ငြိမ်းချမ်းရေးရိပ်မြုံ (၂၀)

  
                                      ဘုရားရှင်၏ဝါဒနှင့်ခေတ်သစ်ပညာ
လွန်ခဲ့သည့်နှစ်(၁၅၀)မတိုင်မီ
ကအထိ သပÜံပညာမထွန်းကားသည့်
တိုင်းပြည်အချို့တို့မှာဘုရား
ရှင် သာသနာထွန်းကားနေခဲ့သည် ၊ဘုရားရှင် ဝါဒ၏လွတ်လပ်စွာ
တွေးခေါ်ဆုံးဖြတ်နိုင်ခွင့်ရှိ
သည့်အချက်က သပÜံဆိုင်ရာမြော်မြင်မှုများကို လမ်းဖွင့်ပေးနေခဲ့သည်
၊ယင်းကြောင်း ခေတ်ပညာရှင်များက ဘုရား၇ှင်၏ ဝါဒကိုအလွယ်နှင့်
လက်ခံနိုင်ခဲ့ကြသည် ၊အကြောင်းမှာ
ဘုရားရှင်၏ ဝါဒ၌ တင်းကျပ်သေးသိမ်သည့်အယူအဆများအတွက် လုံးဝနေရာပေးထားခြင်း
မရှိ ။

လပ်လွတ်စွာ တွေးခေါ်နိုင်မှုတို့ကိုအဓိကထားသည် ၊သို့ဖြစ်၍ မျက်ကန်းယုံကြည်မှု၊တနည်း
ဘယ်သူဖန်ဆင့်မှုဆိုသည့် အနေထားမျိုးနှင့် လုံးလုံးဆက်စပ်မှုမရှိကြောင့် သိသာနိုင်သည်
နောက်အကြောင်းတစ်ချက်မှာ ပရမတ်သစ္စာတရားအပေါ် ဘုရားရှင်၏ ချဉ်းကပ်ရှုမြင်ပုံက
ခေတ်သစ်ပညာနှင့် လျှောညီခြင်းဖြစ်သည် ၊ခေတ်သစ်ပညာရှင်များသည် အပြင်လောက၏
သဘာဝအရင်းအမြစ်များကို သမာသမတ်ကျအောင်လေံလာစုံစမ်းသည် ၊လက်တွေ့စမ်းသပ်မှု
များကို အကြိမ်ကြိမ် တည်ဆောက်ပြီးမှ သီဝရီများကိုချမှတ်သည်။

ဤသညမှာ ဘုရားရှင်၏ ဝါဒနှင့်လမ်းစဉ်ဖြစ်သည် ဘုရားရှင်သည် လွန်ခဲ့သည့် နှစ်ပေါင်း(၂၅၀
ဝ)ကျော်ကတည်းက မိမိကိုယ်တွင်း ရုပ်နာမ်တရားများကို
နှိုက်နှိုက်ချွတ်ချွတ်ခွဲခမြ်းစိတ်ဖြာ၍
လေ့လာတော်မူခဲ့သည် ၊မှန်ကန်ကြောင်းတိတိကျကျမသိရှိသေးသမျှ မည်သည့်အယူဆကိုမျှ
လက်မခံကြရန်လည်း တပည့်သားတို့အား ဟောပြခဲ့သည် ၊ဤသို့လျှင် ဘုရားရှင်၏ ဝါဒနှင့်
ခေတ်သစ်ပညာရှင်များတို့၏ လေ့လာပုံတို့ တညီနီးစပ်နေသလိုရှိသော်လည်း ၄င်းတို့၏ ဆန်း
စစ်မှုကို ဘုရားရှင်၏ ဝါဒနှင့် တစ်တန်းတည်းထား၍ကား မဖြစ်နိုင် ။

