လမြတ်ကဆုန်အကြောင်းသိကောင်းစရာ


ကဆုန်လပြည့်နေ့သည် ဗုဒ္ဓနေ့ဖြစ်သည် ။ ထိုနေ့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၅၅ ခုနစ် မဟာသက္ကရာဇ် ၁၀၃ -ခုနှစ် ကဆုန်လပြည့်နေ့၌ ဗုဒ္ဓမြတ်စွာ ဘုရား ပွင့်တော်မူသောနေ့ဖြစ်သည်။  ထိုနေ့ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူသည်ကို အာရုံပြုပြီး ဗုဒ္ဓဘာသာဝင် များအားလုံးသည် ဘုရားပွင့်တော်မူရာ ပရိဘောဂစေတီဖြစ်တော်မူသော ဗောဓိညောင်ပင်ကို ရေသွန်းလောင်း ပူဇော်ကြခြင်းပြုလုပ်လေ့ရှိသည်။  ထိုသို့ ပူဇော် ရေလောင်းခြင်းပြုလုပ်ကြရာမှ ညောင်ရေသွန်း ပွဲတော် ဖြစ်ပေါ်လာရခြင်းဖြစ်လေသည်။ ကဆုန်လပြည့်နေ့ကို ညောင်ရေသွန်း ပွဲတော်နေ့ အဖြစ် သတ်မှတ်ကြသည့် အပြင် ထိုနေ့ကို နေ့ထူးနေ့မြတ် ဗုဒ္ဓနေ့ အဖြစ်လည်း ခေါ်ကြသည်။ နေ့ထူးနေ့မြတ်ဖြစ်ရခြင်း အကြောင်းမှာ … ကဆုန်လပြည့်သည်…
၁။ ဘုရားအလောင်း သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ဗျာဒိတ်တော် ခံယူတော်မူသောနေ့သည် ကဆုန်လပြည့်နေ့ဖြစ်သည်။
၂။ မြတ်စွာဘုရား ဖွားမြင်တော်မူသော နေ့သည်လည်း ကဆုန်လပြည့်နေ့ဖြစ်သည်။
၃။ ဘုရားအဖြစ်သို့ ရောက်တော် မူသော(ပွင့်တော်မူသော)နေ့သည်လည်း ကဆုန်လပြည့်နေ့ဖြစ်သည်။
၎။ ဘုရားဖြစ်တော်မူပြီးနောက် ဗုဒ္ဓဝင် အကျဉ်းကို ဟောတော်မူသော နေ့သည်လည်း ကဆုန်လပြည့်နေ့ဖြစ်သည်။
၅။ ထိုနောက် နောက်ဆုံး မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့ သည်လည်း ဒီနေ့ ကဆုန်လပြည့် အင်္ဂါနေ့ ဖြစ်တော်မူလေသည်။
ထိုသို့ ဗုဒ္ဓမြတ်စွာဘုရား ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ ဖြစ်ကြောင်းကို ဗုဒ္ဓဝင် အကျဉ်းချုပ်အနေနဲ့ နှင့် ရေးသား ဖော်ပြလိုက်ရပါသည်။

ဗုဒ္ဓဝင်အကျဉ်းချုပ်
၁။ ဂေါတမ ဘုရားအလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့လေသည်။
၂။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရယူနိုင်သော်လည်း သြဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။
၃။ သုမေဓာရှင်ရသေ့ဘဝမှ ဝေဿန္တရာမင်း ဘဝတိုင်အောင် မရေမတွက်နိုင်သော ဘဝများစွာတို့၌-
            (၁) ရွှေ၊ ငွေ၊ ဆင်၊ မြင်း အစရှိသည်ကို လှူခြင်း ဒါနပါရမီ၊
            (၂) ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည်ကို လှူခြင်း ဒါနဥပပါရမီ ၊
            (၃) ကိုယ့်အသက်ကို လှူခြင်း ဒါနပရမတ္တပါရမီ ၊
၎။ ထို့အပြင် အလွန် စွန့်နိုင်ခဲစွာသော -
            (၁) ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမင်းတို့၏စည်းစိမ်ဥစ္စာ ရတနာကို စွန့်ခြင်း ဓနပရိစ္စာဂ၊
            (၂)သားသမီးကို စွန့်ခြင်း ပုတ္တပရိစ္စာဂ၊
            (၃) မယားကို စွန့်ခြင်း ဘရိယပရိစ္စာဂ၊
            (၄) ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း အင်္ဂပရိစ္စာဂ၊
            (၅) ကိုယ့်အသက်ကို စွန့်ခြင်း ဇီဝိတပရိစ္စာဂ
ဟု ဆိုအပ်သော စွန့်ခြင်းကြီး ငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။
၅။ ဤသို့ ဘဝများစွာ သံသရာကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုသိတာ နတ်ပြည်၌ သေတကေတုမည်သော နတ်သား ဖြစ်ခဲ့လေသည်။ နတ်သားဖြစ်စဉ် စကြဝဠာတိုက်တစ်သောင်းမှ နတ်၊ ဗြဟ္မာ အပေါင်းတို့က ``ဘုရားဖြစ်ချိန် တန်ပါပြီ၊ လူ့ပြည်သို့ ဆင်း၍ ဘုရားဖြစ်တော်မူပါ`` ဟု ဘုရားအလောင်းတော်ကို တောင်းပန်လေသည်။
၆။ သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတုနတ်သားသည် -
            (၁) ကာလ=ဘုရားဖြစ်ရာ အချိန်ကာလ၊
            (၂) ဒီပ=ဘုရားဖြစ်ရာ ကျွန်းအရပ်၊
            (၃) ဒေသ=ဘုရားဖြစ်ရာ အရပ်ဒေသ၊
            (၄) ကုလ=ဘုရားဖြစ်ရာ အမျိုးအနွယ်၊
            (၅) မတုအာယုပရိစ္ဆေဒ=ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်မည့်သူ၏ သက်တမ်းအပိုင်းအခြား
ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှု့တော်မူလေသည်။
၇။ ယင်းသို့ ကြည့်ရှု့တော်မူပြီးနတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ်  ၆၇-ခု၊ ဝါဆိုလပြည့် ကြာသာပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာဒေဝီမိဖုရားကြီး မယ်တော်မာယာဝမ်း၌ ပဋိသန္ဓေ တည်နေလေသည်။
၈။ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် သောကြာနေ့ဝယ် ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှူးသန့်စင် ဖွားမြင်တော်မူလေသည်။
၉။ ဘုရားအလောင်းတော်သည် ၁၆-နှစ်အရွယ် ရောက်သောအခါ ယသော်ဓရာ မင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။
၁၀။ ၂၉-နှစ်အရွယ် ရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။
၁၁။ ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသောဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် ၆-နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။
၁၂။ ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံ ဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူလေသည်။
၁၃။ သုဒ္ဓိယငစင် မြက်ထမ်းသမား(မြက်ရိတ်လုလင်)သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအလောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။
၁၄။ ဘုရားအလောင်းတော်သည် သုဒ္ဓိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သောအခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။ (ထိုမြက်တို့သည် မြက်ရိပ်အသွင်သဏ္ဌန်ဖြင့် မတည်ကြကုန်)။
၁၅။ ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူစဉ် နေမဝင်မီ ဒေဝပုတ္တမာရ် (မာရ်နတ်ရန်)ကို အောင်မြင်တော်မူ၍ ညဥ့်ဦးယာမ်၌ ရှေးက နေခဲ့(ဖြစ်ခဲ့)ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့တက်သိတက်သော ``ပုဗ္ဗေနိဝါသာနုဿတိဉာဏ်``ကို ရတော်မူလေသည်။ သန်းခေါင်ယံ၌ နတ်တို့၏ မျက်စိနှင့်တူသော စုတေခါနီးသော သတ္တဝါ စသည်တို့ကို မြင်တက်သော ``ဒိဗ္ဗစက္ခုဉာဏ်`` ကို ရတော်မူလေသည်။
မိုးသောက်ယံ၌ အာသဝေါတရား လေးပါးတို့၏ ကုန်ခြင်းကို ပြုတက်သော ``အသဝက္ခယဉာဏ်``ကို ရတော်မူ၍ သက်တော်(၃၅)နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၂-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံအချိန်ဝယ် လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညူဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
၁၆။ သုံးလူ့သခင် သဗ္ဗညူဘုရားရှင်သည် ၄၅-ဝါ ကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား ဓမ္မစကြာ စသည့်တရားတို့ကို ဟောပြတော်မူကာ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ အကျိုးစီးပွားကို  ဆောင်ရွက်တော်မူခဲ့လေသည်။
၁၇။  ၄၅-ဝါ ကာပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညူဘုရားရှင်သည် သက်တော် (၈၀)အရွယ် ရောက်သောအခါ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် စံဝင်တော်မူလေသည်။

