ငြိမ်းချမ်းရေးရိမ်မြုံ(၁၅)

    ရဂုံသာလှ ကုသိနဂရ
ဘုရားရှင် ပရိနိဗာန် ပြုတော်မူရာ မလ္လာတိုင်း၏ မြို့တော် ကုသိနာရုံသည် ယခုခါ အိန္ဒိယနိုင်ငံ
ဥတ္တရာ ပရာဒေရှ့် ပြည်နယ် ၊ဒေဝါရီယာခရီုင်တွင်းရှိ(ကုဆီနာဂါရ်)ခေါ်သောရွာငယ်ပင်ဖြစ်သည်
ကာဆိယာမြို့နှင် -၅-ကီလိုမီတာခန့်ကွာဝေးသည် ၊၁၈၇၆ ခုနှစ်တွင် အိန္ဒိယကျောက်စာဌာနမှ
(ကင်နင်ဂဟမ်)၏လက်ထောက်(Carlleyle)က ကုသိနာရုံ၌ တူးဖော်မှုများကို ပြုလုပ်ခဲ့ရာ ရှေး
ဟောင်း ပစ္စည်းများနှင့်အတူ “ပရိနိဗာန်ပြုတော်မူဟန် လျှောင်းတော်မူ မြေသားဆင့်တုတော်
ကြီး တစ်ဆူကိုတွေ့ရှိခဲ့သည် ။

ခြေဖဝါးတော်မှ ဦးသျှောင်တော်အထိ ပေ-၂၀-ပခုံးတော် ၅ပေ-၆လက်မရှိသည် ၊မြောက်သို့
ဦးခေါင်းပြုတော်မူပြီး ၊အနောက်ဘက်သို့ မျက်နှာမူနေပုံဖြစ်သည် ၊ပလ္လင်တော်မှာ-၂၃-ပေ-၉ လက်မခန့်ရှည်လျှားပြီး ၊၂ပေ-၁လက်မခန့်မြင့်သည် ၊ရုပ်ပွါးတော်မှာ တွေ့ရှိစဉ်က တစစီကျိုးပဲ့
နေသဖြင် ပြန်လည်ဆက်စပ် မွန်းမံထားသည် ၊ပလ္လင်တော်၌ရေးသားပါရှိသောစာအရ ရုပ်ပွါး
တော်၏ အလှူရှင်မှာ၊မဟာဝိဟာရကျောင်းနေ အရှင် ဟရိဗလဆွာမိရဟန်းတော်ဖြစ်ပြီး ၊ထု
လုပ်ခဲ့သူမှာ မထုရာပြည်သား ပညရှင် ဒိန္နဖြစ်သည်ဟုဆိုကြသည် ။

ဝိဥာဏ်ချုပ်ငြိမ်းတော်မူဟန် ရုပ်ပွါးတော်ကြီးအား ဖူးတွေ့ရလျှင် ပရိနိဗာန် ပြုတော်မူခဲ့စဉ်က ဘု
ရားရှင်၏ ရုပ်သွင်တောအနေထားကိုမှန်းဆကြည်ညို၍ရနိုင်ပေသည် ၊ညှိုးလျသော မျက်နှာ
တော် ၊ဖူးကြွနေသော ပါးတော်နှင့် ခြေတော်အစုံ ၊နွမ်းရိပျော့လျှောကျနေသော ကိုယ်တော်နေ
ဟန်တို့ကို ၊အနီးကပ်ဖူးတွေ့ရသောခါ တကာ တကာမ သူတော်ကောင်းများတို့ ရင်မှာ နှမြော
တသ ဝမ်းနည်းမိကြရလေသည် ၊ဤရုပ်ပွါးတော်မှာ အေဒီ-၅-ရာစုခန့်ကဖြစ်နိုင်ကြောင်း ပညာ
ရှင်တို့က ခန်းမှန်းကြသည် ။

ဘုရားရှင် ပရိနိဗာန်ပြုတော်မူရာ၌တည်ရှိသော စေတီတော်ကို မဟာပရိနိဗာန စေတီဟူ၍ခေါ်
ကြသည် ၊ယခုထိတိုင် ဘုရားရှင်၏ ငြိမ်းချမ်းရေး ဓမ္မရိပ်ရောင်များ လွှမ်းမိုးနေဆဲပင် ဖြစ်သည်
စေတီတော်၏ အနောက်ဘက်တွင် အုဌ်ခုံကြီးများရှိပြီး ၊တောင်ဘက်တွင် ရဟန္တာအရှင်မြတ်
များ၏ ဓာတ်တော်တို့ကို ဌာပနာသည့် စေတီငယ်များကိုတွေ့နိုင်သည် ၊စေတီတော်မှ အရှေ့
တောင်ဘက်သို့ ကားလမ်းမအတိုင်းလမ်းလျှောက်လျှင် ၊မလ္လာမင်းတို့၏ (ဘိသိက်ခံယူရာ)ရှိ
သည် ၊၄င်းနေရာတွင် “ဝိဥာဏ်ချုပ်ငြိမ်းလေပြီးသော” ဘုရားရှင်၏ ရုပ်ကလပ်တော်အား(၇)
ရက်ခန့် စံစေတော်မူပြီးမှ တေဇောဓာတ်လောင်ကျွမ်းစေခဲ့သည် ။
ကုသိနာရုံ ပန်းခြံမှထွက်ပြီး တောင်ဘက်သို့ လမ်းလျှောက်လျှင် ခေတ်သစ်လက်ရာ တန်
ဆောင်ငယ် တစ်ဆောင်ကိုတွေ့နိုင်သည် ၊ယင်းကို မြန်မာနိုင်ငံ ဟင်္သတမြို့ အရေးပိုင်မင်း
ဦးဘိုးကျူ နှင့် ဇနီးမိသားစုများက လှူဒါန်းခဲ့ကြခြင်းဖြစ်သည် ၊အဆောင်ထဲတွင် (ဘူမိဖဿ
မုဒြာ)ရုပ်ပွါးတော် တစ်ဆူ ကိန်းဝပ်တော်မူလျှက်ရှိသည် ၊ကုသိနာရုံတူးဖော်စဉ်က(၂)ပိုင်းကျိုး
လျှက် ရရှိသော ရုပ်ပွါးတော်မြတ်ဖြစ်သည် ၊ဘုရားရှင် ပါဝါပြည်မှ ကုသိနာရုံသို့ ကြွလာစဉ်(၂၅
)ကြိမ်မြောက် နားနေတော်မူခဲ့ရား၊နောက်ဆုံး ရေကြည် ရေအေးဘုန်းပေးတော်မူခဲ့ရာနေရာ
တော်မြတ်လည်းဖြစ်သည် ။
                                        ငြိမ်းချမ်းရေးရိပ်မြုံ(၁၆)--သို့----အရှင်ရေဝတ

0 Response to "ငြိမ်းချမ်းရေးရိမ်မြုံ(၁၅)"

Post a Comment

| |