ဘိက္ခူနီမများအတွက်ဂရုဓံ(၈)ပါး

မြတ်စွာဘုရားရှင်၏ မိထွေးတော် မဟာပဇာပတိဂေါတမီ ၏ကျေးဇူးကြောင့် ဘိက္ခူနီ(ရဟန်းမ)သာသနာ ပေါ်ပေါက်လာခဲ့ပါတယ်။ မိထွေးတောဂေါတမီသည် သုံးကြိမ်တိုင်တိုင် မြတ်စွာဘုရားရှင်ထံ ဘိက္ခူနီမ သာသနာကို တောင်းဆိုခဲ့သော်လည်းပဲ မြတ်စွာဘုရားရှင်သည် '' ဂေါတမီ သာသနာတော်ဝယ် အမျိုးသမီးများ ၀င်ရောက်ထမ်းဆောင်ရန် မတောင်းတပါလင့်'' ဟုသာ ငြင်းပယ်ခဲ့ပါသည်။ အရှင်အာနန္ဒာ၏ မဆုတ်မနှစ် တောင်ဆိုးမူ့ကြောင့်သာလျှင် ဘိက္ခူနီမ သာသနာပေါ်ပေါက်သောကြောင့် အရှင်အာနန္ဒာ ကျေးဇူးလဲ မကင်းပါ။
မြတ်စွာဘုရားရှင်သည် ဘိက္ခူနီသာသာနာအတွက် ဂရုဓံ (၈) ပါးကို ပညတ်ခဲ့ပါသည်။
၁။ ရဟန်းမသည် ၀ါတစ်ရာပင်ဖြစ်စေ။ ယနေ့မှဖြစ်သော ရဟန်းသစ်ကို ရှိခိုးရမည်။ခရီးဦးကြိုပြုရမည်။ အရိုအသေပေးရမည်။
၂။ ယူဇနာဝက်အတွင်း၌ ရဟန်းတစ်ပါးမှ မရှိသော ကျောင်းတွင် ၀ါမဆိုရ။
၃။ ရဟန်းသံဃာထံသို့ လပြည့်လကွယ်နေ့တိုင်း ဥပုတ်အမေး သွားရမည်။
၎။ဝါကျွတ်ပြီးသော ရဟန်းမသည် ရဟန်းနှင့်ရဟန်းမ သံဃာ နှစ်ရပ်စလုံး၌ ကိုယ်တိုင်မြင်သော၊ တစ်ဆင့်ကြားသော၊ ယုံမှားသင်္ကာ ရှိသော အပြစ်အာပတ်များကို ထုတ်ဖော်ပြောဆိုရန် ပန်ကြားရမည်။
၅။ ဂရုကံ အာပတ်ကြီးများသင့်သော ရဟန်းမသည် သံဃာနှစ်ရပ်လုံး၌ ပက္ခမာနတ် ကျင့်ရမည်။
၆။ ၀ိကာလ ဘောဇနတိုင်အောင် သိက္ခာပုဒ်ခြောက်ခုကို နှစ်နှစ်တိုင်တိုင် ကျင့်ခဲ့ပြီးသော သိက္ခာမာန်ကို သံဃာနှစ်ရပ်၌ ရဟန်းခံနိုင်ရန် ကြိုးစားအားထုတ်ရမည်။
၇။ မည်သို့သော အကြောင်းရှိသည်ဖြစ်စေ ရဟန်းမသည် ရဟန်းကို မဆဲရေးရ၊ ရေရွတ်တိုင်းထွားခြင်းမပြုရ။
၈။ ဤယနေ့မှစ၍ ရဟန်းမတို့က ရဟန်းတို့အပေါ် ပြောဆိုနိုင်ခွင့် မရှိပေ။ သို့သော် ရှေးရှေးက မထေရ်များသည် ဤသို့သော သင်္ကန်းဆိုင်ရာ ကျင့်ဝတ်များကို ကျင့်သုံးကြပေသည်ဟူ၍ကား ရည်ညွန်းပြောဆိုနိုင်သည်။ ရဟန်းမများအပေါ်တွင်ကား ရဟန်းတို့က ပြောဆိုခွင့်ရှိပေသည်။
မြတ်စွာဘုရားရှင်သည် အခြားအမူ့ကိစ္စများတွင် ကျူလွန်းမူ့ဖြစ်ပေါ်ပြီးမှ ၀ိနည်းတော် ပညတ်ချက်ကို ထုတ်ပြန်တော်မူလေသည်။ ယခု မလွဲမရှောင်သာ ခွင့်ပြုလိုက်ရသောကိစ္စတွင်မူ ကြိုတင် ပညတ်ချက်များကို ချမှတ်တော်မူလေသည်ကို '' တစ်ဖက်ဆည်ကန်ကြီး၏ ကန်ဘောင်ကို ကန်ရေတွေ ကျိုးပေါက်ဆုံးရှူံးခြင်း မရှိသေးမှီကပင် ကြိုတင်၍ ဆည်ဖို့ထားရဘိသကဲ့သို့ ရဟန်းမများအတွက် ရာသက်ပန် မကျိုးပေါက်အောင် စောင့်ရှောက်ရန် ဂရုဓံတရား ရှစ်ပါးကို ကြိုကြိုတင်တင် ပညတ်၍ထားလိုက်သည် ''
(အဂုင်္တ္တရ၊ အဋ္ဌကနိပါတ်၊ ပေါတမီသုတ် ပါဠိတော်နှင့် အဋ္ဌကထာ)

