ငြိမ်းချမ်းရေးရိပ်မြုံ (၁၁)

                                               အကျဉ်းထောင်
ကားလမ်းမကြီးမှနေ၍ တောင်ဘက်သို့ (၁)ကီလိုမီတာခန့် လမ်းလျှောက်သွားလျှင် လမ်း၏
လက်ဝဲဘက်တွင် ထောင်နေရာကိုတွေ့နိုင်သည် ၄င်းနေရာ၌ ဘုရင် ဗိမ္မိသာရအား သူ၏သား
တော် အဇာတသတ်က အကျဉ်းချထားခဲ့သည် ၊ဤနေရာမှ အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်
လျှင် ဂိဇ္ဈကုဋ်တောင်ထိပ်ကို မြင်ရသည် ၊ထိုစဉ်က ဘုရားရှင်သည် ဂိဇ္ဈကုဋ်တောင်တွင်သီ
တင်းသုံးလျှက်ရှိသည် ၊ရဟန်းသံဃာတော်များ၏ အတက်အဆင်းတို့ကိုလည်း တွေ့မြင်နိုင်
သည် ၊ယင်းကြောင်း မင်းကြီးသည် ဘုရားရှင်နှင့် ရဟန်းသံဃာတော်များကို ထောင်ထဲမှနေ၍
ရှု့မျှော်ကာ ကြည့်ညိုခွင့်ရခဲ့သည် ။
ဂိဇ္ဈကုဋ်တောင်သို့ သွားသည့်  လမ်း၏ဝဲဘက်တွင်    ဇီဝက    သရက်ဥယာဉ်(ဇီဝကအဗ္မဝန)   
ကျောင်းတော်ရာရှိသည် ၊ ယင်း ဆေးဆရာသမားတော်ကြီး ဇီဝကကျောင်းတော်၌ပင် ဘုရား
ရှင်သည် “သာမညဖလ”သုတ်တော်ကိုဟောတော်မူခဲ့သည် ၊(၁၉၂၄)ခုနှစ်ကဤနေရာကိုတူး
ဖော်ခဲ့ရာ ရှည်လျှားသော ခန်းမကြီး (၃)ခု ပါဝင်သော အုဌ်ခုံများကိုသာ တွေ့ရှိကြရသည်ဟုဆို
သည် ၊ရှည်လျှားလွန်းသော အချိန်ရထား၏ တိုက်စားမှုများအလည် ရုပ်ဆိုးအကျဉ်းတန်နေရ
သော ရုပ်ကြွင်းများလည်းဖြစ်၏ ။
ဂိဇ္ဈကုဋ်တောင်ထိပ်သို့ ကြိုးတပ်ကုလားထိုင်(Chair lift)ဖြင့်တက်ရ၏ ၊တောင်ထိပ်ပေါ်တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး စေတီတော်တဆူရှိသည် ၊(ဝိသျှဝသျှန္တီ )စတူပါဟုခေါ်သည် ဤစေတီအား
နာမည်ကျော် ဂျပန် ဗုဒ္စဘာသာ ရဟန်းတော်(VEN NICHIFUJI)အရှင် နီချီဖူဂျီက -၁၉၆၉-ခုနှစ်တွင်  သာသနာနှစ် (၂၅၀၀)ပြည့် အထီးမှတ်အဖြစ် တည်ထားခဲ့ခြင်း ဖြစ်သည် ၊တောင်
ထိပ်မှ ရှု့ မျှော်ကာ အောက် မြင်ကွင်းကျယ်များကို အားပါးတရ ကြည့်ရှု့နိုင်သည် ၊ကြည်နူးနှစ်
သက်ဖွယ်အလွန်ကောင်းသည် ။
တောင်ထိပ်ပေါ်တွင် တည်ရှိသည့် ကျောက်တုံးကြီးများ ငေါ့ထွက်နေသည်မှာ အဝေးမှကြည့်
လျှင် တကယ့် လင်းတငှက်ကြီးများ နားနေသည့်အလား ထင်မှားရ၏ ယင်းကြောင်းလည်း
