ငြိမ်းချမ်းရေးရိပ်မြုံ(၁၄)
သာဝတ္ထိမြို့သည်
ဘုရားရှင်လက်ထက်တော်က ကောသလတိုင်း၏ မြို့တော်ကြီးဖြစ်ခဲ့သည်
(ရာပတီ)ခေါ်
အစိရဝတီမြစ်ကမ်းစပ်၌တည်ရှိသည် ၊သာဝတ္ထိ ဆိုသည်မှာ အရာရာတိုင်းကို
ရရှိခြင်းဖြစ်သည်
၊အမှန်တကယ်လည်း သာဝတ္ထိမြို့သည် ထိုခေတ်အခါက အချမ်းသာဆုံးနှင့်
နာမည်အကြီးဆုံးမြို့များထဲတွင်
ထိပ်တန်းကပါဝင်ခဲ့သည် ၊သာဝတ္ထိတွင် “ဇေတဝန်ကျောင်း-
ပုဗ္မာရုံကျောင်း-ရာဇိကာရုံကျော င်းဆိုပြီး
နာမည်ကြီးကျောင်းတိုက်ကြီး(၃)တိုက်ရှိရာ လူအများ
က“ဇေတဝန်ကျောင်းကိုသာအသိမျာြး ကသည်
။
၎င်းကျောင်းတွင်း
ဘုရားရှင်ကိယ်တော်တိုင်လည်း ဝါတော်အများဆုံး သီတင်းသုံးတော်မူခဲ့
သည်
၊သာဝတ္ထိမြို့တော်ပျက်သုဉ်ခဲ့ပြီးသော နောက်တွင်လည်း ဇေတဝန်ကျေကာင်းတော်ကြီး
မှာ သာသနာအတွက်
အရေးပါသော နေရာတဌာနတခုအဖြစ် တည်ရှိနေခဲ့သည် ၊(ဖာဟီယန်)
တရုတ်ခရီးသည်မှတ်တမ်းအရ
အလှူပွဲတခုမှ မီးတောက်လောင်ခဲ့မှုကြောင့် ဘုံ(၇)ဆင့်ပါရှိ
သော ဂန္ဒကုဋီ ကျောင်းတော်ကြီးမှာ
ပြကျခဲ့ရသည်ဟုဆိုသည် ၊ကျောင်းတော်အတွင်း ကိန်းဝပ်
နေသော နံ့သာ
ဆင့်တုတော်ကြီးမှာမူ တစုံတရာ မီးးလောင်ကျွမ်းမှုမရှိဘဲ တခြားကျောင်း
ဆောင်ငယ်တခုအတွင်း
အံသြဖွယ် တွေ့ရှိခဲ့ရသည်ဟုဆိုသည၊ယင်းနော က် ကျောင်းတော်ကြီး
ကို မူလနေရာတွင်
ပြန်လည်တည်ဆောက်ပြီး ဆင့်တုတော်မြတ်ကိုလည်း အသစ်ဆောက်
ကျောင်းဆောင်သို့
ရွှေ့ပြောင်းကိုးကွယ်ခဲ့ကြသည် ။
(ဟူယင်ဆင်)တရုတ်ခရီးသည်
လာရောက်စဉ်ကမူ သာဝတ္ထိ နှင့် ဇေတဝန်ကျောင်းတော်တို့မှာ
ခြောက်ကပ်ပြီး ဆိတ်သုဉ်း
နေလေပြီ ၊အုဌ်ခုံမျှသာ ကျန်တော့သည်ဟဟုဆိုသည် ၊ဟူယင်ဆင်
ရောက်လာပြီးနောက်
မကြာခင်မှာပင် ဇေတဝန်ကျောင်းဝိုင်းအတွင်းရှိ ကျောင်းတော်များအား
လုံးကို
ပြန်လည်တည်ဆောက်ခဲ့ပြီး အေဒီ (၁၂)ရာစုတိုင်အောင် ဆက်လက်ဖြွံ့ ဖြိုးနေခဲ့သည်
ဟုဆိုသည်၊ယင်းနောက်ပိုင်းတွင်
လူသူကင်းမဲ့ပြီး တောခြုံများ ပိတ်ဖုံးကာ အစနပျောက်ဖြစ်ခဲ့
ရလေတော့သည် ။
၁၈၆၃
ခုနှစ်တွင်ဇေတဝန်(Saheth)နှင့် သာဝတ္ထိ(Maheth)တို့ကို ကင်နင်ဂဟမ်က တူးဖော်ခဲ့
