ဘုန်းကြီးလိုသောမိတ်ဆွေတို့အတွက်

 တရားနာရင်ပေါ့ရတဲ့ဗဟုသုတ ကိုပြန်လည် မျှဝေပေးလိုသောကြောင့်ရေးသားခဲ့ပါတယ်....
တစ်နေ့ကိုပေါ့အောက်တွင်ဖော်ပြထားသောနည်းအတိုင်းပုတီးစိပ်ပါက ဘုန်းကြီးကြောင်းနှင့်
အပါယ်တံခါးပိတ်ကြောင်း ဗန်းမော်ဆရာတော်ကြီးကဟောကြားဆုံးမခဲ့ပါတယ်...
မနက်(၁၀)ခေါက်၊နေ့လည်(၁၀)ခေါက်၊ည(၁၀)ခေါက်ပုတီးစိပ်ပါ......လမ်းသွားရင်မေတ္တာသုတ်
ရွတ်ဖတ်ခြင်း(သို့)သတ္တဝါတွေကျန်းမာပါစေ ...ချမ်းသာပါစေ စသည်ဖြင့်မေတ္တာပို့ပေးပါ....
စိတ်ဓါတ်စင်ကြယ်အောင် ဘုရားဂုဏ်တော်ပွားပါ.....
 အရဟံ -တစ်ပတ်     
သမ္မာသမ္ဗုဒ္ဓေါ - တစ်ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော - တစ်ပတ်
သုဂတော - တစ်ပတ်
 လောကဝိဒူ - တစ်ပတ်
အနုတ္တရော-တစ်ပတ်     
 ပုရိသ ဓမ္မသာရတ္ထိ - တစ်ပတ်
သတ္ထာဒေဝ မနုဿာနံ - တစ်ပတ်
ဗုဒ္ဓေါ - တစ်ပတ်
 ဘဂဝါ - တစ်ပတ်
      လက်တွေ့ကျင့်သုံကြည့်ပါ အကျိုးထူးတွေခံစားရပါလိမ့်မယ်...တရာတော်လဲနာကြားနိုင်အောင်
ညွှန်ပြပေးခဲ့ပါတယ်(http://www.dhammadownload.com/Bamaw-Sayadaw-Dr-Bhaddanta-Kumarabhivamsa-Video.htm)မှ
21-3-2010 အပ္ပါယ်တံခါးပိတ် တရားတော် - ဗန်းမော်ဆရာတော်ကြီး ယခုလင့်နာကြားကာကြည့်ကာပွါးများနိုင်ပါ.....
သူတော်ကောင်းအားလုံး အေးချမ်းသောဓမ္မတရားတော်ဖြင့် ပျော်မွေ့နိုင်ပါစေ။(မင်းလှသားလေး)