ခေတ်သစ်ပညာရှင်များ၏ လက်တွေ့ကျကျစူးစိုက်လေ့လာမှုအရ လူတို့သည် ပိုမိုကောင်းမွန်ပြီး
သက်တောင်းသက်သာ အသက်ရှင်နေထိုင် လုပ်ကိုင်သွားလာနိုင်ကြ၏ ၊ယခင်က အိပ်မက်
တွင်မျှ မမြင်မက်ခဲ့ဖူးသော အံ့မခန်းအရာများကိုပင်
တီထွင်သုံးစွဲလာနိုင်ပြီကိုလည်း အားလုံး
လက်တွေ့ပင် ၊“လူသည် ငါးထက်ရေကြောင်းသာပြီး ၊ငှက်ထက်အမြင့်ပျံနိုင်သောသတ္တဝါလည်း
ဖြစ်သည် ”ယင်းသို့ပျံနိုင်မှုကြောင့် လပေါ်မှာပင် ခြေနင်းချနိုင်ခဲ့ပါပြီ
၊လူတို့၏ ပုံမှန်အသိက ထုံး
တမ်းစဉ်လာ(ပုံစံ)ကျအသိမျှသာဖြစ်သော်လည်း ခေတ်သစ်ပညာရှင်များ အသိက လက်တွေ့
အထောက်ထားများကိုသာယုံကြည်ကြသည် ။

လက်တွေ့မကျသမျှကိုငြင်းပါယ်လာခဲ့ကြသည်၊လက်တွေ့မမြင်ရသေးသော်ငြား ယုတ္တိရှိလျှင်
လက်ခံရမည်ဟုလည်းဆိုလာကြသည် ၊သို့ပေသိ လူတို့စိတ်ကိုထိမ်းချုပ်နိုင်စွမ်းကိုကား၎င်း
ပညာများက မလုပ်ပေးနိုင် ၊ကိုယ့်ကျင့်တရားပိုင်းဆိုင်ရာနှင့် သက်ရှိတို့ဘဝ
ဦးတည်ချက်ဆိုင်
ရာကိုလည်း ကောင်းမွန်တိုးတက်အောင် မလုပ်ပေးနိုင်
၊ယင်းတို့ကိုလုပ်ပေးနိုင်သည်မှာ ဘုရား
ရှင်၏ ဝါဒနှင့် လမ်းစဉ်သာဖြစ်၏ ၊ထို့ကြောင့် ခေတ်သစ်ပညာရှင်များတို့၏
လေ့လာဆန်းစစ်မှု
များကို ဘုရားရှင်၏ ဝါဒနှင့် တန်းတူထား၍မရနိုင် ။

ငြိမ်းချမ်းရေးရိပ်မြုံ(၂၁)--သို့----အရှင်ရေဝတ

ငြိမ်းချမ်းရေးရိပ်မြုံ (၁၉)


                                      ခေတ်ကိုဦးဆောင်မည့် ဗုဒ္ဓဝါဒ
ငြိမ်းချမ်းရေးရိပ်မြုံ(၁)မှ(၁၉)ထိအကြောင်းရာတို့သည် ရှည်လျှားစွာသော အချိန်ရထား၏
တုက်စားမှုအလယ် မပျောက်မပျက်နိုင်ဘဲ ယနေ့တိုင် ထင်ရှား ကျော်ကြားနေသော ဗုဒ္ဓ၏
နောက်ခံပုံရိပ်အချို့တို့ဖြစ်သည် ၊ဤအကြောင်းရာတို့ကို လေ့လာလိုက်စားမှုကြောင့် ဗဟုသု
တတိုးပွါးမည်ဖြစ်၏ ၊ဗဟုသုတကြောင့် အမြော်အမြင် ဆင်ခြင်သုံးသပ်နိုင်စွမ်းဥာဏ်ပညာတိုး
ပွါး၏ ၊ပညာအမြော်အမြင်ကြောင့် အကျိုးအကြောင်း အဆိုး အကောင်းကို သုံးသပ်ရွေးချယ်
နိုင်သဖြင့် အမှန်ကိုနားလည်သိမြင်နိုင်၏။