ဤကား မဟာဗုဒ္ဓဝင် ၏ အကျဉ်းချုပ်မျှသာ ဖြစ်ပါသည်။ ယခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့သည် ၊  အင်္ဂါနေ့ဖြစ်သည့် အတွက် ကျွန်တော်တို့၏ ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူသော အင်္ဂါနေ့နှင့် တိုက်ဆိုင်သော နေ့ဖြစ်လေသည်။ ဒီနေ့ ဒီရက်တွင် မြန်မာ ဗုဒ္ဓဘာသာ ဝင်အားလုံးတို့သည် မဟာဗောဓိညောင်ပင်ရင်း၌ ညောင်ရေသွန်းပွဲတော်များကို ပျော်ပျော်ပါးပါး ကျင်းပကြခြင်း၊ ဘုရားကျောင်းကန် များသို့ သွားရောက်၍ ဘုရားလှည့်လည် ဖူးမြော်ကြခြင်းများ ပြုလုပ်ကြပြီး ကုသိုလ်ယူ ဆင်နွှဲခဲ့ကြကြောင်း ရေးသား ဖော်ပြလိုက်ရပေသည်။
မှတ်ချက်။  ။ဗုဒ္ဓဝင်အကျဉ်းချုပ်ကို ဗုဒ္ဓဘာသာကောင်းတစ်ယောက်အကြောင်း စာအုပ်မှ  ရေးသားဖော်ပြခြင်း ဖြစ်သည်။
သိကောင်းစရာလေးတွေမို့ ကူးယူဖော်ပြထားပါတယ်။။။(မင်းလှသားလေး)

ဘုန်းကြီးလိုသောမိတ်ဆွေတို့အတွက်

 တရားနာရင်ပေါ့ရတဲ့ဗဟုသုတ ကိုပြန်လည် မျှဝေပေးလိုသောကြောင့်ရေးသားခဲ့ပါတယ်....
တစ်နေ့ကိုပေါ့အောက်တွင်ဖော်ပြထားသောနည်းအတိုင်းပုတီးစိပ်ပါက ဘုန်းကြီးကြောင်းနှင့်
အပါယ်တံခါးပိတ်ကြောင်း ဗန်းမော်ဆရာတော်ကြီးကဟောကြားဆုံးမခဲ့ပါတယ်...
မနက်(၁၀)ခေါက်၊နေ့လည်(၁၀)ခေါက်၊ည(၁၀)ခေါက်ပုတီးစိပ်ပါ......လမ်းသွားရင်မေတ္တာသုတ်
ရွတ်ဖတ်ခြင်း(သို့)သတ္တဝါတွေကျန်းမာပါစေ ...ချမ်းသာပါစေ စသည်ဖြင့်မေတ္တာပို့ပေးပါ....
စိတ်ဓါတ်စင်ကြယ်အောင် ဘုရားဂုဏ်တော်ပွားပါ.....
 အရဟံ -တစ်ပတ်     
သမ္မာသမ္ဗုဒ္ဓေါ - တစ်ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော - တစ်ပတ်
သုဂတော - တစ်ပတ်
 လောကဝိဒူ - တစ်ပတ်
အနုတ္တရော-တစ်ပတ်     
 ပုရိသ ဓမ္မသာရတ္ထိ - တစ်ပတ်
သတ္ထာဒေဝ မနုဿာနံ - တစ်ပတ်
ဗုဒ္ဓေါ - တစ်ပတ်
 ဘဂဝါ - တစ်ပတ်
      လက်တွေ့ကျင့်သုံကြည့်ပါ အကျိုးထူးတွေခံစားရပါလိမ့်မယ်...တရာတော်လဲနာကြားနိုင်အောင်
ညွှန်ပြပေးခဲ့ပါတယ်(http://www.dhammadownload.com/Bamaw-Sayadaw-Dr-Bhaddanta-Kumarabhivamsa-Video.htm)မှ
21-3-2010 အပ္ပါယ်တံခါးပိတ် တရားတော် - ဗန်းမော်ဆရာတော်ကြီး ယခုလင့်နာကြားကာကြည့်ကာပွါးများနိုင်ပါ.....
သူတော်ကောင်းအားလုံး အေးချမ်းသောဓမ္မတရားတော်ဖြင့် ပျော်မွေ့နိုင်ပါစေ။(မင်းလှသားလေး)

