိမိကိုယ် အသက်နဲ့ ယဇ်ပူဇော်တာ၊ ကျည်ဆံနဲ့ ပစ်သတ်တတို့ လုပ်တက်ကြတယ်။ ဒီလို လုပ်ရပ်တွေကို ရဲစွမ်းသတ္တိ ရှိတဲ့ အလုပ် ဆိုပြီးလည်း ယူဆတက်ကြတယ်။ သို့သော် ဒါကို ဗုဒ္ဓဘာသာ ရှုထောင့်က ကြည့်ရင်တော့ ဒီလို အပြုအမူတွေဟာ ကိုယ်ကျင့် သီလ သဘောအရ အပြစ်မကင်းပါဘူး။  ဗုဒ္ဓရှင်တော်မြတ်ဘုရားက ကိုယ့်ကိုယ်ကိုယ် သတ်သေစေတဲ့ စိတ်စေတနာဟာ ပို၍ ဆင်းရဲ ဒုက္ခ ရောက်ဖြင်းသို့သာ ရောက်ရှိစေတယ်လို့ ရှင်းရှင်းလင်းလင်း ဟောကြားတော်မူခဲ့ပါတယ်။

ဆန်းလွင်(ရှင်အာဒိစ္စရံသီ) ၏  ``ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက `` စာအုပ်မှ ကောက်နှုတ် ဖော်ပြသည်။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
  သိသင့်သိထိုက်တာလေးလေ မလွဲမသွေတွေ့ရမှာလေးပို့ကူးယူဖော်ပြထားပါတယ်ဗျာ။(မင်းလှသားလေး)

သီတဂူမေတ္တာကရုဏာ (တာလေ)



၁၂-၄-၂၀၁၁ နေ့က သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူတပည့်များသည် ရှမ်းပြည်တောင်ပိုင်း တာချီလိတ် တာလေဒေသဘက်သို့ သွားရောက်ခဲ့ကြသည်။ ထိုအရပ်ဒေသသည် ၂၀၁၁ နှစ် မတ်လ ၂၄ရက်က ပြင်းထန်သော မြေငလျင်ကြောင့် အသက် အိုးအိမ် များစွာ ပျက်စီးဆုံးရှူံးခဲ့သည်။ 
သီတဂူ၏ သာသနာပြုနည်းများတွင် Ministery မေတ္တာကရုဏာ အလှူတော်များ ပြုလုပ်ခဲ့သည်မှာ နှစ်များစွာရှိခဲ့သည်။ ယခုအခါ လောလောလတ်လတ် ဖြစ်ပျက်ခဲ့သော တာလေမြေငလျင်ခံ ဒေသသို့ သွားရောက်ပြီး မေတ္တာကရုဏာအလှူဒါနများ ပြုလုပ်ခဲ့သည်။

၁၂-၄-၂၀၁၁ နေ့သည် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်း ၂၁ အား ပေးလှူသည့် မေတ္တာ ကရုဏာတော် အလှူပွဲဖြစ်သည်။ သီတဂူဆရာတော်ကြီးနှင့် တပည့်သီတဂူဒကာ ဒကာမများက သိန်းပေါင်း နှစ်ထောင့်တစ်ရာ (၂၁၀၀) ကျပ်တို့ကို ထိုကျောင်း ၂၁ အတွက် လှူဒါန်းသည်ဟု သိရသည်။


လှူဒါန်းရန် ကျောင်းစာရင်း

ပြည်မြန်မာသူတွေအတွက် ကျော်ခွ မ၀င်နိုင်ရင် ဓာတ်ပုံများ ကြည့်ခွင့်မရတာကို စိတ်မကောင်းဖြစ်သည်။


ဓာတ်ပုံနှင့် သတင်းများ ပေးပို့သော တာချီလိတ်သား မောင်စိုးနိုင်ထွန်းအား အထူးကျေးဇူးတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၂-၄-၂၀၁၁ 
              သီတဂူအလှူတော်အားကူယူကာဖော်ပြထားပါတယ်ဗျာ.......(မင်းလှသားလေး)

တမ်းတမိခဲ့သည် မိသားစုစုံညီ တဲ့နှစ်ဦးအလှူတော်


နှစ်စဉ်နှစ်တိုင်းပြုလုပ်နေကြဖြစ်သည့်နှစ်ဦးအလှူတော်လေးအကြောင်းကိုတင်ပြချင်ပါတယ်ဗျာ။

ကြွားဝါတင်ပြခြင်းမဟုတ်ပါ။ဖေဖေ၊မေမေနဲ့မောင်နှမတွေစုံညီစွာလှူတဲ့နှစ်ဦးအလှူကဖေဖေ၊မေမေ 

တို့ရဲ့မင်္ဂလာဦးမှစတင်ခဲ့ပါတယ်။အခုဆိုသားတို့အရွယ်ရောက်တဲ့ထိတဲ့မိဘတွေကပြောပြဘူးပါတယ်။ 

မိဘတွေမရှိရင်လည်းဆက်လက်ပြုလုပ်ရန်ပြောကြားလေ့ရှိပါတယ်။ကျောင်းသားဘဝကတော့

မိသားစုတွေစုံတယ်လေအလှူတွေလှူရင်ပေါ့။ခုနောက်တော့မိသားစုတွေမစုံတာကြာပါပြီလေ။မှတ်မှတ်ရရပေါ့ 

(၂၀၀၉)သင်္ကြန်တွင်းတုန်းကပေါ့လေညီမလေးလဲကျောင်းပြန်၊ကျနော်လဲခွင့်ရတဲ့အချိန်ဆိုတော့မိသားစုတွေစုံခဲ့

ကြပါတယ်။ခုတော့ကျနော်ကအဝေးနေရာမှာပေါ့။နှစ်ဆန်းတစ်ရက်နေ့ရောက်ရင်လေဘယ်နေရာ၊ဘယ်ဒေသ

ဘဲရောက်၂အမြဲသတိရတဲ့မိသားစုရဲ့အမှတ်တရလေးပေါ့ဗျာ။ဒီနှစ်တော့လေဖေဖေ၊မေမေ၊ညီမလေးနဲ့

ညီလေးတို့တွေတော့စုံညီမှပါ။ကျနော်ကတော့အဲနေ့ရောက်ရင်အမြဲပဲလွမ်းခဲ့ရတာ(၂)တောင်ရှီပေါ့။

ဒီနှစ်ပါတယ်နော်။ကျွန်တော်ညီအကိုမောင်နှစ်မှတွေလဲမိဘသက်ရှိထင်ရှားစဉ်မှာလဲအတူရေစက်ချလှူကြသလို 

မိဘတွေမရှိခဲ့ရင်လဲမိဘတွေရှီစဉ်ကလှူခဲ့သောစေတီ၊တန်စောင်း၊ကျောင်း၊ကန်တွေကိုပြင်ကာမိဘတွေရဲ့ဆန္ဒ

