ငြိမ်းချမ်းရေးရိပ်မြုံ(၁၂)

                                                  မိဂဒါဝုန်
မိဂဒါဝုန်ဆိုလျှင် လူအများသိကြမည်သာ ဖြစ်၏ ၊နာမည် အပြည့်စုံ ခေါ်ရလျှင်”က္ကသိပတနမိဂ
ဒါဝန”ဖြစ်သည် ၊က္ကသိ+ပတ+မိဂ+ဒါ+ဝန ဆိုပြီး ပုဒ်(၅)ပုဒ်ကိုပေါင်းစပ်ထားတာ ဖြစ်သည်
“က္ကသိ”က ရသေ့ “ပတ”က သက်ဆင်းရာနေရာ နှစ်ခုပေါင်းတော့ ရသေ့များသက်ဆင်းရာနေ
ရာဖြစ်သည် ၊သာသနာပ ကာလတုန်းက ဟိမဝန္တာ တွင်နေကြသော ရသေ့ သူတော်ကောင်း
များ ဗာရာဏသီမြို့သို့ ဆန်ဆီဆားအလှူခံရန် ကောင်းကင်မှ ဈာန်နှင့် ပျံသန်းလာရာ ဤနေ
ရာမှ ဆင်းပြီး မြို့ထဲ သို့ဝင်ကြသည့်အတွက် ရသေ့များ သက် ဆင်းရာဟူ၍ခေါ်ဝိုကြခြင်းဖြစ်
သည် ။
“မိဂ”သား သမင်“ဒါ” အလှူပေးရာ “ဝန” တော သုံးပုဒ်လုံးကိုပေါင်းလိုက်တော့ “သားသမင်
များ၏ အသက်ကို မသတ်ဖြတ်ပဲအလှူပေးရာဘေးမဲ ပေးရာတောဖြစ်၏ ၊“က္ကသိပတနမိဂဒါဝန
”ဟူ၍အကုန်ပေါင်းလိုက်တဲ့အခါ “ရသေ့ သူတော်ကောင်းများဆင်းသက်ရာ-သားသမင်းများ၏
အသက်ကို ဘေဲးမဲ့ ပေးရာတောဖြစ်၏ ၊ယခုခါ (ဆာရနာသ်)ဟုလည်းခေါ်ကြ၏ ၊အတူတူပင်
ဖြစ်၏ ၊ဘုရားရှင်သည် “ဓမ္မစက္ကသုတ်နှင့် အနတ္တလက္ခဏသုတ်တို့ကို ဤနေရာ၌ဟောတော်
မူခဲ့သည် ၊ ပဉ္စဝဂ်ဂီ (၅)ဦးတို့ ရဟန္တာ ဖြစ်ခဲ့ကြသည် ၊ယသသူဌေးသားနှင့်အပေါင်းပါ(၅၄)ဦး
တို့လည်း၎င်း ဝါတွင်းမှာပင် ရဟန္တာ ဖြစ်ခဲ့ကြသည် ။

ဝါကျွတ်သောအခါ ရဟန္တာ အပါး(၆၀)ဖြစ်ထွန်းလာပြီး “စရထဘိက္ခဝေစာရိကံ”ချစ်သားတို့ခရီး
ထွက်ကြ တရားဓမ္မဟောပြောကြ  သာသနာပြုကြဟု ဘုရားရှင်စေလွှတ်တော်မူခဲ့သည် ၊ကိုယ်
တော်တိုင်းလည်း ဥရုဝေလမှနေ၍ ရာဇဂြိုလ်ဘက်သို့ ကြွတော်မူခဲ့သည်၊ဘုရားရှင်သည် မိဂဒါ
ဝုန်တွင် ပထမဝါ၌သာ ဝါဆို ဝါကပ်တော်မူခဲ့သည် ၊ထပ်ပြီး ဝါဆိုတော်မမူခဲ့ပါ ၊သောသော်(၃)
ကြိမ်တိုင်း ပြန်လည်ကြွရောက်ခဲ့သည် ၊မိဂဒါဝုန်တွင် ဓမ္မစက္ကသုတ်+အနတ္တလကခ`ဏသုတ်
တို့နှင့် အခြားသုတ်တန်အများပြားတို့ကိုလည်းဟောတော်မူခဲ့သည် ။