(ဂိဇ္ဈ+ကူဋ)လင်းတတောင်ဟု ခေါ်တွင်ခ်ဲ့ခြင်းဖြစ်သည် ၊ ဘုရားရှင်သည် ဤတောင်ထိပ်ရှိ
“သုကရခတဂူ”တွင် သီတင်းသုံးလျှက် “ဒီဃနခသုတ် သုကရခတသုတ်တို့ကိုဟောတော်မူခဲ့
သည် ၊တောင်ထိပ်တွင် တခြားကျောက်ဂူငယ် များစွာတို့လည်းရှိကြသည် ၊ယခင်က ကျောင်း
တော်ရာနှင့် ကပ်လျက်ရှိသည့် ဂူမှာ“ရှင် အာနန္ဒာ ”ဂူဖြစ်သည် ၊တောင်တက်လမ်း ကိုက်(၅၀)
ခန့် အမြင့်တွင် စေတီတဆူရှိပြီး ၊မြောက်ဘက်သို့ အနည်းငယ်ကွေ့လျှင် အခြားတဆူရှိကြောင်း
(ဟူယင်ဆင်) ဖော်ပြခဲ့သည် ။
ယခု မရှိတော့ပေ ယင်းစေတီငယ်များမှာ ဘုရင် ဗိဗ္မိသာရမင်းကြီး ဘုရားရှင်ထံတော်သို့ လာ
လေ့ရှိသည့်  မူလလမ်းပေါ်တွင် တည်ရှိခဲ့ခြင်းဖြစ်သည် ၊ပထမ စေတီမှာ မင်းကြီး ရထားပေါ်မှ
ဆင်း၍ ခြေလျှင် စတင်လျှောက်ရာဖြစ်ပြီး ၊ဒုတိယစေတီမှာ သရဖူတော် ဦးသျှောင်ကို ချွတ်၍
ဘုရားရှင်ထံတော်သို့ ဝင်ရာဖြစ်သည်ဟုဆိုကြသည် ၊တချို့က ဒေဝဒတ်က ဘုရားရှင်အား
ကျောက်တုံးဖြင့် လိမ့်ချသတ်သောနေရာတွင် စေတီတည်ထားခဲ့ခြင်း ဖြစ်သည်ဟုဆိုကြသည် ၊
အဋ္ဌကထာများနှင့် မြန်မာတို့ အလိုအရ အဇာတသတ်မင်းကြီး ဓာတ်တော်များ သိုဝှက်မြုပ်နှံခဲ့
ရာဖြစ်သည်ဟုဆိုကြသည် ။
ဘုရားရှင်၏ ဓာတ်တော်တိုက်နှင့်မဟာသာဝကြီးများ၏ ဓာတ်စေတီတ်ာအများပြားတို့ကိုလည်း
ဤအနီးတွင် တည်ထားခဲ့သည်ဟုဆိုကြသည်၊ရာဇဂြိုလ်မြို့၏ တောင်ဘက်အထွက် ကားလမ်း
မကြီး၏ လက်ဝဲဘက် ၊ယခု က္ကသိဂိလိ တောင်ခြေနားတွင် ဘုရားရှင် လက်ထက်တော်က ကျောက်ဖျာကြီးတခု ရှိခဲ့သည် ၊၄င်းကျောက်ဖျာ၌ ဘုရားရှင်ကိုယ်တော်တိုင် တခါတလေ သီတင်းသုံးတော် မူခဲ့သည် ၊အ၇ှင် ဝက္ကလိ မိမိကိုယ်ကို အဆုံးစီရင်တော်မူရန် ကြိုးစားခဲ့သော
နေရာ ။အရှင် မဟာမေဂ်ဂလန်အား ဒဋ္ဌိများက အဆုံးစီရင် လုပ်ကြံ သတ်ဖြတ်ခဲ့ကြသောနေရာ
လည်းဖြစ်သည် ။
                             ငြိမ်းချမ်းရေးရိပ်မြုံ---(၁၂)--သို့-----အရှင်ရေဝတ



ငြိမ်းချမ်းရေးရိပ်မြုံ (၁၀)

   ကဿပလိုင်ဂူ နှင့် ဝေဠုဝန်ကျောင်းတော် ။
ဝေဠုဝန်ကျောင်းတော်ရာမှ အရှေ့ ဘက် တပေါဒါရုံမြစ် ရေပူစမ်းမှနေ၍ ဝေဘာရတောင်တက်
