မင်းလှသားလေးရဲ့လတ်တလော ဖြစ်ပေါ်နေသော စိတ်ဆန္ဒလေးများ


လတ်တလော ဖြစ်ပေါ်နေသော စိတ်ဆန္ဒများဆိုတဲ့ ခေါင်းစဉ်နဲ့ ရွှေညာသားလေးပြောလို့လေသိရပြီး 
တောင်းဆိုထားတော့လည်း နားလည်သလို ဖြေရသေးတာပေါ့ဗျာ။ လွဲချော်မှု့လေးတွေ ရှိရင် တော့ ခွင့်လွတ်ပေးပါလို့ ကြိုတင်ပြီး မေတ္တာရပ်ခံပါတယ်။ တောသားကလဲဖြစ်စာကလဲစရေးတာမကြာသေး
လို့ပါခဗျာ။                                                


၁။ အစားချင်ဆုံးအစားအစာ - မေမေချက်တဲ့ရွာဟင်းလေးကိုပါ။

၂။ နေ့တိုင်းစားဖြစ်တဲ့အစားအစာ - ဟင်းချက်ရတာဝါသနာလေ..အမြဲချက်စားတယ်။

၃။ အလိုချင်ဆုံးရေမွှေး - အလိုချင်ဆုံးရယ်လိုတော့ မရှိပါဘူး။

၎။ သုံးဖြစ်နေတဲ့ရေမွှေး - (ဘော်ဒီစပရေး)အပြင်ထွက်ရင်တော့ သုံးဖြစ်ပါတယ်။

၅။ အလိုချင်ဆုံး မွေးနေ့လက်ဆောင်- အခုထိတော့ ဘာမှမရသေးပါဘူး။

၆။ အလိုချင်ဆုံးဖုန်း - ဖုန်းတော့လိုချင်ပါတယ်….ဈေးကြီးတယ်လေ… ။

၇။ သုံးဖြစ်နေတဲ့ဖုန်း - မရှိသေးပါဘူး

၈။ အရူးသွပ်ဆုံးအရာ -ဇာတ်ကာကြည့်ခြင်း(မြန်မာကား)

၉။ အနီးစပ်ဆုံးဂီတ - .မြန်သီချင်းနားထောင်ခြင်း(ခေတ်ဟောင်းလေ)။

၁၀။ အလိုချင်ဆုံးစာအုပ် - ဘ၀အတွက် မှတ်သားစရာပေးတဲ့ စာအုပ်အမျိုးမျိုး။

၁၁။ အခုဖတ်ဖြစ်နေတဲ့စာအုပ် - ဘာသာရပ်ဆိုင်ရာစာအုပ်များနဲ့ ဘလော့တွေကစာပေတွေ။

၁၂။ အကြားချင်ဆုံးစကား - အဖေနဲ့အမေ့ပါးစပ်က “စည်သူလေး” လို့ခေါ်တဲ့လေး။

၁၃။ အဖြစ်ချင်ဆုံးဆန္ဒ - မိသားစုနဲ့အတူနေပြီး ပေးအပ်တဲ့တာဝန်ကျေတဲ့နိုင်ငံသာကောင်းတစ်
 
ယောက်ဖြစ်ချင်ပါတယ်။
၁၄။ အလိုချင်ဆုံးဆု - အသံကြားသနား၊မျက်နှာမြင်ချစ်ခင်ပါစေ ဆိုတဲ့ဆုပါဗျာ။

၁၅။ အသွားချင်ဆုံးနေရာ - ရွာသားဆိုတော့ဖေဖေ မေမေရှိတဲ့ရွာကိုပေါ့။

၁၆။ သွားဖြစ်နေတဲ့ နေရာတွေ - အဆောင်၊ ကျောင်း၊ ဈေး နဲ့ အခုနေတဲ့နိုင်ငံရဲ့ ထင်ရှားတဲ့နေရာတွေကို သွားဖြစ်တယ်။

