မေမေရဲ့နို့ဆီဗူးလေး

                                                   မေမေထည့်ပေးလိုက်တဲ့နိုဆီဗူးလေး
တနေ့တော့အကြောင်းအရာတိုက်ဆိုင်လို့မေမေ ပြောပြတဲ့အကြောင်းအရာလေးကိုစဉ်းစားရင်း သူငယ်ချင်းကို.....ပြောပြခဲ့ပါတယ် အကြောင်းလေးကတော့
မေမေက ပညာသင်သွားတဲ့နေရာကို နို့ဆီဗူးလေးထည့်ပေးလိုက်ပါတယ်... ဒီတော့ သူငယ်ချင်းက အဲဒါတောင်သယ်လာတာအံ့သြပါရဲ့ကွာ...................တဲ့

မေမေရွာကသည်လာတဲ့ပစ္စည်းတွေကော သူနို့ဆီဘူးတွေကော ထည့်ပေးတော့ .........
စာရေးသူက မလိုပါဘူးမေမေ ဟိုဟာက၊ဒီဟာကနဲ့ ဂျီးများတာပေါ့(မသယ်ချင်လို့လေ) ဒီလိုနဲ့ နိုဆီဗူးလေးလည်းပါတာပေါ့....ဒီတော့ မေမေက သားဟိုအရင်ကရွာတစ်ရွာမှာမြို့ကျောင်းတက်
တက္ကသိုလ်ကျောင်းသားရှိတယ်တဲ့...ကျောင်းကိုပြန်တော့ အမေလုပ်တဲ့သူကကောက်ညှင်းမုန့်
ထုတ်လေးတွေထုတ်ပေးလိုက်ပါတယ်..သားဖြစ်သူကမလိုချင်ဘူးတဲ့..ဒါပေမယ့်မီးရထားထွက်ခါနီးမှာ အမေက ပစ်ပေးလိုက်တယ်တဲ့ သားလုပ်သူက တောကအဲဒီမုန့်တွေကို ရထားခုံအောက် ထိုးထားတာပေါ့....သူငယ်ချင်းတွေမြင်ရင်လေ သူ့ကိုပြောမှာဆိုးလို့တဲ့ ဒီလိုနဲ့ လမ်းခုလတ်မှာ ရထာဲးပျက်တော့ စားစရာရောင်းတဲ့နေရာကလဲမရှိ ဖြစ်ပြီး နောက်ဆုံး အကြံကုန် ဂဠုန်စားချက်
ဆိုတဲ့ စကားပုံအတိုင်း သူ့ အမေပေးလိုက်တဲ့ မုန့်လေးတွေကို မထုတ်ရဲတုတ်ရဲနဲ့ ထုတ်ပြပြီး မြို့သားသူငယ်ချင်းတွေကိုပေးလိုက်တော့ ဝိုင်းစားကြတာ လောက်တောင်မလောက်ဘူး....
စားပြီးတော့ မင်းရဲ့အမေကိုကျေးဇူးတင်ပါတယ်..စားလို့လဲကောင်းတယ်လို့ ချီးမွမ်းကြတော့
တောသားလေး မျက်ရည်ကျလောက်တဲ့အထိ ဝမ်းသာခဲ့ရတယ်လို့ စာရေးသူရဲ့ သူငယ်ချင်းကိုပြောပြခဲ့ပါတယ်..ဒီတော့ စာရေးသူရဲ့ သူငယ်ချင်းကလဲ မင်းရဲ့မေမေပြောပြတဲ့ ပုံလေးက ကောင်းတယ်လို့ပြောပါတယ်.. အကြောင်းအရာတိုက်ဆိုင်လို့ ပြောပြလိုက်တာပါ။

စာဖတ်သူတို့အနေနဲ့လဲ ဒီပုံပြင်လေးကို သာဓကယူပြီးကျနော်လိုမဖြစ်ဖို့ပြောပြချင်တာပါ ..မေမေ
ထည့်ပေးလိုက်တဲ့ပစ္စည်းတွေဟာ အခုဆိုဘာတစ်ခုမှ မစွန့်ပစ်ရပဲ အားလုံး အသုံးဝင်ပါတယ်.


   ရွာစေတီတော်မှာဆီမီးပူဇော်နေသောမေမေ
မေမေပြောပြခဲ့သောပုံပြင်လေးကိုရေးသားရင်းမေမေရဲ့ခြေအစုံကိုဦးခိုက်လျှက်...(မင်းလှသားလေး)
စာအရေးအသားမျာလိုအပ်ခဲ့ရင်ခွင်လွှတ်ပေးကြပါ။

1 Response to "မေမေရဲ့နို့ဆီဗူးလေး"

  1. mstint says:

    ပုံပြင်လေးဖတ်သွားတယ် မင်းလှသားလေးရေ။ လိမ္မာတဲ့သားတစ်ယောက်အဖြစ် ထာဝရရပ်တည်နိုင်ပါစေကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

Post a Comment

| |