လှေကား၏ လက်ယာဘက်နားတွင် ကပ်လျှက်တည်ရှိသည် ဒေသခံ ဟိန္ဒီများက မချန်း(သို့)
ဇရသန္တကီဘိုင်ထပ်ဟုခေါ်ကြသည် ၊ဗုဒ္စဘာသာစာပေများနှင့် တရုတ်ခရီးသွားမှတ်တမ်းများက
ပိပÜလိဟုခေါ်ကြသည် ၊ဘုရားရှင်လက်ထက်တော်က ပိပ်ပလိဂုဟာကျောင်းပင်
ဖြစ်ခဲ့သည် အရှင်မဟာ ကဿပ၏ လူအမည်ပိပÜလိကိုစွဲ၍
(ပိပÜလိ)လိုင်ဂူ+ကဿပလိုင်ဂူ ဟူ၍လည်းခေါ်
ကြသည် ၊ ရှင်မဟာကဿပ နာမကျန်းဖြစ်စဉ် ဘုရားရှင်ကိုယ်တော်တိုင် ကြွလာပြီး ဗောဇ္ဈင်
သုတ် တရားတော်ကိုဟောတော်မူခဲ့သောနေရာ
လည်းဖြစ်သည် ။
ဝေဘာရတောင်ထိပ် အရောက်တက်ပြီး ယင်းမှမြောက်ဘက်သို့ အနည်းငယ် ကွေ့၍ဆင်းလျှင်
တောင်၏ အနောက်ဘက် နံရံတွင် သဘာဝလိုင်ဂူများအစီရီတည်းရှိသည်၊ယင်းတို့မှာ“ပထမ
သင်္ဂါယနာ”တင်ခဲ့သောနေရာတော်ဖြစ်သည် ၊သဂါင်္ယနာတင်ခြင်းဟူသည် ဘုရားရှင် ဟော
တော်မူခဲ့သမျှတရားတော်များ ၊တပည့် သား မဟာသာဝကကြီးများ၏ ဟောဆိုရှင်းလင်းချက်
များအားလုံးကို စနစ်တကျဖြစ်အောင် ၊အပိုအလိုမရှိအောင်
၊အမှားယွင်းမရှိအောင် စီးစစ် စီစဉ်
ပြီး ၊ဘုရားရှင် ဟောတောမူရင်း အတိုင်းသာပြန်ထားင်္ကြမည်ဟု ရဟန္တာကြီး(၅၀၀)လုံးသဘော
တူညီချက်ယူ အတည်ပြုကြခြင်းဖြစ်စ်သည်။
နောက်တစ်ခုမှာ ဝေဘာရတောင်၏ တောင်ဘက်တွင်တည်ရှိသည် ၊ဆွန်ဘဏ္ဍာလိုင်ဂူဟုခေါ်
ကြသည် ၊ဗိမ္မိသာရ မင်းကြီး၏ ရွှေတိုက်ဖြစ်သည် ၊ကျောက်တောင်ကြီးကိုထွင်းပြီး
ဂူအဖြစ်ဖန်
တီးထားခြင်းဖြစ်သည် ၊၄င်းဂူပေါ်တွင် အေဒီ-၃-၄-ရာစုသုံ အက္ခရာများဖြင့်
စာနှစ်ကြောင်းရေး
ထိုးထားသည် ၊ဆိုလိုရင်းမှာ ဤဂူကိုပြုလုပ်ခြင်းသည် ရသေ့ ရဟန်းများအတွက် သင့်တော်
လျှောက်ပတ်စွာ သီတင်းသုံးနိုင်ရန်ဖြစ်သည် ။
ဘုရင် ဗမ္မိသာရမင်းကြီးသည် ဘုရာလောင်းတော့ထွက်လာစဉ်ကတည်းက အကယ်၍သင်
သည် ဘုရားစင်စစ်ဖြစ်ခဲ့ပါလျှင် အကျွနှုပ် ပထမဦးဆုံးကျောင်းလှူပါမည်ဟု ကတိကဝတ်စ
ကားပေးခဲ့ဖူးသည့်အတိုင်း ၊ ဘုရားဖြစ်၍ ရာဇဂြိုလ်မြို့သို့ ကြွလာသောအခါ ဘုရင်ကြီးသည်
ကျောင်းဆောက်ရန်နေရာရွေးချယ်လေသည် ၊ဘုရားရှင် နှင့် တပည့်သားရဟန်းသံဃာများ
အတွက် အသင့်တော်ဆုံးနေရာကို ဤသို့ရွေးချယ်ခဲ့သည် ။