၁၇။ အကြည့်ချင်ဆုံးရုပ်ရှင် - မြန်မာဟာသနဲ့အချစ်ဇာတ်လမ်းလေးတွေ။

၁၈။ အပြောချင်ဆုံးစကား - အတ္တာဟိ အတ္တနော နာထော ဆိုတဲ့စကားလေးပေါ့။

၁၉။ အယုံကြည်ဆုံးလူသား - ဗုဒ္ဓမြတ်စွာဘုရားနဲ့မိဘနှစ်ပါး၊ကျေးဇူးရှင်ဆရာသမားများ။

၂၀။ မယုံကြည်ဆုံးအရာ - ကောလဟာလ။

၂၁။ အမုန်းဆုံးအရာ - အတင်းပြောခြင်း။

၂၂။ အသောက်ဖြစ်ဆုံး အအေး - အအေးတော့မသောက်ဖြစ်ပါဘူး။ရေနွေးကြမ်းလေးပေါ့(ရွာသား)။

၂၃။ လတ်တလောအထိတွေ့ဆုံးအရာ - ကွန်ပျူတာ၊ အင်တာနက်။

၂၄။ မကောင်းတဲ့ ကျန်းမာရေး - မျက်စိနဲ့အစာအိမ်ရောဂါ။

၂၅။ အကောင်းဆုံးအဖော် - တရား၊ သီချင်း၊ နဲ့ စာပေ။

၂၆။ လက်ရှိအကြိုက်ဆုံးသီချင်း - မြန်မာသံစဉ်ကျေးလက်သဘာဝသီချင်း။

၂၇။ အကြောက်ဆုံးအလုပ် - မကောင်းမှု့မှန်သမျှ လုပ်ရမှာကြောက်ပါတယ်။

၂၈။ တန်ဖိုးအထားဆုံးအရာ - ရတနာမြတ်သုံးပါး မိဘဆရာသမားတို့၏ဂုဏ်ကျေးဇူး၊ ရိုးသားမှု့၊အကျင့်စာရိတ္တနဲ့ ကိုယ်ကျင့်တရား။

၂၉။ အကြောက်ဆုံး တိရစ္ဆာန် - မြွေ။

၃၀။ တွေ့ဖြစ်နေတဲ့ ဘလော့ဂါတွေ ကိုရာဇာ(ကျေးတောသားလေး)၊တောသားလေးမြန်အောင်၊ရွှေညာသားလေး၊
လပြည့်ဝန်း၊သီတဂူစတား၊ဓမ္မအေးရိပ်၊ညနေခင်းလေးနဲ့ကျန်မိတ်ဆွေအားလုံး။

၃၁။ အပြင်သွားတိုင်းပါတဲ့ပစ္စည်း - အပြင်ထွက်ရင်ယူနေကျပစ္စည်းတွေနဲ့ပိုက်ဆံပေါ့။

၃၂။ သွားဖြစ်တဲ့နေရာတွေ -ဆရာမနဲ့အတူလေ့လာရေးသွားဖြစ်တဲ့နေရာနဲ့ဆရာရွှမ်းနဲ့သွာဖြစ်တဲ့
ပန်ခြံ။

၃၃။ စိတ်အညစ်ဆုံးအချိန် - ဖြစ်ချင်တာနဲ့ ဖြစ်လာတာ တစ်ထပ်တည်း မကျတဲ့အခါ၊ ပတ်ဝန်းကျင်သိပ်ပြီးဆူညံတဲ့အခါ။

၃၄။ အနေချင်ဆုံးနေရာ - ရွာကခြံမှာစိုက်ပျိုးရေးမွှေးမြူရေးလုပ်ချင်တာပါဘဲ။

၃၅။ ကြားလိုက်မိတဲ့ဟာသလေး တခု - မရှိပါဘူးဗျာ။

၃၆။ ပေးချင်တဲ့သတင်းတခု - အကိုတွေပြန်ရင်မေမေ့ဆီပိုက်ဆံထည့်ပေးမယ်။

၃၇။ အပျော်ဆုံးဖြစ်မယ့်အချိန် - အဝေးကနေပြန့်လာမည့်သားနဲ့မိသားစုဆုံတဲ့အချိန်။

                                  လူတိုင်းမှာတော့အတွေးကိုယ်ဆီနဲ့ပေါ့ဗျာ။
   မိမိတို့လဲပါဝင်ပြီးမိမိဘလော့လေးမှာတင်ပေးကြပါဗျာ။(မင်းလှသားလေး)

ပူဇာစ ပူဇနေယျာနံ(ပူဇော်ထိုက်သူကို ပူဇော်ခြင်း မင်္ဂလာ)

 ပူဇော်ခြင်းသည် လက်အုပ်ချီမိုး ရှိခိုးပူဇော်ခြင်းခြင်း၊အရိုအသေပေးပြုလျက် ပူဇော်ခြင်း၊ဂုဏ်ကျေးဇူးကို ချီးကျူးပူဇော်ခြင်း၊တရားဖြင့်ပူဇော်ခြင်း၊ပစ္စည်းဝတ္ထုဖြင့် ပူဇော်ခြင်း စသည်ဖြင့် များလှပါသည်။ အဲအထဲမှ............

