ငြိမ်းချမ်းရေးရိပ်မြုံ (၂၂)

          

                                   အဝဇ္ဇာကို ခွင်းဖောက်ကြည့်ခြင်း
ဗုဒ္ဓကိုယ်တော်တိုင်ပွါးများတော်
မူခဲ့သော လောကုတ္တရာစိတ် (ပညာ)သည် အာရုံအသိအဆင့်
ကိုကျော်လွန်ပြီး ဆက်စပ်အသိ စိန္တာမယနယ်မှလည်းလွန်မြောက်သည်
၊ပုံမှန်အားဖြင့် လူတို့၏
အသိစိတ်သည် စုစည်းရယူထားပြီးဖြစ်သည့် ကိုးကွယ်ယုံကြည်မှု ၊အတွေးအခေါ်၊ အကြံစည်၊
လုပ်ကိုင် ဆောင်ရွက် ထိတွေ့ခံစားဖူး မှုစသည့် သက်ဆိုင်ရာ အသိနယ်ပယ်များထဲတွင်သာ
ကျက်စားတတ်သည် ၊စိတ်ပသာဒအတွက် အသိစိတ်ဝိဥဏ်ကို အာရုံခံ ပသာဒရုပ်များမှတဆင့်
စုဆောင်းရသည် ။

မျက်စိအကြည် ၊နားအကြည် ၊လျှာအကြည်၊ကိုယ်အကြည် ဓာတ်များသည် အကြောင်းအမျိုးမျို
ကြောင်း -ထက်မြက် ကြည်လင်မှုအဆင့် အလွန်နည်းပါးသည်၊ထို့ကြောင့် အကန့်သက်ဘောင်
ကျဉ်းကျဉ်းထဲ၌ အာရုံသိမျှဖြင့် လောကကိုနားလည်ရာတွင် ကပြောင်းကပြန် တလွဲတချော်ဖြစ်
ကြရသည် ၊“အဝိဇ္ဇာကို”ထိုးဖောက်ကြည့်ခြင်း အမည်ရှိ စာအုပ်တွင် ပြင်သစ်ပညာရှင် တစ်ဦး
ဖြစ်သူ(Nicholas of  Cusa) ကဤပုံ သုံးသပ်ပြခဲ့သည် ။

“အာရုံသိမျှတွင်သာ အခြေခံသော ကျွနှုပ်တို့၏ မောက်မာလှသော အသိပညာဟူသမျှကား
စင်စစ် မသိတွေဝေမှု အဝိဇ္ဇာသာဖြစ်၏ ၊ အသိပညာ ဝိဇ္ဇာ ကိုမူအာရုံသိဖြင့် မဟုတ်ဘဲ အာရုံ
သိနယ်ပယ်၏ အပြင်ဘက်သို့ထွက်လျှက် (ထိုးထွင်း)သိဖြင့်
ဆင်ခြင်သုံးသပ်ခြင်းဖြင့်သာရနိုင်
ပေသည် ၊ အမှန်တရားကား ကျွနှုပ်တို့၏ အပြင်ပိုင်း(ဝဥာဏ်) ၅ ပါး၌မတည် ၊အတွင်းပိုင်း
မနော် ဝိဥာဏ်၌သာ ရှာဖွေ တွေ့ရှိနိုင်သည် ၊စမ်းသပ်လေ့လာချက်ဖြင့်
အမှန်တရားကိုတွေ့ရှိ
ရန် မမျှော်လင့်နိုင် ၊အလားတူ အာရုံသိ ဆင်ခြင်သိတို့ဖြင့်လည်း မရနိုင် ။

