သီတဂူအာရောဂျဒါန ဆေးရုံ (မြိုင်ကြီးငူ)


ဆေးရုံတော်ကြီး မြင်ကွင်း
သီတဂူအာရောဂျဒါန ဆေးရုံ (မြိုင်ကြီးငူ)

ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသရှိ ပြည်သူများအတွက် ရောက်လာပါပြီ သီတဂူ။ သီတဂူဆရာတော်ကြီးသည် မြန်မာပြည်တ၀ှမ်းလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ဝေးလံခေါင်သော နေရာများကို သွားရောက်၍ သီတဂူဆေးရုံတော်များ ဆောက်လုပ်လှူဒါန်းသည်။ မျက်စိအထူးကုဆေးရုံများနှင့် အထွေထွေ ဆေးရုံတော် များဖြစ်သည်။

ယခုနှစ် ၂၀၁၁၊ နိုဝင်ဘာ (၂၃) ရက်နေ့တွင် ကရင်ပြည်နယ် မြိုင်ကြီးငူဒေသအတွက် အမှတ်စဉ် (၁၄) သီတဂူအာရောဂျဒါန (အထွေထွေဆေးရုံ) ဆေးရုံတော်ကြီးကို သီတဂူဆရာတော်ကြီးနှင့် တပည့်ဒကာ ဒကာမများ သွားရောက် ဖွင့်လှစ်ခဲ့သည်။

ဆေးရုံဖွင့်ပွဲအခမ်းအနား

ထိုဆေးရုံဖွင့်ပွဲ အခမ်းအနားကို DKBA ဌာနက လက်ခံ ကျင်းပပေးသည်။ သီတဂူဆရာတော်ကြီးနှင့် အတူ လိုက်ပါလာသော အလှူရှင် သီတဂူဒကာ ဒကာမများအား DKBA မှ ကရင်ဝတ်စုံများကို လက်ဆောင်ပေးသည်။ ထိုဝတ်စုံများ ၀တ်ဆင်ကာ အခမ်းအနား ဖွင့်ပွဲကို တက်ရောက်ကြရသည်။


ရွှင်လန်းချမ်းမြေ့ပါစေသီတဂူစတား
၁၅-၁၁-၂၀၁၁(သီတဂူစတားမှကူးယူဖော်ပြထားပါတယ်...ကျန်းမာပါစေဘုရား)


အမှန်တကယ်လိုအပ်နေတဲ့နေရာလေးမှာသီတဂူဆေးရုံတော်ဖွင့်ပေးသောဆရာတော်ဘုရားကြီး
ကျန်းမာပါစေ၊သက်တော်ရာချီပြီးသာသနာပြုနိုင်ပါစေလို့မေတ္တာပို့လျှက်(မင်းလှသားလေး)

0 Response to "သီတဂူအာရောဂျဒါန ဆေးရုံ (မြိုင်ကြီးငူ)"

Post a Comment

| |