ရှိခိုးပူဇော်ခြင်း
 ရှေးအခါကသိခီမြတ်စွာဘုရား၏လက်ထက်တော်၌ဒါယကာတဦးသည်မြို့တွင်းသို့ဆွမ်းခံကြွတော်မူ လာသော မြတ်စွာဘုရားကို ကြည်ညိုလှသဖြင့်လက်အုပ်ချီမိုးရှိခိုးပူဇော်နေ၏။ထိုကောင်းမူကြောင့်ဂေါတမမြတ်စွာဘုရားပွင့်တော်မူနေသောအခါဟိမဝန္တာအနီးရှိ ဥက္ကဋ္ဌမြို့၌ဗြဟ္မဏသူကြွယ်တဦး၏သားဖြစ်လာ၏။အင်္ဂဏိကအမည်ရသောမြတ်စွာဘုရားကိုဖူးရသောအခါကြည်ညိုလှသဖြင့်တရား တော်ကိုနာကြား၏။တရားနာပြီးသောအခါမြတ်စွာဘုရား၏သာသနာတော်၌ရဟန်းအဖြစ်ကိုရ၍ရဟန်းတရားပွားများအားထုတ်ရာ မကြာမီပင်ရဟန္တာဖြစ်လေ၏။လက်အုပ်ချီမိုး ရှိခိုးပူဇော်ရုံမျှဖြင့်ရဟန္တာဖြစ်သည်အထိအကျိုးရသွား၏။
        (ထေရဂါထာ-ဋ္ဌ၊ပ၊၄၃၄၊တိက၊အင်္ဂဏိကဘာရဒွါဇထေရ်ဝတ္ထု)
                                                   သီတဂူဆန်းလပမာချမ်းမြသာယာကြပါစေ။(မင်းလှသားလေး)