ကိုပြည့်နိုင်ကြပါစေ။ဒီအကြောင်းလေးကိတိုက်ဆိုင်မှုကြောင့်တင်ပြပေးကာဖေဖေ၊မေမေတို့နှစ်စဉ်အလှူတော်လေး

အဆင်ပြေအောင်မြင်ပါစေဗျာ။  
                         နှစ်သစ်မှသည်ကျန်းမာချမ်းသာစွာဖြင့်အောင်မြင်မှုတွေရပါစေ။(မင်းလှသားလေး)                  

အစွမ်းထက်သောဂါထာတော်လက်ဆောင်

               အစွမ်းထက်ဂါထာတော်လေးတွေပါတဆင့်ကူးယူကာပြန်လည်ဖော်ပြထားပါသည်။

မေတ္တာပွားများခြင်း မေတ္တ သုတ်လာ မေတ္တာပွားနည်း ၁၁ နည်း

(၁)       လုးံစုံမျာစွာ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
            ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၂)       ကြောက်တတ်မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
           ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၃)       မြင်အပ်မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
           ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၄)      ဝေးနေနီးနေ၊ နှစ်ထွေများစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
          ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၅)      ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
          ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၆)     ရှည်တိုအလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
          ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၇)     ကြီးငယ်အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
          ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၈)     ဆူကြုံအလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
          ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၉)     လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
(၁၀)   အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
(၁၁)   ဆင်ရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
                                                          (မင်းကွန်းဆရာတော်ဘုရားကြီး)    
     ကျွန်တော်လဲအမြဲပွားများပါတယ်။ဆရာတော်ကြီးလဲမေတ္တာပွားနည်းကိုသေချာရှင်းပြထားပါသေးတယ်။
နာကြားပြီးတော့ပွားများကြပါစို့လားဗျာ။ (မင်းလှသားလေး)                      (တိပဋကဓရ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ)   
(တိပဋကဓရ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ)

စိန္တာမဏိ ဂါထာတော်

စိန္တာမဏိ ရတနာနိ ဗုဒ္ဓံ ဗုဒ္ဓ ရတနာနံ
ကရံကရတိ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။
စိန္တာမဏိ ရတနာနိ ဓမ္မံ ဓမ္မ ရတနာနံ
ကရံကရတိ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။
စိန္တာမဏိ ရတနာနိ သံဃံ သံဃ ရတနာနံ
ကရံကရတိ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။
စိန္တမဏိရတနာနိ၊ ကြံစည်သမျှ လိုတိုင်းရအောင် ပြည့်စုံစေနိုင်သော ရတနာသည်။ ဗုဒ္ဓံ၊ ဘုရားရတနာပေတည်း။ ဗုဒ္ဓရတနာနံ၊ ဘုရားတည်းဟူသော ရတနာအား။ သရဏံ၊ ကိုးကွယ်ခြင်းကို။ ကရံကရောန္တော၊ ပြုသည်ရှိသော။ ကရတိ၊ ကိုးကွယ်မှုပြုသောသူ၌။ သမ္မိ စ္ဆဉ္စ၊ အလုံးစုံသော အလိုဆန္ဒ ဟူသမျှသည် လည်းကောင်း။သဗ္ဗသက်ပ္ပဉ္စ၊ အလုံးစုံသော အကြံအစည် ဟူသမျှသည် လည်းကောင်း။ ခိပ္ပမေ၀၊ လျှင်စွာသာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံပါစေသတည်း။
စိန္တမဏိရတနာနိ၊ ကြံစည်သမျှ လိုတိုင်းရအောင် ပြည့်စုံစေနိုင်သော ရတနာသည်။ ဓမ္မံ၊ တရားရတနာပေတည်း။ ဓမ္မရတနာနံ၊ တရားတည်းဟူသော ရတနာအား။ သရဏံ၊ ကိုးကွယ်ခြင်းကို။ ကရံကရောန္တော၊ ပြုသည်ရှိသော။ ကရတိ၊ ကိုးကွယ်မှုပြုသောသူ၌။ သမ္မိ စ္ဆဉ္စ၊ အလုံးစုံသော အလိုဆန္ဒ ဟူသမျှသည် လည်းကောင်း။ သဗ္ဗသက်ပ္ပဉ္စ၊ အလုံးစုံသော အကြံအစည် ဟူသမျှသည် လည်းကောင်း။ ခိပ္ပမေ၀၊ လျှင်စွာသာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံပါစေသတည်း။
စိန္တမဏိရတနာနိ၊ ကြံစည်သမျှ လိုတိုင်းရအောင် ပြည့်စုံစေနိုင်သော ရတနာသည်။ သံဃာံ၊ သံဃာရတနာပေတည်း။ သံဃာရတနာနံ၊ သံဃာတည်းဟူသော ရတနာအား။ သရဏံ၊ ကိုးကွယ်ခြင်းကို။ ကရံကရောန္တော၊ ပြုသည်ရှိသော။ ကရတိ၊ ကိုးကွယ်မှုပြုသောသူ၌။ သမ္မိ စ္ဆဉ္စ၊ အလုံးစုံသော အလိုဆန္ဒ ဟူသမျှသည် လည်းကောင်း။ သဗ္ဗသက်ပ္ပဉ္စ၊ အလုံးစုံသော အကြံအစည် ဟူသမျှသည် လည်းကောင်း။ ခိပ္ပမေ၀၊ လျှင်စွာသာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံပါစေသတည်း။
  ကျွန်တော်လဲဂါထာဘဲရတာေ၊အနက်မရဘူးတိုက်ဆိုင်တာနဲ့ကူယူဖော်ပြထားပါတယ်။(မင်းလှသားလေး)

