ငြိမ်ချမ်းရေးရိပ်မြုံ (၂၁)

 
                                     သပ္ပံနယ်လွန်  ဗုဒ္ဓဘာသာ

ဘုရားရှင်၏ ဝါဒသည် ခေတ်သစ်ပညာဆိုင်ရာစိတ် နယ်ပယ်ကသတ်မှတ်ချက်ထက် ပိုမိုကျယ်
ဝန်းသည့် အသိပညာ နယ်ရှိခြင်းကြောင့် ခေတ်သစ်ပညထက် သာလွန်သည်၊ အာရုံသိဖြင့်ရ
သည့်ပညာနှင့် စိတ်ကိုပြု့စုပျိုးထောင်မှုဖြင့်
ရသည့်ပညာကိုပါ ဘုရားရှင်၏ဝါဒကလက်ခံသည်၊
အပြင်းအထန် စူးစိုက်ထားအပ်သည့် စိတ်ကို လေ့ကျင့်ပွါးများပေးခြင်းဖြင့် လောကုတ္တရာအ
တွေ့ ကြုံများကိုသိမြင်နားလည် ဆင်ခြင်တတ်လာာသည် ။

ဤကဲသို့သော သိမြင်နားလည် ဆင်ခြင်နိုင်စွမ်းမျိုးကိုစမ်းသပ်မှုကရိယာဖြင့်
စမ်းသပ်၍ဖြစ်စေ
အနုကြည့် မှန်ပြောင်းဖြင့် ရှာဖွေ၍ဖြစ်စေမရနိုင်၊ခေတ်သစ်ပညာရှင်များ
တွေ့ရှိသည့် အမှန်တ
ရားသည် ဆင့်ပွါးအမှန်တရားသာဖြစ်၏ ထို့ကြောင့် အမြဲ
ပြောင်းလဲသွားနိုင်သည်၊ ဘုရားရှင်
ရှာဖွေတွေ့ရှိခဲ့သော အမှန်တရားကား နောက်ဆုံးအဆင့်ဖြစ်၍
မပြောင်းလဲနိုင်၊အကြွင်းမဲ့ သစ္စာ
ခေါ် ပရတ္ထ အမှန်တရားဖြစ်၍ ကာလနှင့် အကာလတို့ကိုလိုက်၍လည်း ပြောင်းလဲခြင်းမရှိတော့
ပေ ။
ထို့အပြင် ခေတ်သစ် သိပ္ပံ၏ ရွေးချယ်မှု အမှန်တရားနှင့် ဗုဒ္ဓဝါဒ
တို့မတူညီပုံမှာ ဗုဒ္ဓက ဝါဒရေး
ကိုဖြစ်စေ  သိပ္ပံတို့ တွေ့ရှိချက်ကိုဖြစ်စေ  တခြား တစ်ခုခုကိုဖြစ်စေ
မည်သည့်အရာကိုမဆို ပုံ
သေ ဖက်တွယ်မထားကြဖို့ရန် ဟောကြားတော်မူပေသည် ။ သဘောတရားများနောက်ကို
လိုက်နေမဲ့အစား အာရုံခံစားမှုများကိုကင်းငြိမ်းစေလျှက် လောဘ တဏှာကို ပယ်ချလျှက်
 အပြစ်မဲ့သော လူအဖြစ်ဖြင့် မည်သို့ မည်ပုံ မှန်ကန်စွာ ကျင့်သုံး
နေထိုင်သွားရမည်ကိုသာ
ဗုဒ္ဓက ဟောကြားခဲ့ပါတယ် ။