၁။လူနေမြို့ ရွာနှင့် မနီး မဝေးလွန်းသည့်နေရာ၊၂။သွားရလာရလွယ်ကူမယ့်နေရာ၊၃။လူသံတိတ်
ဆိတ်ပြီး ငြိမ်သက် ငြိမ်းချမ်းသောနေရာ၊၄။လူတို့နှင့် မရောချက်ဘဲ သက်တောင်းသက်သာနေ
နိုင်သောနေရာ၊ ဤအဂါင်္(၄)ချက်နှင့် ပြည့်စုံတဲ့နေရာကိုရွေးချယ်ပြီး
ဝေဠုဝန်ကျောင်းတော်ကို
လှူဒါန်းခဲ့သည်၊ဝေဠုဝန်ကျောင်းတော်ရာမှာ ယင်းတုန်းက “ကလန္ဒကနိဝါပ-မောရနိဝါပ-သုမာ
ဂဓ”ဟူသော နေရာ(၃)မျိုးလုံးပါဝင်သောနေရာလည်းဖြစ်သည် ၊“ကလန္ဒကနိဝါပ”ရှဉ့်နက်တို့ကို
အစာကျွေး မွေးမြူသည့်နေရာ၊“ မောရနိဝါပ” ဦးဒေါင်းငှက်တို့ကို
အစာကျွေးသည့်နေရာဖြစ်ပြီး
“သုမာဂဓ”မှာလှပသော ရေကန်ကြီးတစ်ခုဖြစ်ကြသည် ၊ယခုအခါ ကရဏ္ဍကခေါ်သည့်ရေကန်
ကြီးတစ်ခုသာ အထင်ကရကျန်ရစ်တော့သည် ။
ဘုရားရှင်သည် ဤဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးပြီး
၊“အဘယရာဇကုမာရသုတ္တ-ရထဝိနီတသုတ္တ-မဟာဝိစ္ဆဂေါတ္တသုတ္တ အပြင်
တခြားသုတ္တန်(၁၂)ခုတို့ကိုလည်းဟောတော်
မူခဲ့သည် ၊ဘုရားရှင်ကိုယ်တော်တိုင် ဤကျောင်းတော်၌
ခေမာမိဖုရားကိုကယ်ချွတ်တော်မူပြီး၊
ဝိသခါင်္သူဌေးအား လူ့ဘဝက သူ၏ဇနီးဖြစ်ခဲ့သူ “ဓမ္မဒိန္နာထေရ်ရီက”စူဠဝေဒလ္လသုတ်ကို၎င်း၊
“အရှင်အစိရဝတက”ဇယျသေနမင်းသားအား ဒန္တဘူမိသုတ်ကို၎င်းဟောတော်မူခဲ့သည့်နေရာ
တော်လည်းဖြစ်သည်။
တိဗက်မှတ်တမ်းများအရ (ယောဂါစာရ ဝိဥာဏဝါဒ)ကိုတီထွင်သူ အသင်္ဂ သည်ဤကျောင်း
တော်ဝင်းထဲ၌ ကျောင်းဆောက်ပြီး နှစ်များစွာ နေထိုင်ခဲ့သည်ဟုဆိုသည် ၊(တရုတ်ခရီးသည်
ဖာဟီယန်)ရောက်ခဲ့စဉ်က ပရိဝုဏ်ထဲတွင် ကျောင်းတိုက် တစ်တိုက်တွေ့ခဲ့ရပြီး ကျောင်းနေသံ
ဃာတော်အချို့ကိုလည်းတွေ့ခဲ့ရကြောင်းဆိုသည် ၊ကျောင်းတော်ရာ၏ အရှေ့တောင်ထောင့်
တွင် မြေတောင်ပို့တခုရှိသည် ၊ယင်းကို-၁၉၀၅/၆ ကတူးဖော်ခဲ့ရာ ရှေ့ဟောင်း
ပစ္စည်းတချို့ရရှိ
ခဲ့သည် ၊ယခုတွင် အဆိုပါ မြေတောင်ပို့ကို မူဆလင် သချိင်္ုင်းအဖြစ်
သိမ်းပိုက်ထားကြသည် ၊မူ
ဆလင်များကပိုင်စိုးထားကြသည် ။

ငြိမ်းချမ်းရေးရိပ်မြုံ(၁၁)--သို့----အရှင်ရေဝတ
 

ငြိမ်းချမ်းရေးရိပ်မြုံ (၉)

   ခေတ်သစ် နာလန္ဒာ နှင့် ရာဇဂြိုလ်မြို့သစ်
