သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော်နေ့


မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စား ထားခဲ့ပြီး အဘိ ဓမ္မာ တရားတော် အကျယ်ကို ၀ါတွင်း သုံးလ ပတ် လုံး ဟောကြားတော် မူပြီး တရားစစ်သူကြီး ရှင် သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တချိန် တည်းမှာ ဟောကြား သင်ပြ တော် မူပြီး သီတင်းကျွတ် လပြည့်နေ့မှာ လူ့ပြည်ကို ပြန်ဆင်း ခဲ့တဲ့ အထိမ်း အမှတ် အနေနဲ့ နက်ဖြန် မနက်မှာ ကျရောက် မယ့် သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ် ခေါ်ဝေါ် ခဲ့ကြပါသည်။
   အဘိဓမ္မာ တရားတော် အကျယ်ဟာ အလွန် ရှည်လျား များပြားတဲ့ အတွက် ၀ါတွင်း သုံးလ ပတ်လုံး မရပ်မနား ဟော ကြားမှ ပြီးပြည့်စုံ အောင် ဟောကြား နိုင်မှာ ဖြစ်လို့ လူ့ပြည်မှာ တထိုင် တည်း တနေရာတည်း ဆက်တိုက် နာကြား နိုင်တဲ့သူ မရှိလို့ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စားထား ဟော ကြား ရတာ ဖြစ်ပြီး လူသား ဖြစ်တဲ့ မြတ်စွာဘုရား ကိုယ်တော်တိုင် ကတော့ လူ့ပြည်ဆင်းပြီး က္ကရိယာပုဒ် လေးပါး ညီညွတ် မျှတအောင် စပ္ပါယ်ရင်း တရား စစ်သူကြီး ဖြစ်ရုံမက အဘိဓမ္မာ တရားတော်မှာ အထုံ ပါရမီ ပါသူ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို ဟောပြတော် မူပါတယ်။ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးက တဆင့် တခြား သာဝက ငါးရာကို မကျဉ်း မကျယ် ပြန်လည် ဟောပြ သင်ကြား ပေးခဲ့ ပါတယ်။ ဒီအထိမ်းအမှတ် အနေနဲ့ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော် နေ့ လို့ ခေါ်ဆိုခြင်း ဖြစ်ပါသည်။ သီတင်းကျွတ် လပြည့်နေ့မှာ ကျင်းပ လေ့ ရှိတဲ့ ပွဲများ ကတော့

ပ၀ါရဏာပွဲ။ ။ ပ၀ါရဏာရဲ့ အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း၊ တိုက်တွန်းခြင်း၊ တောင်းပန်ခြင်း တို့ ဖြစ်လေသည်။ သာသနာ့ဝန်ဆောင် ရဟန်းတော် များဟာ ၀ါကျွတ်တာနဲ့ သီတင်းကျွတ် လပြည့်နေ့မှာ “အရှင် ဘုရားတို့။ တပည့်တော်သည် သံဃာကို ဖိတ်ကြား ပါဧ။်။ တပည့်တော် ဧ။် အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော် လည်းကောင်း၊ သံသယ ရှိလျှင် သော်လည်း ကောင်း တပည့်တော်အား သနားသော အားဖြင့် ပြောဆို သတိ ပေးကြပါ။ အပြစ်ကို ကုစား ပါ မည်" ဟု ဖိတ်ကြား တိုက်တွန်း ပြီး ရဟန်းများက မိမိရဲ့ အပြစ်များကို အခြား တစ်ပါး ထံမှာ မိမိ ရဲ့ သဘောဆန္ဒ အလျောက် ဖွင့်ဟ ပြောဆိုပြီး ၀န်ချ တောင်းပန် ကြသလို သာသနာတော် သန့်ရှင်း တိုးတက် ရေးအတွက် အပြုသဘော ဆောင်ပြီး ဝေဖန် သုံးသပ် ကြသည့် ပွဲလဲ ဖြစ် ပေသည်။ အလွန်ပင် ဒီမိုကရေစီ နည်းလမ်း ကျန စည်းစနစ် ကောင်းလှသော ပွဲပါပေ။