တရားတော်လင့်လေးများ

Category:Other
http://www.sitagu.org/home/ (သီတဂူဆရာတော်)
> http://www.dhammaceti.org/home.htm (ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ)
> http://mettashin.com/ (အရှင်ဇ၀န)(မေတ္တာရှင်-ရွှေပြည်သာ -၁)
> http://mettashin.dhammathukha.com/index.php?option=com_content&view=frontpage> (အရှင်ဇ၀န)(မေတ္တာရှင်-ရွှေပြည်သာ -၂)
> http://theinngu.org/ (သဲအင်းဂူဆရာတော်)
> http://www.mahasi.org.mm/ (မဟာစည်-၁)
> http://www.mahasi.org/ (မဟာစည်-၂)
> http://dhammaduta.net/ (အရှင်ပညိဿရ-ဓမ္မဒူတ)
> http://www.shweparami.net/ (အရှင်ဆန္ဒာဓိက)
> http://www.yawainwe.net/ (အရှင်ရာဇိန္ဒ)(ရဝေနွယ်-အင်းမ)
> http://www.shwehinthar.com/buddhism/ (ရွှေဟင်္သာဆရာတော်)
> http://www.pilotsayadaw.net/ (အရှင်ဇေယျပဏ္ဍိတ-ပိုင်းလော့ဆရာတော်)
> http://www.chanmyay.org/ (ချမ်းမြေ့ဆရာတော်)
> http://majjhimagonyi.info/ (အရှင်ကောဝိဒ-မဇ္ဈိမဂုဏ်ရည်)
> http://www.paauktawya.org/ (ဖားအောက်တောရဆရာတော်)
> http://www.phyusayadaw.com/ (ဖြူးဆရာတော်)
> http://www.theravada-3p.org/ (ဆရာဦးမြင့်လွင်-သန့်တည်ပွား)
> http://www.mogokinsightny.org/ (မိုးကုတ်ဆရာတော်ဘုရားကြီး)
> http://realenlightenment.org/ (အရှင်ဥတ္တမသာရ)
> http://www.lknt.org/ (အရှင်လောကနာထ)
> http://lknt115.blogspot.com/ (အရှင်လောကနာထ)
> http://kathitwinemyanmar.blogspot.com/ (ကသစ်ဝိုင်ဝိပဿနာ ဓမ္မရိပ်သာ)
> http://www.dhammaduta.co.cc/ (အရှင်ဆေကိန္ဒ-ဓမ္မဒူတ)
> http://www.dhammadownload.com/ ( ဓမ္မ MP3 ဒေါင်းလုပ် )
> http://www.lknt.org/ (တရားတော်များ)
> http://dhammafocus.myanmarbloggers.org/ (ဓမ္မဆုံချက်)
> http://531collections.co.cc/ (တရားတော်များ)
> http://burmaborn.wordpress.com/ (တပိုင်တနိုင် သာသနာပြုရအာင်)
>
> နီးစပ်ရာလေးတွေပါ မျှဝေပေးပါဦး
> အလှူတကာအလှူတွင်တရားအလှူသည်အမြတ်ဆုံးဖြစ်၏
> ဤဆိုက်လေးများဖြန့်ဝေပေးချင်းဖြင့် တရားအလှူပြုလုပ်ပေးနိုင်ပါသည်။
          ယခုတရာတော်လင့်များကိုhttp://minzaw152.multiply.comမှကူးယူကာကုသိုလ်ယူထားပါတယ်ခဗျား။
             ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေ။(မင်းလှသားလေး)
 

ဒေါက်တာဘွဲ့အတွက် သီတဂူစတားဘုံဘေနောက်တစ်ခေါက်

PG လေကြောင်းပိုင် လေယာဉ်
ဝေဟင်မှ ဘန်ကောက်ရဲ့ ကောင်းကင်လမ်းမကြီးများ
သုဝဏ္ဏဘူမိလေဆိပ် တနေရာ အမှတ်တရ

ဝန်ဆောင်မှုမဆိုး

စာရေးသူ တစ်ခါမှ မစီးဘူးသေးသော လေကြောင်းက PG (Bangkok Airway) လေကြောင်းပဲဖြစ်သည်။ ဘုံဘေမြို့ကိုပြန်မယ်ဆိုတော့ Sun far အေးဂျင့်မှာ လက်မှတ်စုံစမ်းသည်၊ TGလေကြောင်းသည် one way ကိုပဲ အမေရိကန် ဒေါ်လာ ၅၅၀ ရှိနေသည်။ ဈေးသည် တစ်ရက်နှင့်တစ်ရက် အပြောင်းအလဲ ရှိသည်၊ အထူးသဖြင့် သောကြာ တနင်္ဂနွေရက်များအတွက် ပိုဈေးမြင့်သည်။ လူအသွားအလာ များသောကြောင့် ဖြစ်ဟန်တူသည်။ TG ၅၅၅ ဒေါ်လာ ဈေးများနေသဖြင့် နောက်ထက် လေကြောင်းတစ်ခုကို စုံစမ်းရာ PG ဘန်ကောက် အဲယားဝေးကို တွေ့သည်၊ သူက ဈေးသက်သာသည်၊ one way ကို ၄၀၅ ဒေါ်လာပဲ ပေးရသဖြင့် ၁၀၀ ကျော်လောက် သက်သာသည်။ လေယာဉ်ထွက်ချန်ကတော့ ရန်ကုန်မှ မနက်ပိုင်း ၁၀ နာရီးတစ်ကြိမ်နှင့် ညနေပိုင်း ၄-၄၀ တစ်ကြိမ်ရှိသည်။ ထိုလေယာဉ်သည် ဘန်ကောက်မှ ဘုံဘေသို့ ညနေ ၉ နာရီ တစ်စီးတည်းသာ ရှိသဖြင့် ရန်ကုန်မှ ညနေ ၄-၄၀ လေယာဉ်စီးလျင် သိပ်ကြာကြာ မစောင့်ရပေမဲ့ မနက်ပိုင်း လေယာဉ်စီးမိပါက တနေကုန် လေဆိပ်တည်းမှာ နေရလိမ့်မည်။ ၀န်ဆောင်မှုလဲကောင်းသည်ဟု ဆိုရပေမည်၊ ဘုန်းတော်ကြီးများကို ဂရုစိုက်သည်။ ဘန်ကောက်ရောက်တော့ သူတို့လေကြောင်းရုံးခန်း နားနေခန်းများကို နေရာပေးသဖြင့် အဆင်ပြေသည်။ ဘုံဘေရောက်တော့လည်း ကားစီးရသည်အထိ ၀န်ဆောင်မှု လိုက်လုပ်ပေးသည်အတွက် ဘုန်းတော်ကြီးများ အတွက် အဆင်ပြေသည်။