အမေမပေါ်တဲ့သား


အမေရှိ၍အမေမှန်းမသိတတ်တဲ့သား(သို့)သမီးကိုလေ အမေမပေါ်တဲ့သားလို့ခေါ်ပါတယ်။
ကျွန်တော်ဒီနေ့ဝတ္ထုတစ်ပုဒ်ကိုအခြေခံပြီးရေးသားချင်စိတ်ပေါ် လာတာတယ်…ကျောင်းပိတ်
တာရယ်နဲ့တိုးလို့ မိမိရဲ့သိသမျှ ပြန်လည်ဝေငှဖြစ်ခဲ့ပါတယ်။စာရေးသူလဲ ရွာသားဆိုတော့
ရွာကိုအခြေံရေးဖြစ်ခဲ့ပါတယ်။။။မြစ်ကမ်းဘေးကရွာမှာ အမေမြင့်နဲ့သား(၃)ယောက်ရှိပါတယ်။
သားကြီးနဲ့အလတ်ကတော့ မြို့မှာ ချမ်းသာဆုံးစာရင်းဝင်တွေပေါ့ဗျာ…အငယ်ဆုံးသားကတော့
အမေအိုနဲ့အတူနေ့ပြီးမိဘကျေးဇူးဆပ်နေပါတယ်။။အမေခဗျာ သူများမိသားစုတွေအဝေးကလာရင်
သူလဲသူသားတွေမျှော်ခဲ့ရပါတယ်…မိသားစုထမင်းဝိုင်းလေးလုပ်ချင်တယ်ဆိုတဲ့အကြောင်း သားငယ်
ကိုဖွင့်ဟခဲ့တော့ အကိုတွေရှိရားသွားပြီး အမေက ဝါကျွတ်မှာမိသားစုဆုံလင်ကြောင်းပြောတော့
မအားဘူးတဲ့ အလုပ်တွေမအားဘူး၊ငွေမျောလို့ငွေနဲ့လိုက်နေရကြောင်း  ပြောတော့ အငယ်ဆုံး
ညီက အမေမပေါ်တဲ့သားတွေပြောတော့အငယ်ကိုထိုးကြိတ်တဲ့ ပြီးတော့ အမေအတွက်ငွေပေးတယ်
အမေက ငွေမလိုဘူး။ မေတ္တာဆန်ရေ လိုကြောင်း အကျိုးအကြောင်း ရှင်းပြခဲ့ပြီးပြန်သွားတယ်လေ…
အမေအိုခဗျာလေ သားတွေမြေးတွေနဲ့တွေ့ချင်စိတ်ကြောင့် သားတော်မောင်တွေရှိရာ သွားခဲ့ပါတယ်
သားနဲ့တော့အဆင်ပြေတာပေါ့ သားအမိဆိုတော့  ချွေးမတော်နဲ့မသင့်မြတ်ဘူးလေ အမေ ကဆေးလိပ်
သောက်တော့သူ့ခလေးတွေ ရောဂါရကြောင်း ၊ဧည့်ကောင်းသောင်ကောင်းတွေလာရင် မမြင့်မသင့်ကြောင်အမေအိုကတော့ တောသူပီပီလေ  ပြောင်းဖူးဖက်လိပ်နဲ့ ပြာချွေဖို့ကတော့
 ငွေမကုန်တဲ့ အိုးမှုတ်ခွက်(အုန်းသီးခွံ) နဲ့ပေါ့။။။။ဒီလိုနဲ့သားလတ်အိမ်ပြောင်း ဒီလိုဘဲပေါ့ စိတ်မချမ်းသာဘဲ နေရပြန်တော့နောက်ဆုံးသားငယ်လေးက ပြန်ခေါ်တယ်လေအမေကတော့
အကိုတွေမကောင်းတာမပြောပါဘူး။သားတွေချမ်းသာတာမြင်ချင်လို့လာတာပါ ဘာမှမမျှော်လင့် ခဲ့ပါဘူး ဆိုပြီးရွာပြန် ရိပ်သာမှ ယောဂီဝတ်ပြီး ဘဝရဲ့ငြိမ်းချမ်းမှုကိုရှာခဲ့တယ်လေ …..ကျွန်တော်လဲ သတိရခဲ့ပါတယ် ဆရာတော်ဘုရားများဟောတဲ့အမေအိုရဲ့ဓမ္မအောင်လံ၊အဖေ့နေရာ တရားတော်တို့နားကြားထားတော့ ပြေးပြီးမှတ်မိစေခဲ့ပါတယ်။
   သားငယ်လေးကတော့ အမေအတွက်ငါးတွေ ရှာချက်ပြီး ရိပ်သာလာပို့တော့သားအမှန်ပြောပါ
ဆိုတော့ သားကလဲအမှန်ပြောတယ်လေ အမေကို ငါးလတ်လတ်ဆတ်ဆတ် စားစေလို၍
မိမိကိုယ်တိုင်ငါးသွားရှာကြောင်း ပြောတော့ အမေကခွေးကျွေးစေခဲ့တယ်။
သားရယ် အာရုံ(၅)ပါးကြောင့် လောကမှာကျင်လည်တာတွေများခဲ့ပြီလေ (သား၊သမီး၊မြေး
မြစ်သံယောဇဉ်ကြောင့်လဲ သံသရာမှဘဝတွေများစွာကျင်လည်ခဲ့ရပြီးဖြစ်လို့ အမေအတွက်
ဘာမှမလိုကြောင်းပြောခဲ့ပါတယ်….အမေအိုကို သားငယ်ကတော့ ရိပ်သာကိုလာ ဝေယျာဝစ္စ
လုပ်ပေးကာနေပြီးကုသိုလ်တွေယူခဲ့ပါတယ်။။။။
ရွာကဆရာတော်မြို့ကြွတော့ အမေအိုရဲ့သားတွေအိမ်မှာ သီတင်းသုံကာ သူတို့အား မိဘကျေးဇူး
ဆပ်နည်းတွေမေးတော့လေ အမေရဲ့နားရေးစည်ကားအောင်လုပ်မယ်..အုတ်ဂူ လှလှလေးလုပ်မယ်..
စသည့်ဖြင့်ပေါ့ …ဆရာတော်ကတော့ (သဒ္ဒါ၊သီလ၊စာဂ၊ပညာ)စည်ဖြင့် မိဘကျေးဇူးဆပ်နည်းတွေ
ဟောကြားတော့ သားတွေခဗျာ သဘောပေါက်ပြီးရွာအပြန် အမေရဲ့ဈာပနနဲ့တိုးနေလေတော့
သားတွေခဗျာငိုတာပေါ့။။။(မိဘကို မသေခင်လုပ်ကျွေးပါ သေမှမငိုနဲ့(မင်းကွန်းဆရာတော်)ရဲ့ဆိုမိန့်လေးပါ
ဘေးက ရပ်ဆွေရပ်မျိုးတွေ ကတော့အပြစ်တွေပြောကြတာပေါ့။။။သားငယ်လေးကတော့ပြောခဲ့ပါတယ်
မြင့်မိုရ်တောင်ပြိုလို့မိမယ်ဆိုရင်လေ မိဘကျေးဖူးဆပ်တဲ့ကျနော် မပိပါစေနဲ့ ….ပြောကြားကာ
မေမေရဲ့ဈာပနကို  ပတ်မတီးကာကခုန်ပြီး ပို့ဆောင်ခဲ့ပါတယ်……(မိဘကျေးဖူးကိုဆပ်ခွင့်ရတဲ့
သားဆိုပြီး ပျော်ရွှင်နေခဲ့ပါတယ်….။
    ဤစာစောင်ထဲကသား(၂)ကဲ့သို့မနေဘဲ အငယ်ဆုံး သားကဲ့သို့မချမ်းသာသော်လဲ မိမတတ်
စွမ်းသ၍ ပြုစုလုပ်ကျွေနည်းကိုအတုယူးစေလိုကြောင်း၊ရှေးရှေး သူတော်ကောင်းတို့ရဲ့ မိဘကျေးဇူးဆပ်နည်း
တွေကိုအတုယူကာ သားလိမ္မာ(သို့)သမီးလိမ္မာ ဘွဲ့ခံယူစေလိုပါတယ်…..မကောင်းတာတွေကိုပယ်ပြီး
ကောင်းတာတွေကို အတုယူစေချင်ပါတယ်ခဗျာ။။။။။။(မိဘကျေးဇူးဆပ်တယ်ဆိုတာ အပြင်ပရွေငွေတွေနဲ့ဆပ်တာမဟုတ်ဘူး မြတ်ဓမ္မဖြင့်ကျေးဖူးဆပ်မှ တကယ့်ကျေးဇူးဆပ်ရာရောက်နိုင်ပါတယ်)