မီးမြင့်မိုရ်ပွဲ။ ။ သီတင်းကျွတ် လပြည့်နေ့ ညနေမှာ နတ်ပြည် ကနေ လူ့ပြည်ကို ဆင်းအ လာ လပြည့်ဝန်း နဲ့အတူ ကောင်းကင်မှာ တင့်တယ်စွာ ဖူးမြင်ရတဲ့ မြတ်စွာဘုရားကို နတ်လူ အများက ပူဇော်တဲ့ အနေနဲ့ ဆီမီးများနဲ့ ပူဇော် ကြတဲ့ အထိမ်းအမှတ် အနေနဲ့ အိမ်၊ ကျောင်း၊ တန်ဆောင်း များမှာ ဆီမီး၊ မီးပုံးများ ထွန်းညှိ ပူဇော်ကြသလို ဘုရားစေတီ များမှာလဲ ပွဲများ ပြုလုပ်ပြီး မီးမြင့်မိုရ်ပွဲများ ပြုလုပ် ကြပါသည်။ ပုဂံမြို့ မြင်းကပါ ဂူပြောက်ကြီး ဘုရားက ပန်းချီ ကား တွင် ဗုဒ္ဓ မြတ်စွာ ဘုရား တာဝတိံသာမှ သင်္ကသနဂိုရ်ပြည်သို့ သက်ဆင်းပုံ ပန်းချီကို တွေ့ရသည့် အတွက် မီးမြင့်မိုရ်ပွဲကို ပုဂံခေတ် တည်းက ကျင်းပခဲ့သည်ဟု ယူဆ နိုင်ပေသည်။

ဘုရားပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်များ၊ သက်ကြီး ပူဇော်ပွဲနှင့် ဆရာကန်တော့ပွဲများ စသည်တို့ ကိုလည်း မြန်မာနိုင်ငံ တ၀ှမ်း ကျင်းပလေ့ ရှိကြ သည်မှာ ယနေ့တိုင် ဖြစ်လေသည်။

သီတင်းကျွတ် လကို တူရာသီဟု ခေါ်ပြီး ချိန်ခွင်ရုပ်သဏ္ဍာန် နက္ခတ် ထွန်းပ လေသည်။ ထိုမျှ မက ၁၂လ ရာသီတွင် နေ့တာနဲ့ ညတာ တူညီသော တခုတည်းသော လလဲ ဖြစ်လေသည်။ ထို့ကြောင့် ကင်းဝန် မင်းကြီးက “ သီတင်းကျွတ်ပြီ တူရာသီ အာသ၀ဏီ ရှိန်ဝါရွှန်း၊ ကြာမျိုးလည်းစို မီးမြင်းမိုရ် ဗဟိုအချာထွန်း” ဟု ဖွဲ့ဆို ခဲ့လေသည်။(ရေခဲပြင်ထဲမှာပွင့်တဲ့ပန်း-ခွန်မြလှိုင်ဘလော့ဂ်မှဗုဒ္ဓဘာသာဝင်များအတွက်သိ

သင့်သောအကြောင်းရာလေးမို့ကူးယူဖော်ပြထားပါသည်။)
                                              ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေ။(မင်းလှသားလေး) 

ငြိမ်းချမ်းရေးရိပ်မြုံ(၁၇)

         ပါဋလိ
ပါတလိသည် ဘုရားရှင်လက်ထက်တော်က ဂင်္ဂါမြစ်ကမ်းစပ်တွင် တည်ရှိသော သာမန်ရွာလေး
တစ်ရွာဖြစ်သည်၊သောသော် ယင်းသည် “မာဂဓတိုင်းနှင့် ဝိဇ်ဇီတိုင်း”တို့၏နယ်စပ်ဖြစ်သဖြင့် ဆက်သွယ်ရေးအတွက် အလွန်အရေးပါလှသော ရွာငယ်ဖြစ်သည် ၊ဘုရင်အဇာတသတ်သည်
“ဝေသာလီ”ကိုသိမ်းပိုက်နိုင်ရေးအတွက် ဤရွာငယ်ကို ခံတပ်မြို့အဖြစ် တိုးမြှင့်တည်ဆောက်ခဲ့
သည် ၊မြို့တော်အဖြစ်သတ်မှတ်ခဲ့သည် ၊မြို့တော် ခန်းမဖွင့်ပွဲတွင် “ဘုရားရှင်ကိုယ်တော်”တိုင်
ကြွရောက်ပြီး တရားဟောခဲ့သည် ။

ဘုရားရှင် “ပရိနိဗာန်”ပြုတော်မူပြီး နှစ်(၁၀၀)အတွင်းမှာ မာဂဓတိုင်း၏ မြို့တော်ဖြစ်လာပြီး ပါဋလိဂါမ(patali village)မှ ပါဋလိပုတ္တ(patali city)ဖြစ်လာခဲ့သည် ၊ယခုခါ ပတ္တနား ဟုခေါ်
သည် ၊ဗီဟာပြည်နယ်၏ မြို့တော်ဖြစ်သည် ၊ဤကို အယင်နာမည်အတိုင်း ပါဋလိပုတ္တ ဟုပြန်
ခေါ်ကြရန် ဗီဟာပြယ်နယ်အစိုးရက အဆိုပြုလျှက်ရှိသည် ၊ဂင်္ဂါမြစ်၏ တောင်ဘက်ခြမ်းတွင်
ရှည်လျှားစွာတည်ရှိနေသော မြို့ဖြစ်သည် ၊မြို့၏အစွန်တွင် ကကုဋာရာမ (ကြက်ခြံ)ဥယဉ်ရှိ
သည် ၄င်ဥယဉ်ကို ဘီစီ ၂၅၃ တွင်“အသောကာရာမ”ဘုန်းကြီးကျောင်းအဖြစ်“အသောကမင်း
ကြီးက”ဆောက်လုပ်လှူဒါန်းခဲ့သည် ၊ဤကျောင်းမှာပင်“အသောကမင်း”ကြီး၏ထောက်ပံ့မှုကို
ယူလျှက် ။

