ငြိမ်းချမ်းရေးရိပ်မြုံ (၁၀)

   ကဿပလိုင်ဂူ နှင့် ဝေဠုဝန်ကျောင်းတော် ။
ဝေဠုဝန်ကျောင်းတော်ရာမှ အရှေ့ ဘက် တပေါဒါရုံမြစ် ရေပူစမ်းမှနေ၍ ဝေဘာရတောင်တက်
လှေကား၏ လက်ယာဘက်နားတွင် ကပ်လျှက်တည်ရှိသည် ဒေသခံ ဟိန္ဒီများက မချန်း(သို့)
ဇရသန္တကီဘိုင်ထပ်ဟုခေါ်ကြသည် ၊ဗုဒ္စဘာသာစာပေများနှင့် တရုတ်ခရီးသွားမှတ်တမ်းများက
ပိပÜလိဟုခေါ်ကြသည် ၊ဘုရားရှင်လက်ထက်တော်က ပိပ်ပလိဂုဟာကျောင်းပင်
ဖြစ်ခဲ့သည် အရှင်မဟာ ကဿပ၏ လူအမည်ပိပÜလိကိုစွဲ၍
(ပိပÜလိ)လိုင်ဂူ+ကဿပလိုင်ဂူ ဟူ၍လည်းခေါ်
ကြသည် ၊ ရှင်မဟာကဿပ နာမကျန်းဖြစ်စဉ် ဘုရားရှင်ကိုယ်တော်တိုင် ကြွလာပြီး ဗောဇ္ဈင်
သုတ် တရားတော်ကိုဟောတော်မူခဲ့သောနေရာ
လည်းဖြစ်သည် ။
ဝေဘာရတောင်ထိပ် အရောက်တက်ပြီး ယင်းမှမြောက်ဘက်သို့ အနည်းငယ် ကွေ့၍ဆင်းလျှင်
တောင်၏ အနောက်ဘက် နံရံတွင် သဘာဝလိုင်ဂူများအစီရီတည်းရှိသည်၊ယင်းတို့မှာ“ပထမ
သင်္ဂါယနာ”တင်ခဲ့သောနေရာတော်ဖြစ်သည် ၊သဂါင်္ယနာတင်ခြင်းဟူသည် ဘုရားရှင် ဟော
တော်မူခဲ့သမျှတရားတော်များ ၊တပည့် သား မဟာသာဝကကြီးများ၏ ဟောဆိုရှင်းလင်းချက်
များအားလုံးကို စနစ်တကျဖြစ်အောင် ၊အပိုအလိုမရှိအောင်
၊အမှားယွင်းမရှိအောင် စီးစစ် စီစဉ်
ပြီး ၊ဘုရားရှင် ဟောတောမူရင်း အတိုင်းသာပြန်ထားင်္ကြမည်ဟု ရဟန္တာကြီး(၅၀၀)လုံးသဘော
တူညီချက်ယူ အတည်ပြုကြခြင်းဖြစ်စ်သည်။
နောက်တစ်ခုမှာ ဝေဘာရတောင်၏ တောင်ဘက်တွင်တည်ရှိသည် ၊ဆွန်ဘဏ္ဍာလိုင်ဂူဟုခေါ်
ကြသည် ၊ဗိမ္မိသာရ မင်းကြီး၏ ရွှေတိုက်ဖြစ်သည် ၊ကျောက်တောင်ကြီးကိုထွင်းပြီး
ဂူအဖြစ်ဖန်
တီးထားခြင်းဖြစ်သည် ၊၄င်းဂူပေါ်တွင် အေဒီ-၃-၄-ရာစုသုံ အက္ခရာများဖြင့်
စာနှစ်ကြောင်းရေး
ထိုးထားသည် ၊ဆိုလိုရင်းမှာ ဤဂူကိုပြုလုပ်ခြင်းသည် ရသေ့ ရဟန်းများအတွက် သင့်တော်
လျှောက်ပတ်စွာ သီတင်းသုံးနိုင်ရန်ဖြစ်သည် ။
ဘုရင် ဗမ္မိသာရမင်းကြီးသည် ဘုရာလောင်းတော့ထွက်လာစဉ်ကတည်းက အကယ်၍သင်
သည် ဘုရားစင်စစ်ဖြစ်ခဲ့ပါလျှင် အကျွနှုပ် ပထမဦးဆုံးကျောင်းလှူပါမည်ဟု ကတိကဝတ်စ
ကားပေးခဲ့ဖူးသည့်အတိုင်း ၊ ဘုရားဖြစ်၍ ရာဇဂြိုလ်မြို့သို့ ကြွလာသောအခါ ဘုရင်ကြီးသည်
ကျောင်းဆောက်ရန်နေရာရွေးချယ်လေသည် ၊ဘုရားရှင် နှင့် တပည့်သားရဟန်းသံဃာများ
အတွက် အသင့်တော်ဆုံးနေရာကို ဤသို့ရွေးချယ်ခဲ့သည် ။
၁။လူနေမြို့ ရွာနှင့် မနီး မဝေးလွန်းသည့်နေရာ၊၂။သွားရလာရလွယ်ကူမယ့်နေရာ၊၃။လူသံတိတ်
ဆိတ်ပြီး ငြိမ်သက် ငြိမ်းချမ်းသောနေရာ၊၄။လူတို့နှင့် မရောချက်ဘဲ သက်တောင်းသက်သာနေ
နိုင်သောနေရာ၊ ဤအဂါင်္(၄)ချက်နှင့် ပြည့်စုံတဲ့နေရာကိုရွေးချယ်ပြီး
ဝေဠုဝန်ကျောင်းတော်ကို
လှူဒါန်းခဲ့သည်၊ဝေဠုဝန်ကျောင်းတော်ရာမှာ ယင်းတုန်းက “ကလန္ဒကနိဝါပ-မောရနိဝါပ-သုမာ
ဂဓ”ဟူသော နေရာ(၃)မျိုးလုံးပါဝင်သောနေရာလည်းဖြစ်သည် ၊“ကလန္ဒကနိဝါပ”ရှဉ့်နက်တို့ကို
အစာကျွေး မွေးမြူသည့်နေရာ၊“ မောရနိဝါပ” ဦးဒေါင်းငှက်တို့ကို
အစာကျွေးသည့်နေရာဖြစ်ပြီး
“သုမာဂဓ”မှာလှပသော ရေကန်ကြီးတစ်ခုဖြစ်ကြသည် ၊ယခုအခါ ကရဏ္ဍကခေါ်သည့်ရေကန်
ကြီးတစ်ခုသာ အထင်ကရကျန်ရစ်တော့သည် ။
ဘုရားရှင်သည် ဤဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးပြီး
၊“အဘယရာဇကုမာရသုတ္တ-ရထဝိနီတသုတ္တ-မဟာဝိစ္ဆဂေါတ္တသုတ္တ အပြင်
တခြားသုတ္တန်(၁၂)ခုတို့ကိုလည်းဟောတော်
မူခဲ့သည် ၊ဘုရားရှင်ကိုယ်တော်တိုင် ဤကျောင်းတော်၌
ခေမာမိဖုရားကိုကယ်ချွတ်တော်မူပြီး၊
ဝိသခါင်္သူဌေးအား လူ့ဘဝက သူ၏ဇနီးဖြစ်ခဲ့သူ “ဓမ္မဒိန္နာထေရ်ရီက”စူဠဝေဒလ္လသုတ်ကို၎င်း၊
“အရှင်အစိရဝတက”ဇယျသေနမင်းသားအား ဒန္တဘူမိသုတ်ကို၎င်းဟောတော်မူခဲ့သည့်နေရာ
တော်လည်းဖြစ်သည်။
တိဗက်မှတ်တမ်းများအရ (ယောဂါစာရ ဝိဥာဏဝါဒ)ကိုတီထွင်သူ အသင်္ဂ သည်ဤကျောင်း
တော်ဝင်းထဲ၌ ကျောင်းဆောက်ပြီး နှစ်များစွာ နေထိုင်ခဲ့သည်ဟုဆိုသည် ၊(တရုတ်ခရီးသည်
ဖာဟီယန်)ရောက်ခဲ့စဉ်က ပရိဝုဏ်ထဲတွင် ကျောင်းတိုက် တစ်တိုက်တွေ့ခဲ့ရပြီး ကျောင်းနေသံ
ဃာတော်အချို့ကိုလည်းတွေ့ခဲ့ရကြောင်းဆိုသည် ၊ကျောင်းတော်ရာ၏ အရှေ့တောင်ထောင့်
တွင် မြေတောင်ပို့တခုရှိသည် ၊ယင်းကို-၁၉၀၅/၆ ကတူးဖော်ခဲ့ရာ ရှေ့ဟောင်း
ပစ္စည်းတချို့ရရှိ
ခဲ့သည် ၊ယခုတွင် အဆိုပါ မြေတောင်ပို့ကို မူဆလင် သချိင်္ုင်းအဖြစ်
သိမ်းပိုက်ထားကြသည် ၊မူ
ဆလင်များကပိုင်စိုးထားကြသည် ။

ငြိမ်းချမ်းရေးရိပ်မြုံ(၁၁)--သို့----အရှင်ရေဝတ
 

ငြိမ်းချမ်းရေးရိပ်မြုံ (၉)