စမ်းသပ်လေ့လာချက် အာရုံသိ ဆင်ခြင်သိတို့သည် ဗဟုသုတရရေးအတွက်သာအထောက်ကူ
ပြု့ ကိရိယာတန်ဆာပလာများဖြစ်ကြသည်၊ အမှန်တရား နှင့်  အရှိတရားကိုရရှိရေးအတွက်မ
ဟုတ် ၊ကျမ်းစာအုပ်များသည် အတွေးကိုနှိုးဆွပေးခြင်းဖြင့် အသိအမြင်
ဗဟုသုတကိုရရှိစေနိုင်
သည် ၊ဘဝ၏ အပြင်ဘက်ကိုသာမြင်နိုင်သည် ၊အတွင်းဘက်ကိုမမြင်နိုင် ထို့ကြောင့် အမှန်တ
ရားကိုရှိရေးအတွက် သင်၏ မျက်လုံးအစုံတို့ကို အတွင်းဘက်သို့ လှည့်ရပေမည် ၊ယင်းသို့
လှည့်နိုင်မှ အမှန်တရားကို ရနိုင်ပေမည် ။

အကယ်စင်စစ်မူ ဗဟုသုတရှာဖွေခြင်းနှင့် အမှန်တရားရှာဖွေခြင်းတို့မှာ တခြားစီသာဖြစ်ကြ၏
လူတို့နေ့တိုင်းပြောဆိုနေကြသော စကားလုံးများသည် “အာရုံ ၅ပါး ဟူသောအကန့်သက်ရှိ
သည့် စိတ်၏ ထုတ်ကုန်ပစ္စည်းမျှသာ ဖြစ်သည် ၊လူတို့၏ စိတ်သည် အာရုံသိ ဗဟုသုတရရှိရေး
အတွက် အာရုံ ၅ ပါးဆိုင်ရာ တွေ့ကြုံ ထင်ဟပ်မှုပေါ်တွင်သာ မှီခိုနေကြသည်၊
သို့ဖြစ်၍ တစ်ခါ
တစ်ရံတွင်မူ အာရုံသိကို စိတ်ချယုံကြည်လို့
မဖြစ်နိုင်၊လူအတော်များများသိမြင်လိုက်သည့် ဖြစ်
ရပ်တစ်ခုကို ထင်မြင်ချက်အမျိုးမျိုး ပေးကောင်းပေးကြပါလိမည်။

လောကသဘောအရ လူတို့သည် မိမိလိမ်မာကြောင်း တတ်သိကြောင်း ဗဟုသုတရှိကြောင်း
များစွာပင် ဝင့်ကြွားလိုကြသည် ၊ဤသည်မှာ တကယ်မသိ၍ ဖြစ်ခြင်းသာဖြစ်ပြီး
တကယ်သိသူ
များကမူ ဘောင်ကျဉ်းမြောင်းလွန်းသော အသိနယ်ပယ်၏အဖြစ်ကို သဘောပေါက်သည့်အ
တွက် မသိဟုပင် ဝန်ခံလေ့ရှိကြသည် ၊အဝိဇ္ဇာကို ထိုးဖောက်ကြည့်ခြင်းလည်းဖြစ်၏၊ ဤအ
ချက်နှင့် ပတ်သက်၍ ရှေးခေတ် အေသင်းမြို့တော်၏ အကျော်အမော် အဘိဓမ္မာ
ဆရာကြီး ဆော့ခရိတ္တိအား သူသိတာ ဘာလဲ ဟုမေးသည့်အခါ သူက“ငါသိတာ
တစ်ခုပဲရှိတယ်၊အဲဒါ
က ငါဟာ ဘာမှမသိဘူး ဆိုတာပါဘဲ ၊ဒါသည်ပင် အဝိဇ္ဇာကို ထိုးဖောက်ကြည့်ခြင်းပါ ၊ခွင်း
ဖောက်ကြည့်ခြင်းပါ ။
               ငြိမ်းချမ်းရေးရိပ်မြုံ (၂၃) --သို့---အရှင်ရေဝတ

0 Response to "ငြိမ်းချမ်းရေးရိပ်မြုံ (၂၂)"

Post a Comment

| |