မြတ်ဗုဒ္ဓ၏ ဥပါသကာ အစစ်


မြတ်စွာဘုရားရှင်က မိမိ၏ဘာသာတရားတော်ကို သက်ဝင်ယုံကြည်သော ဥပါသကာ အစစ်ဖြစ်ရေးအတွက် ဥပဒေသ(၅)ချက်ကို စံပြုသတ်မှတ်ထားပါသည်။
(၁) ယုံကြည်မူ သဒ္ဓါတရားရှိရမည်။
(၂) စောင့်ထိန်းမူ သီလရှိရမည်။
(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ။
(၄) ကံကိုသာ ယုံကြည်သူဖြစ်ရမည်။
(၅) သာသနာတော် ပြင်ပကိုးကွယ်မှုကိုမရှာမှီးရ ဟူ၍ဖြစ်ပါသည်။
အဓိပ္ပာယ်ကတော့-
(၁) ယုံကြည်မှု သဒ္ဓါတရားဆိုသည်မှာ ဗုဒ္ဓ၊ဓမ္မ၊သံဃတို့၌ အပြည့်အ၀ယုံကြည်သူကို ဆိုလိုပါသည်။
(၂) စောင့်ထိန်းမှုသီလဆိုသည်မှာ ဗုဒ္ဓဘာသာက သတ်မှတ်ထားသော ကိုယ်ကျင့်သီလကိုစောင့်ထိန်းသူဖြစ် ရပါမည်။
(၃)ကောတုဟလမင်္ဂလာဆိုသည်မှာ ရက်ရာဇာ၊ပြဿဒါး၊နေကြတ်၊လကြတ် စသောစိတ်ကူးယဉ်အတွေးတို့ ၌ယုံကြည်နေမှုကိုဆိုလိုပါသည်။
(၄) ကံကိုသာယုံကြည်ခြင်းဆိုသည်မှာ ဒသ၀တ္ထုက ကမ္မဿကတာသမ္မာဒိဋ္ဌိအမြင်နှင့် ပြည့်စုံရမည်။ မိမိ၏ကံနှင့်ကံ၏ အကျိုးဆက်ကိုသာ ယုံကြည်ရမည်။အခြားယုံကြည်မှုများကို မယုံကြည်ရဟုဆိုလိုသည်။
(၅) သာသနာတော်မှအပဖြစ်သော ကိုးကွယ်မှုများ၊ သာသနာပြင်ပမှ အလှူခံပုဂ္ဂိုလ်တို့ကို ရှာမှီး၍မဆည်း ကပ်ရပါ။ နတ်၊သိကြား၊ဗြဟ္မာ၊ဂြိုဟ်နတ်၊ထွက်ရပ်ပေါက်၊ဘိုးတော်၊မယ်တော်၊၀ိဇ္ဇာ စသောသာသနာ့ပြင်ပမှ ကိုးကွယ်မှုများကို ရှောင်ရှားရမည်ဟုဆိုလိုပါသည်။ ရေစကြိုအရှင်ဧသိက၏ထေရ၀ါဒဗုဒ္ဓဘာသာ
(ပြိုင်ပွဲပထမဆုရ)စာအုပ်မှပြန်လည်ကောက်နုက်ဖော်ပြလိုက် ခြင်းဖြစ်ပါသည်။(မင်းလှသားလေး)

1 Response to "မြတ်ဗုဒ္ဓ၏ ဥပါသကာ အစစ်"

  1. mstint says:

    မြတ်ဗုဒ္ဓ၏ ဥပါသကာအစစ်နဲ့ပတ်သက်ပြီး ပြန်လည်မျှဝေပေးတဲ့အတွက် ကျေးဇူးပါ မင်းလှသားလေးရေ။ သိသင့်တာလေးတွေကို ဖတ်ရှု မှတ်သားသွားပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

Post a Comment

| |