အရှင်မဟာကဿပ၏ တပည်



 ဤနေရာ၌ တပည့်မိုက်တပါး အကြောင်းကို ဖော်ပြသင့်ပါတယ်။အရှင်မဟာကဿဖ
မထေရ်သည် ဝေဘာရတောင်စောင်းရှိ ပိပ္ပလိဂူကျောင်း၌ သီတင်းသုံးနေတော်မူစဉ်   
တပည့်ရဟန်း နှစ်ပါးက ဝတ်ကြီးဝတ်ငယ် ပြုစုလျှက်နေ၏။တပါးသည် သဒ္ဓါတရားရှိ၍
လိမ္မာ၏။အခြားတပါးမှာ သဒ္ဓါမွဲ၍ ကောက်ကျစ်စဉ်းလဲ မိုက်မဲ၏။
 *တပည့်လိမ္မာသည် မျက်နှာသစ်တော်ရေ ချိုးရေ တည်ထားခြင်း၊ ရေနွေးတည်ပေး
ခြင်းစသော ဝတ်ကြီးဝတ်ငယ်များကို  သဒ္ဓါတရားထက်ထက်သန်သန်ဖြင့် ပြုစု၏။
*တပည့်မိုက်မူကား မည်သည့်ဝတ္တရားကိုမျှ မပြုလုပ်ဘဲ တပည့်လိမ္မာ ဆောင်ရွက်
ထားသည့် ဝတ္တရားများကို မိမိဆောင်ရွက်လေဟန် မထေရ် မြတ်အားလျှောက်ထား၏။
    တနေ့တွင် တပည့်မိုက်သည် မထေရ်မြတ် ရေချိုးရန် တပည့်လိမ္မာ ရေနွေးတည်
ထားပြီးပြီဟု ထင်မှတ်ကာ*** ရေနွေးရပါပြီ၊ရေသုံးသပ်တော်မူပါဘုရား*** ဟု
မထေရ်မြတ်ကြီးအား မိမိ တည်ထားလေဟန် ကြွလာသောအခါ တပည့်မိုက်သည်
ရေနွေးခပ်ရန်မီးဖိုပေါ်ရှိ ရေနွေးအိုးအဖုံးကို လှပ်လိုက်၏။ရေနွေးအိုး၌ ရေတစက်မျှ
မတွေ့ရသောအခါ ဒေါပွ၍ တပည့်လိမ္မာကို ဆဲရေးရေရွတ်လျှက် ရေခပ်ရန်ထွက်
သွား၏။ထိုအခိုက်တွင် တပည့်လိမ္မာသည် ရေချိုးအိမ်၏ နောက်ဘက်၌ အသင့်
ကျိုထားသော ရေနွေးအိုးနှင့်အတူ ပုန်းကွယ်နေရာမှ ထွက်ခဲ့ကာ ဆရာမထေရ်မြတ်
အားရေနွေးဖြင့် ချိုးရေဆက်ကပ်လိုက်၏။
 တပည့်မိုက်၏ ကောက်ကျစ်စဉ်းလဲပုံကို သိရှိရသော အရှင်မြတ်ကြီးသည် တပည့်
မိုက်ကို ဆိုဆုံးမ၏။ တပည့်မိုက်က ဤအချက် ကြောင့် ဆရာရှင်မြတ်အပေါ် ရန်ငြိုးဖွဲ့
၏။ နောက်တစ်နေ့တွင် အရှင်မြတ်ကြီး တခြားရွာသို့ ဆွမ်းခံကြွရာ တပည့်လိမ္မာသည်
တပည့်မိုက်ကမူ မလိုက်ဘဲ အရှင်မြတ်ကြီး ဆွမ်းရပ်နေကျ ရွာသို့သာ တပါးတည်း
ကြွသွား၏။ ဒကာ ဒကာမများက မေးသောအခါ ဆရာအရှင်မြတ် မကျန်းမာ၍
ကျောင်း၌ နေခဲ့ကြောင်း၊ ဤမည်သော ဆွမ်းခဲဖွယ် တို့ကို လောင်းလှူလိုက်ကြရန်
မှာလိုက်ကြောင်း စသည်ကိုပြော၍ ဒကာ ဒကာမများက လောင်းလှူလိုက်ကြသောအခါ
ထိုဘောဇဉ်တို့ကို သူတပါးတည်းစားပစ်၏။
   နောက်တနေ့တွင် ထိုရွာသို့ အရှင်မြတ်ကြီး ဆွမ်းခံကြွသောအခါ တပည့်မိုက်၏
အကောက်ဥာဏ်ကို သိရပြန်၍ ကျောင်းသို့ရောက်ပြန်ရောက်သောအခါ ဆုံမရပြန်
သည်။ တပည့်မိုက်သည်  ****ယမန်နေ့က ရေနွေးကလေးမျှဖြင့် ငါ့ကိုဆူသည်။
ဒီနေ့လည်း ဆွမ်းကလေးမျှဖြင့် ငါ့ကိုဆူပြန်ပြီ****ဟုဆရာမြတ်ကြီးအပေါ် ရန်ငြိုး
ဖွဲ့ပြန်ကာ နောက်တနေ့ ဆရာအရှင်မြတ် ဆွမ်းခံကြွနေချိန်တွင် ကျောင်းကို မီးရှို့၍
မီးမလောင် ဘဲ  ကျန်နေသောအသုံးအဆောင်များကို ရိုက်ခွဲဖျက်ဆီးပြီးလျှင် ကျောင်းမှ
ထွက်သွား၏။
     ဘေးရန် ဥပဒ်အန္တရာယ်မှန်အမျှသည် လူမိုက်ကြောင့်သာဖြစ်ပေါ်၏။သူတော်
ကောင်းကြောင့် မဖြစ်ပေါ်ပေ။
 ဤအဖြစ်အပျက်နှင့် ပတ်သက်၍ မြတ်စွာဘုရားရှင်အောက်ပါတိုင်း ညွှန်ကြားဆုံးမ
တော်မူပါသည်။
**မိတ်ဆွေရှာသောအခါ သီလ သမာဓိ ပညာ အကျင့်သိက္ခာအရာတွင် မိမိထက် 
သာလွန်သူဖြစ်စေကာမူ၊ မိမိနှင့် တန်းတူသူကိုဖြစ်စေကာမူ မတွေ့လျှင်တယောက်
တည်းသာ နေရာ၏။ လူမိုက်ကိုကား ဆက်ဆံ ပေါင်းသင်းခြင်းမပြုရာ**.
  စရိဉ္စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။
  ဧကစရိယံ ဒဠံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတယ
  (ဓမ္မပဒ-ဋ္ဌ၊ ဗာလဝဂ်၊ အရှင်မဟာကဿပ၏ တပည့်ဝတ္ထု)
                                                 ကျန်းမာသုခနှင့်ပြည့်စုံပါစေ။(မင်းလှသားလေး)