စာကိုး။။   ။။စာရေးဆရာနန္ဒစိုး(ဆင်ဖြူကျွန်း)ရဲ့မြင့်မိုရ်ပြို၍မိသူများ
မိဘကျေးဇူးကိုဆပ်နိုင်သော သားဈသမီးကောင်းတွေဖြစ်နိုင်ကြပါစေ။
အမှားရှိကခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။(မင်းလှသားလေး)


နှလုံးသားမှာဘုရားတည်ကြစို့။


ဘုရား ရှိခိုးခြင်း။
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
သရဏဂုံ ဆောက်တည်ခြင်း။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
ဘုရားဂုဏ်တော်။
ဣတိပိသော ဘဂ၀ါ အရဟံ၊
သမ္မာသမ္ဗုဒ္ဓေါ၊
ဝိဇ္ဇာစရဏသမ္ပန္နော၊
သုဂတော လောက၀ိဒူ၊
အနုတ္တရော ပုရိသ ဒမ္မသာရထိ၊
သတ္ထာဒေ၀မနုဿာနံ၊
ဗုဒ္ဓေါ ဘဂ၀ါ။
တရားဂုဏ်တော်။
သွက္ခာတော ဘဂ၀တာ ဓမ္မော၊
သန္ဒိဋ္ဌိကော အကာလိကော
ဧဟိပဿိကော သြပနေယျိကော
ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟီ။
သံဃာ့ဂုဏ်တော်။
သုပ္ပဋိပန္နော ဘဂ၀ါတော သာဝက သံဃော၊
ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊
ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝသံ သံဃော၊
သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ၊
အဋ္ဌ ပုရိသပုဂ္ဂလာ၊
ဧသ ဘဂ၀တော သာဝကသံဃော၊
အာဟုနေယျော ပါဟုနေယျော၊
ဒက္ခိဏေယျော အဉ္စလိကရဏီယော၊
အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ။
  တိပိဋကဓရ၊တိပိဋကကောဝိဒ(ယော)ဆရာတော်ဘုရားကြီး၏သြဝါဒကို အရှင်ဇောတိပါလမှ
လက်တွေ့ကျင့်သုံးနိုင်ဖို့ပြန်လည်ဝေငှခဲ့ပါတယ်။။။။။။(မင်းလှသားလေး)