ဤနည်းလမ်းဖြင့်သာ ဘဝ၏ အဓိပ္ပါယ်အစစ်မှန်ကို ရှာဖွေ တွေ့ရှိနိုင်မည် ဖြစ်ပေသည်၊ဗုဒ္ဒတ
ရားတော်အရ လက်တွေ့ကျင့်သုံးမှုသည် အထူးပင် အရေးပါလှပေသည် ၊လက်တွေ့မကျ
စာတွေ့မျှဖြင့်ကား ဆာလောင် မွတ်သိပ်မှုကို ဖြေဖျောက်၍မရနိုင် လက်တွေ့
ကျင့်သုံးမှုသည်
အသိဥာဏ် အလင်းတံခါးပေါက်ရရေး အတွက်မရှိမဖြစ်အရေးပါသည့် ရှေ့ပြေးလိုအပ်ချက်
ဖြစ်သည် ၊သိပ္ပံ၏ လုပ်နည်းလုပ်ဟန်များမှာ အပြင်ဘက်သို့ အမြဲဦးတည်နေသည် ၄င်းတို့ တစ်
ကိုယ်တော် ကောင်းစာရေး အတွက် =
သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတာဖြစ်ရေးကို လျှစ်လျှူရှု့ လျှက်သဘာဝတရားနှင့်
သဟဇာတ အရင်း အမြစ်များကို အမြတ်ထုတ် ခြယ်လှယ်ကြသဖြင့် ကမ္ဘာကြီးသည် တရွေ့
ရွေ့ ညစ်ညမ်းလာရခြင်းဖြစ်သည်။

ဗုဒ္ဓဝါဒ၏ လုပ်နည်း လုပ်ဟန်က လူတို့၏ အတွင်းဘက် (စိတ် -မနော်ဝီဥဏ်)သို့ ဦးတည်သည်
အတွင်း စိတ် တိုးတက်ဖွံ့ဖြိုးရေးကို ဦးစားပေးသည် ၊လူသားတို့ ဘဝရပ်တည်မှုအတွက် နေ့
စဉ် ကြုံရ ဆုံရသည့် ဖြစ်ရပ်အဖုံဖုံ အခြေနေအမျိုးမျိုးနှင့် မည်သို့
လိုက်လျော့ညီထွေနေထိုင်ရ
မည်ကို ဗုဒ္ဓဝါးကအခြေခံကျကျ သွန်သွင်ပေးသည် ၊အဆင့်မြင့်ပိုင်းတွင်
စိတ်ဓာတ်ရင့်ကျက်တိုး
တက်ရေးကို လက်တွေ့ လေ့ကျင့်မှုများဖြင့် မိမိကိုယ်ကို မိမိ အောင်နိုင်
ကျော်လွန်နိုင်စေရန် လူ၏ ကြိုးပမ်မှုများကို အားသစ်လောင်းပေးသည် ။

ဗုဒ္ဓဝါဒ၌ ပရမတ္ထသစ္စာတရားဖြစ်သော နိဗ္ဗာန်ကို
ကိုယ်တိုင်ထိုးထွင်းသိမြင်ရေးသို့ ရှေးရှု့သည်
ရုပ် နာမ် သဘာဝများကို စူးစိုက်ရှု့မြင်နိုင်စွမ်းသော “ဝိပဿနာ” ပညာကို
ပျိုးထောင်ပေးသည်
ဤကို သိပ္ပံက လုံးဝမပေးစွမ်းနိုင် ပေးနိုင်သည်များမှာ လူတို့စိတ်ကို
ရူးသွပ် ပျက်ပြားစေသော
ရုပ်ဝတ္ထုတို့ကိုသာ တလပ်စပ်ပေးနိုင်၏ ၊ထို့ကြောင့်  ဗုဒ္ဓဘာသာ  ဗုဒ္ဓ၏
အဆုံးမများသည် သိပ္ပံ
နယ်ထက် မြင့်မြတ် ကျယ်ပြန့်သော ဘာသာဖြစ်သည် ။
                      ငြိမ်းချမ်းရေးရိပ်မြုံ(၂၂) =သို့====အရှင်ရေဝတ

0 Response to "ငြိမ်ချမ်းရေးရိပ်မြုံ (၂၁)"

Post a Comment

| |