အမေမပေါ်တဲ့သား


အမေရှိ၍အမေမှန်းမသိတတ်တဲ့သား(သို့)သမီးကိုလေ အမေမပေါ်တဲ့သားလို့ခေါ်ပါတယ်။
ကျွန်တော်ဒီနေ့ဝတ္ထုတစ်ပုဒ်ကိုအခြေခံပြီးရေးသားချင်စိတ်ပေါ် လာတာတယ်…ကျောင်းပိတ်
တာရယ်နဲ့တိုးလို့ မိမိရဲ့သိသမျှ ပြန်လည်ဝေငှဖြစ်ခဲ့ပါတယ်။စာရေးသူလဲ ရွာသားဆိုတော့
ရွာကိုအခြေံရေးဖြစ်ခဲ့ပါတယ်။။။မြစ်ကမ်းဘေးကရွာမှာ အမေမြင့်နဲ့သား(၃)ယောက်ရှိပါတယ်။
သားကြီးနဲ့အလတ်ကတော့ မြို့မှာ ချမ်းသာဆုံးစာရင်းဝင်တွေပေါ့ဗျာ…အငယ်ဆုံးသားကတော့
အမေအိုနဲ့အတူနေ့ပြီးမိဘကျေးဇူးဆပ်နေပါတယ်။။အမေခဗျာ သူများမိသားစုတွေအဝေးကလာရင်
သူလဲသူသားတွေမျှော်ခဲ့ရပါတယ်…မိသားစုထမင်းဝိုင်းလေးလုပ်ချင်တယ်ဆိုတဲ့အကြောင်း သားငယ်
ကိုဖွင့်ဟခဲ့တော့ အကိုတွေရှိရားသွားပြီး အမေက ဝါကျွတ်မှာမိသားစုဆုံလင်ကြောင်းပြောတော့
မအားဘူးတဲ့ အလုပ်တွေမအားဘူး၊ငွေမျောလို့ငွေနဲ့လိုက်နေရကြောင်း  ပြောတော့ အငယ်ဆုံး
ညီက အမေမပေါ်တဲ့သားတွေပြောတော့အငယ်ကိုထိုးကြိတ်တဲ့ ပြီးတော့ အမေအတွက်ငွေပေးတယ်
အမေက ငွေမလိုဘူး။ မေတ္တာဆန်ရေ လိုကြောင်း အကျိုးအကြောင်း ရှင်းပြခဲ့ပြီးပြန်သွားတယ်လေ…
အမေအိုခဗျာလေ သားတွေမြေးတွေနဲ့တွေ့ချင်စိတ်ကြောင့် သားတော်မောင်တွေရှိရာ သွားခဲ့ပါတယ်
သားနဲ့တော့အဆင်ပြေတာပေါ့ သားအမိဆိုတော့  ချွေးမတော်နဲ့မသင့်မြတ်ဘူးလေ အမေ ကဆေးလိပ်
သောက်တော့သူ့ခလေးတွေ ရောဂါရကြောင်း ၊ဧည့်ကောင်းသောင်ကောင်းတွေလာရင် မမြင့်မသင့်ကြောင်အမေအိုကတော့ တောသူပီပီလေ  ပြောင်းဖူးဖက်လိပ်နဲ့ ပြာချွေဖို့ကတော့
 ငွေမကုန်တဲ့ အိုးမှုတ်ခွက်(အုန်းသီးခွံ) နဲ့ပေါ့။။။။ဒီလိုနဲ့သားလတ်အိမ်ပြောင်း ဒီလိုဘဲပေါ့ စိတ်မချမ်းသာဘဲ နေရပြန်တော့နောက်ဆုံးသားငယ်လေးက ပြန်ခေါ်တယ်လေအမေကတော့
အကိုတွေမကောင်းတာမပြောပါဘူး။သားတွေချမ်းသာတာမြင်ချင်လို့လာတာပါ ဘာမှမမျှော်လင့် ခဲ့ပါဘူး ဆိုပြီးရွာပြန် ရိပ်သာမှ ယောဂီဝတ်ပြီး ဘဝရဲ့ငြိမ်းချမ်းမှုကိုရှာခဲ့တယ်လေ …..ကျွန်တော်လဲ သတိရခဲ့ပါတယ် ဆရာတော်ဘုရားများဟောတဲ့အမေအိုရဲ့ဓမ္မအောင်လံ၊အဖေ့နေရာ တရားတော်တို့နားကြားထားတော့ ပြေးပြီးမှတ်မိစေခဲ့ပါတယ်။
   သားငယ်လေးကတော့ အမေအတွက်ငါးတွေ ရှာချက်ပြီး ရိပ်သာလာပို့တော့သားအမှန်ပြောပါ
ဆိုတော့ သားကလဲအမှန်ပြောတယ်လေ အမေကို ငါးလတ်လတ်ဆတ်ဆတ် စားစေလို၍
မိမိကိုယ်တိုင်ငါးသွားရှာကြောင်း ပြောတော့ အမေကခွေးကျွေးစေခဲ့တယ်။
သားရယ် အာရုံ(၅)ပါးကြောင့် လောကမှာကျင်လည်တာတွေများခဲ့ပြီလေ (သား၊သမီး၊မြေး
မြစ်သံယောဇဉ်ကြောင့်လဲ သံသရာမှဘဝတွေများစွာကျင်လည်ခဲ့ရပြီးဖြစ်လို့ အမေအတွက်
ဘာမှမလိုကြောင်းပြောခဲ့ပါတယ်….အမေအိုကို သားငယ်ကတော့ ရိပ်သာကိုလာ ဝေယျာဝစ္စ
လုပ်ပေးကာနေပြီးကုသိုလ်တွေယူခဲ့ပါတယ်။။။။
ရွာကဆရာတော်မြို့ကြွတော့ အမေအိုရဲ့သားတွေအိမ်မှာ သီတင်းသုံကာ သူတို့အား မိဘကျေးဇူး
ဆပ်နည်းတွေမေးတော့လေ အမေရဲ့နားရေးစည်ကားအောင်လုပ်မယ်..အုတ်ဂူ လှလှလေးလုပ်မယ်..
စသည့်ဖြင့်ပေါ့ …ဆရာတော်ကတော့ (သဒ္ဒါ၊သီလ၊စာဂ၊ပညာ)စည်ဖြင့် မိဘကျေးဇူးဆပ်နည်းတွေ
ဟောကြားတော့ သားတွေခဗျာ သဘောပေါက်ပြီးရွာအပြန် အမေရဲ့ဈာပနနဲ့တိုးနေလေတော့
သားတွေခဗျာငိုတာပေါ့။။။(မိဘကို မသေခင်လုပ်ကျွေးပါ သေမှမငိုနဲ့(မင်းကွန်းဆရာတော်)ရဲ့ဆိုမိန့်လေးပါ
ဘေးက ရပ်ဆွေရပ်မျိုးတွေ ကတော့အပြစ်တွေပြောကြတာပေါ့။။။သားငယ်လေးကတော့ပြောခဲ့ပါတယ်
မြင့်မိုရ်တောင်ပြိုလို့မိမယ်ဆိုရင်လေ မိဘကျေးဖူးဆပ်တဲ့ကျနော် မပိပါစေနဲ့ ….ပြောကြားကာ
မေမေရဲ့ဈာပနကို  ပတ်မတီးကာကခုန်ပြီး ပို့ဆောင်ခဲ့ပါတယ်……(မိဘကျေးဖူးကိုဆပ်ခွင့်ရတဲ့
သားဆိုပြီး ပျော်ရွှင်နေခဲ့ပါတယ်….။
    ဤစာစောင်ထဲကသား(၂)ကဲ့သို့မနေဘဲ အငယ်ဆုံး သားကဲ့သို့မချမ်းသာသော်လဲ မိမတတ်
စွမ်းသ၍ ပြုစုလုပ်ကျွေနည်းကိုအတုယူးစေလိုကြောင်း၊ရှေးရှေး သူတော်ကောင်းတို့ရဲ့ မိဘကျေးဇူးဆပ်နည်း
တွေကိုအတုယူကာ သားလိမ္မာ(သို့)သမီးလိမ္မာ ဘွဲ့ခံယူစေလိုပါတယ်…..မကောင်းတာတွေကိုပယ်ပြီး
ကောင်းတာတွေကို အတုယူစေချင်ပါတယ်ခဗျာ။။။။။။(မိဘကျေးဇူးဆပ်တယ်ဆိုတာ အပြင်ပရွေငွေတွေနဲ့ဆပ်တာမဟုတ်ဘူး မြတ်ဓမ္မဖြင့်ကျေးဖူးဆပ်မှ တကယ့်ကျေးဇူးဆပ်ရာရောက်နိုင်ပါတယ်)