ရှင် မဟာမောက္ကလိပုတ္တတိဿမထေရ်ဦးဆောင်ပြီး ရဟန္တာ အရှင်သူမြတ်များက “တတိယသ
င်္ဂါယနာ”တင်ခဲ့ကြသည်၊ကျောင်းတော်နေရာကို လက်ရှိ အိန္ဒိယအစိုးရကတူးဖော်တွေ့ရှိထားပြီး
ဖြစ်သည် ၊နန်းတော်ရာကိုကားခုထိမတွေ့ရသေးပေ ၊သောသော် တရုတ်ခရီသည်(ဖာဟီယန်)
က အသောကမင်းကြီး၏ နန်းတော်ရာအပျက်ဆီးများကို သူကိုယ်တိုင်တွေ့မြင်ခဲ့ရသည်ဟုဆို
သည် ၊သံဃာ(၇၀၀)ရာကျော်ခန့် နေထိုင်နိုင်သော ကျောင်းတော်ကြီး(၂)ဆောင်ကို မြင်တွေ့ခဲ့
ရသည်ဟုလည်းဆိုသည် ။ဘုရားရှင် ပရိနိဗာန်စံတော်မူမည့် နှစ် ပါဋလိမှ နောက်ဆုံးအကြိမ်အ
ဖြစ် ထွက်ကြွတော်မူခဲ့သည့်နေရာတော်ကို ခုထိတိုင် ဂေါတမဂေါတ္တ(Gatama ford)ဟုခေါ်
တွင်လျှက်ရှိသည် ။

ပါဋလိ(ယခုပတ္တနား)၌ကြည့်ရှုလေ့လာစရာ သာသနာ့ သမိုင်းအစနများ မရှိစလောက်ပင်။ရေ
ဘေး-မီးဘေးတို့ကြောင့် မြို့ပျက်မည်ဟု ဘုရားရှင် ဗျာဒိတ်ပေးတော်မူခဲ့သည့်အတိုင်း အစန
ပျောက် ပျက်သုဉ်ခဲ့ပုံရသည် ၊“အသောကာရာမ”ဟုအများသိထားကြသောကျောင်းတော်ရာ
ကြီးကို ယခုခါ ကုမ်ရာဟာရ်(kumrahar)ဟုခေါ်ကြသည် ၊ကျောင်းတော်ရာ အုဌ်ခုံတချို့ကိုတူး
ဖောတွေ့ရှိထားပြီးဖြစ်သည် ၊ကျောင်းတော်ရာကို တူးဖော်ခဲ့ရာမှ လက်ရှိရေကန်ကြီး ဖြစ်လာရ
ခြင်းဖြစ်သည် ။

ရေကန်ဘေးနားတွင် ကျိုးပဲ့နေသော အသောကကျောက်စာတိုင်ကိုတွေ့ရှိနိုင်သည် ၊ရေကန်ထဲ
တွင်လည်း ယင်းမှ ကျိုးပဲ့ကျန်နေခဲ့သော ကျောက်တိုင်ငုတ်တို့ကိုတွေ့နိုင်သည် ၊အထက်ပိုင်း
ကျိုးနေသော အုဌ်ခွက်ရုပ်ကြွများ သစ်သားပျဉ်ချပ်များစသည်တို့ကို ကျောင်းဝင်းရှိ ပြတိုက်
ငယ်တွင် ပြသထားသည် ၊ပတ္တနားမြို့တော်၏ ပြတိုက်မှာသာ သာသနာနှင့် ပတ်သက်သော
သမိုင်းအချို့ကိုပြသထားပေသည် ။

                                         ငြိမ်းချမ်းရေးရိပ်မြုံ(၁၈)--သို့---

ငြိမ်းချမ်းရေးရိမ်မြုံ(၁၆)