သတ္တိဂုမ္ဗဇာတ်

    ဤအရာ၌ ဓားပြလူမိုက်တို့နှင့်ပေါင်းမိ၍ ကျေးမိုက်ဖြစ်ရသောသတ္တိဂုမ္ဗကျေးနှင့်သူတော်ကောင်းနှင့်
ပေါင်းမိ၍ ကျေးလိမ္မာဖြစ်ရသော ပုပ္ဖသူဝကျေးတို့ကို နှိုင်းယှဉ်ကြည့်သင့်သည်။
     ရှေးအခါက ပဉ္စာလတိုင်း ပဉ္စလ ဘုရင်ကြီးသည်တောကစားထွက်ရာမခရီးလွန်ကာရွာတရွာရောက်သွား
၏။ ရွာတံခါးကို ဝင်မိလျှင် *ဒီဘုရင်ကြီးကို ဖမ်းကြ၊ ဆီးကြ၊ သတ်ကြ* စသော ရက်စက်ကြမ်းကြုတ်လှသည့်
အသံကို ကြားရ၍ အသံလာရာသို့ ကြည့်လိုက်ရာ ကျေးသားတကောင် အော်ဟစ်ပြောဆိုနေသည်ကို တွေ့
လိုက်ရ၏။
   ထိုရွာသည် ဓားပြရွာဖြစ်သဖြင့် ကျေးသားသည်လည်း ဓားပြများနှင့်အတူ အနေကြာလာသဖြင့်ရက်စက်
ကြမ်းကြုတ်သော စိတ်ဆိုးစိတ်ယုတ်များဝင်နေသည့် သတ္တိဂုမ္ဗ ကျေးမိုက်ဖြစ်၏။ဘုရင်ကြီးသည်ကြောက်ရွံ့
စိတ် ဖြစ်ပေါ်လာသဖြင့် ချက်ချင်းပင် ရထားထိန်းကို ရထားကစေကာ ထိုနေရာမှထွက်ခွာလာရာမကြာမီပင်
ရသေ့ကျောင်းတကျောင်းသို့ရောက်သွား၏။ ရောက်လျှင်ရောက်ချင်းပင်း *အရှင်မင်းကြီး ကြွတော်မူပါ၊
ထိုင်တော်မူပါ၊ စမ်းရေအေးအေးသောက်တော်မူပါ၊ချိုမြိန်သော သစ်သီးများကိုလည်းသုံးဆောင်တော်မူပါ၊
ရှင့်ရသေ့များ သစ်သီးရှာသွားနေခိုက်ဖြစ်လို့ အရှင်မင်းကြီးကို ဧည့်ဝတ်ပြုမည်သူမရှိ၍ စိတ်မကောင်းပါ၊
အကျွန်ုပ်မှာ လက်မရှိ၍ ကိုယ်တိုင် ဧည့်ဝတ်မပြုနိုင်ဘဲဖြစ်နေပါသည်၊အရှင်မင်းကြီးကိုယ်တိုင်သာ အလို
ရှိသလို သုံးဆောင်တော်မူပါတော့* စသော သာယာချေငံသည့် ဧည့်ခံစကားကိုကြားရ၍ အသံလာရာသို့
ကြည့်လိုက်ရာ ကျေးသားတကောင်ကိုပင် တွေ့ရပြန်သည်။
     ကျေးသား၏ သာယာချေငံလှသော ဧည့်ခံစကားကြောင့်မင်းကြီး၏ ပင်ပန်းနွမ်းနယ်မှုတို့သည် တမု
ဟုတ်ချင်း ပျောက်ကင်းသွားကာ ကြည်သာရွှင်လန်း အပန်းပြေသွားတော့၏။
    ဤကျေးသားက ရသေ့သူတော်စင်များနှင့် အနေကြသဖြင့် သူတော်ကောင်းဓါတ် အရှိန်ဟပ်၍ သူမြတ်
စိတ်ဝင်ကာ ယဉ်ကျေးလိမ္မာနေသော ပုပ္ဖသူဝ ကျေးလိမ္မာဖြစ်၏။
    မင်းကြီး ယခင်တွေ့ခဲ့ရသော ကျေးသားနှင့် ယခုကျေးသားတို့ ကွာခြားပုံကို ပြောပြရာ ကျေးသားနှစ်
ကောင်မှာ တအူတုံဆင်း ညီရင်းအစ်ကိုများ ဖြစ်ကြကြောင်း၊လေပြင်းတိုက်သဖြင့် အသိုက်မှလွင့်ကာ တကွဲ
တပြားစီ ကျရာတွင် ယခင်ကျေးသားက ဓားပြများထံရောက်သွား၍ ယခုကျေးသားက ရသေ့တို့ထံ ရောက်
လာခြင်းဖြစ်ကြောင်း ပုပ္ဖသူဝကျေးလိမ္မာက ရှင်းပြသဖြင့် မင်းကြီးသိရ၏။
     ခိုနောက် ကျေးလိမ္မာက နီတိစကား ဆက်လက် ပြောကြားပြန်၏။
*****အရှင်မင်းကြီး ငါးပုပ်ကို သမန်းမြက်ဖြင့် ထုပ်လျှင် သမန်းမြက်ပါ အပုတ်နံ့ နံ့ပါသည်။ထိုအတူပင်
သူမိုက်နှင့် ပေါင်းသင်းလျှင် မိုက်စိတ်ဝင်ကာ သူမိုက်သာ ဖြစ်ရပါသည်။*****
             ပူတိမစ္ဆံ ကုသဂ္ဂေန၊ ယော နရော ဥပနယှတိ။
              ကုသာပိ ပူတီ ဝါယန္တိ၊ ဧဝံ ဗာလူပသေဝနာ။
   *****အရှင်မင်းကြီး တောင်ဇလပ်ပန်းကို ပေါက်ဖက်ဖြင့်ထုပ်လျှင် ပေါက်ဖက်ပါ ပန်းနံ မွှေးကြိုင်ပါသည်။
ထိုအတူပင် ပညာရှိ သူတော်ကောင်းနှင့် ပေါင်းသင်းလျှင် သူတော်စိတ်ဓါတ် အရှိန်ဟပ်ကာ သူတော်
သူမြတ် ဖြစ်ရပါသည်။*****
           တဂရဉ္စ ပလာသေန၊ ယောနရော ဥပနယှတိ။
           ပတ္တာပိ သုရဘိဝါယန္တိ၊ ဧဝံ ဓီရူပသေဝန။
   ပညာရှိသူတော်ကောင်းနှင့်ပေါင်းသင်းရ၍ အသိအလိမ္မာကြွယ်ဝလှသော ကျေးလိမ္မာ၏ နီတိစကားကို
ပီတိပွားလျှက် မင်းကြီးမှတ်သားလိုက်ရ၏။
   (ဇာတက-ဋ္ဌ ၄၊ နှာ ၄၃၂၊ ဝီသတိနိပါတ်၊ ဇာတ် ၅၀၃ ၊ သတ္တိဂုမ္ဗဇာ်)