   ခေတ်သစ် နာလန္ဒာ နှင့် ရာဇဂြိုလ်မြို့သစ်
ပျက်သုဉ်ခဲ့ပြီးသော နာလန္ဒာကျောင်းတော်ရာကို အိန္ဒိယရှေးဟောင်းဌာန၏တူဖော်ချက်အရ တွေ့ရှိ
သော တံဆိပ်တုံးများ ၊ကျောက်ပြားများ ၊အိုးများ ၊ရုပ်ကြွင်းများ ၊အုဌ်ခွက်မျာ ၊ဒဂါင်္းများ ၊ကဗ္မည်း
စာများ ၊စသည့် ရှေ့လက်ရာများကို နာလန္ဒာပြတိုက်နှင့် ဒေလီ ကာလကတ္တားစသော ပြတိုက်
ကြီးများတွင်၊ပြသထားရှိသည် ။“သိရိမဟာဝိဟာရိယအရိယဘိက္ခုသံဃဿ”ဟုရေးထွင်းပါရှိ
သည့် နာလန္ဒာ တက္ကသိုလ်သုံး တံဆိပ်တုံးနှင့်အတူ ကျောင်းအလှူရှင်များဖြစ်ကြသည့်“ဒုတယ
ကုမာရဂုပ်ပတ စသည့် မင်းသုံးတံဆိပ်တော်များကိုလည်းတွေ့ရှိရသည် ၊ရုပ်ထုတော်များ၏ဓမ္မ
စကြာအဝိုင်းနှင့် ရောင်လျှံတို့၌ ရေးထိုးထားသော စာများတွင်လည်း“ယေဓမ္မာဟေတုပဘာဝါ
ဂါထာတော်ကို အများဆုံးတွေ့ရသည် ။
ယခုလက်ရှိ နာလန္ဒာ တက္ကသိုလ်ကို ၁၉၅၁ ခုနှစ်တွင် ဘိက္ခူဇဂဒိသကဿပ ကတည်ထောင်
ခဲ့သည်၊ ၄င်းသည် နာမည်ကြီး စာရေးဆရာများဖြစ်ကြသော -ရာဟုလာ-သံကိစ္စည်း-သိရိကော
သလ္လဥာဏတို့နှင့် အတော်ရင်းနှီးသူလည်းဖြစ်သည်၊အိန္ဒိယတွင် ဗုဒ္စစာပေဆိုင်ရာ စာအုပ်စာ
တန်းဟူ၍ မရှိသလောက် ရှားပါးသော ထိုအချိန်က ဗုဒ္စစာပေ ပြန်လည်ထွန်းကားရန် သာသန
နာတော် ထွန်းတောက်လာရန် ရည်သန်ပြီး ပါဠိနှင့် သုတေသနဘွဲ့လွန် ဗုဒ္စတက္ကသိုလ်တခုအ
ဖြစ်ထူထောင်ခဲ့ခြင်းဖြစ်သည် ၊အိန္ဒိယတွင် ဟိန္ဒီတက္ကသိုလ် ၊မူဆလင်တက္ကသိုလ်နှင့် ထောင်
သောင်းချီသော ခရစ်ယန်ကောလိပ်ကျောင်းများ များစွာရှိသော်လည်း ၊ဗုဒ္စဘာသာတက္ကသိုလ်
မှာ ယနေ့ထိတိုင် တစ်ခုတည်းသော နာလန္ဒာတက္ကသိုလ်သာဖြစ်သည် ၊ ရှေ့ခေတ် နာလန္ဒာ
တက္ကသိုလ်မှာ မဟာယာန ဌာနချုပ်ဖြစ်ခဲ့သော်လည်း ၊ခေတ်သစ် လက်ရှိ နာခန္ဒာတက္ကသိုလ်
မှာ ထေရဝါဒ ဗုဒ္စ စာပေများကိုသာ ဦးစားပေး သင်ကြားပို့ချသော့ ထေရဝါဒ စစ်စစ်တက္ကသိုလ်
ဖြစ်သည် ။
တရုတ်ဗုဒ္စဘာသာခရီးသည် (ဟူယင်ဆင်)သည်  ဝေဠုဝန်ကျောင်းတော်မှ အရှေ့ဖက်တွင်
စေတီတစ်ဆူရှိကြောင်း မှတ်တမ်းတင်ခဲ့သည် ၊ယင်းမှာ အဇာတသတ်စေတီပင် ဖြစ်မည်ဟု
ပညာရှင်များကယူဆကြသည် ၊(မန်ဂျူသိရီမူလကလာပ)၏အလိုအရ ဤစေတီသည် ထိုစဉ်
ဝေဠုဝန်ပရိဝုဏ်ထဲမှာပင်ဖြစ်မည် ၊ထို့ကြောင်း ၄င်းစေတီသည် လက်ရှိဝေဠုဝန်နှင့် အနီကပ်
တွင်ရှိရမည် ၊ယခုလက်ရှိအဝေးပြေးကားလမ်းမ၏ မြောက်ဘက်ကုန်းမို့မို့ကလေးသည် ဟိုတုန်းက အဇာတသတ်စေတီပင်ဖြစ်နိုင်ကြောင်း ယတိပြတ်ကောက်ချက်ချခဲ့သည် ၊ယင်း
ကုန်းပေါ်တွင် ယခုကျောက်တိုင်များသာကျန်ရှိတော့သည် ။
အဇာတသတ်ဘုရင်၏ မြို့သစ်ခံတပ်မှာ လက်ရှိ ရာဇဂြိုလ်မြို့သစ်မှနေ၍ တောင်ဘက်တွင်
တည်ရှိသည် ၊အလျှား(၅)ကီလိုမီတာခန့် ရှည်လျှားသော တံတိုင်းမြို့ရိုးဖြင့် ကာရံထားသည်
ဖာဟိယန်ရောက်လာစဉ်က တံတိုင်းအတွင်းဘက်တွင် ဘုန်းတော်ကြီးကျောင်းများတွေ့ခဲ့ရ
သည် ၊မြို့တော်မှာ မှေးမှီဆုတ်ယုတ်လာနေသည်ကိုလည်းတွေ့မြင်ခဲ့ရသည်ဟုမှတ်တမ်းတင်
ခဲ့သည် ၊(ဟူယင်ဆင်)ရောက်လာချိန်တွင် အပျက်ဆီးများဖြင့်ခြောက်ကပ်နေသည်ကိုသာတွေ့
မြင်ခဲ့ရသည်ဟုဆိုသည် ၊ကားလမ်းမမှာ ရာဇဂြိုလ်မြို့ကိုဖြတ်၍ ဖောက်လုပ်ထားပြီး အနောက်
ဘက်တွင် ရှေ့ဟောင်း မြို့တံခါးပေါက်ကိုတွေ့မြင်နိုင်သည်။
ရာဇဂြိုလ် မြို့ကိုရှေ့အခါက -ဝသုမတီမြို့-ဂိရိဝဇမြို့-ကုသဂြမြို့-ရာဇဂဟမြို့စသည်ဖြင့်ခေါ်ဝိုခဲ့
ကြသည် ၊ယခုတွင် (ရာဂျဂီရ်)(RAJGIR)ဟုခေါ်သည် ၊ဤမြို့ကို တောင်(၅)လုံးတို့ကလည်းကာ
ရံထားသည် ၊၄င်းတောင်(၅)လုံးမှာ ဝေပုလ္လတောင် -ဂိဇ္ဈကုဋ်တောင်-က္ကသိဂိလိတောင်-ဝေဘာ
ရတောင်-ပဏ္ဍဝတောင်တို့ဖြစ်သည် ၊တောင်များဖြင့် ကာရံထား၍လည်း မြို့မှာပိုပြီး သပ်ယပ်လှ
သည် ၊မြို့၏ အစွန်တွင် တပေါဒါရုံမြစ်ရှိသည် ၊ယနေ့ထိတိုင် ရေများစီးဆင်းလျှက်ရှိသည်၊
ဘုရားရှင်လက်ထက်တော်အခါကတည်းကရှိနှင်းနေပြီးသောမြစ်လည်ဖြစ်သည် ၊ထိုမြစ်မှရေတို့
မှာ အမြဲပူနွေးနွေးဖြစ်သည် ။
ဒေသအသီးသီးတို့မှလာရောက်နေသော လူမျိုးစုံ ဘာသာစုံတို့ကိုလည်းအမြဲတွေ့မြင်နိုင်သည်
ရေချိုးသောအခါ “ဇာတ် အနိမ့် အမြင့် ခွဲ၍ နေရာယူချိုးကြရသည် ၊ရောဂါမျိုးစုံ ပျောက်သည်
ဟု ဟိန္ဒူများက ယူဆကြသည် ၊ထို့ကြောင့် အမြဲလိုလို လူစည်ကားသည်၊ဘုရားရှင်လက်ထက်
က ဤမြစ်ကမ်းစပ်တွင် တပေါဒါရုံကျောင်းရှိခဲ့သည် ၊ယခုချိန်မှာ လူအများရေချိုးရာနေရာတခု
သာဖြစန်ေတော့သည်။ -ငြိမ်းချမ်းရေးရိပ်မြုံ(၁၀)---သို့----

ငြိမ်းချမ်းရေးရိပ်မြုံ (၇)

                          ဂေါပက
၁၈၈၉ ခုဇူလိုင်လတွင်  ဂယာဆိုင်ရာ တရားသူကြီး မစ္စတာ မက်ဒေါ့ကို ဗုဒ္ဒဂယာဂေါပကအဖြစ်
တာဝန်လွှဲအပ်ပေးသည် ၊The Light of Asia ရေးသားသူ (SIREDWIN ARNOLD)ကဗုဒ္ဒဂ
ယာကို ဗုဒ္ဒဘာသာတို့လက်သို့ အရောက်လွှဲအပ်သင့်ကြောင်း ပထမဆုံး လှုံးဆော် ကြိုးပမ်းခဲ့
သည် ၊၁၈၉၁ ခုတွင် သီဟိုဠ်သား အနာဂါရိကဓမ္မပါလဘုရားဖူးရောက်လာသည် ၊ထိုနှစ်မှာပင်
မဟာဗောဓိအသင်းကို သီဟိုဠ်၌ စတင်ဖွဲ့စည်းပြီး ဂျူလိုင်လတွင် ဗုဒ္ဒဂယာသို့ပြန်လာပြီး ဗုဒ္ဒဂ
ယာအရေးများကို အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့သည် ၊ထိုအချိန်က ဗုဒ္ဒဂယာသည် ဘာ
သာခြားတို့၏လက်ထဲမှာပင်ရှိနေဆဲဖြစ်သည် ။
၁၈၉၅ တွင် ဓမ္မပါလနှင့် အဖွဲ့သည် ဂျပန်မှလှူဒါန်းလိုက်သော ရုပ်ပွါးတော်ကို စေတီတော်အ
ပေါ်ထပ်တွင် နေရာချထားစဉ် မဟန့်အုပ်စုများရောက်လာပြီး အကြမ်းဖက်ဆွဲထုတ်လိုက်ကြ
သည် ၊ဤကိစ္စနှင့်ပတ်သက်ပြီး နှစ်အတန်ကြာတရားဖြစ်ခဲ့ကြရသည် ၊အောက်ရုံးတွင် ဓမ္မပါလ
ကနိုင်သော်လည်း (ကာလကတ္တားဟိုက်ကုတ်တွင်)မဟန့်၏အယူခံချက်ကနိုင်သွားပြန်သည် ၊
၁၉၀၆ ခုတွင် ဓမ္မပါလကို မင်းတုန်းမင်း ဇ၇ပ်မှနှင်ထုတ်ခဲ့ကြသည် ၊သို့တိုင် ဓမ္မပါလ၏မလျှော့
သောဇွဲလုံးလကြောင်း ၁၉၅၃ ခုနှစ်တွင် အိန္ဒိယ လွှတ်တော်တွင် ဥပဒေပြဌာန်းလျှက် မဟာ
ဗောဓိစေတီကို မဟန့်တို့လက်မှ ပြန်ယူပြီးလျှင် ဗုဒ္ဒဘာသာ ၄ဦး ၊ဟိန္ဒူ ၄ ဦင်္းပါဝင်သည့် ကော်မ
တီလက်ထဲသို့ အပ်နှံလိုက်လေသည် ။
မဟာဗောဓိစေတီတော်မှာ(၂)ထပ်ဖြစ်ပြီး  အတွင်းဘုရားခန်းမကြီး ၂ ခုပါရှိသည်အောက်ထပ်
ခန်းမမှ အတွင်း ဝဇီရာသနလလ္လင်ပေါ်တွင် ရွှေသားဆင့်တုတော်တစ်ဆူရှိခဲ့ပြီး အေဒီ ၅ရာစု
တွင် မိစ္ဆာလူမျိုးများက ခိုးယူသွားကြသည် ယင်းနောက်တွင် ကျောက်ညိုရုပ်ပွါးတော်တစ်ဆူကို
တင်၍ကိုးကွယ်ခဲ့ကြသည် အေဒီ ၈-၉ရာစုလောက်တွင် တဖန်ပျောက်ဆုံခဲ့ပြန်သည်ဤနောက်
တွင် မဟန့်က ကျောက်ဆင့်တုတော်တစ်ဆူကိုတင်ပေးပြီး (စတူပါငယ်)တစ်ဆူကိုလည်း
(မဟာဒေဝလိင်္ဂ)အဖြစ် ဘုရားရှင်၏ ရှေးတော်တွင် နေရာချထာပေးခဲ့သည် ၊လပ်လွတ်ရေးရပြီး
နောက် အိန္ဒိယအစိုးရလက်ထက်တွင် ၄င်းကိုဖယ်ရှားပေးခဲ့သော်လည်း ၄င်းရှိခဲ့သည့်  တွင်း
ပေါက်နေရာလေးကို ဟိန္ဒူများက ယနေ့ထိတိုင်လာရောက်ပူဇော်နေကြဆဲဖြစ်သည်။
ဘုရားရှင်သည် ဤမဟာဗောဓိပင်အောက် ရတနာအတိဖြင့်ပြီးသော ပလ္လင်တော်ထက်တွင်
လောက(၃)ပါးသူတို့ နှင့် မနိုင်းအပ် မနိုင်းထိုက်  မကြံစည်ထိုက် မကြံစည်အပ်သောသဗ္ဗညုတ
ဥာဏ်တော်ကိုရ၍ အနိုင်းမဲ့ အတုလ အတုမရှိသူဖြစ်ခဲ့လေသည်၊ဘုရားအဖြစ်သို့ရောက်တော်
မူခဲ့သော ပလ္လင်တော်တွင်(၇)ရက်(၇)လီသီတင်းသုံစံပယ်တော်မူခဲ့သောကြောင်းယင်းကိုပလ္လ
က“သတ္တာဟ”ဟူ၍လည်းခေါ်ကြသည် ။(ပထမ)သတ္တာဟဖြစ်သည် ။
မဟာဗောဓိစေတီတော်ကြီး၏  အရှေ့ မြောက်ထောင့် ၂၂၇ ပေကွာကုန်းမြင့်ပေါ်တခုတွင် ပင်မ
စေတီတော်ကြီးနှင့် ပုံစံတူ စေတီငယ်တဆူရှိသည် ဤနေရာမှနေ၍ ဘုရားရှင်သည် မမှိတ်
သော မျက်လုံးတော်ဖြင့်  ဗောဓိပင် နှင့် ပလ္လင်တော်ကို တစိမ့်စိမ့်ရှု့တော်မူခဲ့၍ ၄င်းစေတီငယ်
ကို(အနီမိတသတ္တာဟ)ဟူ၍ခေါ်ကြသည်(ဒုတိယသတ္တဟ)ဖြစ်သည်။
စေတီတော်ကြီး၏ မြောက်ဘက် ဗောဓိပင်မှ ၅၈ ပေးအကွာ၌ ဘုရားရှင် (၇)ရက်ပတ်လုံး စကြံင်္
ကြွတော်မူခဲ့သောကြေင်း ၄င်းနေရာကို “စင်္ကြရတနသတ္တာဟ”ခေါ်သည် (တတိယ)သတ္တာဟ
ဖြစ်သည် ။
ဗောဓိပင်မှ မြောက် (အနောက်ခပ်ယွန်းယွန်း)၁၅၃ ပေအကွာ၌ ဘုရားရှင်သည် ပိဋကသုံးပုံကို
(၇)ရက်တိုင်တိုင်   အနုလုံ ပဋိလုံ အစုံဆန်ဝေဖန်တော်မူရာ ပဋ္ဌာန်ကျမ်တော်ကြီးသို့ရောက်တဲ့
အခါ ကိုယ်တော်မှရောင်ခြည်တော်(၆)သွယ်ကွန့်မြူးခဲ့သည် ၄င်းနေရာကို“ရတနာဃရသတ္တာ
ဟ”ခေါ်သည် ။(စတုတ္ထသတ္တာဟ)ဖြစ်သည် ။
စေတီတော်ကြီး၏ အရှေ့မုခ် လှေကားအဆင်းတည့်တည့်၌ မာရ်နတ်မင်း၏သမီးတော်-တဏှာ
-ရတီ-ရဂါ သုံယောက်တို့ လာရောက် ဖြားယောင်းမှုကို လျစ်လျှူရှု့၍(၇)ရက်တိုင်တိုင်သီတင်း
သုံးတော်မူခဲ့သောနေရာဖြစ်သည် ၊ဤနေရာကို“အဇာပါလနိဂြောဓသတ္တာဟ”ဟူ၍ခေါ်သည် ၊
(ပဉ္စမသတ္တာဟ)ဖြစ်သည် ။
စေတီတော်မှတောင်ဘက် ၃၃၂ ပေအကွာ ရေကန်၏အနီးရှိ ကျေးပင်ရင်း၌ ဘုရားရှင်သီတင်း
သုံးနေတော်မူစဉ် “ပေါက္ခရဝဿ”အခါမဲ့မိုးရွာသဖြင့် မုစလိန္ဒာ နဂါးမင်းက ပါးပျဉ်းမိုး ပူဇော်မှု
ကိုခံယူကာ(၇)ရက်တိုင်တိုင်သီတင်းသုံးတော်မူခဲ့သည် ၄င်းနေရာကို“မုစလိန္ဒာသတ္တာဟ”ဟု
ခေါ်သည် ။(ဆဋ္ဌမ)သတ္တာဟဖြစ်သည် ။
စေတီတော်၏ အတွင်းမဟာရံတံတိုင်းနှင့်ကပ်လျက် ယခင်က လင်းလွန်းပင်ရှိခဲ့သည် ၊ယခုမြန်
မာနိုင်ငံ ဗိုလ်မှုကြီးလှအောင်ကစိုက်ပျိုးခဲ့သော အပင်ငယ်တစ်ပင်ရှိသည် ၊ဤနေရာ၌လည်း ဘု
ရားရှင် (၇)ရက်တိုင်တိုင်သီတင်းသုံးတော်မူခဲ့၍“ရာဇာယတနသတ္တဟာ”ခေါ်သည် ၊(သတ္တမ
သတ္တာဟ)ဖြစ်သည်။   ငြိမ်းချမ်ရေးရိပ်မြုံ(၈)သို့------အရှင်ရေဝတ