မရိုးနိုင်တဲ့ သုဝဏ္ဏဘူမိ

ဘန်ကောက်လေဆိပ်မှာ လေယာဉ်က ကွင်းနေရာရောက်ဖို့ ကွင်းထဲပတ်မောင်းစဉ် (ကွင်းနေရာ ရွေးရင်း) သိပ်လှပတဲ့ ကွင်းကြီးနှင့် ငှက်ကြီးတစ်ကောင် ပျံနေသည့်အလား လေဆိပ်ကြီးကို ကြည့်ပြီး စိတ်ကူးမိသည်။ သုဝဏ္ဏဘူမိဆိုတဲ့ အရပ်ဒေသကို မြန်မာ အင်ဒိုနီးရှား ထိုင်းနှင့် အိန္ဒိယတို့က အလုအယတ် ပိုင်ဆိုင်မှု လုပ်နေကြသည်။ မြန်မာကလည်း သထုံသည် သုဝဏ္ဏဘူမိ ဖြစ်သလို အင်ဒိုနီးရှားကလဲ ဂျာဗားပြည်နယ် ဆုမတြာကျွန်းကို သုဝဏ္ဏဘူမိဟု ဆိုပြန်သည်။ ထိုင်းနိုင်ငံသူ နိုင်ငံသားတွေကလည်း နခွန်ပထွမ် (နဂရ ပထမ)ကို သောဏ ဥတ္တရမထေရ်တို့ သာသနာသယ်ဆောင်ရာ ပထမဆုံးမြို့ဟု ဆိုကာ သုဝဏ္ဏဘူမိဟု အသိမှတ်ပြုနေကြသည်၊ ဤနည်းအားဖြင့် သူ့ဘက် ကိုယ့်ဘက် ထို သုဝဏ္ဏဘူမိ (ရွှေမြေ) ကို လုနေကြစဉ် ဟော-ဗြုန်းဆို သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ်ကြီး တည်ဆောက်လိုက်တော့ ကမ္ဘာက သုဝဏ္ဏဘူမိဆိုတာကို ထိုင်းနိုင်ငံနှင့်တွဲမှတ်သွားကြသည်။ အဲဒီအတွေး စာရေးသူသာ မဟုတ် အခြား မိတ်ဆွေများလည်း တွေးမိလိမ့်မည် ထင်သည်။ သုဝဏ္ဏဘူမိ၏ နောက်ခံ story လေး ကမ္ဘာ့လူသားတွေနှလုံးသားထဲအထိ အရောက်ပို့နိုင်ရင် ကောင်းမှာပဲ ဆိုတဲ့အတွေးလည်း ဆင့်ကဲပေါ်လာသည်။ လေဆိပ်ကြီးထဲ အကြိမ်ကြိမ်ရောက်ဖူးပေမဲ့ မရိုးနိုင် မအီနိုင်ဘဲရှိနေသည်၊ ရောက်တိုင်း အသစ်အဆန်းဖြစ်နေသည်။ ဂိတ်ပေါင်း ၅၀ ၀န်းကျင် ရှိသည်အတွက် ကိုယ်သွားမည့်နိုင်ငံ၏ ဂိတ် (Gate) ကို ရှာရသည့် ဒုက္ခလဲ မသေးလှ၊ သိပ်ကြီးကျယ် သိပ်ခန်းနားသည့် ကမ္ဘာကျော်လေဆိပ်ကြီးတစ်ခု ဖြစ်သည်။

သူငယ်ချင်းများ လာကြို့

ဘန်ကောက် သုဝဏ္ဏဘူမိကမ္ဘာကျော်လေဆိပ်မှ ၄-၄-၂၀၁၁ ၉ နာရီ ထွက်လာရာ ဘုံဘေသို့ ၅-၄-၂၀၁၁ နေ့ မနက်စောစော ၁ နာရီ နိုင်ငံတကာဘုံဘေလေဆိပ်သို့ ရောက်သည်။ PG လေကြောင်းမှ ၀န်ဆောင်မှုများပေးသဖြင့် အဆင်ပြေသည်။ အပြင်ရောက်တော့ ကိုမေဓာတို့ စောင့်နေကြသည်။ အားလုံးအဆင်ပြေသည်။ အဆောင်ရောက်တော့ ၂ နာရီဝန်းကျင်ရှိနေသည်။ တချို့ ကျောင်းသားများ မအိပ်ကြသေး၊ အင်တာနက်သုံးသူက သုံး၊ တီဗီကြည့်နေသူက ကြည့်၊ အချို့လဲ စာဖတ်နေကြသေးသည်ကို တွေ့ရသည်။ အော်-- တော်တော် ကြိုးစားကြတာပဲလို့ တွေးမိသည်။ သူငယ်ချင်းဖြစ်သူများက နေရာလည်း အရန်သင့်ခင်းကျင်းထားသည်။ တော်လိုက်တဲ့ သူငယ်ချင်းကောင်းတွေပဲ။ ယခုချိန် ဘုံဘေမြို့ရာသီဥတုသည် နေလို့ကောင်းသည့် အချိန်ဖြစ်သည်၊ မိုးမရွာသေး နေလည်းအရမ်းမပူသေးရကား သင့်တင့်သော ဥတုပင်ဖြစ်သည်။ သို့သော်လည်း ဘုံဘေလေဆိပ်က ထွက်လာတာနဲ့ အသက်ရှူမ၀ ဖြစ်တော့သည်။ လူဦးရေ အထူထပ်ဆုံးမြို့လည်းဖြစ်သလို ကမ္ဘာ့မြိုကြီးများနှင့် နှိုင်းယှဉ်ပြန်ရင်လဲ ညစ်ပတ်ဆုံးမြို့ဟု ဆိုလို့ရပြန်သည်။ မြင့်မားသော အဆောက်အဦးများ ထူထပ်၍လည်း လေကောင်း လေသန့်မရနိုင်။ ကောလိပ်အတွင်း ရောက်ကာမှ လေဖြူဖြူလေးရသည်၊ အသက်ရှူရတာ အရသာရှိလှသည်။ ကိုယ်နေရမည့် အိပ်ယာသည်လည်း ၆ ထပ်မြောက်ရှိ မြန်မာမာကျောင်းသားများ စုဝေးနေသည့် အခန်းထဲက တစ်နေရာဖြစ်သည်။

ငါးပိငါးခြောက်နှင့် ချဉ်ပေါင်ကြော်

နောက်နေ့မနက် ၈ နာရီ (မြန်မာချိန် ၉ နာရီ) မှာ အိပ်ယာထဖြစ်သည်၊ မနေ့က အရမ်းပင်ပန်းနေသည်၊ ၃ နာရီထိုးခါနီးမှ အိပ်ယာဝင်ဖြစ်သည်၊ နေရာအသစ် အိပ်ယာသစ်ဖြစ်၍ ခဏခဏ နိုးနေသည်။ နောက်နေ့ အိပ်ယာက စောစောမထနိုင်။ အိပ်ယာက ထ ထချင်း မနက်စာအတွက် မြန်မာပြည်က ပါလာသည့် အကြော်အလှော် အခြောက်အခြမ်းအထုပ်တွေ ခွဲတန်းချသည်။ လက်ဆောင်ပေးရန်၊ ဟိုကဒီက သူတို့ သူငယ်ချင်း မိတ်ဆွေများအတွက် ပါးလိုက်သည့်အထုပ်တွေ ရွေးထုပ်ပြီး ကိုယ့်အတွက်ပါလာသည့် အထုပ်တွေကိုတော့ အများသုံးထမင်းစားခန်းမှာ ထည့်လိုက်သည်။ ဒကာ ဒကာမများ ညီမများက ချဉ်ပေါင်ကြော်၊ သရက်သီးသနပ်၊ ငါးခြောက်ကြော်၊ ကြက်သားကြော်၊ ပုဇွန်ခြောက်၊ ငါးခြောက်ဖုတ်များ၊ ပဲကြော်များနှင့် ဆေးပစ္စည်း စသည်များကို လှူလိုက်ကြသည်။ ကျောင်းသားရဟန်းတော်များ နှစ်သက်တော်မူကြသဖြင့် အလှူရှင်အားလုံးအတွက် ၀မ်းသာဖွယ်ဖြစ်ရသည်။ ထိုအစားအစာများသည် ဘုံဘေမြို့တွင် ရနိုင်ဖို့ မလွယ်ကူသလို အဆောင်မှာ ချက်ခွင့်မရှိ ကြော်လှော်ခွင့်မရသဖြင့် ပြည်မြန်မာ ဒကာဒကာမတွေရဲ့ ငါးပိ ငါးခြောက် ချဉ်ပေါင်ကြော်စတို့သည်ကား များစွာ ကျေးဇူးများလှသည်။ 

