*** ရတနာသုံးပါးကို ယုံကြည်မှုနှင့် ကိုးကွယ် ၍ ...

"သဒ္ဒါ"...ဆိုတဲ့ သူတော်ကောင်းဥစ္စာတွေ ရအောင် ရှာကြပါ။

*** ကောင်းတဲ့စိတ် တွေမွေး၍...
"သီလ" ဆိုတဲ့ သူတော်ကောင်းဥစ္စာရအောင် ရှာကြပါ။

*** တရားနာ တရားစာများဖတ်၍ ...
"သုတ" ဆိုတဲ့သူတော်ဥစ္စာရအောင် ရှာကြပါ။

*** စွန့် ကြဲပေးကမ်း လှူဒါန်း၍ ...
"စာဂ"...ဆိုတဲ့ သူတော်ကောင်းဥစ္စာ ရအောင်ရှာကြပါ။

*** ဘာဝနာများ ပွားများ၍ ..
"ပညာ"...ဆိုတဲ့ သူတော်ကောင်းဥစ္စာ ရအောင်၇ှာကြပါ။

*** မိမိကိုယ်ကို တန်ဖိုးထား၍ ...
"ဟီရိ"..ဆိုတဲ့ သူတော်ကောင်း ..ဥစ္စာတွေ ရအောင်ရှာကြပါ။

*** အပါယ်လေးပါး ဒုက္ခ များဆင်ခြင်၍ ...
"သြတ္တပ္ပ" ဆိုတဲ့ သူတော်ကောင်းဥစ္စာ ရအောင်ရှာကြပါ။

          (ချမ်းအေးဆရာတော်ဘုရားကြီး)
                          ဓမ္မအေးရိပ် မှ ကူးယူဖော်ပြထားပါတယ်(မင်းလှသားလေး)

ဘုရားသခင်တို့ ကြွတော်မူသော် ခြေတော်ရာ မထင်ခြင်းအကြောင်း(၃)ပါး




(၁)အသားအရေ နူးညံ့သိမ်မွေ့လှသဖြင့် ဝါဂွမ်းကိုချ၍ အရာမထင်ဘိသကဲ့သို့လည်းကောင်း။

(၂)ခွန်အားကြီးသောသိန္ဓောမြင်းသည်ကြာရွက်တွင်နင်းသော်လည်းအရာမထင်ဘိသကဲ့သို့
လည်းကောင်း။

(၃)ခြေတော်ရာထင်ပါမူကားလူအပေါင်းမနင်းဝံ့သည်ဖြစ်၍ ခရီးသွား ဆိတ်လတ္တံ့သည်ကို
မြင်တော်မူသောကြောင့်လည်းကောင်း။

စစ်သားတို့ သစ္စာတရား(၄)ပါး




(၁)ကိုယ့်တိုင်းပြည်နှင့်ကိုယ့်လူမျိုးအတွက် ပါဏာတိပါတကံကို ခံယူရခြင်း။

(၂)သူ့ဇနီးမယားသမီးပျိုနှင့် သူတပါးဥစ္စာကို မကျူးလွန် မလုယူရခြင်း။

(၃)ရန်သူမဟုတ်သူကို မသတ်ရခြင်း။

(၄)ရန်သူနှင့်ကြုံက အသက်ကိုစွန့်၍တိုက်ရခြင်း။

                                                ရဲဘော်အပေါင်းကိုဂုဏ်ပြုလျက်ရေးသားထားပါတယ်။(မင်းလှသားလေး)
| |