သီတဂူအလှူတော်

မွေးနေ့အကြို မင်္ဂလာပွဲ (၁)

မဟာစည်းခုံကြီးစေတီတော်
ညစဉ် သီတဂူကမ္ဘာ့တက္ကသိုလ် သံဃာများ အနေကဇာတင် ပရိတ်ရွတ်ပွား
ပထမဘုံ ထီးတော်တင်လှူနေပုံ
သံဃာတော်များ ထီးတော်တင်လှူနေစဉ်
စေတီတော်ကြီး၏ အလယ်ပစ္စယံ ဌာပနာတိုက်အတွင်း၌ အနေကဇာတင်စဉ်
စေတီတော်ကြီး၏ ညရှုခင်း ကြည်ညိုသပ္ပါယ်ဖွယ်
အညာမြေကို နှုတ်ဆက်ခြင်း

ရန်ကုန်မှာ သင်တန်းတွေပြီးတော့ အိန္ဒိယကို ပြန်သွားဖို့ပြင်ဆင်ရသည်၊ အညာက ဆရာသမားနှင့် အမေအိုကြီးနှင့် မိသားစုတို့ကို နှုတ်ဆက်ရန် ပြန်ခဲ့ရသည်။ အညာမြေသည် နွေဦးပေါက် ခြောက်သွေ့ပြီး ဖုန်ထသော ရာသီဖြစ်သည်၊ နေ့ပူ ညချမ်း တပေါင်းလဆန်းဆိုတဲ့ အတိုင်း နေ့အခါ ပူပေမဲ့ ညအခါမှာတော့ အေးနေသေးသည်။ ရပ်ရွာမှာ တစ်ပတ်လောက် နေပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) သို့ ၀င်သည်။ ဆရာတော်ကြီး၏ မွေးနေ့ပွဲသို့ ရပ်ဝေး ရပ်နီးမှ ပရိသတ်များစွာလဲ တဖွဲဖွဲ ရောက်နေကြသည်။ မွေးနေ့ရက် နီးကပ်လာလေ ပရိသတ်များလာလေဖြစ်သည်။ မနေ့က ဆွမ်းစားရင်း တက္ကသိုလ်၏ စီမံဥက္ကဋ္ဌဆရာတော်ပြောတာ ကြားလိုက်သည်၊ ခေါင်းအုံးအသစ်တွေ အလုံး ၅၀၀ မှာယူထားတာတောင် မလောက်ဖြစ်နေသည်တဲ့။ နေရာလည်း သရက်ပင်အောက် နေရာရဖို့ပင် မလွယ်တဲ့။ စာရေးသူတို့လည်း သာမန်အချိန်ဆို နေရာကောင်းလေး ရနိုင်သည်၊ အခုတော့ ကိုယ့်ကျောင်းကိုယ့်ဟာဆိုတော့ သူငယ်ချင်းတွေ အကြား တိုးဝှေ့ အိပ်ရသည်။

ထူးခြားသည့် အစီအစဉ်တစ်ခု

သီတဂူဆရာတော်ကြီး၏ မွေးနေ့ပွဲ အမီ စေတီတော်ကြီး၏ ဌာပနာသွင်း ပူဇော်ခြင်းနှင့် ရွှေထီးတော်ကြီး တင်လှူပူဇော်ပွဲများကို ခမ်းခမ်းနားနား ပြုလုပ်နိုင်ရန် ကြိုတင်စီမံထားသော်လည်း အချိန်မမီနိုင်ဟု ယူဆထားသည်။ သို့သော် ဆရာတော်ကြီး၏ ဆန္ဒကြောင့် အင်တိုက်အားတိုက် တည်ဆောက်ရာ မဟာစည်းခုံစေတီတော်ကြီး ရွှေထီးတော် တင်လှူပွဲကြီးကား ခြိမ့်ခြိမ့်သဲပင်ဖြစ်ခဲ့သည်။