ဘုံဘေနှင့် လူနေမှု

ဘုံဘေမြို့ စောမယကောလိပ်တွင် ပညာသင်ရဟန်းတော် များစွာရှိသည်။ ယခုလောလောဆယ် တပေါင်းတည်း အတူစား ရဟန်းတော်များ ၁၈ ပါးလောက်ရှိသည်။ မီးဖိုပါ အခန်းကြီးတစ်ခန်းနှင့် ၄ ပါးနေ အခန်း ၂ ခန်းရသည်။ အခန်းကြီးတွင် ၁၀ ပါးဝန်းကျင်လောက်နေရသည်။ ခပ်ကြပ်ကြပ် နေရသည်။ စာသင်တိုက်ကြီးမှာ နေရသည့် စာသင်သားငယ်လေးများ ပြန်ဖြစ်သွားသည်။ တစ်ယောက်ခန်းထဲမှာ နှစ်များစွာ နေခဲ့ရသော စာရေးသူအတွက် တစ်ခန်း ၄ ပါးနေရသည်မှာ သိပ်အဆင်မပြေပေမဲ့ သူငယ်ချင်းများက သဘောကောင်းကြသဖြင့် အဆင်ပြေသည်။ ပူနေးတက္ကသိုလ်မှာ နေစဉ်က တစ်ယောက် တစ်ခန်းဖြစ်သည့်အပြင် အားလုံး ပြည်ပကျောင်းသားများဖြစ်သဖြင့် နေရသည်မှာ လွတ်လပ်၏။ ကိုယ်စားချင်တာ ချက်ပြုတ်စားသောက်နိုင်သည်။ နိုင်ငံပေါင်းစုံက ဟင်းလျာများ၏ အနံ့မျိုးစုံကို မလွဲမသေ ခံစားရမှာအမှန်။ လွတ်လပ်စွာ နေနိုင်သလို လွတ်လပ်စွာ ချက်ပြုတ်နိုင်သည်၊ လွတ်လပ်စွာ အားကစား၊ လေ့ကျင့်ခန်းများ လုပ်နိုင်သည့် နေရာ များစွာရှိသည့်အတွက် အဆင်ပြေလှသည်။

ဘုံဘေမြို့သည်ကား အိန္ဒိယနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သလို စီးပွားရေးမြို့တော်လည်းဖြစ်သည်။ ဘုံဘေမြို့ရှိ ဤစောမယကောလိပ်မှာ ပညာသင် မြန်မာကျောင်းသားများအားလုံးသည် ပြည်တွင်းမှာတော့ စာချဘုန်းကြီးများဖြစ်ကြသည်။ သို့သော်လည်း ပညာရချင် ဘွဲ့ရချင်လိုသောကြောင့် အဆင်းရဲဒဏ် အပင်ပန်းခံရလေတော့သည်။ ပြည်ပကျောင်းသားများ အဆောင်ဟု သီးသန့်မရှိသဖြင့် အိန္ဒိယ ကျောင်းသားများနှင့် အတူနေကြရသည်မှာ သိပ်အဆင်မပြေလှ။ အချက်အပြုတ်ကအစ အဆင်မပြေ၊ ချေးများ အတိုင်အတောထူတဲ့ ကုလားကြားမှာ နေရတာလဲ သိပ်မလွယ်လှ၊ အသား ငါးမစားသော ဟိန္ဒူဘာသာ အစွန်းရောက်သော ကုလားများကြားတွင် အမှိုက်ပုံးထဲ ကြက်ရိုး ငါးရိုး တစ်ခုတွေ့မိပါက သိပ်ကြီးလေးသော အပြစ်ဟု ယူဆကာ အတိုင်အတောခံရပေမည်။ မြန်မာရဟန်းတော်များအတွက် အခန်းများသည်လည်း ၆ ထပ်မြောက်မှာသာ ရှိသည်။ နတ်ပြည် ၆ ထပ်မှာ နေရသည်ဟု အောင့်မေ့၍ နေရပေတော့မည်၊ ငလျင်တွေ သိပ်ခေတ်စားနေတော့ အဆောက်အဦးကြီး ကြည့်ပြီး ကြက်သီးထမိသေးသည်။ ပင်လယ်ကမ်းခြေမှာကိုးးးးး။ အလှည့်အကျ ချက်စားရသည့် မိသားစု စနစ်ပဲဖြစ်သည်။ စုပေါင်း ကုန်ကျစရိတ်သည် တစ်လ ရူပီး ၂ သောင်းဝန်းကျင် (ကျပ် ၄ သိန်းကျော်) လောက် ကုန်ကျသည်ဟု ခန့်မှန်းကြည့်မိသည်။ စာရေးသူတော့ အခုမှ စရောက်သဖြင့် ချက်ခန်းပြုတ်ခန်းထဲ မ၀င်ရသေးဘဲ အချက်ပြုတ်အလွန်ကောင်းသည့် နောင်တော် ညီတော်များ ချက်ပြုတ်ကျွေးတာကိုပဲ မြိန်ရည်လျှက်ရည် အသာတကြည် ၀င်စားနေရသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၄-၂၀၁၁
           ဘုန်းဘုန်းကျန်းမာပါစေ။

ဘွဲ့တံဆိပ်တော် အဓိပ္ပါယ်ဖော် အပိုင်း(၆)

ဥပါသကာ ဘွဲ့တံဆိပ်(၄)မျိုး
၁။သီရိ+ သုဓမ္မ+ မဏိဇောတ+ဓရ။
ထက်မြက်+ကျယ်ပြန့်+အသရေတင့်+သူတော်ကောင်းတရား+ပတ္တမြားရတနာ+ဆောင်ထားသူ
(အသရေတင့်သည့်သူတော်ကောင်းတရားတည်းဟူသော ပတ္တမြားရတနာကို ထက်မြက်စွာ ဆောင်ထားနိုင်စွမ်းရှိသော ပုဂ္ဂိုလ်။)
၂။ သီရိ+ သုဓမ္မ+ မဏိဇောတ+ဓရ။
၃။သီဟ+သုဓမ္မ+ မဏိဇောတ+ဓရ။
(သီဟသည် တစ်ပုဒ်တည်းဆိုလျှင် ခြင်္သေ့၊သမာသ်ပုဒ်ဖြစ်လျှင်အမြတ်ဟု အဓိပ္ပါယ်ရသောကြောင့်
ယခု သီဟသုဓမ္မသည် သမာသ်ပုဒ်ဖြစ်ကာ မြင့်မြတ်သော သူတော်ကောင်း တရားဟုအဓိပ္ပါယ်ရ
ပါသည်။)
၎။ သုဓမ္မ+ မဏိဇောတ+ဓရ။

