နေရာတိုင်းမှာ ဥပေက္ခာ

မေတ္တာနဲ့
ကိုယ်ကောင်းကျိုးရစေချင်တိုင်းလည်း
သူရတာမှ မဟုတ်၊ သူ့ကံရှိမှ သူရတာ၊
ကရုဏာနဲ့
ကိုယ်ဆင်းရဲ လွတ်စေချင်းတိုင်းလည်း
သူလွတ်တာမှ မဟုတ်၊ သူ့ကံရှိမှ သူလွတ်တာ၊
မုဒိတာနဲ့
ကိုယ်ချမ်းသာမြဲစေချင်တိုင်းလည်း
သူမြဲတာမှ မဟုတ်၊ သူ့ကံရှိမှ သူမြဲတာလို့
သူနဲ့ကံတရား၊ ကံတရားနဲ့သူ
အကြောင်းအကျိုးဆက်စပ်ပြီး
လည်ပတ်နေတာကို
အမြဲဆင်ခြင်ဥာဏ်သက်ဝင်ပြီး
ထာဝစဉ်ကံသတိ၊ ကံအသိရှိနေမယ်ဆိုရင်
ကိုယ်ဖြစ်စေချင်တိုင်း ဖြစ်မလာလို့
မကျေမနပ်ဖြစ်ရတာတွေ၊
ဝမ်းနည်းပန်းနည်း စိတ်ဆင်းရဲရတာတွေ ရှိမှာမဟုတ်တော့ပါဘူး။
ဆရာမြင့်ရွှေ(ပေါင်းတည်)၏ ဓမ္မလက်ဆောင်စာအုပ်မှ မှတ်သားဖွယ်ရာစာစုများမှဖော်ပြပေးထားပါသည်။
ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ။(မင်းလှသားလေး)
 

0 Response to "နေရာတိုင်းမှာ ဥပေက္ခာ"

Post a Comment

| |