(၂)နှစ်ပြည့်အလွမ်း


လူသားအားလုံးမှာဝမ်သာစရာတွေရှိသလို ဝမ်းနည်းစရာတွေလဲရှိပါတယ်....ကျနော်ရဲ့ကျေးဇူးရှင်ဘဘက
ကတော့ပညာတော်သင်သွားတဲ့နှစ်(၂၃-၁၂-၂၀၀၉)ကဆုံသွားပါတယ်ဗျာ။မနေ့ကတော့(၃)ပြည့်
ဘုရားဆွမ်းကပ်အမျှပေးဝေခဲ့ပါတယ်။ကျနော်အသက်(၂)ခါလည်(၂-နှစ်ကပင်)အဖိုးအဖွားတွေနဲ့နေခဲ့
ရပါတယ်(ဖေဖေကဆေးရုံတက်ရတယ်လေ)ဘဘရဲ့အသဲကျော်ပေါ့။ဘယ်ဘဲသွား၂ (မောင်စည်သူဖို့)
ဆိုတာအမြဲပါဘဲ။ငယ်ငယ်က ကျနော်ကပြောင်းဖူးနဲ့မှထမင်းစားတာလေ အရမ်းလဲကြိုက်တယ်...
(၃-မိုင်ကျော်ခရီး)ကိုစက်ဘီးနဲ့သွာပြီးပြောင်းဖူးဝယ်လေ့ရှိတယ်လေ...ကျေးဇူးတရားတွေကတော့ပြော
ပြချင်ပါတယ် ....ဒါပေ့မယ်ခုဒီပို့လေးရေးနေချိန်မှာပင် လျှင်မျက်ရည်တွေလာခဲ့ပါတယ်...ကျေးဇူးတရား
ကိုသိရင်ပြန်ဆပ်တတ်ရတယ်...ဒါပေ့မယ့်သားတော့ ပြုစုလုပ်ကျွေးပြီးမဆပ်လိုက်ပါဘူး....သေဆုံးပြီးမှ
ဘဲ ဆွမ်းသွပ်တာတို့အလှူလုပ်တာတို့တော့ရှီတယ်....ကျနော်ရဲ့အကို၊အမတွေလဲဘဲ မသေခင်လေးမှာ
မိမိတတ်နိုင်သ၍ပြုစုစောက်ရှောက်လုပ်ကျွေးကြပါ....သေမှပူဆွေးနေလို့၊ရည်စူးကုသိုလ်တွေလုပ်နေလို့
သေသူကရရင်ကောင်းတာပေါ့..
ယနေ့ယခု ပြုပြုသမျှ ကောင်းမှုကုသိုလ်အစုစု ကိုဘဝတစ်ပါးသို့ပြောင်းပြီဖြစ်သော(ဘဘ ဦးအုန်းမောင်)
အားအမျှပေးဝေပါ၏...ဘဘရေ   အမျှ...အမျှ...အမျှ....သာဓု...သာဓု...သာဓု...
  ကျေးဇူးရှင်အပေါင်းအားအစဉ်ဦးခိုက်လျှက်(မင်းလှသားလေး)



ရွှေအပတ်စဉ် ချစ်ညီငယ်ဗိုလ်ကြီးများသို့


ရွှေရည်သွန်းလိုက်ပါရဲ့
ဝေကြည်ရွှန်းမြ ကျက်သရေပို
တက်နေသလို ပခုံးဝယ်
တလုံးကြယ် ထပ်ပေါ်ထွန်း
မပြတ်ဖော်ညွန်းပြလိုက်ချင်ပြီ
မြူနှယ်ကို ထွင်းပါဘိ
ဇမ္မူဝယ် လင်းသည့်ကြယ်
အဆင်းအတိကြွယ်လေတော့
အလင်းဖြန့် အင်အားသဖွယ်
(အိုကွယ်.ချစ်ညီ)..အပတ်စဉ်ငါးဆယ်…။