၁၅-၁၆- ရက်များတွင် ထိုစေတီတော်ကြီးကို သီတဂူဆရာတော်ကြီး ဦးဆောင်ကာ ပထမဘုံအဆင့် မှ န၀မ ဘုံအဆင့်အထိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သံဃာတော်များနှင့် ဌာနဆိုင်ရာများက သီတဂူ အဏ္ဏ၀ါနတ်ပန်းရထားဖြင့် တင်လှူပူဇော်ကြသည်၊ နာမည်ကျော် စစ်ကိုင်းမိုးဇာဗျောအဖွဲ့ကလည်း မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုပူဇော်သည်။ သံဃာတော်များ၏ နေ့စဉ် ရွတ်ပွားပူဇော်အပ်သော ပရိတ်တော်သည်လည်း ဘ၀ဂ်ညံလျက်ရှိသည်။ ရပ်ကွက်ထဲရှိ အမျိုးသမီး ၀တ်အသင်းများကလည်း ပူဇော်ကြသည်။ ၁၇-ရက်နေ့တွင် ရန်ကုန်သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းသားများက ကျန်ရှိနေသေးသော ထီးတော်များကို တင်လှူပူဇော်ကြသည်။ နောက်ဆုံးရက်တွင် စိန်ဖူးတော်နှင့် ငှက်မျက်နှားတော်တို့ကို တင်လှူ ပူဇော်သည်။ 

မန္တလေးသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွှန့်ညွှန့်အေး ကပ်လှူသော ကောက်ညှင်းဆွမ်းနှင့် အကြော်အမျိုးစုံကလည်း မြိန်ရည်လျှက်ရည်ရှိလှသည်။ နံနက်စာ ဘာမှ မစားခဲ့ရသေးသော စာရေးသူတို့အဖွဲ့ အားပါးတရ ဘုန်းပေးခဲ့ကြသည်။ ဆာလောင်ရောဂါထနေသော စာရေးသူတို့ ကျောင်းအမကြီးအား အထူးကျေးဇူးတင်လို့မဆုံး ဖြစ်ကြသည်။


ဖျော်ဖြေရေးအစီအစဉ်

၁၃-၁၄-၁၅ ရက်များတွင် မြန်မာ့ရိုးရာ နိုင်ငံကျော် ခြင်းအလှခတ် တစ်ဦးချင်း၊ အဖွဲ့လိုက်တို့ ဖျော်ဖြေခြင်း။
၁၄ ရက်နေ့ညက မြတစ်ရာ အငြိမ့်ဖြင့် ဖျော်ဖြေခြင်း
၁၅ ရက်နေ့တွင် ရွှေတံဆိပ်ဆုရှင် ဖိုးချစ် ဇာတ်သဘင်ဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်သည်။
၁၆ ရက်နေ့မှာတော့ လူရွှင်တော်များ၏ သမီးများဖြစ်ကြသော လူရွှင်တော်အမျိုးသမီးတို့၏ ဟာသ ဖျော်ဖြေမှုပဲ ဖြစ်သည်။