သုံးဆယ့်ရှစ်ဖြာမင်္ဂလာ

၁။အာသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။
    ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။
1. Not to associate with fool, to associate with the 
    wise and to honour those who are worthy of 
    honour; this is the  highest blessing.

၁။ဒေဝေတေ-သိလိုရေးဖြင့် မေးလျှောက်ထားသည့် အိုနတ်သား။
    (က)အာသေဝနာ စ ဗာလာနံ-ဒုစရိုက်ပြုငြား လူမိုက်များကို နီးပါးမယှဉ် ဝေးစွာကြဉ် ၍
            အပေါင်းအသင်းမပြုခြင်းသည် လည်းကောင်း။
     (ခ) ပဏ္ဍိတာနဉ္စ သေဝနာ-ဒုစရိုက်ရှောင်ကြဉ် ကြောင်းကျိုးမြင်၍ ဖြူစဉ်စိတ်ဓါတ် သူတော်
           မြတ်ကို ဆည်းကပ်မှီတင်းဆက်ဆံပေါင်းသင်းခြင်းသည် လည်းကောင်း။
     (ဂ)ပူဇာ စ ပူဇနေယျာနံ-ရတာနာသုံးဖြာ ဆရာမိဘ သီလစင်ကြယ် သကရွယ်ကြီးသူ ဂုဏ်ကြီးသူ             နှင့် ရိုမှုကျေးဇူး ဖြောင့်ဖြူးစိတ်ဓါတ် ပူဇော်ခြင်းသည် လည်းကောင်း။
                