ကြောက်လန့်ဖွယ်ရာ ဒု-သ-န-သော အကြောင်း


အရပ်စကားတစ်ခုရှိပါတယ်။ကာမပိုင်ယောင်္ကျားရှိတဲ့ အမျိုးသမီးကို ကိုယ်ထိကာယ လွန်ကျူးမိလျှင် ဒု-သ-န-သော
ထိုက်လိမ့်မယ်ဆိုတဲ့စကားရပ်လေးတစ်ခုပါ။ထိုဒု-သ-န-သော ဆိုတဲ့ စကားလုံးလေးခုဖြစ်ပေါ်လာပုံဟ
ဒီလိုပါ။တကယ်တော့(ဒု၊သ၊န၊သော)ဆိုတဲ့စကားလုံးလေးခုဟာ သူဌေးသားလေးဦးရဲ့လူဘဝရနေခိုက်
ငွေကြေးချမ်းသာမှု အရှိန်အဝါကို မကောင်းတဲ့အကုသိုလ်နေရာမှာ အသုံးချပြီး သေလွန်တဲ့အခါ လောဟကုမ္ဘီငရဲကျရောက်ပြီး ဆင်းရဲဒုက္ခမျိုးစုံခံစားရင်း ပင်ပန်းကြီးစွာ အော်ဟစ်မြည်တမ်းလိုက်တဲ့အသံများဖြစ်ပါတယ်။ဒီ ဒု-သ-န-သော ဖြစ်ပေါ်လာပုံအတိတ်အကြောင်းကို ပြန်ကြည့်ရင် အင်မတန်မှ ကြောက်စရာကောင်း၊အင်မတန်မှ ထိတ်လန့်ဖွယ်ရာဖြစ်ပြီး သံဝေဂယူစရာဖြစ်ပါတယ်။ဒီအကြောင်းကို ကောသလမင်းကြီးအားအကြောင်းပြုပြီး မြတ်စွာဘုရားရှင်က ဟောကြားတော်မူခြင်းဖြစ်ပါတယ်။

သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းသည် တစ်ခုသော ပွဲသဘင်နေ့၌ ပုဏ္ဍရိကအမည်ရှိတဲ့ ဆင်ဖြူတော်ကိုစီးပြီး နေပြည်တော်ကို လှည့်လည်ပါတယ်။အဲဒီအခါမှာ အိမ်တစ်အိမ်၏ ပြတင်းပေါက်မှနေ၍ မိမိအားလှမ်းမျှော်ကြည့်ရှုနေသော မိန်းမတစ်ယောက်ကို မြင်လျှင် အလွန်တက်မက်တဲ့ စိတ်ဖြစ်လာတဲ့အတွက် မြို့တော်ကိုဆက်လက်လှည့်လည်ခြင်း မပြုနိုင်တော့ဘဲ နန်းတော်သို့ ပြန်လာခဲ့ရပါတယ်။

နန်းတော်သို့ရောက်တဲ့အခါ ယုံကြည်စိတ်ချရတဲ့ မင်းလုလင် တစ်ယောက်ကိုခေါ်၍ ထိုမိန်းမသည် ကာမပိုင်လင်ရှိသူဖြစ်သလော၊မရှိသူဖြစ်သလောဟူသော အကြောင်းကိုစုံစမ်းရန် စေလွှတ်လိုက်ပါတယ်။မင်းလုလင်၏ စုံစမ်းချက်အရ ကာမပိုင် လင်ရှိသူဖြစ်ကြောင်း သိရှိရလျှင် ထိုမိန်းမ၏ ယောင်္ကျားကိုခေါ်စေပြီး မိမိအနီး၌ အမြဲခစားရန် မင်းလုလင်အဖြစ်တာဝန်ပေးခဲ့ပါတယ်။

ဒါပေမယ့် မင်းလုလင်ဟာ မင်းမှူထမ်း လုပ်ရမှာကို စိတ်မပါသော်လည်း ဘုရင်ရဲ့ အမိန့်ကို မငြင်းပယ်ဝံ့တာကြောင့် တထိတ်ထိတ် တလန့်လန့်နဲ့ နန်းတော်တွင်း၌ ခစားနေရတာပါ။ကောသလမင်းကြီး၏ အကြံကိုလည်း တစ်စွန်းတစ်စ ရိပ်မိနေတာကြောင့် တာဝန်ဝတ္တရား ပျက်ကွက်ခြင်း မရှိစေရန် အထူးဂရုစိုက်ပြီး ဆောင်ရွတ်ပေးပါတယ်။

ကောသလမင်းကြီးသည် တစ်လ နှစ်လခန့်ကြာသည့်တိုင်အောင် ထိုမင်းလုလင်အပေါ်၌ အပြစ်ရှာလို့မရတဲ့နောက်ဆုံး ထိုမင်းလုလင်ကိုခေါ်ကာ နေပြည်တော်ကနေ တစ်ယူဇနာလောက်ဝေးတဲ့ ရေအိုင်သို့သွားစေ၍ အရုဏဝတီမည်တဲ့ မြေနီမှုန့်နှင့် ကုမုဒြာ ကြာပန်းတို့ကို ယူဆောင်ရန်စေခိုင်းလိုက်ပါတယ်။ညနေ မိမိ ရေးချိုးရန်အမီ ပြန်ရောက်မလာပါက အပြစ်ဒဏ်ပေးမည်ဟူ၍လည်းမိန့်ကြားလိုက်ပါတယ်။

ထိုမင်းလုလင်လည်း ဘုရင်၏ အမိန့်ကို ကြားတဲ့အခါ အလွန်ထိတ်လန့်တဲ့အတွက် အိမ်ကိုချက်ချင်းပြန်ပြီး ထမင်းထုပ်ကိုယူကာ အပူတပြင်းထွက်ခွာသွားပါတယ်။ရေအိုင်သို့ရောက်လျှင် ခဏတာ အနားယူပြီး အရုဏဝတီမြေမှုန့်နှင့် ကုမုဒြာကြာပန်းတို့ကို ယူဆောင်ကာ နေပြည်တော်သို့ပြန်ခဲ့ပါတယ်။မြို့တံခါးဝရောက်တော့ နေမဝင်သေးသော်လည်း တံခါးပိတ်ထားပြီး ဖြစ်သည်ကိုတွေ့တော့ မင်းကြီး၏ အထူးတမန်တော်ဖြစ်၍ တံခါးဖွင့်ပေးရန်တောင်းဆိုသော်လည်း မင်းကြီးက မည်သူမျှ ဖွင့်မပေးရန် အမိန့်ထုတ်ထားကြောင်း တံခါးမှူးက ပြန်ပြောပါတယ်။