မဟာစည်းခုံစေတီတော်

စေတီတော်ကြီး၏ သမိုင်းအကျဉ်းချုပ်သည်လည်း စိတ်ဝင်စားစရာကောင်းသည်။ မြန်မာနိုင်ငံတွင် စည်ခုံကြီးအမည်ရှိ စေတီ ၃ ဆူရှိသည်။ ပုဂံခေတ်က ကျန်စစ်သားမင်း တည်ထားကိုးကွယ်သည့် ရွေစည်းခုံစေတီ၊ ပင်းယခေတ်က ပင်းယမင်း ဥဇ္ဇနာမင်းတည်သည့် မက္ခရာစည်းခုံစေတီတော်နှင့် သက္ကရာဇ် ၇၁၄-တွင် စစ်ကိုင်းမင်း သီဟပတိ တည်းထားကိုးကွယ်သည့် ယခု မဟာစည်းခုံ စေတီတော်ကြီးတို့ ဖြစ်ကြသည်၊ ထိုစေတီတော် ၃ဆူတွင် ဤ မဟာစည်းခုံစေတီတော်ကြီးက အကြီးဆုံး စေတီတော်ကြီးဖြစ်သည်။ ပုဂံရွှေစည်းခုံစေတီတော်ကြီးသည် ပေ ၁၆၀ ရှိသည်၊ စစ်ကိုင်းမြို့ ယခုပြုပြင်သော မဟာစည်းခုံစေတီတော်ကြီးသည်ကား ပေပေါင်း ၁၇၀ ရှိသဖြင့် ၁၀ ပေ ပိုမြင့်သည်။ မက္ခရာစည်းခုံစေတီတော်ကြီးသည် ၁၆၈ ပေ မြင့်သည်။ ဤစေတီတော်ကြီးသည် ပျက်စီးယိုယွင်းပြီး ခြုံများ ပိတ်ဖုံးလျက်ရှိရာ ယခင် စစ်ကိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးမြင့်၏ လျှောက်ထားတောင်းပန်မှုဖြင့် သီတဂူဆရာတော်ကြီး ဦးဆောင်ကာ ပြုပြင် ပြီးစီး ရွှေထီးတင် အဆင့်ထိ ရောက်လာသဖြင့် အထူးကြည်ညို သပ္ပါယ်ကောင်းလှသည်။ စစ်ကိုင်းမြို့၏ ကျက်သရေဆောင် ရှေးဟောင်း စေတီတော်ကြီးအဖြစ် ဇေယျာသူ ဇေယျာသားတို့ ဂုဏ်ယူဝံ့ကြွားကြသည်။

မှတ်ချက်။ ဒုတိယအကြီးဆုံး စဥ့်ကိုင်မြို့နယ်ရှိ မက္ခရာစည်းခုံကြီး စေတီတော်ကြီးကိုလည်း သက်တော် ၇၃ နှစ်ပြည့် မွေးနေ့အဖြစ် ခြုံပိတ်ပေါင်းတို့မှ တူးဖော်ထုတ်ကာ ပြုပြင်ပြီး ရွေထီးတော် စိန်ဖူးတော်များ တင်လှူခဲ့ပြီးဖြစ်သည်။

ဤကား သီတဂူဆရာတော်ကြီး၏ ၇၄ နှစ်ပြည့် မွေးနေ့ပူဇာကျင်းပပုံ ပထမနေ့ အစိတ်အပိုင်းများဖြစ်သည်။

အပိုင်း (၂) အပိုင်း (၃) နှင့် အပိုင်း (၄) များ ဆက်လက်ဖော်ပြသွားပါမည်။

ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား
၂၄-၃-၂၀၁၁
                   သီတဂူအလှူတော်အားအမျာပြည်သူသာဓုခေါ်နိုင်ရန်ကူးယူထားပါတယ်ဗျာ။                    
               သီတဂူအဖွဲ့ကြီးဒီထက်မကလှူနိုင်တန်းနိုင်ပါစေ။(မင်းလှသားလေး)

တပေါင်းလပြည့်အမှတ်ရလေး

ကျွန်တော်တို့ရဲ့အထူးအမြတ်ထားတာတွေများပေမယ့်လပြည့်နေ့ရောက်ရင်လေအမမြေနဲ့ဝေးနေတဲ့လူငယ်
တွေအနေနဲ့ဘာသာတရားမမေ့ပုံလေးတွေ၊အလှူအတန်းပြုလုပ်ပုံလေးတွေ၊လူငယ်တွေဘာသာတရားပြုလုပ်ပုံ
လေးတွေကိုတင်ပြလိုက်ပါတယ်။ကြီးသည်၊ငယ်သည် အချိန်အခါမရွေးဘဲဘာသာတရားလေ့လာလိုက်စားသင့်







ပါတယ်ဗျာ။အမှတ်ရပုံလေးတွေပါထည့်ပေးထားပါတယ်။
                                         ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေ။(မင်းလှသားလေး)

