သဗ္ဗဇယမင်္ဂလာဂါထာတော်


သဗ္ဗဇယမင်္ဂလာဂါထာတော် ဖြင့် မေတ္တာပို့ခြင်း
ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြဟ္မဏော။
အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္တိ တုမှာကံ ဟောန္တု သဗ္ဗဒါ။
အာဒိစ္စော - ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ထွန်းလင်းပ၀င်း ရှင်နေမင်းသည်၊ ဒိဝါ - နေ့အခါ၌၊ တပတိ - လောကအလယ် ဂုဏ်မြင့်ကြွယ်၍ တင့်တယ်ပါပေ၏။ စန္ဒိမာ - စန်းငွေယုန်ခ သော်တာလသည်၊ ရတ္တိံ - ညဥ့်အခါ၌၊ အာဘာတိ - နှစ်သက်စဖွယ် တင့်တယ်ပါပေ၏။ သန္နဒ္ဓေါ - ချပ်ဝတ်တန်ဆာ ကိုယ်မှာစုံလင် ဆင်ယင်ထားသော၊ ခတ္တိယော - လူတို့သနင်း ပြည့်ရှင်မင်းသည်၊ တပတိ - ကြီးမြင့်ခံ့ထယ် တင့်တယ်ပါပေ၏။ ဈာယီ - ဘက်စုံကောင်းမြတ် သမာပတ်ကို မပြတ်ထင်ရှား ၀င်စားလျက်ရှိသော၊ ဗြဟ္မဏော - ကိလေသာကို ပယ်သတ်ပြီးသော အာသဝေါကင်းကွာ ရဟန္တာပုဂ္ဂိုလ်သည်၊ တပတိ - ဈန်မဂ်နှစ်သွယ် စွယ်စုံခြယ်၍ တင့်တယ်ပါပေ၏။ အထ - ထိုမှကြူး၍ ထူးသည်မှာကား၊ ဗုဒ္ဓေါ - သစ္စာလေးဆင့် ခိုင်လုံရင့်ကာ ပွင့်လာခေါင်ဖျား အောင်တော်မူ မြတ်စွာ ဘုရားသည်၊ သဗ္ဗမဟောရတ္တိံ - နေ့ရောညဥ့်ပါ အခါကာလပတ်လုံး၊ တေဇသာ ကြီးကဲစိုးရ တန်ခိုးတော် အနန္တဖြင့်၊ တပတိ - အံ့ချီးလောက်ဖွယ် လောကလယ်၌ တင့်တယ်တော်မူပါ ပေသတည်း။
ဧတေန သစ္စ၀ဇ္ဇေန - ဤသို့ ဖော်ထုတ်မှန်သော သစ္စာစကားကြောင့်၊ တုမှာကံ - အသင်တို့အား၊ သဗ္ဗဒါ - အခါခပ်သိမ်း၊ သောတ္တိ - ချမ်းသာခြင်းသည်၊ ဟောန္တု - ဖြစ်ပါစေသတည်း။ 

                                    ဂါထာတော်လေးကိုမျှဝေပေးထားပါတယ်။(မင်းလှသားလေး)
 

အဌာရသအတတ်ပညာ (၁၈) မျိုး

ဟိုရှေးရှေးတုန်းက ကျွန်တော်တို့ကြားဖူးတဲ့ ပညာရှိတွေဆီမှာ သွားသင်ရတဲ့ အဌာရသအတတ်ပညာ (၁၈) မျိုးပါ။

အတတ်ပညာ (၁၈) မျိုး
၀၁။ သုတိ - အကြားအမြင်
၀၂။ သမ္မုတိ - ဓမ္မသတ်
၀၃။ သင်္ချာ - ဂဏန်း
၀၄။ ဇယာဂါ - တံစည်း၊ ဆူးဆောက်အတတ်
၀၅။ နီတိ - နီတိကျန်းအတတ်
၀၆။ ၀ိသေသကာ - ယာယီယတြာအတတ်
၀၇။ ဂန္ဓဗ္ဗ - စောင်းညှင်းအတတ်
၀၈။ ဂဟိကာ - လက်ဆစ်ချိုးအတတ်
၀၉။ ဓနုဗေဒ - လေးအတတ်
၁၀။ ပုရဏာ - စကားဟောင်းအတတ်
၁၁။ တိကိစ္ဆာ - ဆေးအတတ်
၁၂။ ဣတိဟာသ - ရယ်ရွှင်မှုအတတ်
၁၃။ ဇောတိ - ဗေဒင်အတတ်
၁၄။ မာယာ - လှည့်ပတ်အတတ်
၁၅။ ဆန္ဒတိ - ဆန်းကျန်းအတတ်
၁၆။ ကေတု - သံတမန်အတတ်
၁၇။ မန္တန - မန္တန်အတတ်
၁၈။ သဒ္ဒါ - သဒ္ဒါကျမ်းအတတ်
   သိသင့်တယ်ထင်လို့လေhttp://www.chitthawkabarmyae.com   /ဒီလင့်လေးမှကူးယူဖော်ပြထားပါတယ်။(မင်းလှသားလေး)
 

ဒီခရီး......