ထိုမင်းလုလင်ဟာ မိမိအချိန်မီ ပြန်၍ရောက်လာကြောင်းကို တံခါးမှူးကိုသက်သေထား၍ မြေမှုန့်နှင့်ကြာပန်းတို့ကို ထားခဲ့ပြီး မြို့ပြင်ရှိကျောင်းတစ်ကျောင်းမှာသွားအိပ်ပါတယ်။မင်းပြစ်မင်းဒဏ်သင့်၍ ချစ်လှစွာသောဇနီးနှင့်ကွဲကွာရတော့မည်အဖြစ်ကိုလည်း တွေးပြီး ပူပန်နေတာကြောင့်ကောင်းစွာမအိပ်နိုင်ပဲဖြစ်နေပါတယ်။ကောသမင်းကြီးကတော့ နောက်တစ်နေ့မှာ မင်းလုလင်ကိုသတ်ပြီး သူမိန်းမကို အပိုင်သိမ်းယူရမယ့်အဖြစ်ကိုတွေးပြီး အိပ်မပျော်ပဲဖြစ်နေပြန်ပါတယ်။

ညသန်းခေါင်းချိန်ရောက်တော့ နန်းတော်၏ အပြင်မှ ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုကိုထူးဆန်းစွာပေါ်ထွက်လာတာကိုကြားရတော့ ထိတ်လန့်တုန်လှုပ်သွားပါတယ်။အဲဒီတစ်ညလုံးလည်း အိပ်မပျော်နိုင်ရှာတော့ပဲ နံနက်မိုးလင်းလျင် လင်းချင်း ပုရောဟိတ်ပုဏ္ဏားကိုခေါ်၍ အကြောင်းစုံကိုပြောပြပါတယ်။ပုရောဟိတ်ပုဏ္ဏားကြီးက မင်းကြီးကြားလိုက်တဲ့အသံတို့ကို ကောင်းစွာ အနက်အဓိပ္ပါယ်ကိုဖော်နိုင်စွမ်းမရှိပါဘူး။ဒါပေမယ့်အထင်သေးမည်ဆိုတာကြောင့် ရမ်းသမ်းပြီး အဓိပ္ပါယ်ပြန်လိုက်ပါတယ်။ဘယ်လိုပြန်လိုက်သလဲလို့ဆိုတော့ အရှင်မင်းကြီးကြားလိုက်တဲ့ အသံက အရမ်းကိုကြောက်စရာကောင်းလှကြောင်း၊အသက်အန္တရာယ်ပင်ထိခိုက်နိုင်ကြောင်းဖြစ်ပါတယ်လို့ လျှောက်ထားပါတယ်။အဲဒီတော့မင်းကြီးလည်း အလွန်ကြောက်လန့်တာကြောင့် အဲဒီအန္တရာယ်ကို တားဆီးနိုင်မည့် ယတြာကိုအမြန်စီစဉ်ခိုင်းပါတယ်။

ပုရောဟိတ်ပုဏ္ဏားကြီးက မင်းကြီး၏ အမိန့်ဖြင့် သတ္တဝါတို့ကိုသတ်၍ (သဗ္ဗသတ)မည်သောယဇ်ပူဇော်မှုကိုပြုလုပ်ရန် ဆင်၊မြင်း၊ကျွဲ၊နွား၊အစရှိသော တိရိစ္ဆာန် အမျိုးမျိုးနှင့် သတို့သား သတို့သမီးများကို တစ်မျိုးလျှင် တစ်ရာစီ ရရှိအောင် ဖမ်းဆီးစေပါတယ်။သားသမီး ဆွေမျိုးများဖမ်းဆီးခြင်းခံရသော မြို့သူမြို့သားများလည်း ဟစ်အော်ငိုကြွေးကြ၊တစ်ချို့လည်းတောထဲသို့ပြေးပုန်းကြနဲ့ သာဝတ္ထိမြို့ကြီးမှာ ကမ္ဘာပျက်သည့်အလားဖြစ်နေပါတော့တယ်။

ထိုအဖြစ်ပျက်တွေကို မလ္လိကာမိဖုရားကြီးကြားတော့ ကောသလမင်းကြီးကို ပုဏ္ဏားရဲ့ စကားကိုမယုံကြည်သင့်ကြောင်း၊မြတ်စွာဘုရားရှင်ကိုသာ အကြောင်းအကျိုးသိအောင်လျှောက်ထားမေးမြန်းသင့်ကြောင်း လျှောက်ထားပါတယ်။ကောသလမင်းကြီးလည်း မလ္လိကာမိဖုရားကြီးကိုခေါ်ကာ မြတ်စွာဘုရားသီတင်းသုံးတော်မူတဲ့ ဇေတဝန်ကျောင်းသို့သွားပြီး အကြောင်းစုံကိုမြတ်စွာဘုရားအားလျှောက်ထားပါတယ်။ဒီအခါမှာ မြတ်စွာဘုရားရှင်က ဒကာတော်မင်းကြီး မကြောက်ပါလင့်၊ဘာအန္တရာယ်မှမရှိပါဟုမိန့်ကြားပြီး ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုအကြောင်းကို အနက်အဓိပ္ပါယ်ပေါ်လွင်အောင်ဟောတော်မူပါတယ်။