ရှာလဲမတွေ့ ၊ကြာလဲမမေ့ ၊ငါလဲတနေ့

(၁၁-၃၂၀၁၁)နေ့ကမေ့နေသောအရာ(လူတိုင်းမေ့နေကြတာပေါ့)တွေ့ပြီးတော့သတိရစေခဲ့ပါတယ်ဗျာ။
ကျနော်နဲ့သူငယ်ချင်းတွေလိုက်ပါပို့ဆောင်ခဲ့ရသောဈာပနတစ်ခုရဲ့တွေ့မြင်ပုံလေးကတော့ရင်ထဲကိုမချိတင်
ကဲပါဘဲဗျာ။ဥပစ္ဆေဒကကံနဲ့ပေါ့ဗျာသူတို့တွေသေခဲ့ပြီကွယ်။ငါတို့ဘယ်လိုဝေဒနာတွေနဲ့သေကြမလဲမသိပါ
ဘူး။မသိဖြင်းငါးပါး ဆရာတော်ဟောကြားခဲ့တာမှန်နေပါလား ဇီဝိတ။ဗျာတိ။ကာလ။ဒေဟနိက္ခေပန။ဂတိ။
ဆိုပြီတော့ရှိပါတယ်။အရင်တခါကတင်ပြပြီးဖြစ်သောကြောင့်မတင်ခြင်းကိုခွင့်လွတ်ပါ။ကျနော်အပါအ၀င်ပေါ့
ကျန်သူတွေကိုမပြောလိုပါပျော်လိုက်ရွှင်လိုက်နဲ့ဘယ်အချိန်ကုန်နေပြီး(အိုခြင်း၊နာခြင်း၊သေခြင်း)မေ့နေပါတယ်။
သံဝေဂလေးပေါ့(ငါနှင့်ရွယ်တူငါ့အောက်လူ၊ကြီးသူတွေလဲသေကြပြီ၊ထိုထိုကိစ္စတနေ့ကြငါလဲတွေ့ရမှာ)ဟု
မှတ်သားခဲ့ပြီး(ငါ)စွဲ စွဲနေတဲ့ကျနော်လဲဘာမှပါ ပါလားဟုသိရပါတယ်။ဈာပနတွေလိုက်ပို့ဘူးပေမယ့်ဒီနေ့
ဒီနေ့တော့ မသိခြင်းငါးနဲ့တိုက်ဆိုင်ရယ်၊ဥပစ္ဆေဒကကံရယ်၊တွေ့လိုက်ရတော့လေနဲနဲတော့ထိတ်လန့်မိပါ
တယ်ဗျာ။ဒါပေမယ့်ပါဝင်ပြီးသီလယူ၊ပရိတ်ရွတ်၊အမျှဝေပွဲလေးတွင်ပါဝင်ခွင့်ရခဲ့ပါတယ်။လူကြီးသူမတွေပြော
(မသာတစ်ခေါက်၊ကျောင်းဆယ်ခေါက်လေ)ဒီလမ်းကကျနော်လဲသွားရ။ငါပိုင်ဆိုင်အမျှပစ္စည်းအားလုံးသည်
ငါသေသောအခါယူဆောင်ပြီးသွားလို့မရပါ။ငါနောက်ကိုပါမှာသည် ငါပြုခဲ့သောကောင်းမှုမျိုးစေ့တွေပါဘဲ။
မိမိမသေခင်လေးမှာဘဲမိဘတွေ၊မိသားစုညီအကိုမောင်နှမတွေနဲ့စုံညီစွာအလှူအတန်းများပြုလုပ်ကာရေစက်
ချနိုင်ရင်အကောင်းဆုံးပေါ့။သေပြီနောက်မှငါမလုပ်ပေးလိုက်ရလေခြင်းဟုနောင်တမရသင့်ပါ။စာရေးဆရာ
မဟုတ်တော့အမှာတော့အမှာပါနိုင်ပါတယ်သီးခံပြီဖတ်ရှုပေကြပါခဗျား။(ရှာလဲမတွေ့၊ကြလဲမမေ့၊ငါလဲတနေ့
သေရမှာ)နာကြးခဲ့ဖူးသောတရားတော်ထဲကဆောင်ပုဒ်ကလေးပါဗျာ။
     အားလုံးတရားနှလုံးကိုယ်စီသုံပြီးအေးချမ်းသောဘဝပိုင်ရှင်များဖြစ်နိုင်ကြပါစေ။(မင်းလှသားလေး)

















| |