ဥပါသိကာ ဘွဲ့တံဆိပ်(၄)မျိုး
၁။ အဂ္ဂ+မဟာ+သီရိ+ သုဓမ္မ+သိ င်္ဂီ။

(သိ င်္ဂီ=ရွှေ=ရွှေရတနာရှင်။)
၂။သီရိ+ သုဓမ္မ+သိ င်္ဂီ။
၃။သီဟ+ သုဓမ္မ+သိ င်္ဂီ။
၎။ သုဓမ္မ+သိ င်္ဂီ။

ယခင် ဘွဲ့တံဆိပ်တော်(၂)မျိုး
၁။အဘိဓဇ+မဟာရဋ္ဌ+ဂုရု။
ေ အာင်လံထူးသဖွယ်+နိုင်ငံတော်၏+ဆရာမြတ်။
၂။အဂ္ဂ+မဟာ+ ပဏ္ဍိတ။
ထက်မြက်စွာ+ ကျယ်ပြန့်စွာ+(စွမ်းဆောင်နိုင်သော)ပညာရှိ။

ဖော်ပြပါအတိုင်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်အသစ်(၂၀)နှင့် ယခင်ရှိပြီး ဘွဲ့
တံဆိပ်တော်(၂)မျိုး အပါအဝင် စုစုပေါင်းဘွဲ့တံဆိပ်တော်(၂၂)မျိုးတို့အားယနေ့တပ်မတော် အစိုးရ၏သာသနာတော်အပေါ်ထားရှိအပ်သောစေတနာကိုအစဉ်မပြတ်ထင်ဟတ်ဖော်ကျူးနေပေတော့သည်။


သို့ဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တော်တို့၏လာရာ နိုင်ငံတော်အစိုးရ၊လားရာဆရာတော်ကြီး
များ၊သီလရှင် ဆရာကြီးများ၊ ဥပါသကာနှင့်ဥပါသိကာများအပြင် ဘွဲ့တံဆိပ်တော်ကွန်ဖြန့်ကြက်ရာ
နိုင်ငံသူ၊နိုင်ငံသားများပါ သဒ္ဓါပညာယှဉ်ကာဖြင့်သာသနာအလင်း ကမ္ဘာထွင်းအောင် အားတင်းမာန်
ထား လုံလပွားကြိုးစားနေကြမည်သာဖြစ်ပါတော့သည်။ ။

(*ရတနာရွှေချိုင့်ဆရာတော်(လွိုင်လင်)၏ ကြေးမုံသတင်းစာထဲမှ ရှင်လင်းချက်လေးအားသိရှိစေလို
သောစိတ်ဆန္ဒဖြင်ရေးသားဖော်ပြခြင်းပြီးပါပြီ။အမှားရှိပါက ကျွန်တော်ရဲ့အားနည်းချက်ဖြစ်ပါကြောင်း
နှင့်အမှာရှိက ခွတ်လွတ်ပြါရန်မေတ္တာရပ်ခံအပ်ပါသည်ခဗျား*)

သီတဂူဆန်းလ ပမာ ချမ်းမြသာယာကြပါစေ။(မင်းလှသားလေး)

ဘွဲ့တံဆိပ်တော်အဓိပ္ပါယ်ဖော်အပိုင်း(၅)

ယင်းအပြင် ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် သဒ္ဓါအင်အားထက်သန်စွာ ထူးထူးခြားခြား ထောက်ပံ့လှူဒါန်း
နေကြသော ဥပါသကာ(ဒါယကာ)များအား ဘွဲ့တံဆိပ်တော်လေးမျိုးနှင့် ဥပါသိကာ(ဒါယိကာမ)များအား ဘွဲ့တံဆိပ်တော
်လေးမျိုးကို ချီးမြှင့်အပ်နှင်းခဲ့ပါသည်။
စုစုပေါင်း တပ်မတော်အစိုးရခေတ် ဘွဲ့တံဆိပ်တော် အမျိုးအစား အသစ်(၂၀)ဖြစ်ပါသည်။
ဓမ္မဒေသကဆိုင်ရာ ဘွဲ့တံဆိပ်တော်(၂)မျိုး
၁။မဟာ+ဓမ္မကထိက+ဗဟုဇန+ဟိတ+ဓရ။
ကျယ်ကျယ်ပြန့်ပြန့်+တရားဟောပြောလျက်+လူအများ၏+အကျိုးစီးပွားကို+ဆောင်ရွက်သောပုဂ္ဂိုလ်။
၂။ဓမ္မကထိက+ဗဟုဇန+ဟိတ+ဓရ။
(အဓိပ္ပါယ်ဖော်ပြပြီး။)
ပရိယတ္တိဆိုင်ရာ ဘွဲ့တံဆိပ်တော်(၃)မျိုး
၁။အဂ္ဂ+မဟာ+ဂန္ထဝါစက+ပဏ္ဍိတ။
ထက်ထက်မြက်မြက်+ကျယ်ကျယ်ပြန့်ပြန့်+ကျမ်းဂန်စာပေပို့ချသော+ပညာရှိ။
၂။မဟာ+ဂန္ထဝါစက+ပဏ္ဍိတ။
၃။ ဂန္ထဝါစက+ပဏ္ဍိတ။
ပဋိပတ္တိဆိုင်ရာ ဘွဲ့တံဆိပ်တော်(၃)မျိုး
၁။အဂ္ဂ+မဟာ+ကမ္မဋ္ဌာနာစရိယ။
ထက်ထက်မြက်မြက်+ကျယ်ကျယ်ပြန့်ပြန့်+ကမ္မဌာန်းပြဆရာ။
၂။မဟာ +ကမ္မဋ္ဌာနာစရိယ။
၃။ကမ္မဋ္ဌာနာစရိယ။
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်(၄)မျိုး
၁။အဘိဓဇ+ အဂ္ဂ+မဟာ+သဒ္ဓမ+ဇောတိက။
အောင်လံထူးသဖွယ်+ထက်မြတ်+ကျယ်ပြန့်စွာဖြင့်+သူတော်ကောင်းတရာကို+ထွန်တောက်စေသောပုဂ္ဂိုလ်။
၂။ အဂ္ဂ+ မဟာ+သဒ္ဓမ+ဇောတိက+ဓဇ။
ထက်ထက်မြက်မြက်+ကျယ်ကျယ်ပြန့်ပြန့်+သူတော်ကောင်းတရားကို+ထွန်းတောက်စေသည့်+အောင်လံ
တော်။
၃။ မဟာ+သဒ္ဓမ+ဇောတိက+ဓဇ။
၎။ သဒ္ဓမ+ဇောတိက+ဓဇ။
ဆက်ပါဦးမည်။(မင်းလှသားလေး)

ဘွဲ့တံဆိပ်တော်အဓိပ္ပါယ်ဖော်အပိုင်း(၄)

