ဥပေက္ခာဟူသည်
မြေကြီးနှင့်တူသော အကျင့်ဖြစ်သည်။
မြေပေါ်၌ နေ့စဉ်အညစ်အကြေးစွန့်ကြဲကုန်၏။
မြေကြီးသည် ဘယ်သောအခါမျှ စိတ်မပျက်။
No Depress, No Reject
ထိုသူတို့ပင် သစ်ပင် ပန်းပင် စိုက်၍ မြေကြီးကို အလှပြင်ကြကုန်၏။
မြေကြီးကား-မသာယာ၊ မမက်မော၊ မသိမ်းပိုက်။
Not Attach, No Accept
ငါသည်သာယာလှပခြင်းကိုလည်း မမက်မောပါရစေနှင့်။
ဆိုးသွမ်းယုတ်ညံ့သည်တို့ကို
စိတ်ပျက်ညည်းညူခြင်းမရှိပါရစေနှင့်။
ဤအစွန်းနှစ်ဖက်ကို လွတ်အောင် ရောက်ရပါလို၏ဟု
နေ့စဉ်ဆုတောင်းပါ။ယခုစာသားလေးကိုသီတဂူစတားဆိုဒ်မှကူးယူထားပါသည်။                                                              
      စာဖတ်သူအားလုံးကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေ။(မင်းလှသားလေး)
သီတဂူအာရောဂျဒါနဆေးရုံ (ထားဝယ်)
သီတဂူဆရာတော်ကြီးက သီတဂူအာရောဂျဒါန ဆေးရုံတော်ကို ဖွင့်ရန်
သီတဂူဆရာတော်ကြီးကို ဖူးမျှော်ရန် ထားဝယ်သူ ထားဝယ်သားများ ကြိတ်ကြိတ်တိုးနေစဉ်
သီတဂူအာရောဂျဒါန ဆေးရုံတော်ကြီးရှေ့တွင် ဆရာတော်ကြီးအား ၀န်းရံလျက် ဆရာဝန်များ သူနာပြုများနှင့် အမှတ်တရ
ဆရာတော်ကြီးက ခွဲစိပ်ပြီး အဖွားအား ဟာသနော၍ မေးမြန်းနေစဉ်
ဆရာတော်ကြီးက အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ယောက်အား ကြည့်ရှုပေးနေစဉ်
ဆရာတော်ကြီးက လူမျိးမရွေး ဘာသာမရွေး အားပေးနေစဉ်
ဆရာတော်ကြီးက အစ္စလာမ်ဘာသာဝင်အမျိုးသားတစ်ယောက်အား အားပေးစကား ပြောကြား
သီတဂူအာရောဂျဒါန ဆေးရုံတော်အတွင်း ခွဲစိပ်ပြီး မျက်စိဝေဒနာရှင်များ
ခွဲစိပ်ကုသရန် အဆင်သင့်ဖြစ်နေသော မျက်စိဝေဒနာရှင်များ
ဆေးရုံတော်ရှေ့တွင် ဆရာတော်ကြီးနှင့် သီတဂူသာသနာပြုအဖွဲ့ အမှတ်တရ
သီတဂူအာရောဂျဒါနဆေးရုံ (ထားဝယ်) ၏ ပုံပြည့်မြင်ကွင်း
၁၃၇၂ ခုနှစ် တပိုတွဲလဆန်း(၉)ရက်၊ (12-2-2011) ပြည်ထောင်စုနေ့တွင် တနင်္သာရီတိုင်း ထားဝယ်မြို့၌ သီတဂူအာရောဂျဒါနဆေးရုံ (ထားဝယ်) ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဆေးရုံအဆောက်ဦးကြီးကို ထားဝယ်မြို့သူ မြို့သားများက ဆောက်လုပ်လှူဒါန်းပြီး ဆေးရုံသုံးပစ္စည်းအားလုံးနှင့်လူနာသုံး ပစ္စည်းများကို သီတဂူသာသနာပြုအဖွဲ့က လှူဒါန်းသည်။
ပြည်ထောင်စုနေ့တွင် သီတဂူဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ပြီး စစ်ဆေးခြင်း၊ လိုအပ်သည်များကို ဖြည့်စွပ်ခြင်းများကို ပြုလုပ်ပြီး ဖွင့်လှစ်ပေးခဲ့သည်။ သီတဂူအာရောဂျဒါန (ထားဝယ်) ဆေးရုံသည် သီတဂူဆေးရုံများ၏ ၁၀ ခုမြောက်ဖြစ်သည်။
