ပျော်ရွှင်စွာဆင်နွဲဝါကျွတ်အလှူပွဲ
၁၃၇၃ခုနှစ်၊သီတင်းလပြည့်နေ(အဘိဓမ္မာအခါတော်နေ့)မှာကျွန်တော်တို့တွေလဲအလှူတစ်ခုကို
စုပေါင်းပြီးပြီးပြုလုပ်ခဲ့ပါတယ်။လပြည့်နေ့ကျွေမွေးရန်ကျွန်တော်ရဲ့သူငယ်ချင်းတွေနဲ့ဈေးဝယ်သွား
ပြီးညပိုင်းမှာချက်ပြုတ်ကြပါတယ်။မုန့်ဖတ်သုတ်ကိုကြက်သားလေးပေါ့။ညပိုင်းမှာတော့စုပေါင်းပြီး
(ပရိတ်၊ပဋ္ဌာန်း၊ဓမ္မစကြာ)ရွတ်ဖတ်ပူဇော်ကြပါတယ်။အခါကြီးရက်ကြီးမှာလေအဝေးရောက်နေတဲ့
သားတွေအဖို့မိဘတွေကိုဖုန်းဆက်ပြီးကန်တော့ကြပါတယ်။ညပိုင်းဘုရားခန်းဝင်ကြတဲ့ပုဂ္ဂိုလ်တွေ
ကိုတော့စာရေးသူကဘဲ(မင်းလှသားလေး)ကအလှူလုပ်ပါတယ်....စုပေါင်းအလှူလေးကို စာဖတ်သူတို့
အားအမျှ...အမျှ...အမျှ....ပေးဝေပါ၏ကျွန်တော်တို့နဲ့တူသာဓု...သာဓု...သာဓုခေါ်ဆိုကြစေရန်တင်ပြ
ပေးလိုက်ပါတယ်ခဗျာ.........
ကျွန်တော်တို့ရဲ့အလှူမှတ်တမ်းလေးပါ....အမှားတွေရှီကခွင့်လွတ်ပေးကြပါနော်...ပျော်ပျော်ဆင်နွဲအလှူ
ပွဲလေးပါ...

ပြုပြုသမျှသော ဒါန သီလ ဘာဝနာ ကုသိုလ်အစုစုတို့အတွက် သာဓု သာဓု သာဓု ခေါ်ပါတယ် မင်းလှသားလေးရေ။ အားလုံးစုစုစည်းစည်းနဲ့ ပျော်စရာပဲနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
စည်းစည်းလုံးလုံးနဲ့ အလှူပွဲအတွက် ဝိုင်းဝန်းချက်ပြုတ်ပြင်ဆင်နေကြတာ အားကျစရာပါပဲ။ ကုသိုလ်ကောင်းမှုတွေ အတွက် သာဓုသုံးကြိမ် ခေါ်သွားပါတယ်နော်။
ခင်တဲ့
မေသိမ့်