အမှန်တရား အရှိတရားများကို ကောင်းစွာသိမြင်နိုင်မှ အဓိပ္ပါယ်ပြည့်ဝသော
လူအဖြစ်နှင့် လောကအကျိုး သံသရာအကျိုးတို့ကို လက်တွေ့ကျကျ
ရယူနိုင်ကြမည်ဖြစ်၏ ၊လူတို့သည်အရာရာတွင် စုံစမ်းလေ့လာရခြင်း၌ပျော်ပိုက်သော လူ့စရိုက်အမြူတေးကြောင့် “ကျောက်ခေတ်မှ သည်လက်ရှိအခြေနေသို့တိုင် ချီတက်နိုင်ခဲ့ခြင်းဖြစ်၏ ၊ယနေ့ခေတ်သည် ကမ္ဘာ့ရွာဖြစ်နေသောအချိန်ခါလည်းဖြစ်၏ ၊ကမ္ဘာ့မည်သည့်နေရာမဆို တစ်စုံတရာဖြစ်ပွါးနေဆဲမှာပင်တိုက်ရိုက်ဆက်သွယ်ကြားမြင်လို့ရနေပါပြီ ။

လူတို့နေထိုင်ရပ်တည်မှုကိစ္စအဝဝတိုင်းတွင် သိပ္ပံတီထွင်မှု တစ်ခုမဟုတ်တစ်ခု တနည်းနည်း
ဖြင့် မဆက်သွယ်သည့်နေရာဟူ၍မရှိလောက်အောင်ပင်၊ လွန်ခဲ့သောနှစ်ပေါင်း(၃၀၀)ရာခန့်က
စတင်ခဲ့သည် သိပ္ပံတိုးတက်ပြောင်းလဲမှုသည် လက်ရှိအချိန်ထိ တစ်ဟုန်ထိုးပြေးလွှားလာခဲ့
သည် ၊ယနေ့ဖြစ်ပေါ်တိုးတက်နေမှု၏ အဆင့်ကိုကြည့်လျှင်အဆုံးစွန်အထိရောက်နေပြီလားဟု
ထင်စရာဖြစ်သော်လည်း စင်စစ်မှာ ဒီရေအလားသို့ မီးနစ် စက္ကန့်နှင့်အမျှ
ရှေးသို့ချည်း တလစပ်ချီတက်ပြေးလွှားနေခြင်းသာဖြစ်၏ ၊တီထွင်ဆန်းသစ်မှုခေတ်၏ရေစီးသည် အချိန်တိုင်းအချိန်တိုင်း ကိုးကွယ်ယုံကြည်မှု ဘာသာတရား၏ ကမ်းပါးကို အပြင်ထမ်းဆုံးလည်း ရိုက်ခတ်နေ၏
တိုက်ဖျက်နေ၏ ။

ဘာသာရေးအယူဝါဒ အတော်များများတို့သည် ၊သိပ္ပံဒီရေလှိုင်း၏ ရိုက်ချက်ကြောင့်
ပြိုကွဲခဲ့ကြရသည် ၊ဤကိုတိုးတက် ပြန့်ပွါးသော အမြင်ရှိသူများနှင့် ပညာတတ်အလွှာများကလက်မခံကြ
တော့ပေ ၊ယုတ္တိပြသမှုလောက်တွင်သာ လမ်းဆုံးနေသော ရွှေရည်စိမ် သစ္စာတရားမျိုးနှင့် အ
လားတူ သိပ္ပံဆိုင်ရာ ရှာဖွေ တွေ့ရှိမှုများသည်၊သက်တို့အတွက် တစ်နေ့ထက်တစ်နေ့ကြောက် ရွံ့စေမှု တုန်လှုပ်စေမှု များတို့ကို မွေးဖွားပေးနေ၏ ။