  သင်္ကသဿနဂိုရ်
ဘုရားရှင်သည် (၇)ဝါမြောက် ဝါကို တာဝတီသာနတ်ပြည်၌ မယ်တော်မိ ကန္တုသီတနတ်သား
အား အဘိဓမ္မာ(၇)ကျမ်းကိုဟောတော်မူပြီး ၊ဝါဆို ဝါကပ်တော်မူခဲ့သည် ၊ဝါကျွတ်သောအခါ
နတ်တို့ဖန်ဆင့်အပ်သော ရွှေ ငွေ ပတ္တမြာ စောင်းတန်းကြီး(၃)သွယ်ဖြင့် နတ်ဗြဟ္မာ ပရိသတ်
များခြွရံလျှက်“သင်္ကဿနဂိုရ်ပြည်သို့သက်ဆင်းတော်မူခဲ့သည် ၊ဘုရားရှင် ကြွမြန်းတော်မူပြီး
သောအခါ စောင်းတန်း(၃)သွယ်မှာ မြေထဲသို့ နစ်ဝင်ကွယ်ပျောက်သွားပြီး လှေကား(၇)ထစ်
သာ မြေပေါ်၌ကျန်ရစ်ခဲ့သည် ။

ထိုလှေကားထစ်မျာအပေါ်တွင် သီရိဓမ္မာသောက မင်းကြီးက ဥာဏ်တော်(၁၆)ပေရှိရုပ်ပွါး
တော်တစ်ဆူ တည်ထားကိုးကွယ်ခဲ့ကြောင်း (တရုတ်ခရီးသည် )ဖာဟီယန်မှတ်တမ်း၌ဖော်
ပြသည် ၊သောသော် ၄င်းရုပ်ပွါးတော်ကို ယနေ့ထိတိုင်ရှာမတွေ့ရသေးပေ၊ အေဒီ-၅-ရာစု ၄င်း
ရောက်ခဲ့စဉ်က ဤနေရာတွင် ရဟန်-ရဟတ်းမိန်းမ-၁၀၀၀-ခန့်ထိတွေ့မြင်ခဲ့ရသည်ဟုလည်း
ဆိုသည် ၊ဤနေရာတော်မှာ ဘဒ္ဒကမ္ဘာ၌ပွင့်တော်မူသည့် ဘုရားရှင်တိုင်းနှင့် သက်ဆိုင်သော
ဘုရားရှင်တိုင်းမစွန့်သော အဝိဇဟိတ နေရာတော်မြတ်(၄)ခုတွင် တစ်ခုအပါအဝင်လည်းဖြစ်
သည် ။

ယခုအခါ ဆံကိဆာ(Sankisa)ခေါ် ဗဆန္တီပူရ်ရွာမှ အရှေ့ဘက်နားတွင်တည်ရှိသည် ဒေလီ-
ဗာရာဏသီ အဝေးပြေးကားလမ်းမမှနေ၍ အနည်းငယ် ဝင်ရောက်လျှင် ရောက်နိုင်သည်
ရှိကိုဟာဗာ-ဒ် နှင့် ဖရုကာဗာ-ဒ် ဆက်သွယ်ထားသည့် ရထားလမ်းပေါ်ရှိ -ပါခဏ-ဘူတာ
မှ -၅-မိုင်ခန့်ကွာဝေးသည် ၊ဥတ္တရာပရာဒေရ်ပြည်နယ်ဖြစ်သည် ၊နွားလာဥဿဘပုံ စီးမိုးပါ
ရှိသည့် အသောကမင်းကြီး၏ ကျောက်စာတိုင်တစ်တိုင်ကို ခုထိတွေ့မြင်နိုင်ပေသည် ၊
ကျောက်စာတိုင်မှ အရှေ့ဘက်တွင် ကြီးမားသော အဆောက်အုံဟောင်းတစ်ခု၏ အုဌ်ခုံရှိပြီး
အုဌ်လှေကားငယ်ဖြင့်တက်ရောက်နိုင်သည် ။

ဟိန္ဒူကျောင်းနှင့်တူသည့် ဘုရားကျောင်းဆောင်ငယ်တစ်ခုလည်းရှိသည် အထဲတွင်ဆင့်တု
တော်တစ်ဆူအား ဟိန္ဒူ နတ်ဘုရားနှင့်မခြား မသပ်မရပ်တသားတည်း ထားရှိသည် ၊အုဌ်နံရံ
ဟောင်း လိုင်မုခ် အဆောင်ငယ်များတွင်လည်း နတ်လာ ဘုရားလားကောင်းစွာ မခွဲခြားနိုင်
သည့် ရုပ်တုငယ်များနှင့် ကျိုးပဲ့ ကြေမွနေသော ရုပ်ထု အစနများကိုတွေရပေသည် ၊လက်ရှိ
တွင် ၄င်း သင်္ကဿ၌ သီရိလင်္ကာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း တည်ရှိလာပြီဖြစ်
သည် ။
                                             ငြိမ်းချမ်းရေးရိပ်မြုံ(၁၇)..သို့....အရှင်ရေဝတ
| |