ပူဇာစ ပူဇေနယ်နံ
ပူဇော်ထိုက်သူကို ပူဇော်ခြင်းမင်္ဂလာ
ပူဇော်ခြင်းသည်လက်အုပ်ချီမိုးရှီခိုးပူဇော်ခြင်း၊အရိုအသေပြုလျက်ပူဇော်ခြင်း၊ဂုဏ်ကျေးဇူးကိုချီးကျူးပူ
ဇော်ခြင်း၊တရားဖြင့်ပူဇော်ခြင်း၊ပစ္စည်းဝတ္ထုဖြင့်ပူဇော်ခြင်း စသည်ဖြင့်များလှပါတယ်........
ရှီခိုးပူဇော်ခြင်း......ရှေးအခါကသိခီမြတ်စွာဘုရားလက်ထက်တော်၌ဒါယကာတစ်ဦးသည်မြို့တွင်းသိုဆွမ်းခံကြွ လာသောဘုရားရှင်ကိုကြည်ညိုလှသဖြင့်လက်အုပ်ချီမိုးရှီခိုးပူဇော်လျက်နေ၏။ထိုကောင်းမှုကြောင့်ဂေါတမမြတ်စွာ
ဘုရား ရှင်ပွင့်တော်မူသောအခါ ဟိမဝန္တာအနီးရှိ ဥက္ကဋ္ဌမြို့၌ ဗြညဟ္မဏသူကြွယ်တဦး၏သား ဖြစ်၏။အင်္ဂဏိတ အမည်ရ၍ ဘုရားရှင်ကိုဖူးမြော်ရသောအခါကြည်ညိုလှသဖြင့်တရားတော်ကိုနာကြား၏။ ရဟန်းအဖြစ်ကိုရ၍ ရဟန်းတရားပွားများအားထုတ်ရာမကြာမီပင် ရဟန္တာ ဖြစ်လေ၏။လက်အုပ်ချီမိုးရှီခိုးပူဇော် ရုံမျှဖြင့် ရဟန္တာ ဖြစ်သည်အထိ အကျိုးရသွား၏။
(ထေရဂါထာ-ဋ္ဌ၊ပ၊တိက၊အင်္ဂဏီကဘာရဒွါဇထေရ်ဝတ္ထု)
နောင်တွင်လဲဆက်လက်ဖော်ပြပေးသွာပါမည်။(မင်းလှသားလေး)

0 Response to "ပူဇာစ ပူဇေနယ်နံ"
Post a Comment