ရာ ခိုင်မာစေသော
ကျောက်စာများတွေ့ရှိခဲ့ရသည် ၊ဆက်ပြီး ၁၈၇၆ ခုနှစ်တွင်အနည်းငယ် တိုးချဲ့ကာ
တူးဖော်ခဲ့ကြပြန်သည် ၊နောက်ဆုံးအကြိမ်ကို ၁၉၈၀ တွင် ဂျပန်ရှေးဟောင်းပညာ
ရှင်များက
ပြုလုပ်ခဲ့ကြသည် ၊ ဘုရားရှင် သီတင်းသုံးသည့် ကျောင်းဆောင်(၄)ဆောင်တွေ့
ရှိခဲ့ကြသည်
၊ဤဇေတဝန်ကျောင်းတော်ကို ဘုရှင် ပရိနိဗ္မာန်ပြုတော်မြူီးနောက် “အသောက”
မင်းကြီးက
ပြုပြင်ခဲ့ပြီး ၊နောက်ဆုံး ၁၁၃၀ တွင် “ကနောဇ်ဘုရင်”၏ မိဖုရား“ကုမာရဒေဝီက”
ပြုပြင်ခဲ့သည် ။
ယခုမြင်တွေ့နေရသော
အုဌ်မြစ်များမှာ အေဒီ ၅-နှင့်-၁၂ ရာစုများက လက်ရာများသာဖြစ်သည်
ဂန္ဒကုဋီကျောင်းဆောင်အတွင်း၌
ဘုရား၇ှင် ကျိန်းစက်တော်မူတော်မူသည့် ညောင်စောင်တော်
မှာ အလျှား-၂၇-တောင်
အနံ-၁၇-တောင်ရှိသည် ၊ဤနေရာသည် ဘဘုရားရှင်တိုင်း မစွန့်
လွှတ်သော
(အဝိဇဟိတ)ဌာလည်းဖြစ်သည် ၊ဇေတဝန်ကျောင်းဝိုင်းအတွင်းသို့ ဝင်လမ်း၏
လက်ျာဘက်အကွေ့တွင်
အာနန္ဒာ ဗောဓိပင်ရှိသည် ၊ဤဗောဓပင်နှင့် ပတ်သက်၍ ဇာတ်တော်
များ
ဖွင့်ဆိုချက်အရဆိုလျှင် ဘုရား၇ှင်အား ဖူးမျှော်ရန် အနယ်နယ် အရပ်ရပ်မှလာကြသော
တကာ တကာမများသည် ။
အကြောင်းမညီညွတ်လို့
ဖူးမျှော်ခွင့် မရကြသည့်အခါ
လူအများပူဇောနိုင်မည့် ပူဇော်ခွင့်ရမည့်
နည်လမ်းတခုခု
ပေးတော်မူရန် ကျောင်းတကာ အနာထပိဏ်ကလျှောက်ထာရာ ဗောဓိပင်စိုက်
ပျိုး၍
ပူဇော်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့သည် ၊သို့ဖြင့် ဂယာမှ မဟာဗောဓိပင်
မျိုးစေ့ကို ရှင်အာ
နန္ဒာကိုယ်တော်တိုင်
လာရောက်ယူပြီး ၊စိုက်ပျိုးခဲ့သည် ထို့ကြောင့် အာနန္ဒာ ဗောဓိပင် ဟုခေါ်
ကြခြင်းဖြစ်သည်
၊ဇေတဝန်ကျောင်းတော်၏ အရှေ့ ဘက်ကားလမ်းဘေးတွင်“ဒေဝဒတ်”အား
မြေမျိုခဲ့သောရေကန်ရှိသည်
၊ယခု(ဝန္ဒာဆာဂရ်)ဟုခေါ်သည်၊ဇေတဝန် ကျောင်း၏ထိပ် အပြင်
ဘက်တွင်
(စိဉ္စမာန)အားမြေမျိုခဲ့သောနေရာ ရှိသည် ။
ငြိမ်းချမ်းရေးရိပ်မြုံ--(၁၅)--သို့---အရှင်ရေဝတ
0 Response to "ငြိမ်းချမ်းရေးရိပ်မြုံ(၁၄)"
Post a Comment