ဆေးရုံဖွင့်ပွဲအခမ်းအနားမတိုင်မီ စစ်ကိုင်းမြို့ သီတဂူအာယုဒါနဆေးရုံမှ ဆေးရုံးအုပ်ကြီး ဒေါက်တာခင်မောင်ဇော်နှင့်အဖွဲ့ ကြိုတင်ပြင်ဆင်မှုနှင့် လိုအပ်သည်များကို ဖြည့်ဆည်းသည်။ ထို့နောက် စစ်ကိုင်း သီတဂူအာယုဒါနဆေးရုံ မျက်စိအထူးကုဌာနမှ ဆေးရုံအုပ် ဒေါက်တာမိမိခင်နှင့်သူနာပြုများ လိုက်ပါပြီး မျက်စိဝေဒနာရှင်များကို လူမျိုးမရွေး ဘာသာမခွဲခြားဘဲ ကြိုတင်စစ်ဆေးမှုများ ပြုလုပ်ပေးသည်။ ခွဲရမည့်လူနာနှင့် ခွဲစရာမလိုဘဲ ဆေးစားရမည့် မျက်စိဝေဒနာရှင်များကို စနစ်တကျ စစ်ဆေးသည်။
ပညာဒါန လုပ်အားဒါနပြုကြသော မျက်စိအထူးကု ဆရာဝန်ကြီးများမှာ---
၁။ ဒေါက်တာ မြအောင်
၂။ ဒေါက်တာ သိန်းမြင့် (အင်္ဂလန်)
၃။ ဒေါက်တာ စဂျေလွင်
၎။ ဒေါက်တာ ပွင့်ဦး
၅။ ဒေါက်တာ တင့်ဇော်ဦး
၆။ ဒေါက်တာမင်းသန်းနိုင်ဦး (ထားဝယ် မျက်စိဆေးရုံ) နှင့်သူနာပြုများ၊ တက္ကသိုလ် ကောလိပ်မှ ဆရာ ဆရာများ၊ သီတဂူအာယုဒါနမှ ဆေးရုံအုပ်ကြီး၊ မျက်စိဌာနမှ ဆေးရုံအုပ် နှင့် အထူးသူနာပြု ဆရာ ဆရာမတို့ ဖြစ်ကြသည်။
၈-၂-၂၀၁၁ နေ့မှ ၁၃-၂-၂၀၁၁ အထိ မနားမနေ စစ်ဆေးခြင်းနှင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရာ ယနေ့ ၁၂ ရက်နေ့အထိ ၃၀၅ ယောက် ခွဲစိတ်ပြီးဖြစ်သည်။ ကျန်လူနာများကို ယနေ့ ၁၃ ရက်နေ့ အပြီးသက် ခွဲစိတ်မည်ဟုသိရသည်။
စမ်းသပ်စစ်ဆေး- လူနာ ၁၅၀၀ (တစ်ထောင်ငါးရာ)ကျော် နှင့် ခွဲစိတ်ပြီး- မျက်စိ ဝေဒနာရှင် ၃၁၈ ယောက်ကို မျက်စိအလင်း ပေးနိုင်ခဲ့ပါသည်။
ဆရာတော်ကြီး၏ စီမံညွန်ကြားချက်အတိုင်း သီတဂူသာသနာပြုအဖွဲ့၏ ဘာသာရေး လူမှုရေးလုပ်ငန်းများကို ပါဝင်ပြီး ကာယဒါန ပြုကြသော ထားဝယ်မြို့သူမြို့သားများ၊ ဓနဒါန အလှူငွေများနှင့် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းကြသော ထားဝယ်သူ ထားဝယ်သားများနှင့် အနယ်နယ်အရပ်ရပ်ရှိ အလှူရှင်များ၊ ဥာဏဒါန- မိမိတို့အတက်ပညာဖြင့် လုပ်အားပေးကြသော အနယ်နယ် အရပ်ရပ်ရှိ မျက်စိအထူးကုဆရာဝန်ကြီးများ၊ သူနာပြုများနှင့် အခြားကုသိုလ်ရှင်များ အားလုံးကို ဤပို့စ်ဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။
နှိုးဆော်
ဤသို့အားဖြင့် သီတဂူသာသနာပြုအဖွဲ့၏ အင်တိုက်အားတိုက် အဆက်မပြတ် ဘာသာရေး၊ လူမှုရေး ဆောင်ရွက်မှုများတွင် ကိုယ်စွမ်းသလောက် ဥာဏ်စွမ်းရှိသလောက် မည်သူမဆို ပါဝင်နိုင်ပါကြောင်းလည်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၃-၂-၂၀၁၁
သီတဂူသာသနာပြုအဖွဲ့ရဲ့ကုသိုလ်တော်များကိုတပည့်တော်သာဓုခေါ်ပါတယ်ဘုရာ...သာဓု...သာဓု...သာဓု
         ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေ။(မင်းလှသားလေး)
ငါအိုသွားခဲ့သော်
ငါအိုသွားသောအခါငါဟာအရင်ကငါမဟုတ်တော့ ဘူး..ငါကိုနားလည်ပေးပါ...
စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ....
ကိုကျေးဇူးပြု ပြီးသတိရပေးပါ...
အပ်ကြောင်းထပ်မကပြောဖူးတဲ့ စကားတွေပြန်ပြောမိတဲ့ အခါစကားမဖြတ်ပဲ..
ကျေးဇူးပြု ပြီးနားထောင်ပေးပါ..ငယ်ငယ်တုန်းကအိပ်ရာဝင်တိုင်းတစ်ထောင့် ..
တစ်ညပုံပြင်တွေငါးရာငါးဆယ်နိပါတ်တော်တွေ..ဇာတ်တော်ကြီးဆယ်ဘွဲ့ တွေစတဲ့ .
ပုံပြင်တွေကိုမရိုးအောင်ပြောရင်းငါချော့ သိပ်ခဲ့ တာတွေကိုသတိရပေးပါ...
မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့ အခါငါ့ ကိုမငြို ငြင်ပါနဲ့ ...
ငယ်ငယ်တုန်းကချော့ တလှည့် .ခြောက်တလှည့် ရေချိုးပေးခဲ့ ဖူးတဲ့ ပုံရိပ်လေးကို
မြင်ယောင်ပေးပါ...
ခေတ်သစ်နည်းပညာသစ်တွေကိုမသိနားမလည်ခဲ့ ရင်မလှောင်ပါနဲ့ ...
ငယ်ငယ်တုန်းက(ဘာကြောင့် ဆိုတဲ့ )မေးခွန်းတိုင်းကိုစိတ်ရှည်စွာငါဖြေခဲ့ တာကို
သတိရပေးပါ...
စိတ်သွားတိုင်းကိုယ်မပါနွမ်းလျပြီးလမ်းမလျှောက်နိုင်တဲ့ အခါခွန်အားပါတဲ့ လက်တစုံ
နဲ့ ငါ့ ကိုကူလို့ တွဲပေးကြပါ...
တစ်နေ့ ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ ကိုကြည့် ပြီးဝမ်းမနည်းပါနဲ့ နားလည်ပေးပါ..
အားပေးပါ..အရင်တုန်းကလူ့ ဘဝတက်လမ်းအတွက်ငါလမ်းညွှန်ခဲ့ သလို..
အခုချိန်မှာငါ့ ဘဝနောက်ဆုံးအချိန်အတွက်အဖော်ပြုပေးပါ...
အဲဒီအပြုံးတွေထဲမှာမဆုံးတဲ့ ငါ့ မေတ္တာတွေတွေ့ ရမှာပါ....
   (သူငယ်ချင်းတစ်ယောက်မိမိသိမ်းဆည်းထားသောစာသားလေးတွေကိုပြန့်ပြီးဖြန့်ဝေပေးတာကျေးဇူးတင်ပါ
သည်။)                                                                                                                                           မိဘနှစ်ပါးပြုစုလုပ်ကျွေးနိုင်သောသားကောင်း၊သမီးကောင်းဖြစ်နိုင်ကြပါစေ။(မင်းလှသားလေး)   
| |