                ဧတံ-ဤရတနာသုံးပါးသည်၊ဥတ္တမံ-ချမ်းသာဆောင်တတ်လွန်ထူးမြတ်သည့်၊မင်္ဂလံ-
ကြီးပွား ချမ်းသာကြောင်း ကောင်းမြတ်သော မင်္ဂလာပါပေတည်း။

                   ကိုးကားစာအုပ်(ချမ်းမြေ့မင်္ဂလာသင်စရာ)မှထုတ်နုတ်ဖော်ပြထားပါသည်။
                                                                                            လိုက်ပါကျင့်ကြံနိုင်ကြပါစေ။(မင်းလှသားလေး) 

သီတဂူမေတ္တာကရုဏာ (ရန်ကုန်)




သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့မှ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (D.Litt) (Ph.D)သည် နာရေးကူညီမှု၊ ဆေးကူညီမှု၊ ပညာရေးကဏ္ဍများကို စဉ်ဆက်မပျက် ပေးဆပ်လျှက်ရှိသော နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် ရုပ်ကလပ် (အလောင်း) အားပြင်ဆင်ထားရှိချိန်တွင် အသုံးပြုထားရှိရန်အတွက် လေအေး စနစ်သုံး လက်တွန်းလှည်း ၄ စီးကို လှူဒါန်းပေးခဲ့ပါသည်။



ယင်း လေအေးစနစ်သုံး လက်တွန်း လှည်းအား ဘဝနတ်ထံပျံလွန်တော်မူသွားသော ဆရာတော် သံဃာတော်များနှင့် ဘဝတပါးသို့ ကူးပြောင်းသွားသော လူပုဂ္ဂိုလ်များအတွက် ဘုန်းတော်ကြီးကျောင်းများ နှင့် နေအိမ်များ၌ ခေတ္တခဏထားရှိနိုင်ရန် ကူညီဖေးမပေးနိုင်တော့မည် ဖြစ်ပါသည်။

ယင်း လှူဒါန်းပွဲတွင် သီတဂူဆရာတော်ကြီးမှထပ်မံ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏  သုခ ကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)အတွက် ဆေးရုံသုံးပစ္စည်းကိရိယာများ၊ အရေးပေါ်ကယ်ဆယ်ရေးတွင် အသုံးပြုရသည့် အောက်ဆီဂျင်အိုးလွယ်သိုင်းများ၊ ကျောပိုးများ အပါအဝင် အရေးပေါ်လူနာတင် မော်တော်ယာဉ် (Ambulance) TOYOTA အမျိုးအစား ကားတစီးတို့ကို သဒ္ဓါတရား ကြည်လင်စွာ အများပြည်သူတို့အတွက် မေတ္တာ၊ ကရုဏာထားရှိကာ နာရေးကူညီမှုအသင်း(ရန်ကုန်)အား ၆.၅.၂၀၁၁ (သောကြာ) နေ့တွင် လှူဒါန်းမှုကို ပြုလုပ်ခဲ့ပါသည်။ လှူဒါန်းမှု အခမ်းအနား ကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် ပြုလုပ်သည်ဟု သိရသည်။

 ဤနေရာမှ ကူးယူဖော်ပြသည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၅-၂၀၁၁                                             

     သီတဂူစတားဆိုဒ်မှ ကူးယူကာအလှူတော်အား သဒ္ဓါတရားပွားနိုင်ကြစေရန်ဖော်ပြထားပါတယ်။
                   သီတဂူ ဆန်းလပမာ ချမ်းမြသာယာကြပါစေ။(မင်းလှသားလေး)

သစ္စာလေးပါး ဆိုသည်မှာ

၁။ရုပ်နာမ်နှစ်ပါးက ဒုက္ခသစ္စာ=ဆင်းရဲအမှန်တရား။

၂။လိုချင်တက်မက်တဲ့ တဏှာက သမုဒယသစ္စာ=ဆင်းရဲဖြစ်ကြောင်း အမှန်တရား။

၃။ရုပ်နာမ်နှစ်ရပ် အဖြစ်ရပ်၍ နောက်ထပ် မဖြစ်ပေါ်ခြင်းက နိရောဓသစ္စာ=ဆင်းရဲချုပ်ငြိမ်းခြင်း အမှန်တရားနိဗ္ဗာန်။