အပီအပြင်ကာ ထည့်ရေးလိုက်ချင်ဘိ
ဒီဇင်ဘာ ၁၄ ရက်ပါကွဲ့
ပြန်တွက်တွေးလိုက်ရင်ဖြင့်
(သြော်.. ရောင်းရင်းတို့ရေ…) ဆွေးရက် တွေးရက်တွေနှင့်
အခုတော့ ကျောင်းဆင်း လေးနှစ် ပြည့်ခဲ့ပြီ..။
ပတ်ချာလည်ရက်လရွှေ့လေတော့
အရပ်တကာ နယ်ပယ်မရွေး ပါဘူး
အသွယ်သွယ် ဘေးဘယာကင်းဖို့ရည်
ရန်မာန်အစွယ် ရှင်း
တိမ်မှောင်ခွင်းသည့် လမင်းကုဋေ နှယ်
ထွန်းပ မြေကမ္ဘာ အလင်းဝေစည်
ညွှန်းရ ရွှေကဗျာ ထင်းချေပြီ..။


စဉ်လာညီ အမျိုးတွက်တွေးလို့ရယ်
ရင်မှာတည် ပြည်တိုးတက်ရေးကိုလှ
ဦးထိပ်ဆင်သည်
စိတ်ဘ၀င်ကြည် ပြည် သာယာရေးမို့
ညီညာရေးဖြင့် နှလုံးသားမှာရည်
အပြုံးစကားအလီလီရယ်နှင့်
အစီအရီ ရည်ရွယ်လို့တွေး
(အကျွန်ုပ်..) ချစ်သော ညီငယ်လေးတို့အတွက်
စာကဗျာရေးလို့ ဂုဏ်ပြုလိုက်သည်
ပြည်သူကဖြစ် ပြည်သူ့သားမို့ ပြည်ချစ် သားကောင်း ပီစေသော်ဝ်
ပြည်သူကချစ် ပြည်လည်းချစ်သမို့ ပြည်သူ့ သားကောင်း ညီစေသော်ဝ်
မြေပြင် ရေပြင် ဝေဟင်ထိပ်အထိစိုး ရွှေIntake ရဲ့ အစွမ်းတန်ခိုးလည်း ပြနိုင်စေ
ရာထူးတွေ အဆင့်ဆင့်မြင့် ပြည့်တာဝန်ကျေ
အချစ်ဖူးတွေ အခက်လက်ဝေစည်ပွင့်ဖူးပါစေ…။
                     အမှတ်တရ-
                                          ရွှမ်းသိင်္ဃ (တနင်္သာရီ)
                                           (၁၄-၁၂-၂၀၁၁)
                                       (MUCTR- MOSCOW)
ကဗျာဖြင့်ပေးပို့ဂုဏ်ပြုပါသော( ကိုရွှမ်းသိင်္ဃ (တနင်္သာရီ)ကိုကျေးဇူးတင်ပါတယ်။

ပြစ်မှားတဲ့သူ ဘာနဲ့တူ

ခွေးနှင့်တမျှ၊ ထိုဗလတို့၊ မိဘနှစ်ပါး
ကြီးမားဂုဏ်အင်၊ ကျေးဇူးရှင်ကို၊ ပြင်ဆင်မရှု၊
မပြုမမွေး၊ မလုပ်ကျွေးဘူး၊ ဆဲရေးရေရွတ်၊
နှုတ်ပေါက်လွတ်နှင့်၊ ပုခတ်ခိုက်ထိ၊ ပြုကုန်ဘိကြောင့်၊
ဖမိတကာ၊ ခိုရာမဲ့သီး၊ သားသမီးအား၊
ပြန်လည်ကြောင့်ကြ၊ နေကုန်ရ၏။

                               (မာဃဒေဝ ၂၄၄)
                                        အမွေခံထိုက်သူဖြစ်ပါစေတရားတော်မှ(မင်းလှသားလေး)
| |