ငြိမ်းချမ်းရေးရိပ်မြုံ (၂၃)



                                             ဗုဒ္ဓဝါဒ၏စွမ်းအား
ဗုဒ္ဓဝါဒ ၌ ပညာဟူသည် သူတစ်ပါးတို့၏ ဒုက္ခကို မိမိဒုက္ခနှင်းမခြား သဘောထားနိုင်ခြင်း
(ကရုဏာ)အပေါ်အခြေခံသည် ၊သိပ္ပံပညာကား အန္တရာယ်ပြွန်းသည့် ပန်းတိုင်ဆီသို့ တဟုန်
ထိုး အပြေးနှင်လျှက်ရှိသည် ၊သို့ဖြစ်၍ ဗုဒ္ဓဝါဒနည်းဖြင့် ခေတ်သစ် သိပ္ပံ၏ဦးတည်ရာ လမ်း
ကြောင်းမှန်အောင် ပြုပြင်ပေးရမည် ဖြစ်သည် ၊ဤအတွက် ဗုဒ္ဓ ဓမ္မ သည် အရေးပါလှသော
အခန်းကဏ္ဍဖြစ်သည် ။

အနာဂတ်တွင်တောက်ပြောင်လာမည့် လူ့ယဉ်ကျေးမှုကြီးတစ်ရပ်ကိုတည်ဆောက်ရာတွင် သိပ္ပံ
ဆိုင်ရာ သုတေသနနှင့် တီထွင်မှုအပိုင်း၌ စိတ်ဘက်ဆိုင်ရာမှဦးဆောင်လမ်းညွန်မှုများကို ဗုဒ္ဓ
ဝါဒက ပေးနိုင်စွမ်းသည် ၊လောလောဆယ်တွင် အလွန်အမင်း တိုးတက်မြန်ဆန်နေသည့် တီ
ထွင် ဆန်းသစ်မှု၏ ကျွန်ပြုမှုကိုခံယူရင်းမျှော်လင့်ချက်ကင်းမဲ့နေသလိုဖြစ်လာနေသည့် သိပ္ပံ
ဆိုင်ရာ တိုးတက် ဆန်းကြည်မှုများအတွက် မှန်ကန်သော လမ်းကို ဗုဒ္ဓဝါဒက ပေးနိုင်သည်
(အာလ်ဘာတ်အိုင်စတိုင်းက)=ဗုဒ္ဓဘာသာအား ဂုဏ်ပြုပြောဆိုခဲ့ရာတွင် “ခေတ်သစ် သိပ္ပံ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် တစ်ခုတည်းသော ဘာသာတရားမှာ 
ဗုဒ္ဓဘာသာ ဘဲဟုဆိုခဲ့သည်”၊နောက်ဆုံးပေါ် သိပ္ပံတွေ့ရှိမှုများနှင့် အံဝင်ခွင်ကျဖြစ်စေရန်အတွက် ဗုဒ္ဓဝါဒအား
မည်ပြင်ဆင်စရာမှမလိုအပ်ပေ၊ သိပ္ပံ နှင့် သိပ္ပံနယ်လွန်အခြေနေများပါ အကျုံးဝင်ပြီးဖြစ်၍
ဗုဒ္ဓဘာသာအနေဖြင့်သိပ္ပံ၏ရှေ့ မှောက်၌ မည်သို့မျှ အလျှော့ပေးစရာမလို။ ဗုဒ္ဓဘာသာသည် 
လူတို့၏ အဇ္ဇတ္တနှင့် လူ့ပတ်ဝန်းကျင်၌ သိုဝှက် ကိန်းအောင်းလျှက်ရှိနေဦးမည့်
စွမ်းအင်များကိုရှာဖွေဖော်ထုတ်ရန် လူကိုအားပေး အားမြှောက်ပြု့ရင်း ဘာသာရေးနှင့် သိပ္ပံတို့အကြား ပေါင်းကူးတံတားသဖွယ်ဖြစ်နေမည်မှာဧကန်ပင်။တချို့သောအရာဝတ္ထုတစ်ခု(သို့မဟုတ်)သဘောတရား
တစ်ခုတို့သည်ခေတ်တစ်ခေတ်အတွင်း ဒေသတစ်ခု၏ဘောင်အတွင်း၌သာ ရှင်သန်ဖြစ်တည်တတ်သည့်သ
ဘော၇ှိသည် ။

သို့ရာတွင် မီးဖိုချောင်သုံး ပစ္စည်းများအနက် ဆား၏ ငန်သောအရသာသည် မည်သည့်ဒေသ၊
မည်သည့် ကာလ၌မဆို တည်မြဲ၏ ပြောင်းလဲပျက်ပြယ်သွားခြင်းမရှိ ၊ထို့အတူ နှစ်ပေါင်း(၂၅၀၀
)ရာကျော်လာပြီဖြစ်သော ဗုဒ္ဓ၏ အကြွင်းမဲ့ သစ္စာဓမ္မများသည်လည်း လူတို့၏
အကျိုးစီးပွါးကိုအချိန်ကာလ ဒေသမရွေး ယနေ့ထိတိုင် ထိရောက်စွာ သယ်ပိုးနေဆဲဖြစ်၏ ၊လူသားအားလုံးတို့
တွေ့ကြုံခံစားနေကြရသည့် ဆင်းရဲဒုက္ခအပေါင်းတို့ အကြောင်းရင်း ဇစ်မြစ်ကို
ဗုဒ္ဓသည် ထိုစဉ်ကတည်းက ထောက်ပြတော်မူခဲ့သည် ။

ယင်းဒုက္ခများ၏ ရေသောက်မြစ်မှာ ပဋိစ္စသမုပ္ပါဒ်အရ “ငါ”ဟူသော အတ္တပင်ဖြစ်၏ ဤကိုယနေ့
ကမ္ဘာအနှံ လူများ သိလာ လက်ခံလာကြ၏ ဗုဒ္ဓဝါဒ၏ စွမ်းအင်ပင်ဖြစ်၏
၊ဒုက္ခမှန်သမျှသည် အပူသောကဖြစ်၏ ဤကိုငြိမ်းစေလိုလျှင် ရှေ့ဦးစွာ
မိမိကိုယ်ကို ငြိမ်းအောင်လုပ်ရမည်၊မိမိရင်ထဲတွင်ငြိမ်းမှ အားလုံးငြိမ်းမည်ဖြစ်၏ ၊လွန်ခဲ့ပြီး နှစ်ပေါင်း
နှစ်ထောင်ငါးရာကျော်ကာလကဗုဒ္ဓဟောတော်မူခဲ့သော အနတ္တဝါဒ ၊မေတ္တာ ၊ကရုဏာစသည့် လောကလမ်းညွန်တရားတော်များသည် လူတိုင်းရှိ လူ့ပြဿနာအားလုံးတို့ကို ငြိမ်းစေနိုင်မည့်
ငြိမ်းချမ်းရေးရိပ်မြုံ အဖြစ် ဆက်ပြီး ဦးဆောင်နေဦးမည်သာဖြစ်၏ ။

ဤစာသားများကိုလေ့လာဖတ်ရှု့ ယင်း ရရှိလာသော အသိဥာဏ် ဗဟုသုတမှတဆင့် မိမိတို့
                ဘဝကို ငြိမ်းချမ်းအောင်တည်ဆောက်နိုင်ကြပါစေ

                                  အရှင် ရေဝတ -ဓမ္မာစရိယ(M.A)

0 Response to "ငြိမ်းချမ်းရေးရိပ်မြုံ (၂၃)"

Post a Comment

| |