အို.....နောင်တလေးရယ်.......


ညပိုင်းလေစဉ်းစားရင်းစာသားလေးတွေချရေးခဲ့ပြီး…အကြောင်းအရာလေးတွေကအထူး
အဆန်းတော့မဟုတ်ပါဘူးဗျာ။နောင်တရတာနောက်ကျတဲ့ပက်သက်ပြီးပို့စ်တစ်ခုဖတ်ပြီး
တော့ရေးသားခဲ့တာပါ။။။။ကျွန်တော်ဘဝမှာ အမှားနဲ့ကြုံရင်လေ အမြဲအားပေးခဲ့တဲ့
သူငယ်ချင်း၊လူမှုဆက်ဆံရေးနှင့်နေထိုင်ဝတ်စားတာတွေအပြောအဆိုမှာစံနမူနာယူခဲ့တာလေး
တွေရှိပါတယ်….အမှန်ပြောရင်လေ စာရေးသူကပေါင်းသင်းဆက်ဆံရေးမကောင်းဘူးဗျ။
ကျွန်တော်ဘဝမှာလေရင်းနှီးတဲ့မိတ်ဆွေတွေ…စာပေဘက်မှာလေးစားအတုယူရသောသူငယ်ချင်း
ပျက်စီးတယ်ဘဲပြောရမလား….ဘာမှမလုပ်တော့ဘူးဘဲပြောရမလား….ခုအချိန်မှာတော့ချက်တင်၊
ဂိမ်းနှင့်အရက်သမာလေးတွေဖြစ်နေကြပြီး နောင်တချိန်များလေ…ဘဝရဲ့တိုးတက်မှုတွေမှာလေပညာ
ရေးနဲ့ဆိုင်တဲ့ဒီဂရီရမှဆိုရရင်လေနောင်တက နောင်ကျမှရတာမကောင်းဘူးဆိုရယ်….အသက်တွေဘယ်
လောက်ဘဲကြီးမိမိရဲ့ရရှိတဲ့အခွင့်အရေးတွေကို အကောင်းဆုံးရရှိအောင်အသုံချဖို့ ကိုရည်ညွှန်းပေးခဲ့
တာဗျာ……….ငယ်စဉ်ကလေစာရေးသူကိုလေ အန်တီဆုးံမတာတွေမြင်ယောင်ခဲ့ပြီ…နောင်တက နောင်မှမရစေနဲ့
ဆိုတာလေးကိုပါဗျာ….ဘဝမှာနောင်တမရကောင်းတာကတော့(၁၀)ချက်ရှိတယ်ဗျ…..
(၁)အချိန်ရှိခိုက်ငယ်စဉ်ကပညာမသင်ခဲ့မိလေခြင်း။
(၂)ဥစ္စာပစ္စည်းမစုစောင်းမိခဲ့လေခြင်း။
(၃)သူတပါးရဲ့အချစ်ကိုဖျတ်စီးမိခဲ့လေခြင်း။
(၄)သူတပါးရဲ့အသက်ကိုသတ်မိခဲ့လေခြင်း။
(၅)သူတပါးရဲ့သားမယားကိုပြစ်မှားမိခဲ့ခြင်း။
(၆)ဥစ္စာပစ္စည်းရှိလျှက်မလှူမိခဲ့လေခြင်း။
(၇)ဆုံးမတာကိုနားမထောင်မိခဲ့လေခြင်း။
(၈)မိဘကိုမလုပ်ကျွေးမိခဲ့လေခြင်း။
(၉)ပညာရှိထံနည်းခံ၍ပညာမင်ကြားခဲ့လေခြင်း။
(၁၀)မြတ်သောအကျင့်မကျင့်ခဲ့မိလေခြင်း တို့ဖြစ်ပါတယ်။(အကိုး==ဒွါဒသနိပါတ်၊ဇနသန္ဓဇာတ်)
ဤ(၁၀)ချက်ကိုတော့(စိတ်ကူးတို့၏တစ်စုံတစ်ရာမှ)ကူယူဖော်ပြပေးထားပါတယ်ဗျာ။
 မိမိဘဝကိုမိဘ၊ဆရာသမားတွေကတော့တိုးတက်တာဘဲမြင်ချင်တာလေ....မိမိတို့ကတော့ချစ်သူကြောင့်
မိန်းမကြောင့်(ဥပမာ)နော်ဘဝတိုးတက်မှုကိုနှောင့်ယှက်မှုတွေကိုခဏထားပြီးအကောင်ဆုံတွေကိုရယူစေချင်တာက စေတနာပါဗျာ....(မင်းလှသားလေး)

2 Response to "အို.....နောင်တလေးရယ်......."

  1. မှန်တာပေါ့ညီရေ... ချက်တင်၊ဂိမ်း၊အရက် စတာတွေနဲ့ပဲ ပျော်ရွှင်နေကြသူတွေ များမှများပဲ။ သူတို့အတွက်တော့ နောင်တဆိုတာကို မစဉ်းစားမိဘူးထင်တယ်။ အကိုကြားဖူးတာတော့ နောင်တ ဆိုတာ နောင်မှ တ ရတာမို့ ဘယ်နောင်တမှ မကောင်းဘူးတဲ့...။ အတတ်နိုင်ဆုံးတော့ နောင်တ ကင်းအောင်ကြိုးစားနေရတာပေါ့ကွာ။ ကင်းတော့ဘယ်ကင်းမလဲနော့။ ဗဟုသုတ ရစရာ ပို့စ်လေးတွေအတွက် ကျေးဇူးပါညီရေ။ ပျော်ရွှင်ပါစေ

    mstint says:

    ပြန်ပြုပြင်ဖို့အတွက် နောက်ပြန်လှည့်လို့မရတော့မဲ့ 'နောင်တ'ကို မဖြစ်ခင်က ကြိုတင်ပြီး သတိထားနိုင်တာ မွန်မြတ်တဲ့စိတ်ပါကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

Post a Comment

| |