ဖေဖေ မေမေတို့ မျှော်လင့်ချက်
ဖေဖေ မေမေတို့ဟာ သားသမီးတွေအပေါ်မှာ မျှော်လင့်ချက် ငါးမျိုးထားရှိတယ်လို့ အင်္ဂုတ္တိုရ်ပါဠိတော် ပုတ္တသုတ်မှာ ရှင်တော်မြတ်ဘုရား ကမိန့်ကြားခဲ့ပါတယ်။
၁။ငါတို့ အိုမင်းမစွမ်းသောအခါ ငါတို့ သားသမီးတွေက ငါတို့ကို ပြုစုစောင့်ရှောက်ပေးကြလိမ့်မယ်။၂။ငါတို့ပြုလုပ်တဲ့ ကိစ္စအ၀၀ကိုလည်း ငါတို့ကိုယ်စား ပြုလုပ်ပေးကြလိမ့်မယ်။
၃။ငါတို့ရဲ့ လောကီ လောကုတ္တရာ အမွေခံယူ သူများ ဖြစ်လိမ့်မယ်။
၎။ငါတို့ရဲ့ အမျိုးဘာသာကို ဆက်လက်စောင့်ထိန်းကြလိမ့်မယ်။
၅။ငါတို့ကွယ်လွန်လျှင် ငါတို့အား ရည်စူးရည်မှန်းပြီး ကုသိုလ် အမျှအတန်းတွေပေးဝေကြလိမ့မယ်။ ယခုပို့စ်အား မဇ္စျိမဂုဏ်ရည် ဆရာတော် ဒေါက်တာ အရှင်ကောဝိဒ ၏ (အမွေခံထိုက်သူဖြစ်ပါစေ )တရားတော်မှထုတ်နုတ်ထားပါသည်။အဖေ အမေတို့ရဲ့မျှော်လင့်ချက်ကို သိရှိကြသော သားကောင်း သမီးကောင်းများဖြစ်ကြပါစေ... အာလုံးကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ။
(မင်းလှသားလေး)
0 Response to "ဖေဖေ မေမေတို့ မျှော်လင့်ချက်"
Post a Comment