ထို ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုမှာ လောဟကုမ္ဘီငရဲ၌ကျခံနေရတဲ့ ငရဲသားလေးဦးတို့က အသီးသီး အော်ဟစ်လိုက်သည့်အသံများဖြစ်ကြောင်း၊ထိုငရဲသားလေးဦးမှာ ရှေးဘဝက သူဌေးများဖြစ်ကြကြောင်း၊မိမိတို့ပိုင်ဆိုင်တဲ့ ငွေများကို အကျိုးရှိအောင်အသုံးမချဘဲ ကာမပိုင်ယောင်္ကျားရှိတဲ့မိန်းမ၊ကာမပိုင်ယောင်္ကျားမရှိတဲ့ မိန်းမ စတဲ့ မိန်းမများကိုငွေဖြင့်ဖြားယောင်းပြီး သောက်စားမူးရစ် ပြီး မှားယွင်းစွာ ဖောက်ပြန်ခဲ့ကြကြောင်း၊ထိုမကောင်းမှုများကြောင့် သေလွန်သည့်အခါ လောဟကုမ္ဘီငရဲသို့ကျရောက်ပြီး ဆင်းရဲဒုက္ခများခံစားရ၍ နောင်တ ..တရားရရှိကြောင်းထုတ်ဖော်ပြောကြားတဲ့စကားသာဖြစ်ကြောင်း၊သူတို့ပြောလိုတဲ့ စကားကို အပြည့်အဝဆုံးအောင်မပြောနိုင်ရှာပဲ အစ တစ်လုံးစီသာပြောဆိုနိုင်ပြီး အောက်သို့ပြန်ပြီးနစ်မြုပ်သွားကြကြောင်း၊

ငရဲသားလေးဦးတို့အနက် ပထမဆုံးတစ်ဦးမှာ "ဒုဇ္ဇီဝိတ မဇီဝိမှ" သူဌေးသားဘဝက မကောင်းသော အသက်မွေးမှုပြုခဲ့မိခြင်းကို ပြန်လည်ပြောဆိုလိုသော်လည်း ရှေ့ဆုံး(ဒု)ဆိုတဲ့စကားတစ်လုံးကိုသာပြောနိုင်ပြီး အောက်သို့ပြန်လည်နစ်မြုပ်သွားကြောင်း၊ဒုတိယငရဲသားက "သဋ္ဌိဝဿသဟဿနိ" နှစ်ပေါင်းခြောက်သောင်းတိုင်အောင် ငရဲ၌ ကျခံရပုံကို ညည်းညူပြောဆိုခြင်းသာဖြစ်ကြောင်း ထိုသို့ပြောဆိုသော်လည်း စကားဆုံးအောင်မပြောနိုင်ပဲ(သ)တစ်လုံးထဲသာပြောဆိုပြီး အောက်သို့နစ်မြုပ်သွားကြောင်း၊တတိယ ငရဲသားက "နတ္ထအန္တော ကုတောအန္တော" ငရဲဒုက္ခ၏ အဆုံးအဆ မထင်ပုံကိုညည်းညူလိုသော်လည်း(န)တစ်လုံးသာညည်းညူနိုင်ခြင်းသာဖြစ်ကြောင်း၊ စတုတ္ထငရဲသားအနေနဲ့ ကျွန်န်ုပ်သည် နောင်ဘဝတွင် ကောင်းသော အလုပ်ကိုသာအားထုတ်မည်ဟူသော အဓိပ္ပါယ်ဖြင့် သောဟံနူန ဣတော ဂန္တွာ စသော ဂါထာကို ရွတ်ဆိုလျက်(သော)ဟူသော အစ တစ်လုံးသာပြောဆိုနိုင်ပြီး အဆုံသတ်သွားကြောင်းဟောတော်မူပါတယ်။

မြတ်စွာဘုရားရဲ့ (ဒု၊သ၊န၊သော) ဟူသော အဓိပ္ပါယ်ကိုနားကြားပြီးတဲ့အခါမှာတော့ ကောသလမင်းကြီး အင်မတန်ကြောက်လန့်တုန်လှုပ်သွားပြီး နောက်နောင် သူတစ်ပါး မယားများအား ပြစ်မှားခြင်းမှ လုံးဝ ရှောင်ကြဉ်ပါတော့မည်ဟုဆုံဖြတ်ချက်ချမှတ်ပြီး ၊ထိုအခိုက်တန့်မှာပင် ကြာပန်းသွားယူသော မင်းလုလင်လည်း မြတ်စွာဘုရားရှင်ထံကိုရောက်လာတော့ ကာယကံရှင်များ စုံညီနေချိန်တွင် မြတ်စွာဘုရားရှင်က ထပ်မံပြီး
"အိပ်မပျော်ဘဲ နိုးကြားနေသူအား ညတာသည်ရှည်၏"
"ခရီးပန်းသူအား တစ်ယူဇနာခရီးသည် ရှည်လျား၏"
"တရားကိုမသိသော လူမိုက်တို့အား သံသရာသည် ရှည်ကြာလှပေ၏" ဟူသော တရားဒေသနာတော်ကိုဟောကြားတော်မူပါတယ်။တရားအဆုံးမှာ မင်းလုလင်သည် သောတာပန်အဖြစ်သို့ရောက်ရုံမျှမက မင်းပြစ်မင်းဒဏ်မှလည်းကင်းလွတ်သွားပါတယ်။ကောသလမင်းကြီးလည်းယဇ်ပူဇော်ရန်ဖမ်းဆီးထားသော သတ္တဝါအားလုံးကိုချက်ချင်းလွှတ်ပေးရန် အမိန့်ပေးလိုက်ပါတယ်။အသက်ဘေးမှ လွတ်ကင်းသွားတဲ့ သူများလည်း မလ္လိကာမိဖုရားကြီးကို ကျေးဇူးတင်၍ မဆုံးနိုင်အောင်ရှိနေပါတော့တယ်။

ဒီဒေသနာတော်အရ (ဒု၊သ၊န၊သော)ဆိုတဲ့ အပြစ်သည် အင်မတန်ပင်ကြောက်မက်ဖွယ်ရာ၊သံဝေဂယူဖွယ်ရာပင်ဖြစ်ပါတယ်။အားလုံးသော သူများလည်း သူဌေးသားလေးဦးရဲ့ အဖြစ်ဆိုးနဲ့ မကြုံအောင် ကိုယ်ကျင့်သီလကိုစောင့်ထိန်းကြပါလို့ အသိပေးနှိုးဆော်လိုက်ရပါသည်
အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)။