စာကိုး။။   ။။စာရေးဆရာနန္ဒစိုး(ဆင်ဖြူကျွန်း)ရဲ့မြင့်မိုရ်ပြို၍မိသူများ
မိဘကျေးဇူးကိုဆပ်နိုင်သော သားဈသမီးကောင်းတွေဖြစ်နိုင်ကြပါစေ။
အမှားရှိကခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။(မင်းလှသားလေး)


နှလုံးသားမှာဘုရားတည်ကြစို့။


ဘုရား ရှိခိုးခြင်း။
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
သရဏဂုံ ဆောက်တည်ခြင်း။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
ဘုရားဂုဏ်တော်။
ဣတိပိသော ဘဂ၀ါ အရဟံ၊
သမ္မာသမ္ဗုဒ္ဓေါ၊
ဝိဇ္ဇာစရဏသမ္ပန္နော၊
သုဂတော လောက၀ိဒူ၊
အနုတ္တရော ပုရိသ ဒမ္မသာရထိ၊
သတ္ထာဒေ၀မနုဿာနံ၊
ဗုဒ္ဓေါ ဘဂ၀ါ။
တရားဂုဏ်တော်။
သွက္ခာတော ဘဂ၀တာ ဓမ္မော၊
သန္ဒိဋ္ဌိကော အကာလိကော
ဧဟိပဿိကော သြပနေယျိကော
ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟီ။
သံဃာ့ဂုဏ်တော်။
သုပ္ပဋိပန္နော ဘဂ၀ါတော သာဝက သံဃော၊
ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊
ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝသံ သံဃော၊
သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ၊
အဋ္ဌ ပုရိသပုဂ္ဂလာ၊
ဧသ ဘဂ၀တော သာဝကသံဃော၊
အာဟုနေယျော ပါဟုနေယျော၊
ဒက္ခိဏေယျော အဉ္စလိကရဏီယော၊
အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ။
  တိပိဋကဓရ၊တိပိဋကကောဝိဒ(ယော)ဆရာတော်ဘုရားကြီး၏သြဝါဒကို အရှင်ဇောတိပါလမှ
လက်တွေ့ကျင့်သုံးနိုင်ဖို့ပြန်လည်ဝေငှခဲ့ပါတယ်။။။။။။(မင်းလှသားလေး)
| |