ငြိမ်းချမ်းရေးရိပ်မြုံ (၆)

                    မြေမြတ်မဟာ
ယခုကမ္ဘာ တဝှန်းလုံးကဆိုသလို မပြတ်လာရောက်ဖူးမျှော်နေကြသော“ ဗုဒ္ဒဂယာ”သည်ဗုဒ္ဒ
ဘာသာဝင်တို့အတွက် အထူးမွန်မြတ်သော အရေးပါသောနေရာတော်ဖြစ်သည်၊ဘုရားရှင်
သဗ္မညုတရွှေဥာဏ်တော်ကိုရ၍ လောကသုံးပါး၌အနိုင်းမဲ့ အတုမဲ့အဖြစ်သို့ရောက်ရှိသော
“ဒဿနိယ သံဝေဇနိယ”နေရာတော်လည်းဖြစ်သည် ၊ဘုရားပွင့်ခေတ်မတိုင်မီကဤဒေသတ
ဝိုက်ကို ဥရုဝေဠဟုခေါ်တွင်ကြပြီး ၊ဘုရားပွင့်ပြီးမှ “ဗောဓိမဏ္ဍလ--သမ္မောဓိ-ဗောဓိရုက္ခမူ
စသည်ဖြင့် ခေါ်တွင်လာခဲ့ကြသည် (၁၃)ရာစုတွင် ဒေသခံလူများက သူတို့ကိုးကွယ်သော
“ဗြဟ္မာဂယာ”ခေါ် ဗိဿနိုးနတ်ကွန်နှင့် ကွဲပြား ခြားနားစေရန် “ဂယာ”ဟုခေါ်တွင်သမုတ်ခဲ့
ကြသည် ။
ဘုရားရှင် လက်ထက်က ဗောဓိပင်မှာ ပေ ၁၀၀ မကမြင့်မားသည်ဟုဆိုကြသည် ၊ဘုရားအဖြစ်
သို့ ရောက်ရာအပင်ဖြစ်          ၍ ကဗ္မောဓိပင်ဟုလည်းခေါ်ကြသည် ၊ အသောကမင်းကြီးဗုဒ္ဒဘာသာ
မဖြစ်သေးတဲ့အချိန် ဂျိန်းဘာသာကို ကိုးကွယ်စဉ်တုန်းကတစ်ကြိမ်ခုတ်လှဲခဲ့ပြီး ၊၄င်း၏ မိဖုရား
ကတစ်ကြိမ်ခုတ်လှဲခဲ့ကြသည် ၊သောသော် ၄င်း၏ အဓိဋ္ဌာန်ဖြင့် (၂)ကြိမ်လုံးပြန်ပေါက်လာခဲ့
သည် ၊ရန်သူများမဖျက်ဆီးနိုင်ရန်လည်း ၁၀ ပေခန့်မြင့်သော အုဌ်တံတိုင်း ကာရံပေးခဲ့သည်၊ထို့
နောက် ဘဂေါင်္နယ်မှ ဟိန္ဒူဘုရင် သာသင်္က ခုတ်လှဲပြီး အေဒီ ၆၁၀ ခန့်တွင် မာဂဓတိုင်းမောရိ
ယမင်းဆက် တစ်ပါးဖြစ်သည့် ပုဏ်ဏဝမ္မာက ထပ်မံစိုက်ပျိုးခဲ့သည် ၊၁၈၇၆ ခုတွင် လေဒဏ်
ကြောင်းအပင်ကြီး လုံးဝပြိုလဲသွားသဖြင့် ၄င်းနေရာတွင်အင်္ဂလိပ်ကျောက်စာဝန်(cnningham)
ကစိုက်ပျိုးခဲ့သည် လက်ရှိအပင်ဖြစ်သည် ။
မဟာဗောဓိပင်အောက်မှ ပလ်လင်တော်ကို ရတနာအတိဖြင့်ပြီးသောကြောင့်“ဝဇီရာသန”ဟု
ခေါ်သည် ၊ကိလေသာမာရ်ရန်အားလုံးကိုအောင်မြင်တော်မူရာဖြစ်သောကြာင့်“အပရဇိတ”ဟု
လည်းခေါ်ကြသည် ၊ပလ်လင်တော်နှင့်ကပ်ရပ် မဟာဗောဓိပုထိုးတော်မှာ ကမ္ဘာ့အသပ်ပယ်ဆုံး
နှင့် အမြင့်မြတ်ဆုံးစေတီတော်ဖြစ်သည် ၊ဤစေတီတော်ကို အသောကမင်းကြီးဆောက်လုပ်
လှူဒါန်းခဲ့ပြီး ၊တဖန် ဗုဒ္ဒဘာသာသို့ကူးပြောင်းလာသော ဗြဟ္မဏတစ်ဦးက အေဒီ ၆ ရာစုတွင်
ထပ်မံတိုးချဲ့ဆောက်လုပ်ခဲ့သည် ၊အေဒီ ၉၄၈ တွင်အမရဒေဝ ဆရာကဆောက်လုပ်ခဲ့ကြောင်း
(မဟန့်)ကျောက်စာ၌ဖော်ပြသေးသည် ၊(မဟာမေဒင်)မူဆလင်များသိမ်းပိုက်သည့် ၁၂ ရာစုထိ
မြန်မာ ထိုင်း သိရိလင်္ကာ အိန္ဒိယ ဗုဒ္ဒဘာသာများက ထိမ်းသိမ်းစောင့်ရှောက်ခဲ့ကြသည် ၊အေဒီ
၃၃၀ တွင် သီဟိုရ်ဘုရင် မေဃဝဏ်ဏက ဘုရားဝင်၏ အနောက်တောင်ထောင့် ယခုလက်ရှိ
သီဟိုရ်ကျောင်းနေရာလောက်တွင် သံဃာရာမ ဘုန်းကြီးကျောင်းတစ်ဆောင် ဆောက်လုပ်ခဲ့
သည် ။
မြန်မာနိုင်ငံမှ အေဒီ ၁၀၇၉ တွင်တစ်ကြိမ် ၊ရခိုင်မှ မင်းလက်ျာက အေဒီ ၁၁၀၇ တွင်တစ်ကြိမ်
ထပ်မံပြုပြင် မွမ်းမံခဲ့ကြောင်းဖော်ပြကြသည် ၊အေဒီ ၁၀၀၀နှင့် ၁၂၀၀ကြားတွင် ဓမ္မရက္ခိတမည်
သော ရဟန်းတော်တပါးက မဟာဗောဓိကို စောင့်ရှောက်ခဲ့သည် ၊အေဒီ ၁၃ ရာစု(၁၂၉၈)ခန့်
တွင် မာဂဓတိုင်းကို မူဆလင်များကသိမ်းပိုက်သဖြင့် အိန္ဒိယ၌ သာသနာကွယ်ပခဲ့ရသည် ၊ဗုဒ္ဒဂ
ယာတခုလုံးအဖျက်ဆီးခံလိုက်ရပြီး ၊လွယ်လင့်တကူဖျက်မရနိုင်သော စေတီတော်တစ်ဆူသာ
ကျန်ရစ်ခဲ့သည် ၊ ၁၆ ရာစုတွင် ဒေလီရှိ ပသီ ဘုရင်က ဂယာဒေသ၌နေထိုင်လျှက်ရှိသော
(မဟန့်လလ်ဂီးရ်)အား မဟာဗောဓိစေတီတော်နှင့် ဂယာရွာတို့ကို ပိုင်ဆိုင်အုပ်ချုပ်ခွင့်ပေးခဲ့
သည် ၊၁၈၁၁ အေဒီတွင် မြန်မာပြည်မှ ဘိုးတော်ဘုရားက သတ္တဋ္ဌာန ရှာဖွေရေးအဖွဲ့ တဖွဲ့စေ
လွှတ်ခဲ့သည် ။
ဗိသုကာ ဒေါက်တာ ဘူခ်ျနန်မိလ်တန်က ပျက်ပြိုနေသော ဗုဒ္ဒဂယာမဟာဗောဓိစေတီတော်ကြီး
ကိုတွေ့ရှိကြောင်း ၁၈၃၂ တွင်မှတ်တမ်းတင်ခဲ့သည် ၊၁၈၃၃ တွင် မြန်မာနိုင်ငံမှ မင်းကြီးမဟာ
စည်သူနှင့် အဖွဲ့ ဘုရားဖူးရောက်လာခဲ့ပြီး ၊ရခိုင်ဘုရင် (မင်းလက်ျာ)၏ကျောက်စာကိုတွေ့ရှိခဲ့
ကြသည် ၊မဟာဗောဓိစေတီတော်ကို ပြင်ဆင်ခွင့်နှင့် နှစ်စဉ် ဘုရားဖူးအဖွဲ့များလာရောက်ခွင့်
ရရှိရေးအတွက် ၁၈၇၅ တွင် မင်းတုန်းမင်းမှ အိန္ဒိယ ဘုရင်ခံထံသို့ သမန်စာပို့ခဲ့သည် ၊ရွှေ ငွေ
စိန် မြ ကျောက်နီ ပုလဲ စုစုပေါင်းလုံးရေ ၅၄၁၁ ထိုစဉ်က အိန္ဒိယ ရူပိငွေ(၆)သိန်းဘို့မျှကိုလည်း
လှူဒါန်းခဲ့ရာ အားလုံးနီးပါးကို မဟန့်အဆက်ဆက်က သုံးဖြုန်းလိုက်ကြသည် ။
၁၈၇၅ တွင်မြန်မာနိုင်ငံ နိုင်ငံခြားရေးဌာနမှ မဟာဗောဓိစေတီတော်ပြင်ဆင်ခွင့်နှင့် ကျောင်း
ဆောက်လုပ်ခွင့်တို့ပါဝင်သော အချက်(၈)ချက်ကိုတောင်းဆိုပြီး သိန်းပေါင်းများစွာအကုန်ကျခံ
၍ပြုပြင်ခဲ့သည် ၊သောသော်လည်း အကြောင်းအမျိုးမျိုးတို့ကြောင်းအပြီးမသတ်နိုင်ခဲ့ပေ ၊၁၈၈၀
ပြည့်နှစ်တွင် အလက်စန္ဒားကင်နင်ဂဟမ်နှင့် ပုံစံပေးအရာရှိ (joseph dariditch beglar)တို့ကို
အိန္ဒိယ အစိုးရကပြင်ဆင်စေကြောင်း စေတီတော် ဝင်ဝ၌ ကျောက်စာရေးထိုးခဲ့သည် ။ယခုဖူး
တွေ့နေရသော မဟာဗောဓိ တန်ဆောင်တော်၏ပုံမှာ မင်းတုန်းမင်းကြီးနှင့် ထိုစဉ်က အိန္ဒိယဗြိ
တိသျှ ကျောက်စာဝန်တို့၏ လက်ရာအတိုင်းပင် ဖြစ်သည် ။
                        ငြိမ်းချမ်းရေးရိပ်မြုံ(၇)--သို့------အရှင်ရေဝတ