မကောင်းတာတွေကိုရှောင်ကြပါတယ်။ စာရေးသူလဲ ပျင်းတာနဲ့ဇာတ်လမ်းကြည့်တော့

 ဇာတ်လမ်းထဲကကောင်းတာလေးတွေရခဲ့ပါတယ်…ဇာတ်ကြောင်းကြီးတော့ပြောမပြတော့

ပါဘူး။ပြောပြလိုတဲ့အကြောင်းလေးကိုသားအမိနှစ်ယောက်ဥပမာပေးပြီးတင်ပြလိုပါတယ်…

သားလုပ်သူကဘာသာတရားလုပ်ဖို့ဝါသနာမပါဘူး…အမေကဘာသာတရားလုပ်တဲ့သူ

သားကဘုန်းကြီးဆွမ်းရပ်တာမြင်တော့အမေရေဆွမ်းတော်ဗျို့တဲ့အမေဆွမ်းလောင်းတာ

သားလေးရယ်သင်တန်းရှိလားတဲ့မေးတယ်…သီလယူဖို့အမေလုပ်သူကဆန်၊ဝတ္ထုအစရှိ

တဲ့ပစ္စည်းတွေဘာလုပ်ဖို့လဲတဲ့အမေကသားလဲဆိုင်ပိတ်ရက်သီလယူပါလားတဲ့ဆိုတော့

်
နေမကောင်းဘူးလို့ပြောတယ်လေကောင်မလေးခေါ်တော့ချက်ချင်းထပြေးတယ်…အမေက

ဘုန်းကြီးတွေဆွမ်းကပ်ဖို့သွားလျှောက်မယ်ပြောတော့လဲဂိမ်းစကားလို့မျက်ရိုးတွေကိုက်နေ

တယ်တဲ့..မနက်ပိုင်းအမေလုပ်တဲ့ရေစက်ချဖို့ခေါ်ခိုင်းတော့လဲမလာပါဘူး။ချစ်သူကမနက်

စာစားမယ်ဆိုတော့ချက်ချင်းဘဲသွားတယ်လေ…ဒီလိုနဲ့ဘာသာရေးမလုပ်တဲ့သားလေးဒုက္ခ

လှလှနဲ့တွေ့တော့တာဘဲလေ...ကားတိုက်မှုဖြစ်ပြီးမေ့နေတော့အမေလုပ်တဲ့သူကပုတီးစိတ်၊

ဘုရားစာရွတ်နဲ့ပေါ့။သူကတော့ခဏလေးငရဲပြည်ရောက်သွားတယ်တဲ့လေရေစာတော့ရေအိုး
ဲ
တွေ့၊ရေကမရှိ..သူ့အရင်ရောက်နေတဲ့လူပြောတယ်...ငါလဲရေလာဖြည့်သူစောင့်နေတာနှစ်တွေ

ကြလှပြီတဲ့“သူကပြောတယ်ရေတွင်းလှူဖို့အလှူငွေကောက်တော့ငါမှာရေတွင်းရှိတယ်ဆိုပြီးမလှူ

ဘဲဒါနနည်းခဲကသောအကျိုးတဲ့”ပြောကြားပြီးစွန်ပစ်တဲ့အစားအစာတွေကိုလဲကိုင်လို့မရဘူးငရဲကျ

နေတဲ့လူကတော့ငါကကိုင်လို့ရတယ်တဲ့ငှက်ကလေးတွေကိုအစာကျွေးခဲ့လို့တဲ့သားလေးကတော့

ဘာဒါနမလုပ်တော့မရဘူးပေါ့ဒီလိုနဲ့နေရာလေးသွားကပ်တော့လဲမင်းဘာလှူထားလို့ငါနေရာလာ

ဦးတာလဲပေါ့ယခင်အမေးတိုင်းမေးလေတော့သူကိုပြန်ပြောလေ၏။ဒီလိုနဲ့သတိရတော့လေ…သား

လုပ်သူကပုတီးပေးပါဘုန်းကြီးတွေပင့်ပေးပါ။အလှူလုပ်ပေးပါတဲ့သီလမေမေနဲ့ယူမယ်ပေါ့အဲကအ

သိတရားရပြီးဘာသာရေးဘက်ကိုပြောင်းသွားပြီးတေဲတိုင်သာသာတရားရဲ့အဆုံးအမတိုင်းနေသွား

လေတော့သည်.........
   "ဓမ္မမိတ်ဆွေတွေလဲမိဘတွေ၊ဆရာသမား၊ညီအစ်ကိုမောင်နှမတွေ၊သူငယ်ချင်းတွေ

ကကောင်းတာတွေပြောပြရင်လိုက်နာပါကျင့်သုံးပါ။အသက်ကြီးမှဘာသာတရာလုပ်ရမယ်၊ဘုန်းကြီး

ကျောင်းသွားရမယ်မရှိပါဘူး။မရဏရှင်သေးမင်းကတော့အရွယ်မရွေးဘူးခေါ်မှာပါဘဲမသေခင်မှာ

နောင်တမလွန်အတွက်ရိက္ခာကောင်းကောင်းယူဆောင်သွားကြပါလို့မေတ္တာရပ်ခံရင်းအဆုံး

သတ်ပါရစေ။ "

           "ရုပ်ရှင်ဇာတ်ကားတစ်ခုမှရသော ဗဟုသုတကို ပြန်လည်ဝေငှထားပါတယ်။"(မင်းလှသားလေး)





  
   

| |