နေသဖွယ်ထင်ရှားတော်မူသည့် ပြည်တွင်းပြည်ပ ဆရာတော်ကြိးများ၊ ဂန္ထဓုပရိယတ္တိဝန်ဆောင် စာချဆရာတော်များ၊ ဝိပသ နာဓုရ ပဋိပတ္တိဝန်ဆောင် ကမ္မဌာန်းနည်းပြဆရာတော်များ၊ နယ်လှည့်ဓမ္မကထိက၊နှင့် ပြည်တွင်းပြည်ပ သာသနာပုဂ္ဂိုလ်များ၊ ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာထောက်ပံ့ လှူဒါန်းနေကြသည့် ပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်း အပ်နှင်းလျက်ရှိပါသည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် ဝိသေသဂုဏ်ရည်ဖြင့် လဲ့လဲ့
ကြည် လင်းလက်နေသော ယင်းသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ၏ ကျနစွာ သိရှိလို ကြည်ညိုလိုကြသည့် သာသနမာမက၊ သာသနသုတေသီများအတွက် ယခုဆောင်းပါး အဓိပ္ပါယ်အကျဉ်းကျုပ် အနှစ်ထုတ်အပ်ပါသည်။
ဘွဲ့တံဆိပ်တော်အသစ်(၂၀)
၁။ဓမ္မဒေသကဆိုငရာ ဘွဲ့တံဆိပ်တော် ၂မျိုး
၂။ပရိယတ္တိဆိုင်ရာ ဘွဲ့တံဆိပ်တော် ၃မျိုး
၃။ပဋိပတ္တိဆိုင်ရာ ဘွဲ့တံဆိပ်တော် ၃မျိုး
၎။သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ၄မျိုး
ဖော်ပြပါ ဘွဲ့တံဆိပ်တော် (၁၂)မျိုးကို ဆရာတော်များ၊ သီလရှငဆရာကြီးများနှင့် သာသနာပြုလပုဂ္ဂိုလ်များ၊
ကိုဆက်ကပ်လှူဒါန်းအပ်နှင်းပါသည်။
အမှားရှိရင် ခွင့်လွတ်ကြပါဗျာ။ဆက်လက်တင်ပြပါဦးမည်။(မင်းလှသားလေး)

ဘွဲ့တံဆိပ်တော်အဓိပ္ပါယ်ဖော်အပိုင်း(၃)

လွတ်လပ်ရေးထေတ် ဘွဲ့တံဆိပိတော်များ
ထိုမှ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရလာပြီးသောအခါ အဆက်ဆက်သော နိုင်ငံတော်အစိုးရမင်းများက ယခင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့်အတူ အဘိဓဇမဟာရဌဂရု ဘွဲ့တံဆိပ်တော်တစ်ခုတိုးကာ ဘွဲ့တံဆိပ်တော်နှစ်မျိုးကို ရဟန်းပညာရှိ ဆရာတော်ကြီးများအားဆက်ကပ်ပူဇော်ခဲ့ကြပါသည်။
ယနေ့တပ်မတော်အစိုးရခေတ်  ဘွဲ့တံဆိပ်တော်များ
ယနေ့ တပ်မတော်အစိုးရခေတ်ဟု ဆိုရမည့် ၁၉၉၀ ပြည့်လွန်နှစ်များမှစတင်ကာ တပ်မတော်ရသည် ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ သာသနာတော်ရောင်ဝါနေထက်လင်းပါစိမ့်သောငှာ မြော်မြင်လျက်ဘွဲ့တံဆိပ်
တော်များ ဘွဲ့တံဆိပ်တော်အသစ်ပေါင်း (၂၀) ကိုတီထွင်ပြီး .ခင်ရှိပြီးသား ဘွဲ့တံဆိပ်တော်နှစ်မျိုးနှင့်အတူ
သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော်(၂၂) မျိုးဖြင့် သာသနာတော်အားချီးမြှောက်လျက်ရှိပါသည်။
   ဆက်လက်ဖော်ပြသွားပါမည်။(မင်းလှသားလေး)                                                          

သံသေဂ(၈)ပါး

၁။ နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်း နောက်ဆုံးရှိချေ၏တကား။

၂။ ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏တကား။

၃။ ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏တကား။

၎။ ၀ိညာဉ်တင်းလင်း၊ သက်ရှည်ခြင်းကား၊ သေမင်းနောက်ဆုံး ရှိချေ၏တကား။

၅။ တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျှောကျနောက်ဆုံး ရှိချေ၏တကား။

၆။ ခင်မင်ခယ၊ ချစ်လွန်းကလည်း၊ သောကနောက်ဆုံး ရှိချေ၏တကား။

၇။ ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏တကား။

၈။ ကြည်သာရွှင်ပျ၊ ချမ်းသာကြလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏တကား။ 
   လောကနတ်မှကူးယူဖော်ပြထားပါတယ်ဗျာ။
      သတ္တဝါအားလုံးတရားတွေ့ကာ သံသရာမှလွတ်မြောက်နိုင်ပါစေ။(မင်းလှသားလေး)

သီတဂူအလှူတော်အပိုင်း(၄)

မွေးနေ့မင်္ဂလာပွဲ (အပိုင်း-၄)

စတုတ္ထနေ့

(အပိုင်း(၄)မှာတော့ ဆရာတော်ကြီး၏ မွေးနေ့ ပူဇော်ပွဲနှင့် စာရေးသူ၏ ပြင်ဦးလွင်မြို့ ခရီးသွားမှတ်တမ်း အကြောင်း ရေးထားခြင်းဖြစ်ပါသည်။)

ဒီနေ့ဆိုရင် စတုတ္ထမြောက်နေ့သို့ ရောက်လာပါပြီ။ ဒီကနေ ၁၉-၃-၂၀၁၁ တပေါင်းလပြည့် ဖြစ်သည်အတွက် ဆရာတော်ကြီး၏ မွေးနေ့ဖြစ်သည်။ နောက်ဆုံးနေ့ဖြစ်တဲ့ မွေးနေ့ပူဇာကို စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီမှာ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ သံဃာ ၅၀၀ ဆွမ်းလောင်းပွဲကျင်းပသည်။ ဒီပွဲကိုတော့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က သံဃာတွေကိုတော့ ပင့်သံဃာထဲ ထည့်မထားပါဘူး။ ဆရာတော်ကြီးနှင့် သံဃာအချို့ သီတဂူဒကာ ဒကာမတွေ လိုက်ပါသွားကြပြီး အပြင်ကသံဃာတွေကိုပဲ လောင်းလှူကြခြင်းဖြစ်သည်။ မနက်စောစော ၄-၃၀ လောက်ကထဲက သွားကြတာဆိုတော့ စာရေးသူ လိုက်မသွားလိုက်နိုင်ခဲ့၊ ဓာတ်ပုံမှတ်တမ်းများလည်း မရလိုက်။ ပြန်လာတဲ့ပင့်သံဃာများကို ကြည့်လိုက်တော့ သပိတ် သင်္ကန်းစသော အခြားလှူဖွယ်များစွာနှင့်ပြန်ကြွလာတာကိုတော့ တွေ့လိုက်ရပါတယ်။ သီတဂူလင်္ကာဒီပ ကျောင်းအမကြီးနှင့် စကားစပ်မိလို့ ပြောဖြစ်တော့ သူလည်း ဆွမ်းဦးပုညရှင် ပင့်သံဃာ ၅၀၀ ကို အလှူငွေများ လောင်းလှူခဲ့သေးကြောင်း သိလိုက်ရပါသည်။