ငြိမ်းချမ်းရေးရိပ်မြုံ (၅)

                      ယခုပိပရဝါ ။
အမျိုး(၄)ပါးထဲ ဘုရားရှင်သည် သကျသာကီဝင်မျိုးဖြစ်သည် ၊ဘုရာရှင်၏ဇာတိချက်ကြွေမြို့
တော်မှာ ကပိလဝတ်ဖြစ်သည် ဘုရားရှင်၏ ဘိုးဘေးများက ကပိလရသေ့၏ကျောင်းသင်ခန်း
နေရာ၌တည်ထားခဲ့သောကြေင့် ကပိလဝတ်မြို့ဟုခေါ်သည် ၊သကျဆိုသည်မှာ မျိုးသန့် သွေး
သန့်သော လူမျိုးစုဖြစ်သည် ၊အဘယ့်ကြောင်းဆိုသော်-သူတို့တွင် မောင်နှမအရင်းချာချင်းထီး
မြားလက်ဆက်ပြီး အမျိုးဂုဏ်ကိုထိမ်းသိမ်းကြခြင်းကြောင်းဖြစ်သည် ၊ဤထုံးတမ်းဓလေ့ကို ခမည့်တော်ဥက္ကာကရာဇ်မင်းကြီးက“သကျာဝတ ဘောကုမာရာ”ဟုချီးကျူးသည့် ဦးဒါန်းစကား
ကြောင်း“သကျမျိုး”ဟုခေါ်တွင်လာခဲ့ကြသည် ။
ဤမြို့တော်တွင် ဘုရားရှင်သည် အလောင်းတော်ဘဝဖြင့် အသက် (၂၉)နှစ်ထိ နေထိုင်ခဲ့သည်
ဘုရားဖြစ်ပြီးနောက် ပြန်လာခဲ့ပြီး မိဘဆွေမျိုးတို့အားချေချွတ်ကာ(၁၅)ဝါမြောက်တွင်မြို့၏အနီး
တွင် ဆောက်လုပ် လှူဒါန်ထားသော နိဂြောဓာရုံကျောင်းတော်၌ဝကပ်တော်မှုခဲ့သည်၊ သကျ
သာကီဝင်မျိုးတို့သည် ဘုရားရှင်ပရိနိဗာန်ပြုတော်မမှုမည် နှစ်အနည်းငယ်အလိုတွင် ဝိဋဋူဘ
၏ မျိုးဖြုတ်လုပ်ကြံ သတ်ဖြတ်မှုကြောင့်များစွာ သေကြေပျက်စီးခဲ့ကြရသည် ၊ကျန်ရစ်သူအချို့
တို့မှာတောင်တန်းဒေသများသို့ထွက်ပြေးခိုလှုံခဲ့ကြပြီး။
မောရိယနဂရ(MARIYANAGARA)မြို့ကိုတည်ထောင်ခဲ့ကြသည်ဟု ဆိုကြသည် ၊တရုတ်ရဟန်း
တော် (ဖာဟီယန်)လေ့လာရေးရောက်ခဲ့စဉ်က ဘုန်းကြီးအချို့နှင့် လူဦးရေ (၂၀)ခန့်ကိုသာတွေ့
ရှိခဲ့ကြောင့် ဖော်ပြထားသည် ၊မြို့တော်ဟောင်းနေရာတွင် တောထနေပြီး  ၁၄/၁၅လီခန့်ကျယ်
ဝန်သည်ဟုဆိုသည် ၊သုဒ္ဒေါဓနမင်းကြီး၏ နန်းတော်ရာတွင် ဘုရားလောင်းနှင် ယင်း၏မည်
တော် မဟာမာယာဒေဝီမိဖုရားတို့ ရုပ်ပုံတို့ကို ထုလုပ်ထားရှိသည်ဟုလည်းဖော်ပြထားသည် ၊
ယင်း ကပိလဝတ်မြို့တော်ကို၊
လက်ရှိ ပညာရှင်များက (၃)နေရာသတ်မှတ်ထားကြသည် ၊၁။တိလော်ရာကို-တ်(Tilaurakot)
လုမ္မနီမှအနောက်မြောက်ခပ်ယွန်းယွန်း(၂၂)ကီလိုမီတာအကွာတွင်တည်ရှိသည ၊A.fuher
(အေ ဖူဟာရ်)က ၁၈၉၆ ခုနှစ်တွင်တွေ့ရှိပြီး ပညာရှင်အများစုက မဖြစ်နိုင်ကြေင်း ကန့်ကွက်နေ
ကြသည့်ကြားမှကပိလဝတ်နေရာ မြို့တော်အဖြစ် နီပေါလ်အစိုးရက တရားဝင်အသိမှတ်ပြုကြေ
ညာခဲ့သည် ။
၂။နီဂလီဟာဝါ (Nigalihawa) ရွာ -တိလော်ရာကို-တ်မှ မြောက်ဘက် ၆ ကီလိုမီတာ မဟိန္ဒရာ
အဝေးပြေးလမ်မကြီးမှတောင်ဘက် ၅ ကီလိုမီတာခန့်အကွာတွင် တည်ရှိသောရွာဖြစ်သည် ၊ရွာ
ပြင်ဘက်ရှိ ရေကန်၏ အနောက်ဘက်ကန်ရိုးပေါ်တွင်နှစ်ပိုင်းကျိုးနေသော အသောကကျောက်
စာတိုင် တစ်တိုင်ရှိသည် ၊စာမှာ(ပိယဒဿီ)ခေါ်အသောက ဘုရင်ကြီး နန်းတက်ပြီးနောက် (၁၄)နှစ်အကြာတွင် (ကောနာဂမန)ဘုရားရှင်၏ မွေးဖွားတော်မူရာအရပ်တွင် တည်ထားခဲ့
သော စေတီငယ်တစ်ဆူကို နှစ်ကြိမ်တိုင်တိုင် တိုးချဲ့မွမ်းမံခဲ့သည်ဟုရေးသားပါရှိသည် ၊အိန္ဒိယ
ကြေမုံကျမ်းကြီး၌လည်း ဤနေရာကို ကပိလဝတ် အမှန်ဖြစ်နိုင်ကြောင်း အခိုင်အမာဆိုထားကြ
သည် ။
၃။ပိပÜရဝါ (piprahwa) အထက်ပါ ကပိလဝတ်နေရာ-၁-၂- တို့မှာနီပေါလ်နိုင်ငံဘက်တွင်တည်
ရှိပြီး  ပိပရဝါမှာ အိန္ဒိယနိုင်ငံ Basti ခရိုင်အတွင်း၌ပါရှိသည် ၊လုမ္မနီမှ အနေက်တောင်ဘက် (၁၃)ကီလိုမိတာ ကွာဝေးသည် -၁၈၉၈ ခုနှစ်တွင် ကျောက်စာဝန် w.c.peppe က  ပိပရဝါ
ကုန်းမှ ၆၆၉ ကီလိုဂရမ်းလေးသည့် ဧရာမကျောက် သေတ္တာကြီးတစ်လုံးကိုတူးဖော်တွေ့ရှိပြီး
အထဲတွင် စာတမ်းရေးထိုးပါရှိသော ၁၅ စင်တီမီတာမြင့်သည့် ကျောက်ချောသေတ္တာငယ်တစ်
လုံးနှသင့်အတူ တခြားဖန်ကျောက်သေတ္တာငယ်နှင့် ပစ္စည်းအများပြားကိုလည်းရရှိခဲ့သည် ၊အ
ဆိုပါစာတမ်းမှာ ။
“သုကိတိဘာနိတံသဘဂိနိကာနံသပုတ္တဒါလာနံက္ကယံ၊
သလက နိဓါနေ ဗုဒ္ဒဿဘဂဝတေ သာကိယာနံ ”ဟူ၍ဖြစ်သည် ၊သေတ္တာထဲမှာ မီးသင်းထား
သော အရိုးများမှာ သကျသုကိတိနှင့် ၄င်း၏ ညီအစ်ကိုမောင်နှမများ ဇနီးမယားများက ဌာပနာ
ထားခဲ့ကြသော ဘုရားရှင်၏ ဓာတ်တော်များဖြစ်သည်ဟု ပညာရှင်များက ဖွင့်ဆိုကြသည် ၊
၁၉၇၁ ခု ဇန္နဝါရီလတွင်  ပိပရဝါရွာ တူဖော်မှုကို ကေအမ်သီရိ ဝါစ် တဝါ (k.m.srivastava)၏
ဦးဆောင်မှုဖြင့် စတင်ခဲ့ရာ အရှေးဘက်ကျောင်းတော်ကြီးမှ တွေ့ရှိရသော တံဆိပ်တုံးတခုတွင်
“ကပိလဝတ္ထု ဘိက္ခု သံဃ”ဆိုသည့် ပါဠိစကားလုံးပါရှိသည် ။
ဤကျောင်း၏ ဒါယကာမှာ “ကနိသျှက”ဘုရင်ဖြစ်သည် ၊တခြားတံဆိပ်တုံးအများပြားတို့ကို
လည်းဆက်တိုက်ရရှိခဲ့ကြသည် ၊တရုတ်လေ့လာရေးရဟန်းတော် ဟူယင်ဆင် မှတ်တမ်း
တွင်လည်း လုမ္မနီ  ကပိလဝတ်အကွာဝေး အတိုင်းတာများကိုဖော်ပြခဲ့ရာ ယင်းသည် ယခု
တွေ့ရသော လုမ္မနီ ကပိလဝတ် အကွာဝေးနှင့်လည်း များစွာကိုက်ညီလျှက်ရှိသည် ၊ဤအ
ချက်များက ပိပရဝါနှင့် ပတ်ဝန်းကျင် အပျက်စီးများမှာ ဘုရားရှင်၏ ဇာတိမြို့တော်ဟောင်း
နေရာ (ကပိလဝတ်)အမှန်ဖြစ်ကြောင့် အကြွင်းမဲ့ သက်သေပြနေပေသည် ။
         ငြိမ်းချမ်းရေးရိပ်မြို-----၆--သို့-------