ယင်းတို့နှင့်နိုင်းလျှင် ဘာသာတရားများသည် လူ့ဘောင်ဖွံ့ဖြီုးတိုးတက်ရေးအတွက် များစွာအ
ကျိုးဆောင်ကြသည်ဟုဆိုနိုင်သည် ၊အနှီးဘာသာတရားများကပင် လူတို့ဘဝတိုးတက်ရေး
အတွက် လမ်းညွန်မှုများစွာပေးခဲ့ကြသည် ၊အလေးထားအပ်သည့် လူ့အဆင့်“စံ”များနှင့်တန်
ဘို့များကိုကား ဗုဒ္ဓဝါဒက များစွာပေးနိုင်ခဲ့သည် ၊ယခုလည်းပေးဆဲ နောင်ကိုလည်းပေးလတ္တံ့
ထို့ကြောင့် ဗုဒ္ဓဝါဒကို ခေတ်ကို ဦးဆောင်မည့် ဝါဒဟူ၍ခေါ်နိုင်ပြောနိုင်သည် ။


ငြိမ်းချမ်းရေးရိပ်မြုံ(၂၀)--သို့---အရှင်ရေဝတ

ငြိမ်းချမ်းရေရိပ်မြုံ (၁၈)

 
                                                  ဝေသာလီ
ဝေသာလီသည် လစ္ဆဝီမင်းများ စုပေါင်းအုပ်ချုပ်သည့် ဒီမိုကရစီ
နိုင်ငံတစ်ခုဖြစ်သည် စည်း
လုံးညီညွတ်မှုအားကောင်းသော လူမျိုးစုလည်ဖြစ်သည် ၊ဘုရားရှင် ကိုယ်တော်တိုင် လစ္ဆဝီတို့
၏ စည်းလုံးပုံ ညီညွတ်ပုံများကို အတုယူကြစေရန် ရဟန်းတော်များအား ဟောကြားခဲ့ဖူးသည်
မြို့ကို တံတိုင်း(၃)ထပ်ဖြငိ့် ကာရံထားသည် ၊ဝေသလီပြည်
ကပ်ရောဂါဆိုက်ခဲ့စဉ်က အရှင် အာ
နန္ဒာ (ရတနသုတ်)ပရိတ်တရားတော်ကိုဟောခဲ
့သဖြင့် ကပ်ရောဂါ ငြိမ်းပျောက်ပြီး ချမ်းသာရခဲ့
ကြသည် ။

ဘုရားရှင် ကိုယ်တော်တိုင် ဝေသာလီပြည်ရှိ ဝေသာလီပြဿဒ်(ကူဋာဂါရသာလာ)ကျောင်း၌ဝါ
ဆိုခဲ့ဖူးပြီး ၊နောက်ဆုံးဝါကိုလည်း ဝေသာလီအနီးရှိ “ဝေဠုဝ”ရွာ၌
ဝါကပ်တော်မူပြီး အာယုသင်္ခါ
ရလွှတ်တော်မူခဲ့သည် ၊အာယုသင်္ခါရလွှတ်သည်ဆိုရာ၊ငါဘုရား ပရိနိဗာန်ပြုတော့မည်ဟု သန္နိဋ္ဌ
ာန်ချလိုက်ခြင်းဖြစ်သည် ၊ယင်းသို့ သန္နိဋ္ဌာန်ချ၍
ဘုရားရှင်ပရိနိဗာန်ပြုတော်မူပြီးနောက် နှစ်မ
ကြာမီမှာပင် ၊ဝေသာလီပြည်ကို  ဘုရင်အဇာတသတ်သိမ်းပိုက်မှုကြောင့် မာဂဓတိုင်း၏လက်
အောက်ခံဖြစ်သွားခဲ့သည်။

