နေရာတိုင်းမှာ ဥပေက္ခာ

မေတ္တာနဲ့
ကိုယ်ကောင်းကျိုးရစေချင်တိုင်းလည်း
သူရတာမှ မဟုတ်၊ သူ့ကံရှိမှ သူရတာ၊
ကရုဏာနဲ့
ကိုယ်ဆင်းရဲ လွတ်စေချင်းတိုင်းလည်း
သူလွတ်တာမှ မဟုတ်၊ သူ့ကံရှိမှ သူလွတ်တာ၊
မုဒိတာနဲ့
ကိုယ်ချမ်းသာမြဲစေချင်တိုင်းလည်း
သူမြဲတာမှ မဟုတ်၊ သူ့ကံရှိမှ သူမြဲတာလို့
သူနဲ့ကံတရား၊ ကံတရားနဲ့သူ
အကြောင်းအကျိုးဆက်စပ်ပြီး
လည်ပတ်နေတာကို
အမြဲဆင်ခြင်ဥာဏ်သက်ဝင်ပြီး
ထာဝစဉ်ကံသတိ၊ ကံအသိရှိနေမယ်ဆိုရင်
ကိုယ်ဖြစ်စေချင်တိုင်း ဖြစ်မလာလို့
မကျေမနပ်ဖြစ်ရတာတွေ၊
ဝမ်းနည်းပန်းနည်း စိတ်ဆင်းရဲရတာတွေ ရှိမှာမဟုတ်တော့ပါဘူး။
ဆရာမြင့်ရွှေ(ပေါင်းတည်)၏ ဓမ္မလက်ဆောင်စာအုပ်မှ မှတ်သားဖွယ်ရာစာစုများမှဖော်ပြပေးထားပါသည်။
ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ။(မင်းလှသားလေး)
 

မင်္ဂလာပါ

ကျနော်လဲ စာတွေနဲ့အလုပ်ရှုပ်နေလို့ပါ.....မကြာမီ ဝိပသနာအကြောင်းလေးတွေ
ရေးသားပေးသွားပါမည်ခဗျာ...(မင်းလှသားလေး)

နှုတ်ဆက်အနမ်း


စာရေးသားခြင်းတွေနဲ့အဆက်ပြတ်တာကြာပြီလေ…ဒီတခါတော့ ဘဝရဲ့ကျေးဇူးရှင်တွေကို
ကျေးဇူးတင်စကား ပြောကြားရင်း နှုတ်ဆက်တဲ့သဘောလေးပါ။။။ စာတမ်းပြီးလို့ ပြည်တော်ပြန်ရတော့မယ်လေ။။။ပညာသင်ကြားစဉ် အစစ အရာရာ ကူညီပေးခဲ့ကြပါသော
 အကိုကြီးများ၊ တစ်ပါတ်စဉ်တူသူငယ်ချင်းများ၊ ညီလေးများ နှင့်  စာများမသိပါက မေးမြန်းသမျှ စိတ်ရှည်စွာရှင်းပြပေးပါသော ကျနော်ရဲ့ဆရာဦးရွှမ်း၊ တရားတော်များနာကြားခွင့်ပေးပါသေး
ဆရာတော် ဦးကောဝိဒသိရီ(သီတဂူစတား)နှင့် ဦးဇောတိပါလ (လပြည့်ဝန်း)၊အွန်လိုင်းမှ ဆုံးမသြဝါဒပေးပါသောဆရာတော်များ၊ဘလော့ဂ်ဖြစ်မြောက်အောင်ကူညီပေး
ပါသော တောသားလေး(ဆရာ)တို့နှင့် ကျနော်ဘယ်လောက်ဘဲပြောပြော နားလည်ပေးပါသော
ညီအကိုအရင်းပမာ သည်းခံပါသော ချစ်သူငယ်ချင်း၊ဘဝရဲ့သင်၊မြင်၊ကြား ဆရာအပေါင်းနှင့်တကွ
ကျေးဇူးတင်ထိုက်သူအပေါင်းတို့အားကျေးဇူးတင်ရှိပါကြောင်းရင်း နှုတ်ဆက်ခဲ့ပါတယ်ခဗျ။။။။
   ဘဝရဲ့အောင်မြင်မှုတွေရရှိပြီး မိဘကျေးဇူးဆပ်နိုင်ကြပါစေ။(မင်းလှသားလေး)
| |