ငြိမ်းချမ်းရေးရိပ်မြုံ (၄)

                  တောခြုံကြားမှ လုမ္မနီ

ဘုရားရှင်အား သကျတို့၏ နိုင်ငံ ကပိလဝတ်ဘက် ခြမ်းရှိ လုမ္မနီရွာတွင်(ဘီစီ-၆၂၃-မေလ)
မဟာသက္ကရာဇ် ၆၈ ကဆတုန်လပြည့် သောကြာနေ့တွင် ဖွားမြင်ခဲ့သည် ၊ရှေ့ဟောင်းအဆို
များအရ ဘုရားရှင်သည် ကပိလဝတ်မှနေ၍ ဒေဝဒဟသို့ကြွတော်မူစဉ် လုမ္မနီသို့ ဝင်ရောက်
နားတော်မူပြီး ၊ဒေဝဒဟ သုတ္တန်ကိုဟောတော်မူခဲ့သည်ဟုဆိုကြသည်။
လုမ္မနီ နှင့် ကပလဝတ်တို့သည် နှစ်ပေါင်းထောင်နှင့်ချီ၍ တောခြုံများအောက်တွင် ပျောက်ဆုံး
နေခဲ့ကြရသည် ၊ကံကောင်းသေးသည်မှာ ဘီစီ ၂၅၀ တွင် သီရိဓမ္မသောက မင်းကြီး ဘုရားဖူး
ရောက်ခဲ့ပြီး ကျောက်စာတိုင်ကြီး တစ်တိုင်စိုက်ထူခဲ့ခြင်းပင် ဖြစ်သည် ၊ကျောက်တိုင်သည်
လည်း အလွန်ကြာညောင်းမှု အချိန်၏ တိုက်စားမှု အလိုမတူသူတို့၏ ရိုက်ချိုးမှုတို့ကြောင့်
တချို့ တဝက် ပျက်စီးခဲ့ရလေသည် ။
ထိုသို့ ကျိုးပျက်နေသော ကျောက်တိုင်ကို ကုသိနာရုံ ဆရာတော် ဘုရားကြီး  စန္ဒြမဏိ ဘာဘာကြီးမှ သံပြား သံတိုင်များဖြင့် ကာရံပေးခဲ့သည် ၊ကျောက်တိုင်မှာ လုံးပတ်(၉)ပေ
အမြင့်(၁၂)ပေ ဖြစ်ပြီး ၊တိုင်၏ထိပ်တွင် မြင်းရုပ်ပုံ တစ်ခုစီမိုး၍ ပါရှိကြောင်း (တရုတ်ဘုရား
ဖူး ခရီးသည်) ဟူယင်ဆင် ၏မှတ်တမ်းတွင်ဖော်ပြထားပါတယ် ၊အသောက မင်းကြီးသည်
အိန္ဒိယ အနောက်ပိုင်း၌ကျောက်စာများကို ဘယ်မှ ညာ သို့ရေးရသော ခရောရှုတီ အက္ခရာ
ဖြင့် ရေးထိုးလေ့ရှိသည် ။
ဤ ကျောက်တိုင်၌ကား ၄င်းခေတ်သုံး ဗြဟ္မီ အက္ခရာ ဖြင့်သာရေးထိုးခဲ့သည်၊အသောက 
မင်းကြီးသည် ၊သူ၏နန်းသက် (၂၀)ပြည့် နှစ်မှာ ဤနေရာသို့ ရောက်ရှိခဲ့သည် ၊လုမ္မနီ 
ရွာကိုလည်း ဘုရားရှင်၏ ဇာတိချက်ကြွေရွာဖြစ်သည့်အတွက် အခွန်ကင်းလွတ်ပေးခဲ့သည်၊
အသောက ကျောက်စာတိုင်မှ  တောက် အနောက်ခပ်ယွန်းယွန်းတွင် ရေကန်ငယ်တကခုရှိ
သည် ၄င်းရေကန်တွင် အလောင်းတော်အား ဖွားမြင်ပြီးနောက် မဟာမာယာဒေဝီမိဖုရား ရေ
ချိုးခဲ့သည်ဟူ၍ ပြောဆိုကြသည်။
၁၉၉၅-ခုဇူလိုင် လတွင်-နီပေါ-ဂျပန်-အိန္ဒိယ-ပါကိစ္စတန်-သီရိလင်္ကာနိုင်တို့မှ နိုင်ငံတကာ ရှေ့
ဟောင်း သုတေသီ ပညာရှင်များအဖွဲ့ ရွှံ့ပြ ရုပ်ကြွ (TERRACOTTAOANEL)တစ်ခုကို လုမ္မနီ၌
တွေ့ရှိ့ ခဲ့ကြသည် ၊လက်ရာမှာ ဂန္ထာရအနုပညာ ခေတ်ဟန်လွှမ်းနေသော်လည်(ဂုပÜတခေတ်)
(အေဒီ-၄-မှ-၆-ရာစုအတွင်းက ထုလုပ်ခဲ့ခြင်းဖြစ်မည်ဟု ပညာရှင်များက ယူဆကြသည် ၊မင်း
ဝတ်တန်ဆာများ အပြည့်စုံ ဝတ်ဆင်ထားသော သိဒ္ဒတ္ထမင်းသားနှင့် ယသောဓရာဒေဝီတို့သည်
ရာဇီနြေ္ဒအပြည့်နှင့်၊ နီးနီးကပ်ကပ်ထိုင်နေပုံဖြစ်သည်။
ယသောဓရာသည် သားငယ် ရာဟုလာကိုပွေ့ချီပြီး နို့တိုက်နေသည်၊ဤကို ပါကိစ္စတန် 
ပညာရှင် ၊(Dr.SAIFUR REHMANDAR) မှ သိဒ္ဒတ္ထမင်းသားသည် တော့ထွက်တော့မည်ဖြစ်၍
ယသောဓရာ မင်းသ္မီးအိပ်ပျော်ချိန်ကို စောင့်စားနေပုံဖြစ်ကြောင်း အခိုင်းမာ ဆုံးဖြတ်ချက်ချခဲ့
သည် ၊ဤတွေ့ရှိချက်နှင့် ပတ်သက်၍ ၁၉၉၅ ခုဒီဇင်ဘာလတွင် နီပေါလ် နိုင်ငံဝ န်ကြီးချုပ် (SH
REESHERBAHADURDEUBA က လုမ္မနီသည် ဘုရားရှင်၏ မွေးရပ်မြေ  ဘူမိနဿန် မြေမှန်
ဖြစ်ကြောင်း ကမ္ဘာ သို့ ကြေငြာခဲ့သည် ။
၎င်း ရွှံ့ပြား ရုပ်ကြွကို ယခု လုမ္မနီ ဖွံ့ဖြိုးရေး ဂေါပကအဖွဲ့မှ ထိမ်းသိမ်းထားသည် ၊နောက်ထပ်
တွေ့ရှိချက်တစ်ရပ်မှာ လုမ္မနီအနီးရှိ တိလော်ရာကုတ် နှင့် ရာမဂရမ်အကြားတွင် ဘုရားရှင်
လက်ထက်တော် ကတည်းကဟုယူဆရသော ၊ရှေ့ဟောင်းကျောင်းတော်ရာပျက်များ၊ကြေး
ပြားများနှင့် စာပါ ကျောက်ပြားများတွေ့ရှိရကြောင်း ဒေသခံ လူတို့ကလည်းပြောကြသည်၊ဤ
တူးဖော်မှု လုပ်ငန်းကို ယူနက်စကို (unesco)နှင့် နီပေါလ်ရှေ့ဟောင်း သုတေသန ဌာနတို့က
ပူးတွဲလုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည် ။
                                                    ငြိမ်းချမ်းရေးရိပ်မြုံ----၅--သို့----


ငြိမ်းချမ်းရေးရိပ်မြုံ (၃)

                                             ဟိုတုန်းကမဇ္ဈိမ
ဗုဒ္စ လက်ထက်တော်အခါက ဇမ္မူဒီပ(ဇမ်ဗူဒိပ်)ကျွန်းမှာ ယနေ့အိန္ဒိယနိုင်ငံပင်ဖြစ်ပြီး၊ မဇ္ဈိမဒေ
သဆိုသည်မှာ၊ အိန္ဒိယ နိုင်ငံထဲမှ ဗီဟာပြည်+ယူပီပြည်တို့နှင့် ၊နီပေါနိုင်ငံတို့ဖြစ်ကြသည်၊ထို
အချိန်က အိန္ဒိယ တခုလုံးကို တိုင်းကြီး(၁၆)တိုင်းအဖြစ် ခွဲခြမ်းအုပ်ချုပ်ခဲ့ကြသည်၊ယင်းတို့အ
ထဲမှ  မာဂဓတိုင်း ယခု ဗီဟာပြည်နယ်နှင့် ကောသလ တိုင် ယခုယူပီပြည်နယ်တို့မှာ ဗုဒ္စဘာ
သာများအတွက် အရေးအပါဆုံး အချက်အချာဒေသများ ဖြစ်ကြသည်။
ယခုအိန္ဒိယ နိုင်ငံ၏ မြို့တော် နယူးဒေလီတဝိုက်မှာ ထိုစဉ်က ကုရုတိုင်း၏ နယ်ပယ်ဖြစ်ခဲ့သည်၊
ယင်း၌ မဟာသတိပဋ္ဌာန သုတ်ကိုဟောတော်မူခဲ့သည် ၊နိုင်ငံရေးအရမဟုတ်သော်လည်း ယဉ်
ကျေးမှု အတတ်ပညာနှင့် အစဉ်လာကြီးမားမှုတို့အရ ကာသိ တိုင်းဗာရာဏသီမြို့တော်သည်
လည်း ထိပ်တန်းကရှိခဲ့ပေသည် ၊ကာသိတိုင်းက ထုတ်လုပ်သည့် ပိုးထည်နှင့် ရေမွှေးတို့မှာ အ
လွန်ပင် နာမည်ကြီးလှပြီး၊ဘုရားလောင်း သဒ္စတ္ထ မင်းသားသည်ပင် ယင်းတို့ကို သုံးစွဲခဲ့ဖူးသည်
အလွန်နာမည်ကြီးခဲ့ပါ၏ ။
မာဂဓတိုင်း၏ မြောက်ဘက်ရှိ ဝိတ်ဇီတိုင်းမှာ လစ္ဆဝီနှင့် ဝိဒေဟ လူမျိုးများပြဌာန်းသော တိုင်း
ရင်းသား လူမျိုးစုပါဝင်သော စုပေါင်းအုပ်ချိုပ်သည့် ဒီမိုကရစီ နိုင်ငံငယ်တခုဖြစ်ခဲ့သည် ၊မြို့
တော်မှာ ဝေသာလီ ဖြစ်ပြီး ၊ မာဂဓတိုင်း ရာဇဂြိုလ်ပြည်ရှင် ဘုရင် အဇာတသတ်၏ ရန်စကျူး
ကျော်မှုကိုခံခဲံကြရသည်၊ ဘုရားရှင်လက်ထက်တော်ကာလက မာဂဓနိုင်ငံတော်အား မင်းဆက်
ဆက် အုပ်ချုပ်လျှက်ရှိပြီး ၊ထိုအထဲ ဘုရင်ဗိမ္မိသာရ (ဘီ-စီ ၅၄၃ ၄၉၁)သည်လည်း အိန္ဒိယ
တိုက် မြောက်ပိုင်းတွင် အာဏာတန်ခိုး အကြီးမားဆုံးထိပ်သီးဘုရင် ၄ပါးအထဲ တပါးအပါဝင်
ဖြစ်ပြီး ၊အခြား ၃ ဦးမှာ ကောသလတိုင်း၏အရှင် ပသေဒနီကောသလ၊ဝံသတိုင်း၏ အရှင် ဥတေန၊ အဝန္တိတိုင်း၏ အရှင် ဘုရင် ပိဇ်ဇောတတို့ဖြစ်ကြသည်။
ဘုရားရှင် ပရိနိဗာန်ပြုတော်မူပြီး နောက်ပိုင်း အသောက ဘုရင်သည် မဇ္ဖျိမ ဒေသတဝိုက်ရှိ
အထွဋ်မြတ်ဆုံးနေရာတော်များတို့အား ကမ္ဘာက အာရုံစိုက်လာအောင် စွမ်းဆောင်ပေးခဲ့
သည် ၊သို့ရာတွင် အရာရာသည် ရွေ့ လျှားတတ်သော သဘောအရ ဗုဒ္စဘာသာသည်လည်း
မဇ္ဇျိမဒေသကရွေ့လျှားခဲ့ရသည် ၊လုံးဝကွယ်ပပျောက်ပျက်တဲ့အထိ ဖြစ်ခဲရလေသည်၊ ထိုခေတ်
ထိုခါကတည်းက အမြော်မြင်ကြီးစွာဖြင် သာသနာပြု အဖွဲ့များ စေလွှတ်ပြီး တတ်နိုင်သရွေ့ သာ
သနာတော်အား ဖြန့်ကြက်ခဲ့၍သာ ခုထိတိုင် သာသနာ မကွယ်ပသေးခြင်းဖြစ်သည် ၊ဤသာသ
နာပြုလုပ်ငန်းမှာ အမှန်ပင် အရေးပါလှသော လုပ်ငန်းလခည်းဖြစ်သည်။


