ငြိမ်းချမ်းရေးရိမ်မြုံ(၁၃)

      (၁၃)         
                        ယဉ်ကျေးမှုပြတိုက်
(ဆာရနာသ်)မိဂဒါဝုန်ရှိ ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်မှာ ကြီးကျယ် ခမ်းနားသော သာသနာ့
အနုလက်ရာများစုဝေးရာနေရာတခုဖြစ်သည် ၊ပြတိုင်အတွင်းသို့ဝင်လိုက်သည်နှင့် အသောက
ကျောက်တိုင် ခေါင်းပိုင်းကို ပထမဆုံးတွေ့မြင်နိုင်သည် ၊တရားဦး ဓမ္မစကြာ ဟောတော်မူရာ နေရာတော်၏ အထိမ်း အမှတ်အဖြစ် စိုက်ထူခဲ့ခြင်းဖြစ်သည် ၊ပြတိုက်ထဲရှိ ဤကျောက်တိုင်
ပိုင်းသည် ၂.၃၁ မီတာခန့်မြင့်ပြီး အစိတ်ပိုင်း(၃)ခုပါဝင်သည် ၊ခြင်္သေ့ ၄စီး ၊ဓမ္မစကြာပုံ အုဌ်ခုံနှင့်
အမြိတ် အစွန်း(ကြာမှောက်)တို့ပါဝင်သည် ။

ဗုံတိုင်ဝိုင်း၏ ဒေါင်လိုက်ပတ်ပတ်လည်တွင် လက်ျာရစ်အတိုင်း(နွားလားဥသဘရုပ်+အာဇာ
နည်နြင်းရုပ်+ခြင်္သေ့ရုပ်+နဂါးရုပ်)တို့ပါရှိပြီး ၊ယင်းတို့၏အကြားတွင် ဓမ္မစကြာပုံပါရှိသည်၊
စက်ဝိုင်း၏ အလည်ဗဟိုရ်တွင် မူလ ကြေးပြားအဖုံးငယ် တစ်ခုစီပါရှိသည် ၊ဤဗုံတို အထက်
တွင် အရပ်(၄)မျက်နှာသို့ အသီးသီးဦးတည်ပြီး မာန်ဟုနသွင်း၍ဟောက်နေဟန် ခြင်္သေ့(၄)စီး
တို့သည် ဓမ္မစကြာပုံများပေါ်တွင် ၄င်းတို့ကိုယ်ထည်များကိုတင်ထားပြီး ကြောချင်းကပ်လျှက်
ရပ်နေကြသည်။

ဤခြင်္သေ့ရုပ်များမှာ ဘုရားရှင်သည် သစ္စာ(၄)ပါးကို ယုံကြည်မှုအပြည့်နှင့် ဟောမြွက်တော်မူ
ခြင်း(သီဟနာဒ)ခြင်္သေ့ မင်းဟောက်သံကို ကိုယ်စားပြုနေသည် ၊အခြားနွားလားရုပ်စသည်တို့
အတွက်လည်း အမျိုးမျိုးဖွင့်ဆိုကြသည် ၊ဤကျောက်တိုငိ၏ လက်ဝဲဘက်တွင် ဘုရားလောင်း
သိဒ္ဒတ္ထမင်းသား၏ ရုပ်ပုံရှိသည် ၊ယင်းကို-အေဒီ ၁၂၃-ကုသျှနခေတ်တွင် (တိပိဋကတရ)ဗလ
မထောရ်နှင့် သူ၏တပည့်တို့မှ လှူဒါန်းခဲ့ခြင်းဖြစ်သည် ၊အဓိက ခန်းမကြီး၏ လက်ျာဘက်နံရံ
တွင် လူသိများ ကျော်ကြားသော (ဓမ္မစက္ကမုဒြာ)ရုပ်ပွါးတော်ရှိသည် ။

သပ်ပယ်လှသည့် ဤရုပ်ပွါးတော်အား ၁၉၀၄-၅ ခုနှစ်ကတူးဖော်စဉ် ဓမ္မရာဇိက စေတီတော်၏
တောင်ဘက်နားလောက်တွင် တွေရှိခဲ့ရခြင်းဖြစ်သည် ၊၄င်းဓမ္မရာဇိစေတီအတွင်း လိုင်မုခ်များ
တွင် (မူလက)ထားရှိခဲ့သည့် ရုပ်ပွါးတော်အထဲမှ တစ်ဆူဖြစ်ပုံရသည် ၊၅-ရာစုခေတ်နှောင်း
လက်ရာဟုခန့်မှန်းကြသည် ၊ဓမ္မစက်ဝိုင်းကိုလှည့်တော်မူဟန်နှင့် ဘုရားရှင် တရားဦးဟော
တော်မူခြင်းတို့ကို ကိုယ်စားပြုသည် ၊ဓမ္မစက်ဝိုင်းမှ လှည်းဘီးပုံကို သမင်နှစ်ကောင်က တဘက်
တချက်စီဝိုင်းရံနေကြပြီး ၊အုဌ်ခုံပေါ်တွင်(ပဉ္စဝဂ်ဂီ)-၅-ဦးတို့ကနေရာယူထားကြသည် ၊သမင်မှာ
မိဂဒါဝုန်၏ နောက်ခံ သင်္ကေတဖြစ်သည် ။
      တနည်းအားဖြင့် သားသမင်တို့မည်သည် နူးညံ့ သိမ်မွေ့ပြီး နိုးကြားတက်ကြွကာ အန္တ
ရာယ်ကိုရင်ဆိုင်ရာ၌ လျင်မြန်သကဲသို့ မိမိတို့သည်လည်း ကိလေသာရန်အန္တရာယ်ကိုကာ
ကွယ်ရာတွင် ထိုသို့လျင်မြန်ရမည်ဟု ရည်ညွန်းထားခြင်းဖြစ်သည် ၊ပြတိုက်၏ လက်ျာဘက်
ခြမ်းတွင်ဘုရားရှင်ဖြစ်တော်စဉ်များကို  စုပေါင်းသရုပ်ဖော်ထားသည့် ရုပ်လုံး ရုပ်ကြွများရှိသည်၊
ညာဘက်နံရံထိပ်တွင် ကျောင်းတကာမ(ကုမာရဒေဝီ)ကျောက်စာကိုတွေ့မြင်နိုင်သည် ၊တခြား
ဟိန္ဒူဘာသာဆိုင်ရာ အထောက်ထားမျာနှင့် ယဉ်ကျေးမှု ဓလေ့များကိုလည်း ဤပြတိုက်ထဲ
တွင်တွေ့မြင်နိုင်သည် ။
                                  ငြိမ်းချမ်းရေးရိပ်မြုံ(၁၄)--သို့---အရှင်ရေဝတ

0 Response to "ငြိမ်းချမ်းရေးရိမ်မြုံ(၁၃)"

Post a Comment

| |