၎။မဂ္ဂင်ရှစ်ပါးက မဂ္ဂသစ္စာ=ဆင်းရဲချုပ်ငြိမ်းကြောင်း အကျင့်လမ်းအမှန်တရား။

***ဒုက္ခသစ္စာ သည် ပိုင်းပိုင်းခြားခြား သိရမည့်(ပရိညေယျ)တရား။

***သမုဒယသစ္စာ သည် ပယ်ရမည့်(ပဟာတဗ္ဗ)တရား။

***နိရောဓသစ္စာ သည် မျက်မှောက်ထင်ထင် သိမြင်ဆိုက်ရောက်ရမည့်(သစ္ဆိကာတဗ္ဗ)တရား။

***မဂ္ဂသစ္စာ သည် ဖြစ်ပွားစေရမည့်(ဘာဝေတဗ္ဗ)တရား။

            ယခု ပို့စ်လေးကို ချမ်းမြေ့ဆရာတော်ချမ်းမြေ့မင်္ဂလာသင်စရာ စာအုပ်ထုတ်ယူဖော်ပြထားပါတယ်။
      
                                                                         ချမ်းမြေ့ပျော်ရွှင်ကြပါစေ။(မင်းလှသားလေး)

မေတ္တပန်းခိုင် သုံးပွင့်ဆိုင့်

    လောက၌ သာသနာပေါ်ပေါက်လာရန်ခက်ခဲသလောက် ဘုရားမရှိသည့်နောက်သာသနာ မကွယ်ပျောက်
အောင်စောင့်ရှောက်ထိန်းသိမ်းရမည့်တာဝန်ကလည်းကြီးမားလှသည်။တစ်ဦးတစ်ယောက်ကောင်း အင်အားဖြင့်ထမ်းဆောင်နိုင်သောတာဝန်မျိုးလဲမဟုတ်ပေ။မည်သည့်ပစ္စည်းမျှမပါဝင်သော စကော၊လင်ပန်း(ဗျတ်)စသော ပေါ့ပါးသောအရာများကို ဖိုခနောက် ၁-လုံး၊၂-လုံး ပေါ်တင်၍ လွယ်ကူသော်လည်း စားဖွယ်အပြည့်ထည့်ထားသည့်ဒယ်အိုးကြီးမျိုးကိုကား ခိုင်မာသော ဖိုခနောက် (ဖိုခနောက်) ၃-လုံးရှိမှတင်၍ဖြစ်နိုင်ပါသည်။ဗုဒ္ဓသာသနာသည် အကြီးမားဆုံးသော အင်အားဖြစ်၍ အနှစ်သာရ အပြည့်ဝဆုံးလည်းဖြစ်သဖြင့်စိတ်ခွန်အား ကောင်းမွန်သန့်စင်ရိုးဖြောင့်သူ မေတ္တာရှင်တို့၏ မေတ္တာဖိုခနောက်(ဖိုခလောက်) ၃-လုံး ပေါ်တင်ထားမှ တာရှည်ခံမည်ဖြစ်သည်။

မေတ္တာပန်းခိုင် သုံးပွင့်ဆိုင်

              ပြသူ-သင်သူ၊ချီးမြှောက်သူ 
  
                 စိတ်တူညီညွှတ်ကြ။

                 သံဃာနှင့်လူ၊အုပ်ချုပ်သူ၊

                 ကြည်ဖြူညီညွှတ်ကြ။

                 မေတ္တာပန်းခိုင်၊သုံးပွင့်ဆိုင်၊
 
                 ပြန့်လှိုင်တိုးတက်ရ။

                 သာသနာရောင်၊ထွန်းလင်းပြောင်၊

                 မြင့်ခေါင်စွမ်းပြည့်ဝ။

                 မေတ္တာနှလုံး၊အလှဆုံးကြောင့်၊

                 ရွှင်ပြုံးကြည်သာ၊တို့မြန်မာ၊

                 ကမ္ဘာကပင် မော်ကြည့်ရ။

                                                                  တိပိဋကယောဆရာတော်
   ရှင်းလင်းချက်အားတင်ပြပေးပါမည်ခဗျား။(မင်းလှသားလေး)
| |