မဇ္ဈိမဒေသအတွက် အရေးကြီးသလို  မိမိတို့ တိုင်း နိုင်ငံ မြို့ရွာအသီးသီးတို့မှာလည်း စစ်
မှန်သော သာသနာကို မယုတ်လျှောအောင်ထိမ်းသိမ်းဖို့၊ စောင့်ရှောက်ဖို့ အထူးလိုအပ်ပေ
သည်၊ မဇ္ဈိမဒေသ ကိုလေ့လာသောအခါ မိမိတို့အတွက် ရှောင်စရာ၊ဆောင်စရာများကို ယူ
တတ်ဖို့ ၊လက်ရှိ အိန္ဒိယ သာသနာအကြောင်းကို ထိတွေ့သိရှိရသောခါ ၊ပြက်ရည် ချုပ်ချယ်မှု
မပြုပဲ ၊ကိုယ်တိုင် ပါဝင် လုပ်ဆောင်နိုင်သည့် ၊အခန်းကဏ္ဍမှ လက်တွဲပါဝင်နိုင်အောင် စေတ
နာ ထက်ထက်သန်သန်ရှိဖို့လည် လိုအပ်ပေသည် ။
မိမိတို့၏ ရှေ့မှ သွားနင်းကြလေပြီးသော ၊ဘိုးဘွားဘီဘင်တို့၏ သညသနာရေး ဘာသာရေး
စိတ်ဓာတ်အမွေကို လက်ဆင့်ကမ်း သယ်ကြဖို့လည်း လိုပေသည် ၊ယင်းတို့၏ သာသနာတော်
အပေါ်ထားခဲ့သော စိတ်ဓာတ် ၊စွမ်းစွမ်းတမံ အနစ်နာခံ လုပ်ဆောင်ခဲ့ကြပုံများမှာဆက်ပြီး သာ
ဓုခေါ်နေရအုံ့မည်ပင် ၊သို့ တိုင် စံတင်လောက်စွာ၊ဂုဏ်ယူထိုက်စွာ စိတ်ရော ကိုယ်ပါ လုပ်
ဆောင်ခဲ့ပါလျှက် ၊ရွက်ပုံးသီး ဘဝဖြင့် နေခဲ့ကြရသည့် သာသနာ့ အာဇာနည် များတို့သည်
လည်း အမြောက်အများပင် ၊သမိုင်းတွင် ကျန်ရစ်သည့် အထဲမှ အထူးထင်ရှားသော ပုဂ¾ုလ်
အချို့ကိုသာ သိသာနိုင်ကြပေသည် ။
ဘီစီ-၂၇၀-တွင် မောရိယမင်းဆက် တတိယမြောက် အဖြစ်ထီးနန်းကို ဆက်ခံသည့် ဘုရင်
“အသောက” သူသည် လူထုသိန်းနှင့်ချီ၍ သေကြေပျက်စီးကြရသော ကာလိင်္ဂစစ်ပွဲ၏ အနိဋ္ဌာ
ရုံများကို မြင်ပြီး ၊သံဝေဂ တရားတွေနှင့် သာသနာတော် သို့ဝင်ရေယက်လာသူလည်းဖြစ်သည်၊
သာသနာတော်၏ အဆုံးမကိုခံယူပြီးနောက်မှာတော့ ၊သူ၏နိုင်ငံတော်ကို ဗုဒ¨ တရားတော်နှင့်
အညီအုပ်ချုပ်လာခဲ့သည်၊ဘုရား သာသနာတော် အရှည်တည်တံ့ပြန့်ပွါးရေးအတွက်မြို့တော်
“ပတ္တနား”တွင် အသောကာရုံကျောင်းကို ဆောက်လုပ် လှူဒါန်းခဲ့သည် ၊ထိုကျောင်း၌ပင် တတိ
ယ သင်္ဂီတိ သင်္ဂါယနာတင်ပွဲကို ပြုလုပ်ပေးခဲ့သည် ။
ဘုရားရှင်၏ ဓာတ်တော် မွေတော်များကိုရှာဖွေခဲ့သည် ၊ရှေ့ခေတ် ဓာတ်စေတီတော် -၈-ဆူ
အနက် -၇-ဆူကိုဖွင့်လှစ်ပြီး ၊စေတီပေါင်း ရှစ်သောင်းလေးထောင် ခွဲဝေဆောက်လုပ် လှူဒါန်းခဲ့
သည် ၊၄င်းစေတီတော် အများစုမှာ အိန္ဒိယ နယ်တွင်များကြသည် ၊ဘီစီ ၂၆၀ တွင်ဗုဒ¨ဂယာသို့
ဘုရားဖူးရောက်ခဲ့ပြီး ၊ဘီစီ-၂၅၀-တွင် လုမ္မနီသို့ရောက်ခဲ့သည် ၊သူ၏ နန်းသက် ၃၈ နှစ်အတွင်း
ဘုရားရှင်နှင့် ပတ်သက်သည့် အရေးပါသောနေရာတော်များကို အမှတ်သားအဖြစ် ကျောက်
တိုင်ကြီးများ စိုက်ထူခဲ့သည် ။
တချို့မှာသူ၏မြို့တော် ပတ္တနားမှ လုမ္မနီသို့ ဘုရားဖူးခရီးစဉ်တလျှောက်တွင် လမ်းစဉ်အမှတ်
သားအဖြစ် စိုက်ထူခဲ့သည် ၊ကျောက်တိုင်များ ထိပ်တွင် နွားလားရုပ် ၊ခြင်္သေ့ရုပ်များပါရှိတတ်
ပြီး ၊အချို့မှာ မြင်း ဆင်များလည်းပါရှိတတ်သည် ၊ယခုခါ အားလုံးနီးနီး ကျိုးပြတ်နေပါပြီ ၊သို့
သော်လည်း-၁၅-မီတာမြင့်သော ကျောက်တိုင်များကို တွေ့မြင်နိုင်သေးသည် ။
       
        ငြိမ်းချမ်းရေး ရိပ်မြုံ -၄-သို့--------အရှင်ရေဝတ

ငြိမ်းချမ်းရေးရိပ်မြုံ (၂)