မိမိသိသမျှပွဲကိုပြန်လည်မျှဝေပေးခဲ့ပါတယ်ခဗျ။။။(မင်းလှသားလေး)

မြတ်ဗုဒ္ဓ၏ ဥပါသကာ အစစ်


မြတ်စွာဘုရားရှင်က မိမိ၏ဘာသာတရားတော်ကို သက်ဝင်ယုံကြည်သော ဥပါသကာ အစစ်ဖြစ်ရေးအတွက် ဥပဒေသ(၅)ချက်ကို စံပြုသတ်မှတ်ထားပါသည်။
(၁) ယုံကြည်မူ သဒ္ဓါတရားရှိရမည်။
(၂) စောင့်ထိန်းမူ သီလရှိရမည်။
(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ။
(၄) ကံကိုသာ ယုံကြည်သူဖြစ်ရမည်။
(၅) သာသနာတော် ပြင်ပကိုးကွယ်မှုကိုမရှာမှီးရ ဟူ၍ဖြစ်ပါသည်။
အဓိပ္ပာယ်ကတော့-
(၁) ယုံကြည်မှု သဒ္ဓါတရားဆိုသည်မှာ ဗုဒ္ဓ၊ဓမ္မ၊သံဃတို့၌ အပြည့်အ၀ယုံကြည်သူကို ဆိုလိုပါသည်။
(၂) စောင့်ထိန်းမှုသီလဆိုသည်မှာ ဗုဒ္ဓဘာသာက သတ်မှတ်ထားသော ကိုယ်ကျင့်သီလကိုစောင့်ထိန်းသူဖြစ် ရပါမည်။
(၃)ကောတုဟလမင်္ဂလာဆိုသည်မှာ ရက်ရာဇာ၊ပြဿဒါး၊နေကြတ်၊လကြတ် စသောစိတ်ကူးယဉ်အတွေးတို့ ၌ယုံကြည်နေမှုကိုဆိုလိုပါသည်။
(၄) ကံကိုသာယုံကြည်ခြင်းဆိုသည်မှာ ဒသ၀တ္ထုက ကမ္မဿကတာသမ္မာဒိဋ္ဌိအမြင်နှင့် ပြည့်စုံရမည်။ မိမိ၏ကံနှင့်ကံ၏ အကျိုးဆက်ကိုသာ ယုံကြည်ရမည်။အခြားယုံကြည်မှုများကို မယုံကြည်ရဟုဆိုလိုသည်။
(၅) သာသနာတော်မှအပဖြစ်သော ကိုးကွယ်မှုများ၊ သာသနာပြင်ပမှ အလှူခံပုဂ္ဂိုလ်တို့ကို ရှာမှီး၍မဆည်း ကပ်ရပါ။ နတ်၊သိကြား၊ဗြဟ္မာ၊ဂြိုဟ်နတ်၊ထွက်ရပ်ပေါက်၊ဘိုးတော်၊မယ်တော်၊၀ိဇ္ဇာ စသောသာသနာ့ပြင်ပမှ ကိုးကွယ်မှုများကို ရှောင်ရှားရမည်ဟုဆိုလိုပါသည်။ ရေစကြိုအရှင်ဧသိက၏ထေရ၀ါဒဗုဒ္ဓဘာသာ
(ပြိုင်ပွဲပထမဆုရ)စာအုပ်မှပြန်လည်ကောက်နုက်ဖော်ပြလိုက် ခြင်းဖြစ်ပါသည်။(မင်းလှသားလေး)

မင်္ဂလာတရားတော်နှင့်အညီ

ဒီနေ့တော့ဘလော့ဂ်ဂါမိတ်ဆွေတွေကကျနော်ပျောက်နေလို့ မေးတာရယ်...ညီမတစ်ယောက်ရဲ့သင်္ကြန်
တွင်းဘာတွေလုပ်လဲဆိုတာရယ်....ဒါပေမယ့်ဒီနေ့တော့စာစောင်ရေးဖို့လဲစိတ်ကူးရလို့ပါ.....
အကြောင်းအရာကတော့ကျေးဇူးတင်ထိုက်သူတွေကိုကျေးဇူးတင်ခြင်းပါ....သင်္ကြန်အခါတွင်
တရားချီးမြှင့်ပေးပါသောဆရာတော်ဦးကောဝိဒသိရီ(သီတဂူစတား)နှင့်ဆရာတော်ဦးဇောတိပါလ
(လပြည့်ဝန်း)တို့အားတပည့်တော်တို့ ကျောင်းသားများကိုယ့်စားအထူးကျေးဇူးတင်ပါတယ်ဘုရားး။
လူဘဝကြီးပွားကြောင်း(၅)ပါး၊အထုံပါရမီ၊ဝိပသသနာအကြောင်းတွေ...စသည်ဖြင့်ပြောကြားပြသဆုံးမခဲ့
ပါတယ်.....။သင်္ကြန်တွင်းမှာပျော်ပွဲရွှင်ပွဲ၊ချက်ပြုတ်ရေး၊ဘုရားခန်းသန့်ရှင်းရေး နှင့်ရေသပ္ပါယ်စသည့်
မြန်မာတို့ရဲ့ထုံးတမ်းအစဉ်အလာအတိုင်းကျင်းပရာတွင် ပါဝင်ကူညီကြသော တစ်ပါတ်စဉ်တူသူငယ်ချင်းများ၊ညီလေးများ၊အကိုကြီးများးအားအထူးကျေးဇူးတင်ပါတယ်။။။။။
ကျနော်တို့ရဲ့ ဒါနကုသိုလ် ၊သီလကုသိုလ်ဘာဝနာကုသိုလ်တော်တွေကို အမျှ...အမျှ...အမျှ..ပေးဝေပါ၏..သာဓု..သာဓု..သာဓု  ခေါ်ဆိုနိုင်ပါစေ။



 ကိုယ်စိတ်နှဖြာကျန်းမာ၊ချမ်းသာကြပါစေ(မင်းလှသားလေး)


 
| |