နေ့လည်ပိုင်း

နေ့လည်ပိုင်းမှာတော့ ဟောပြောပွဲအချိန်ပဲ ဖြစ်သည်။ ထိုဟောပြောပွဲမှာ နီပေါနိုင်ငံ အရှင်ဥာဏပုဏ္ဏိက နီပေါနိုင်ငံ ဗုဒ္ဓဘာသာ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာပုံတို့ကို ဟောပြောသည်။ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးက ဂျူးလူမျိုးနှင့် ဂျူးဘာသာအကြောင်းများကို တင်ပြသွားသည်။ နောက်ဆုံး သီးတဂူဆရာတော်ကြီး၏ နိဂုံးချုပ်များနှင့် မေးခွန်းများ အဖြေများဖြင့် အဆုံးသတ်သည်။

အကြီးကျယ်ဆုံးမွေးနေ့ပူဇာ

များသောအားဖြင့် မွေးနေ့ပွဲတွေမှာ နာရီပိုင်းအတွင်း ပြီးသွားကြတာများပါတယ်။ အချို့လည်း ရိုးရိုးလေး သံဃာတွေ ဆွမ်းပင့်ကပ် လှူစရာများ လှူဒါန်းပြီး ကောင်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှဝေးကြပါတယ်။ အချို့ကျပြန်တော့ ဆိုင်တွေမှာ ပင့်ပြီးတော့ ကပ်လေ့ရှိတယ်။ အချို့ကတော့ ကျောင်းရှိ သံဃာတော်တွေအတွက် စားဖွယ်သောက်ဖွယ်များ ပေးပို့လှူဒါန်းကြတယ်။ တချို့ကတော့ ကိုယ့်မိတ်ဆွေလောက်နဲ့ပဲ ပျော်ပွဲ စားပွဲလေးလုပ်ပြီး မွေးနေ့ပွဲကို ကျင်းပကြတယ်။ သီတဂူဆရာတော်ကြီး၏ မွေးနေ့ပွဲကိုတော့ များသောအားဖြင့် ၂ရက်၊ ၃ရက်၊ အခု နောက်ပိုင်း ၄ ရက်အထိ တိုးချဲ့ပြီး ကျင်းပလာခဲ့တာ နှစ်တောင် အတော်ကြာခဲ့ပြီ။ အကြီးကျယ်ဆုံးနှင့် ရှည်လျားဆုံး မွေးနေ့ဟု ထင်ပါသည်။
ဆရာတော်ကြီးသည် အလှူဒါနပြုရတာကို ပျော်မွေ့သည်အလျောက် သူ၏မွေးနေ့ပွဲမှာလည်း အလှူကြီးများဖြင့်သာ ကျင်းပခဲ့သည်။ ဘုရားရှင် ဘ၀ကို ပြန်သုံးသပ်လျင် ဘုရားဖြစ်ဖို့ အလှူဒါနနှင့် စခဲ့သလို အလှူဒါနနဲ့ပဲ အဆုံးသက်ခဲ့တယ်။

ဒါနနှင့်စ ဒါနနှင့်ဆုံးတဲ့ဘုရား

ဒီပင်္ကရာဘုရားလက်ထက်မှာ သုမေဓာဘ၀က သူ့မိဘထားခဲ့သော ကုဋေ ၈၀ သော ပစ္စည်းတွေ အကုန်လှူပြီး တောထွက် ရသေ့ရဟန်းပြုပြီး ဘုရားဖြစ်ဖို့ ဒါနနှင့် ဘ၀ကိုစခဲ့ပါတယ်။ ဘုရားဖြစ်ဖို့ ရှေ့တစ်ဘ၀မှာအကြိုမှာ ဝေဿန္တရာမင်းကြီးဘ၀နဲ့ ဇနီးကိုစွန့်၊ သားနှင့်သမီးကို လှူဒါန်း၊ တိုင်းပြည်ကြီးကိုပါ စွန့်လွတ်လှူဒါန်းပြီး တောထွက်ခဲ့ပါတယ်။ ဤနည်းအားဖြင့် ဘုရားဖြစ်ဖို့ အလှူဒါနဖြင့် အဆုံးသက်ကာ တာဝတိံသာနတ်ဘ၀မှ လူ့ဘ၀ သိဒ္ဓတ္ထမင်းသား အဖြစ်မှ ဂေါတမဘုရားဖြစ်ခဲ့သည်။ ဆရာတော်ကြီးက ဒါနသည် အလွန်အရေးကြီးသည်ဟု ခံယူထားသည်အတွက် နေရာအနံ့အပြား အလှူများဖြင့် သာသနာရေး လူမှုရေးများကို တည်ဆောက်လျက်ရှိသည်။

ဤကား သီတဂူဆရာတော်ကြီး၏ (၇၄) နှစ်ပြည့် မွေးနေ့ပူဇာများ ဖြစ်သည်။ အပြည့်အစုံမတင်ပြနိုင်သော်လည်း အစီအစဉ်များလောက်ကိုတော့ တင်ပြထားပါသည်။ (၇၅)နှစ် မွေးနေ့ပူဇာမှာ ပြန်လည်ဆုံးဆည်းကြပါစို့။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၄-၂၀၁၁
   သီတဂူအလှူတော်ပြီဆုးံပါပြီခဗျာ။(မင်းလှသားလေး)

ဘွဲတံဆိပ်တော် အဓိပ္ပါယ်ဖော်အပိုင်း(၂)

မြန်မာသမိုင်း ဘွဲ့တံဆိပ်တော်များ
    မြန်မာသမိုင်း၌ ပုဂံခေတ်မှသည် ရတာနာပုံခေတ်တိုင်အောင် ခေတ်အဆက်ဆက် နိုင်ငံသရဖူဘုရင်မင်း
များကရဟန်းပညာရှိ၊လူပညာရှိတို့အားဆက်ကပ်ချီးပြှင့်ခဲ့သည့်ဘွဲ့တံဆိပ်တော်များမှာမဟာဓမ္မဓိရာဇဓိ
ိရာဇဂုရု ဘွဲ့တံဆိပ်တော်၊သီရိမဟာစတုရင်္ဂဗလ ဘွဲ့တံဆိပ်တော်စသည်ဖြင့်အမျိုးအစားပေါင်း(၁၀)မျိုး
ကျော်ခဲ့ကြောင်းလေ့လာသိရှိရပါသည်။ 
| |