                                         ဤခရီးနီးသလား
ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် အနှစ်(၃၀၀)ရာပတ်ဝန်းကျင်တွင် မရှိ မချင့် ပြုန်းတီးလုနီး
နီး ဖြစ်နေသော သာသနိက အဆောက်ဦးများ ပြောင်းလဲတိုးတက်လာအောင် ကြည်ညိုဖွယ်
သပ္ပါယ်လှပလာအောင် ကနဦးစွမ်းဆောင်ခဲ့သူ နောက်တော်ပါ ဝန်ကြီးများနှင့်အတူတကွ နေ
ရာတော်များအရောက် ကိုယ်တိုင်လှည့်လည်ပြီး ဖူးမျှော်ခဲ့သူ အိန္ဒိယအင်ပါယာသခင် ဘုရင်
“အသောက”ဖြစ်သည် ။
သူသည် ဗုဒ¨ ဘာသာဖြစ်လာပြီးနောက် အထက်ပါ နေရာတော်မြတ် လေးရပ်ကိုဗဟိုရ်ပြု၍ တ
ခြားနေရာ မျာစွာတို့မှာလည်း စေတီပုထိုး ဘုရားကျောင်းကန် စသော သာသနိကမှတ်တိုင်များ
ကိုစိုက်ထူခဲ့လေသည်၊နောက်ပိုင်းတွင် ဤသာသနိကအဆောက်ဦးများအား လုံခြုံထိမ်းသိမ်းမှု
လည်းမရှိ ၊ထိုအခါ မလိုလားသူများက ဖြိုဖျက်ခြင်း ဖျက်လိုဖျက်စီးလုပ်ခြင်း ဗုဒ္ဓ ၏အဆုံးမအား
လုံးကိုပင် အကြွင်းမရှိဖြစ်သွားအောင် (သို့) ပိုင်းစိုးပိုင်နင်းလုပ်ပြီး ကျူးကျော်သိမ်းပိုက်လိုမှုအ
ထိပြုလာခဲ့ကြလေသည် ။
ဤအခြေနေဆိုးကာလသည် ၊နှစ်ပေါင်းထောင်ချီပြီး ကြာညောင်းခဲ့သည်နှင့်အမျှ “ဗုဒ္ဓ”၏ရုပ်
ကြွင်းတို့မှာ တောချုံများအောက်တွင်၎င်း သူတို့၏ ထိမ်းချုပ်မှု ဖျက်ဆီးမှု အောက်တွင်၎င်း အ
သွင်တမျိုးဖြင့်၊မျိုးဆက်ပြတ်မတတ်ခံလာခဲ့ရပေသည် ၊သာသနိကအဆောက်ဦးများတို့အား
နည်းမျိုးစုံဖြင့်ထိပါးဖျက်ဆီးခဲ့ကြခြင်းအတွက် တာဝန်ကြွေး (ဝါ)အကုသိုလ်အကျိုးဆက်ဟုဆို
ကောင်းဆိုနိုင်မည့်အချက်မှာ၊(အိန္ဒိယ)နိုင်ငံသည် လပ်လွတ်သော ဘဝတွင် တာရှည်စွာမနေ
လိုက်ကြရဘဲ ၊တိုင်းတပါးတို့၏ ကျွန်ဇာတ်သွင်းခြင်းကို ခံလိုက်ရလေသည်၊ရာစုနှစ်များနှင့်ချီပြီး
တိုင်ပြည်ကို မူဆလင်များက အုပ်ချုပ်လာခဲ့ကြပြီး၊
ခေတ်ကူးကာလတွင် ဗြိတိသျှကုန်သည်များ(အရှေ့အိန္ဒိယကုမ္မဏီက)ယင်းတို့၏ အာဏာစက်
အောက်သို့ သွတ်သွင်းခဲ့ကြပြန်လေသည်၊ အိန္ဒိယနိုင်ငံတော်အား ယင်းတို့၏ အာဏာစက်
အောက်သို့ သွတ်သွင်းကြပြီးနောက် ၊များမကြာမီမှာပင် ဘုရင်အများစုနှင့် တခြားချမ်းသာသူ
များသည် ၊ကိုယ်ပိုင်ဥစ္စာ ပစ္စည်းများကို မြေအောက်တွင် သိုဝှက်မြှုပ်နံထားခဲ့ကြသည်၊ဘုရာ
အို ကျောင်းပျက်နေရာများ၌ မြှုပ်ထားကြသည် ၊
သို့ နှင့်ရတနာဇောကပ်နေသော ဗြိတိသျှတို့သည် နေရာတိုင်းမှာ ရွှေ ငွေရလိုဇောဖြင့် စတင်
တူးဖြိုကြတော့သည်၊ဘယ်နေရာမဆို တူးတိုင်း ဖြိုတိုင်း “ပြုံ့တော်မူဟန် ဗုဒ္ဓ ရုပ်ပွါးတော်တစ်
ဆူစီ”ပေါ်တော်မူခဲ့သည်ချည်းဖြစ်နေသည်၊နောက်ပိုင်းတွင်မူ ၄င်းတို့သည် ဘုရားဖြိုယင်းက
ဘုရားရိပ်ခိုသူများဖြစ်မှန်းမသိ ဖြစ်လာခဲ့ကြသည်
တူးဖော်မှုများအတွက် ထိုစဉ်ကတာဝန်ယူရသူမှာ ဗြိတိသျှကျောက်စာဝန် မအှာဆာ အလက်
စန္ဒား ကန်နင်ဂဟန်ဖြစ်ပြီး ၊ယင်းသည် ဗုဒ္ဓနေရာတော်များ အားလုံးလောက်ကို တာဝန်ယူတူး
ဖော်ခဲ့သူလည်းဖြစ်သည် ၊ဗုဒ္ဓဂယာတန်ဆောင်တော်ကြီး ထက်အက်ကွဲ၍ပြိုလုတဲတဲ ဖြစ်နေ
သည်ကို သိပÜံ နည်းကျ ခိင်မာအောင်လည်း ပြုလုပ်ပေးခဲ့သည် ၊ထိုစဉ်က လေမုန်တိုင်းကြောင့်
ပြိုလဲသွားသည့် ရှေ့ဟောင်း ဗောဓိပင်နေရာတွင် ယခုမြင်တွေ့နေရသော ဗောဓိပင်ကိုအစား
ထိုး စိုက်ပျိုးပေးခဲ့သည် ။
သီဟိုရ်မှ အနာဂါရိကဓမ္မပါလသည် ဗုဓ္ဒနေရာတော်များ ဗုဒ¨ဘာသာတို့လက်ထဲပြန်ရောက်ရန်
သေတပန် သက်တဆုံး ဘဝကိုမြှပ်နှံ၍တိုက်ပွဲဝင်ခဲ့သည် ၊ဤ အနာဂါရိကဓမ္မပါလ၏ ကြိုးပန်း
မှုများကြောင့်လည်း ဗုဒ¨ဂယာကျောင်းတော် ၊ပုထိုးတော်အတွက် အုပ်ချုပ်ရေး၊စီမံခန်းခွဲရေး အက်ဥပဒေပေါ်ပေါက်ခဲ့သည် ၊ဘုရားနေရာတော်အများတု့ကို တနည်းမဟုတ်တနည်းဖြင့် ပတ်
သက်၍ လွတ်လပ်စွာလှည့်လည်ဖူးမျှော်ခွင့်ရခဲ့သည်၊ရာစုနှစ်များနှင်ချီ၍ လူသူအရောက်ပေါက်
မရှိ ခြောက်ကပ်တိတ်ဆိတ်နေခဲ့သော ဤနေရာတော်များ ပြန်လည်သက်ဝင်လာ၊စည်ကား
လာခဲ့ခြင်းဖြစ်သည်။
ဘုရားရှင်၏ သစ္စာဓမ္မ တို့မည်သောခါမှ တိန်ကော့သွားလိမည်မဟုတ်ဆိုတာကို တဖန်အောင်
လံလွှင့်ထူခြင်းလည်းဖြစ်သည်၊ဤအောင်လံတော်ကြီးကို ပိုမို လှုပ်ခတ်စေနိုင်ခြင်းတို့မှာ(၁၉
၅၆)ခုနှစ် လူပေါင်း-၂-သန်းခန့ရှိသော အိန္ဒိယ ဇာတ်နိလူထုကြီးအားဦးဆောင်၍ ဗုဒ¨ဘာသာအ
ဖြစ်ခံယူခဲ့သော၊ဒေါက်တာ အမ်ဘေဒကာနှင့်၊ယင်းအား ဗုဒ¨ဘာသာဖြစ်အောင် သာသနာပြု
ပေးခဲ့သော “ကုသိနာရုံဆရာတော်ကြီးစန္ဒြရမဏိ ဘာဘာကြီး”၏ ကျေးဇူး ၊လုပ်ဆောင်ခဲ့မှုတို့
ကြောင့်ပင် ။
အိန္ဒိယ သာသနာ တခေတ်ဆန်း၍ ကမ္ဘာမှ အံအားသင့်ခဲ့ရသော ပထမ“ဝိဇယဒဿမီ”ခေါ်ဤ
ဖြစ်၏နောက်ပိုင်းတွင်ကား ၊ဘုရားနေရာတော်များသည် အသောက၊ကနသျှ ၊ဟသျှာဝဒါန စသော သာသနာပြု ဘုရင်ကြီးများလက်ထက်တော်ကာလများနှင့်မခြား တိုးတက်မြိုင်ဆိုင်
သော ခေတ်ဆီသို့ ဦးတည်နိုင်ခဲ့လေသည် ၊ပြည်တွင်း ပြည်ပ နှစ်ဌာလုံးမှ ဘုရားဖူးများစဉ်
ဆက်မပြတ် ရှိခဲ့ -ရှိဆဲလည်းဖြစ်သည် ။
ယင်းတို့အသီးသီးနှင့် သက်ဆိုငိသည့် ကျောင်းကန်ဘုရားပုထိုးများဖြင့်လည်း ပို၍ပင် ကြည်
ညိုဖွယ်ဂုဏ်ကိုဆောင်ပြီး ၊ဘာသာမတူ လူမျိုးစုများကိုပင် မလာလျှင်မဖြစ်တော့သည့်အနေ
ထားဖြင့် ညှို့ယူဖမ်းစားထားနိုင်သော အခြေနေ သို့ တက်လှမ်းနိုင်ခဲ့ပါပြီ ၊ဤ ခရီးမှာ မနီးသည့်
အပြင် ၊ဘေးကျံ အန္တရာယ်တို့လည်း ဝိုင်းအုံနေ၏ ၊သို့ပေသိ ဘုရားရှင်၏ အနိုင်းမဲ့သေ ဂုဏ်တို့
မှာ သည်နေ့ထိတိုင် အနိုင်းမဲ့ နေဆဲပါ။

                 ငြိမ်းချမ်းရေးရိပ်မြုံ(၃) သို့---------------အရှင်ရေဝတ



ငြိမ်းချမ်းရေးရိပ်မြုံ (၁)

တိုင်းပြည် နိုင်ငံအသီးသီးတို့မှ ဘုရားဖူးလိုခြင်းတခုတည်းအတွက် ကြိုးစားလာရောက်သူတို့
အား ၊လမ်းညွန်သူကပြောပြသည့် တိုကျဉ်း ၊ရှည်ဝေး မရေရာနိုင်လှသော ဗဟုသုတမျှဖြင့်၊
ဘုရားဖူးရာဝယ် ၊နည်းမှန်လမ်းကျ အထောက့်ပံ့ရပြီဟုမည် သို့ မျှဆိုနိုင်မည်မဟုတ်၊ဘုရားဖူး
တစ်ဦး၏၊ အမြင့်မားဆုံး ပန်းတိုင်မှာ“နိဗ္ဗာန်” ဖြစ်သည်။
“ဗုဒ္ဓ”သည် ပရိနိဗ္ဗန် စံဝင်တော်မူခါနီး၌ ကိုယ်တေယ်တိုင်ပေးတော်မူခဲ့သည့် သာဓက များဖြင့်
ပင် အထက်ပါ အချက်လက်တို့ကို ခိုင်မာစေနိုင်သည်၊ ဗုဒ္ဓ သည်ဝေသာလီမှ ကုသိနာရုံ   သို့
နောက်ဆုံးခရီးရှည်ကြွလာခဲ့သည်၊တပည့်သားသံဃာတော် အခြံရံများနှင့်တကွ မလ္လာ မင်းတို့
၏ အင်ကြင်းဥယာဉ်သို့ ရောက်သောအခါ ၊မြောက်သို့ ဦးခေါင်းတော်ပြုလျှက်၊ရှင် အာနန္ဒာအား
ဤသို့ မိန့်လေသည်။
“အာနန္ဒာ သဒ္ဓါတရားရှိသော အမျိုးကောင်းသာ အမျိုးကောင်းသ္မီးတို့အတွက် လှည့်လည်အပ်၊
ဖူးမျှော်အပ်၊သံဝေဂယူအပ်သောနေရာတော်တို့သည် ၁။-ဗုဒ္ဓ ဖွားမြင်တော်မူရာ(လုမ္ဗိနီ)၂။ဗုဒ္ဓ
သဗ္ဗေညူတဥာဏ်တော်ကိုရတော်မှူု၍ ဘုရားအဖြစ်သို့ရောက်တော်မူရာ မဟာဗောဓိ(ဗုဒ္ဓု¨ဂယာ)
၃။ဗုဒ္ဓ တရားဦးဓမ္မဟောတော်မူရာ(ဆာရနသ်) ၄။ဗုဒ္ဓ ပရိနိဗ္ဗန်စံတော်မူရာ(ကုသိနာရုံ)တို့ဖြစ်
ကြသည်။
ဤသည်တို့မှာ နေရာတော်မြတ်-၄-ရပ်(သံဝေဇနိယ)လေးဌာနတို့ဖြစ်သည်၊ နောင်အနာဂတ် ကာလတွင် သဒ္ဓါတရားရှိသော ဘိက္ခူ ဘိက္ခူနီ ဥပသကာ ဦးပသကီ ဟူသော ပရိသတ် ၄ပါး
တို့သည်၊ဤအရပ်ဌာတို့၌ ဘုရားရှင် မွေးဖွားခဲ့သည်တကား၊ ဤအရပ်၌ သဗ္ဗေညုတဥာဏ်တော်
ကိုရရှိခဲ့သည်တကား၊ ဤအရပ်၌ တရားဦး ဓမ္မစက်ကိုဟောကြားခဲ့သည်တကား၊ဤအရပ်၌ပရိ
နိဗ္ဗန် ပြုတော်မူခဲ့သည်တကားဟူ၍ ဖူးမျှော်လာကြလိမည်။