၎င်းနောက် ဝေသာလီရှိ ရဟန်းတော်အချင်းချင်း ရွှေ ငွေဒင်္ဂါး
များကိုကိုင်တွယ်မှုကြောင်းဖြစ်
သော အဓိကရုဏ်းကို အကြောင်းပြု၍ “ဒုတိယသင်္ဂါယနာ”ကို ဝေသာလီမှာပင်တင်ခဲ့ကြသည်
ဝေသာလီတွင် သာသနာတော်အတွက်အရေးပါလှသော သာသနာ့အထိမ်းမှတ်နေရာတော်မျာ
း ဓာတ်စေတီတော်များ နှင့် ဘုရားရှင်၏ သပိတ်တော်စေတီတို့ ရှိခဲ့သည် ၊အေဒီ-၂-ရာစုတွင်
ကနိသျှကဘုရင်က ဝေသာလီကိုတိုက်ခိုက်သိမ်းပိုက်ခဲ့သည် ၊သပိတ်တော်ကိုလည်း သူ၏မြို့
တော် ပက်သျှဝါ သို့ ရွှေ့ ပြောင်းယူသွားခဲ့သည် ။

ယင်းသပိတ်တော်ကို မူဆလင်များကအကြိမ်ကြိမ်ဖျက်ဆီးခဲ့ကြသည် ၊သောသော်မပျက်ဆီးခဲ့၊
ယင်းကို(အာဖဂန်နစ္စတန်)နိုင်ငံ ကန္ဒာရ(kan dha ra)ရှိ မူဆလင်ကျောင်းတွင် ယနေ့ထိတိုင်
ဖူးမျှော် တွေ့ရှိနိုင်သည် ၊ယခုခါ သပိတ်တော်၏ ဘေးပတ်လည်တွင် ပါရှန် ဘာသာဖြင့် စာတ
ချို့ ရေးထားသည်ဟုလည်းသိရသည် ၊(ဟူယင်ဆင်နှင့် ဖာဟီယန်)တို့ရောက်ခဲ့စဉ်က ဝေသာ
လီမှာ ပျက်စီးပြီး တောထနေသည့် ပတ်ဝန်းကျင်ကိုသာ မြင်တွေ့ခဲ့ကြရသည် ။ရဟန်းအနည်း
ငယ်နေထိုင်သည့် ကျောင်းအချို့ကိုလည်းမြင်ခဲ့ရသည့်ဟုဆိုသည် ။

ဝေသာကို ရှေးဟောင်း သုတေသနဌာနမှာ တူးဖော်ရာတွင် တစ်မိုင်ခန့် ကျယ်ဝန်းသည့် စက်
ဝိုင်းပုံ မြို့တော်ဟောင်း ၊ရှစ်ပေမြင့်သည့် မြို့ရိုး -ကျုံး-လူနေအိမ်
အုဌ်ခုံများနှင့် ကုန်သည်ကြီး
များသုံးသော တံဆိပ်တုံးများကိုတွေ့ကြရသည် ၊ဝေသာလီမှ မြောက်ဘက် အနောက်ခပ်
ယွန်းယွန်း(၂)မိုင်ခန့်အကွာ ဒေဝါရိယားသို့သွားသည့် ကားလမ်း၏ လက်ဝဲဘက်တွင် စေတီ
ကြီးတစ်ဆူနှင့် ကပ်လျက် အသောက မင်းကြီး၏ ကျောက်စာတိုင်တစ်တိုင်ကိုတွေ့ရသည်
(၂၂)ပေမြင့်ပြီး ခြင်္သေ့ရုပ် စီးမိုးပါရှိသည် ။

                          ငြိမ်းချမ်းရေးရိပ်မြုံ(၁၉)--သို့-----အရှင်ရေဝတ(နောင်လဲဆက်ပါဦးမည်)...
အပိုင်း(၁)-(၁၇)ထိတင်ပြီးသားပါခဗျာ....
| |