မယ်တော်ကြီး ပဇာပတိဂေါတမီအား မြတ်စွာဘုရားရှင်ဟေားကြားခဲ့သော ဒေသာနတစ်ပုဒ်မှာ '' ဂေါတမီ ဤတရားသည် ရာဂနှင့်တကွဖြစ်ခြင်းငှား ၀ဋ်တရားနှင့်စပ်ခြင်းငှား ၀ဋ်တရားတို့ တိုးပွားစေခြင်းငှား အလုတဏှာကြီးထွားခြင်းငှား မရောင့်မရဲ သူထက်ကဲခြင်းငှား အပေါင်းအဖော်များကြား၌ ပျော်ပါးခြင်းငှား လုံးလမရှိ ပျင်းရိခြင်းငှား လုပ်ကျွေးမွေးမြူရခက်ခြင်းငှား ဖြစ်ကုန်၏ ဟု မိမိကိုယ်တိုင် သိမြင်ငြားအံ့ ထိုတရားသည် ငါဘုရားဟောကြားသော တရားတော်မဟုတ် ပညတ်တော်မူတော် ၀ိနည်းတော်မဟုတ် ဘုရာရှင်ပေးသနားသော အဆုံးအမ မဟုတ် ဟူ၍ ဧကန်မုချ မှတ်ယူရာ၏ ''
'' ဂေါတမီ ဤတရားတော်သည် ရာဂကင်းခြင်းငှား ၀ဋ်တရားကို ဖျက်ဆီးခြင်းငှား အလိုတဏှာ ကင်းခြင်းငှား သူ့ထက်မကဲ ရောင့်ရဲလွယ်ခြင်းငှား အဖော်မမှီတစ်ကိုယ်တည်းနေခြင်းငှား မဆုတ်မနစ် အားသစ်ခြင်းငှား၊ လုပ်ကျွေးမွေးမြူရ လွယ်ကူစေခြင်းငှား ဖြစ်ကုန်၏ ဟု ကိုယ်တိုင်သိမြင်ငြားအံ့ ထိုတရားတော်သည် ဘုရားရှင်ဟောကြားသော တရားတော် ပညတ်တော်မူသော ၀ိနည်းတော် ဖြစ်၏ ဘုရားရှင်ပေးသနားတော်မူသော အဆုံးအမဖြစ်၏ ဟု ဧကန်မုချ မှတ်ယူရာ၏ '' ဟု မိန့်ကြားခဲ့ပါတယ်။
(အဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်သံခိတ္တသုတ် ပါဠိတော်နှင့် အဋ္ဌကထာ)(မြန်မာဖိုရမ်မိသားစု မှကူးယူကာဖြန်ဝေထားပါတယ်ခဗျား)                                                                                      

                        စာဖတ်သူအားလုံးကျန်မာ၊ပျော်ရွှင်ကြပါစေ။(မင်းလှသားလေး)

0 Response to "ဘိက္ခူနီမများအတွက်ဂရုဓံ(၈)ပါး"

Post a Comment

| |