ပျက်သုဉ်ခဲ့ပြီးသော နာလန္ဒာကျောင်းတော်ရာကို အိန္ဒိယရှေးဟောင်းဌာန၏တူဖော်ချက်အရ တွေ့ရှိ
သော တံဆိပ်တုံးများ ၊ကျောက်ပြားများ ၊အိုးများ ၊ရုပ်ကြွင်းများ ၊အုဌ်ခွက်မျာ ၊ဒဂါင်္းများ ၊ကဗ္မည်း
စာများ ၊စသည့် ရှေ့လက်ရာများကို နာလန္ဒာပြတိုက်နှင့် ဒေလီ ကာလကတ္တားစသော ပြတိုက်
ကြီးများတွင်၊ပြသထားရှိသည် ။“သိရိမဟာဝိဟာရိယအရိယဘိက္ခုသံဃဿ”ဟုရေးထွင်းပါရှိ
သည့် နာလန္ဒာ တက္ကသိုလ်သုံး တံဆိပ်တုံးနှင့်အတူ ကျောင်းအလှူရှင်များဖြစ်ကြသည့်“ဒုတယ
ကုမာရဂုပ်ပတ စသည့် မင်းသုံးတံဆိပ်တော်များကိုလည်းတွေ့ရှိရသည် ၊ရုပ်ထုတော်များ၏ဓမ္မ
စကြာအဝိုင်းနှင့် ရောင်လျှံတို့၌ ရေးထိုးထားသော စာများတွင်လည်း“ယေဓမ္မာဟေတုပဘာဝါ
ဂါထာတော်ကို အများဆုံးတွေ့ရသည် ။
ယခုလက်ရှိ နာလန္ဒာ တက္ကသိုလ်ကို ၁၉၅၁ ခုနှစ်တွင် ဘိက္ခူဇဂဒိသကဿပ ကတည်ထောင်
ခဲ့သည်၊ ၄င်းသည် နာမည်ကြီး စာရေးဆရာများဖြစ်ကြသော -ရာဟုလာ-သံကိစ္စည်း-သိရိကော
သလ္လဥာဏတို့နှင့် အတော်ရင်းနှီးသူလည်းဖြစ်သည်၊အိန္ဒိယတွင် ဗုဒ္စစာပေဆိုင်ရာ စာအုပ်စာ
တန်းဟူ၍ မရှိသလောက် ရှားပါးသော ထိုအချိန်က ဗုဒ္စစာပေ ပြန်လည်ထွန်းကားရန် သာသန
နာတော် ထွန်းတောက်လာရန် ရည်သန်ပြီး ပါဠိနှင့် သုတေသနဘွဲ့လွန် ဗုဒ္စတက္ကသိုလ်တခုအ
ဖြစ်ထူထောင်ခဲ့ခြင်းဖြစ်သည် ၊အိန္ဒိယတွင် ဟိန္ဒီတက္ကသိုလ် ၊မူဆလင်တက္ကသိုလ်နှင့် ထောင်
သောင်းချီသော ခရစ်ယန်ကောလိပ်ကျောင်းများ များစွာရှိသော်လည်း ၊ဗုဒ္စဘာသာတက္ကသိုလ်
မှာ ယနေ့ထိတိုင် တစ်ခုတည်းသော နာလန္ဒာတက္ကသိုလ်သာဖြစ်သည် ၊ ရှေ့ခေတ် နာလန္ဒာ
တက္ကသိုလ်မှာ မဟာယာန ဌာနချုပ်ဖြစ်ခဲ့သော်လည်း ၊ခေတ်သစ် လက်ရှိ နာခန္ဒာတက္ကသိုလ်
မှာ ထေရဝါဒ ဗုဒ္စ စာပေများကိုသာ ဦးစားပေး သင်ကြားပို့ချသော့ ထေရဝါဒ စစ်စစ်တက္ကသိုလ်
ဖြစ်သည် ။
တရုတ်ဗုဒ္စဘာသာခရီးသည် (ဟူယင်ဆင်)သည်  ဝေဠုဝန်ကျောင်းတော်မှ အရှေ့ဖက်တွင်
စေတီတစ်ဆူရှိကြောင်း မှတ်တမ်းတင်ခဲ့သည် ၊ယင်းမှာ အဇာတသတ်စေတီပင် ဖြစ်မည်ဟု
ပညာရှင်များကယူဆကြသည် ၊(မန်ဂျူသိရီမူလကလာပ)၏အလိုအရ ဤစေတီသည် ထိုစဉ်
ဝေဠုဝန်ပရိဝုဏ်ထဲမှာပင်ဖြစ်မည် ၊ထို့ကြောင်း ၄င်းစေတီသည် လက်ရှိဝေဠုဝန်နှင့် အနီကပ်