“အာနန္ဒာ အကြင်သူတို့သည် ဘုရားဖူးခရီးလှည့်လည်၍ ကြည်ညိုသောစိတ်ဖြင့် သေလွန်ကုန်
၏ ၊ထိုသူတို့သည် သေလွန်ပြီးနောက်တွင် နတ်ရွာသုကတိသို့ လားရောက်ရ ကုန်လတ္တံ့ဟုမိန့်
တော်မူ၏ ”၊ ဘုရားဖူး ထွက်တော့မယ့် လူတစ်ယောက်သည်၊ခရီးမထွက်မီကတည်းက မိမိ၏
စိတ်ဓာတ်ကို ပလွှားခြင်း ၊ပြိုင်လိုခြင်း ၊ကြွားလိုခြင်း မရှိစေပဲ ၊ရိုးဖြောင့်သော-ဖြူစင်သော-သန့်
ရှင်းသော-သိမ်မွေ့သော-ယာဉ်ကျေးသော-မြင့်မြတ်သော-စိတ်ဓာတ်ဖြစ်အောင် ပြုပြင်ပေးရပါ
မည် (ပုဗ္ပစေတနာပါ) ။


တစ်သက်တခါဆိုသလို ဘုရားဖူးလိုတဲ့ တခုတည်းသောဦးတည်ချက်ဖြငထွက်လာခဲ့သည့်ခရီး
မှာ ခြေတစ်လှမ်း တစ်သန်းဆိုလည်းမမှားနိုင်လောက်သော အထွဋ်မြတ်ဆုံး နိဗ္ဗာန်ခရီးပါ၊သို့
တိုင် လူတိုင်းအတွက် ဖြစ်နိုင်ဖို့ကားမသေချာ၊အကြောင်းမှာ ဘုရားဖူးအဖွဲ့များနှင့် ဦးဇင်းတို့
ခဏခဏတွေ့မြင်နေရလို့ပါ ၊အဖွဲ့တော်တော်များများဦးစားပေးလုပ်တာက ဈေးဝယ်တာ ၊ဗော
ဓိရွက်ကောက်တာ ၊ရေကန်မှာ ငါးကြည့်တာ ၊စကားများတာတွေကိုပဲ ဦးစားပေးကြတယ် ၊ဒီလို
ပုံ ဒီလိုနှလုံးသွင်းမှုနှင့် ၊သူတို့တွေအတွက် အပါယ်တံခါး ပိတ်မှာတဲ့လား ၊ငွေကုန် လူပန်းဖြစ်ဖို့
သာများတယ် ။
အဲလိုမဖြစ်စေချင်ဘူး ၊ဘုရားဖူးလှည့်လည်စဉ်းကာလ လမ်းတစ်လျှောက်လုံးတွင်လည်းဘယ်
လိုအခြေနေမျိုးပဲ ကြုံကြုံ အကောင်းဆုံး စံတင် ဘုရာဖူး ဦပသကာ ဦးပါသိကာမတို့ဖြစ်ဖို့ စိတ်
ရှည်သည်းခံခြင်း ၊သတိ ပညာ မေတ္တာ ရှေ့ပြေးဖြင့် ၊မြင်တတ် ကြားတတ် သိမှတ်ခံစားတတ်
သော လေ)။
ဖော်ပြခဲ့သည့်အတိုင်း ပုဗ္ဗနှင့် မူစစေတနာများ အထမြောက်ခဲ့ပါက ဘုရားဖူး ခရီမှ အိမ်ပြန်
ရောက်သော်လည်း တွေ့ကြုံခဲ့ရသော ဘုရားရှင်၏ ပုံရိပ်များကို အမှတ်ရနေမယ် အမှတ်ရတိုင်း
သံဝေဂတွေ ဆင့်ပွါးနေမယ် ၊ဆိုလျှင် ဘုရားတစ်ခေါက်ထပ်ပြီး ထွက်ရသကဲ့သို့ ကုသိုလ်တရား
များမှာတိုးသထက်တိုးနေမှာဧကန်မုချပါ ၊ထိုပုဂ္ဂိုလ်တို့၏ သွားရာ ဂတိရှေ့ပြေးနိမိတ်များသည် ၊
ကောင်းသော မြင့်သော သိုက်မြုံ တခုဖြစ်နေမည်မှာ မြေကြီး လက်ခတ်မလွဲပါ၊
(အပရစေတနာ)


ဤစာပိုဒ်ကို  မဈ္ဇိမကြေမုံ ဒေါက်တာနန္ဒောဘာသ(ကာလကတ္တား)စာအုပ်မှ ကောင်းရာနိုးနိုးအ
ချို့ကို ထုတ်နှုပ်ပြီး ဦးဇင်း ၏ လေ့လာသိရှိမှု အချို့တို့နှင် ရောနှော တင်ပြခြင်းဖြစ်ပါသည်၊ဆက်
၍ ငြိမ်းချမ်းရေးရိပ်မြုံ(၂-၃-၄-၅-၆-၇)စသည်များကိုလည်း သာသနာတော်၏ သမိုင်းအစနများ
နှင့် တင်ပြသွားမှာဖြစ်ပါတယ် ။ 
                                                                                        အရှင်ရေဝတ

အသိပေးနှိုးဆော်လွှာ...

 ဗုဒ္ဓဘာသာဝင်သူတော်စဉ်အပေါင်းတို့ခဗျာ.....
  ရုရှားသာသနာပြု ဆရာတော် အရှင်ဝေဠုရိယ (သာသနဓဇဓမ္မာစရိယ၊ ဘီ-အေ)၏ မော်စကိုမြို့ ဓမ္မခရီးစဉ်တွင် (MUCTR) တက္ကသိုလ်တွင်(၁၉-၈-၂၀၁၁)နေ့ည နှင့်(၂၁-၈-၂၀၁၁)ရက်နေ့တွင် တရားဓမ္မများချီးမြှင့်မည်ဖြစ်သောကြောင့်မိမိတို့စေတနာသဒ္ဓါတတ်နိုင်သမျှတစ်ဦးချင်ဖြစ်စေ၊စုပေါင်း၍ဖြစ်စေ
လှူဒါန်း နိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကာ အသိပေးနှိုးဆော်အပ်ပါသည်။။။။
             ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေ။ (မင်းလှသားလေး)                                                              

ရုရှားသာသနာပြု ဆရာတော် အရှင်ဝေဠုရိယ (သာသနဓဇဓမ္မာစရိယ၊ ဘီ-အေ)၏ ထေရုပတ္တိအကျဉ်းချုပ်

ရုရှားသာသနာပြု ဆရာတော် အရှင်ဝေဠုရိယ (သာသနဓဇဓမ္မာစရိယ၊ ဘီ-အေ)၏ ထေရုပတ္တိအကျဉ်းချုပ် -

၁။   အရှင်ဝေဠုရိယ လောင်းလျာကို  စစ်ကိုင်းတိုင်း၊  ရွှေဘိုခရိုင်၊   ဒီပဲယင်းမြို့နယ်၊     ပိတ်ချင်းတောရွာ ဦးချမ်းပို+ဒေါ်မြကြင် တို့မှ ၁၉၇၄-ခုနှစ် ဖေဖော်ဝါရီလ (၆)ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ပါသည်။

၂။    ၁၉၈၇-ခုနှစ် အသက်(၁၂)နှစ်အရွယ်တွင် ရှင်သာမဏေအဖြစ်သို့ရောက်ရှိပါသည်။

၃။    ၁၉၉၅-ခုနှစ် အသက်(၂၀)အရွယ်တွင် မြင့်မြတ်သောရဟန်းအဖြစ်သို့ရောက်ပါသည်။
၎။   ၁၉၉၅-ခုနှစ်တွင် အစိုးရပထမကြီးတန်း၊ ၂၀၀၀-ပြည့်နှစ်တွင် နိုင်ငံတော်အစိုးရ ဓမ္မာစရိယ စာမေးပွဲကို အောင်မြင်၍ `သာသနဓဇဓမ္မာစရိယ´ ဘွဲ့၊ ၂၀၀၀-ပြည့်နှစ်တွင် အစိုးရနိကာယ် `၀ိနယ၀ိဒူ´ဘွဲ့၊ ၁၉၉၈-ခုနှစ်တွင် ပဲခူးမြို့ ကြခတ်ဝိုင်းကျောင်းတိုက် `ဂဏ၀ါစကပရိယတ္တိဓမ္မာစရိယ´ဘွဲ့၊ ၁၉၉၉-ခုနှစ်တွင် `ပရိယတ္တိသာသနင်္ကုရဓမ္မာစရိယ´ ဘွဲ့၊   ၂၀၀၅-ခုနှစ်တွင်  ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်၊ မဟာသန္တိသုခဗုဒ္ဓသာသနာ ပြုကျောင်းတော်ကြီးမှ`ဗုဒ္ဓဓမ္မဒီပလိုမာ´ဘွဲ့၊         ၂၀၀၇-ခုနှစ်တွင် ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ `B.A(Buddha Dhamma)´ဘွဲ့များကိုရရှိခဲ့ပါသည်။ ၊ ၂၀၀၉-ခုနှစ်တွင်  အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်မှာဘဲ  ဆက်လက်၍ ‘M.A(Buddha Dhamma)’၊ ဘွဲ့အတွက်  တက်ရောက်ခဲ့သည်၊ သို့သော် ၂၀၁၀ ခုနှစ်တွင် ရုရှားနိုင်ငံသို့ သာသနာပြုခရီး ကြွရောက်ရသဖြင့်  Master ဘွဲ့အတွက် ရပ်နားခွင့် တင်ထားခဲ့သည်.။   အခြားစားမေးပွဲများအနေဖြင့် ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်၊ အပြည်ပြည်ဆိုင်ရာ မဟာစည် ဗုဒ္ဓသာသနာပြု သင်တန်းကျောင်းမှ ’International Mahasi Meditation Teachership’ စာမေးပွဲကို အောင်မြင်ခဲ့သည်။
၅။    ၁၉၉၇-ခုမှ ၂၀၀၁-ခုနှစ်ထိ ပဲခူးတိုင်း၊ ပဲခူးမြို့၊ သိရီမင်္ဂလာ ကြခတ်ဝိုင်းကျောင်းတိုက်၊ အမတရသ ကျောင်းဆောင် ကျောင်းဘုန်းကြီးအဖြစ်၎င်း၊ ဂဏ၀ါစကစာချဘုန်းကြီးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ ပါသည်။
၆။    ၂၀၀၂-ခုနှစ်တွင် ရန်ကုန်မြို့ ၊ မဟာစည်သာသနာ့ရိပ်သာကြီးသို့ ရောက်ရှိခဲ့ပြီး ထိုမှ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် မဟာစည် အပြည်ပြည်ဆိုင်ရာ သင်တန်းကျောင်းတွင် အင်္ဂလိပ်စာကို စတင်လေ့လာခဲ့သည်။ ၂၀၀၇-ခုနှစ်မှ ၂၀၀၉-ထိ ထိုမဟာစည်ပြည်ပသာသနာပြု သင်တန်းကျောင်းတွင်ပင် သင်တန်းဆရာအဖြစ် သင်တန်းသားရဟန်းတော်များအား အင်္ဂလိပ်စာ သင်ကြားပေးခဲ့သည်။
၇။    ၂၀၀၈-ခုနှစ်တွင် ရန်ကုန်မြို့ မဟာစည် သာသနာ့ရိပ်သာကြီးတွင် နိုင်ငံခြားသားယောဂီ များအတွက်  အင်္ဂလိပ် ဘာသာပြန်တာဝန်ကို နာယက ဆရာတော်ကြီးများနှင့် တွဲဖက်၍ ဆောင်ရွက်ခဲ့သည်။
၈။    ယခုအခါ ဆရာတော်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၊ အဘိဓမ္မဗုဒ္ဓ၀ိဟာရ ကျောင်းတော် Dom 182 , Ulitza Dshnaya  Posyolok  Gorelovo တွင်    သီတင်း သုံးနေထိုင်လျှက်  စစ်မှန်သော ထေရ၀ါဒဗုဒ္ဓသာသနာတော်နှင့်အညီ အမျိုးဘာသာ၊ သာသနာတော်အတွက် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ၀ိပဿနာ တရားတော်များကို ဟောကြား ပြသခြင်း၊ ကြာသပတေးနေ့တိုင်း ဗုဒ္ဓဘာသာသင်တန်း ပို့ချပေးခြင်းစသော သာသနာပြုလုပ်ငန်းများကို ထမ်းဆောင်လျှက်ရှိပါသည်။

| |