အေဒီ ၅+၇ ရာစုများတွင် ရဟန်းသံဃာတော်များ စည်စည်ကားကားရှိကြသေးသည်ဟုလည်း
တရုန်မှတ်တမ်းများကဖော်ပြကြသည် ၊အေဒီ ၁၁၃၆ တွင် ကုမာရဒေဝီက ကျောင်းလှူဒါန်းခဲ့
သည်၊ ဤကိုထောက်လျှင် မိဂဒါဝုန်သည် အေဒီ ၁၁၃၆ ထိ စည်ပင်နေတုန်းဖြစ်မည်မှာသေ
ချာသည် ၊-၁၁၉၄ တွင် (မာမွတ်ဂိုရီ)၏စစ်တပ်ဖြင့် ကျူးကျော်တိုက်ခိုက်မှုကြောင့် ကျောင်းကန်
ဘုရားများ ပြိုပျက်ခဲ့ရသည် ရဟန်းတော်အများစုမှာ အသတ်ခံကြရပြီး တချို့မှာ တိဗက်သို့
ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည် ၊ထိုအချိန်မှ သည်နှစ်ပေါင်း(၈၀၀)နီးပါးခန့်ကြာအောင် မိဂဒါ
ဝုန်သည် တောခြုံများအောက်တွင် ရွက်ဖုံးသီး အဖြစ်ဖြင့် မေ့ပျောက်ခံနေခဲ့ရသည် ။

၁၈၁၅ တွင် ကာနယ်မက်ကင်ဇီက ၄င်း ၊၁၈၃၄ တွင် ဆာအလက်ဇန္ဒားကင်နင်ဂဟမ်က၄င်း
မိဂဒါဝုန်ကို စနစ်တကျတူးဖော်ခဲ့ကြသည် ၊ရရှိသောရုပ်ပွါးတော်-၅၀-ခန့်ကိုလည်း ဖျောက်ဖျက်
ခဲ့ကြသည် ၊၁၈၅၁တွင် မေဂျာတီတိုး က ဆက်လက်တူးဖော်ပြီး ၊သီဟိုရ်မှ အနာဂါရိက ဓမ္မပါလက မိဂဒါဝုန်ကို ကမ္ဘာကသိအောင်နှင့် ရဟန်းတော်များ အမြဲတမ်းသီတင်းသုံးနိုင်
အောင် ကြံဆောင်ခဲ့သည် ။

မိဂဒါဝုန် အတွင်း ပေ ၁၀၀ ကျော်ခန့် မြင့်သော ဓမ္မရာဇိက စေတီတော်အား ၁၇၉၄ တွင် စော်
ဘွား ဂျဂတ်ဆင်း ကဖြိုဖျက်ပြီး အုဌ် ကျောက်စသည်များကို ဗာရာဏသီ ဈေးတည်ဆောက်
ရာတွင် အသုံးပြုခဲ့သည် ၊ရုပ်ပွါးတော်တဆူနှင့် ဓာတ်တော်ပါသော ကျောက်သေတ္တာ တစ်လုံး
ရရှိခဲ့သည် ၊သေတ္တာကြီးမှာ ကာလကတ္တား ပြတိုက်တွင်ရှိသည်၊ရုပ်တုတော်မှာ(ဓမ္မစက္ကပဝတ္တန
မုဒြာ)ဖြစ်ပြီး ရေးထိုးပါရှိသော စာတမ်းမှာ ဘင်္ဂါလီ ဘုရင်တစ်ပါးက စေတီကို ပြင်ဆင်ခဲ့ပြီး မီးတိုင်များ ခေါင်းလောင်းများ လှူဒါန်းခဲ့ကြောင့် ဖြစ်သည် ။
                              ငြိမ်းချမ်းရေးရိပ်မြုံ(၁၃)---သို့----အရှင်ရေဝတ

0 Response to "ငြိမ်းချမ်းရေးရိပ်မြုံ(၁၂)"

Post a Comment

| |