တွင်ရှိရမည် ၊ယခုလက်ရှိအဝေးပြေးကားလမ်းမ၏ မြောက်ဘက်ကုန်းမို့မို့ကလေးသည် ဟိုတုန်းက အဇာတသတ်စေတီပင်ဖြစ်နိုင်ကြောင်း ယတိပြတ်ကောက်ချက်ချခဲ့သည် ၊ယင်း
ကုန်းပေါ်တွင် ယခုကျောက်တိုင်များသာကျန်ရှိတော့သည် ။
အဇာတသတ်ဘုရင်၏ မြို့သစ်ခံတပ်မှာ လက်ရှိ ရာဇဂြိုလ်မြို့သစ်မှနေ၍ တောင်ဘက်တွင်
တည်ရှိသည် ၊အလျှား(၅)ကီလိုမီတာခန့် ရှည်လျှားသော တံတိုင်းမြို့ရိုးဖြင့် ကာရံထားသည်
ဖာဟိယန်ရောက်လာစဉ်က တံတိုင်းအတွင်းဘက်တွင် ဘုန်းတော်ကြီးကျောင်းများတွေ့ခဲ့ရ
သည် ၊မြို့တော်မှာ မှေးမှီဆုတ်ယုတ်လာနေသည်ကိုလည်းတွေ့မြင်ခဲ့ရသည်ဟုမှတ်တမ်းတင်
ခဲ့သည် ၊(ဟူယင်ဆင်)ရောက်လာချိန်တွင် အပျက်ဆီးများဖြင့်ခြောက်ကပ်နေသည်ကိုသာတွေ့
မြင်ခဲ့ရသည်ဟုဆိုသည် ၊ကားလမ်းမမှာ ရာဇဂြိုလ်မြို့ကိုဖြတ်၍ ဖောက်လုပ်ထားပြီး အနောက်
ဘက်တွင် ရှေ့ဟောင်း မြို့တံခါးပေါက်ကိုတွေ့မြင်နိုင်သည်။
ရာဇဂြိုလ် မြို့ကိုရှေ့အခါက -ဝသုမတီမြို့-ဂိရိဝဇမြို့-ကုသဂြမြို့-ရာဇဂဟမြို့စသည်ဖြင့်ခေါ်ဝိုခဲ့
ကြသည် ၊ယခုတွင် (ရာဂျဂီရ်)(RAJGIR)ဟုခေါ်သည် ၊ဤမြို့ကို တောင်(၅)လုံးတို့ကလည်းကာ
ရံထားသည် ၊၄င်းတောင်(၅)လုံးမှာ ဝေပုလ္လတောင် -ဂိဇ္ဈကုဋ်တောင်-က္ကသိဂိလိတောင်-ဝေဘာ
ရတောင်-ပဏ္ဍဝတောင်တို့ဖြစ်သည် ၊တောင်များဖြင့် ကာရံထား၍လည်း မြို့မှာပိုပြီး သပ်ယပ်လှ
သည် ၊မြို့၏ အစွန်တွင် တပေါဒါရုံမြစ်ရှိသည် ၊ယနေ့ထိတိုင် ရေများစီးဆင်းလျှက်ရှိသည်၊
ဘုရားရှင်လက်ထက်တော်အခါကတည်းကရှိနှင်းနေပြီးသောမြစ်လည်ဖြစ်သည် ၊ထိုမြစ်မှရေတို့
မှာ အမြဲပူနွေးနွေးဖြစ်သည် ။
ဒေသအသီးသီးတို့မှလာရောက်နေသော လူမျိုးစုံ ဘာသာစုံတို့ကိုလည်းအမြဲတွေ့မြင်နိုင်သည်
ရေချိုးသောအခါ “ဇာတ် အနိမ့် အမြင့် ခွဲ၍ နေရာယူချိုးကြရသည် ၊ရောဂါမျိုးစုံ ပျောက်သည်
ဟု ဟိန္ဒူများက ယူဆကြသည် ၊ထို့ကြောင့် အမြဲလိုလို လူစည်ကားသည်၊ဘုရားရှင်လက်ထက်
က ဤမြစ်ကမ်းစပ်တွင် တပေါဒါရုံကျောင်းရှိခဲ့သည် ၊ယခုချိန်မှာ လူအများရေချိုးရာနေရာတခု
သာဖြစန်ေတော့သည်။ -ငြိမ်းချမ်းရေးရိပ်မြုံ(၁၀)---သို့----

| |