မိဘတွေကို ကြည့်ရင်ကိုယ့်ရဲ့ပုံရိပ်ကိုမြင်ရတယ်..

မိဘတွေရှိနေကြသေးရင်….
တစ်ရက်….မီးဖိုချောင်ဟာအရင်လို
မသန့်ရှင်းတော့ရင်….
တစ်ရက်….ပန်းကန်ဆေးတာမပြောင်တော

့ရင်….
တစ်ရက်….အိုးခွက်တွေဟာအရင်လိုမတောက်ပြောင်တော့ရင်….
တစ်ရက်….ပန်းပင်တွေဟာပေါင်းမြက်တွေနဲ့ဖြစ်နေရင်….
တစ်ရက်….ကြမ်းပြင်နဲ့စင်တွေမှာ ဖုန်တွေထူနေရင်….
တစ်ရက်….ဟင်းတွေငန်လာရင်….
တစ်ရက်….အရာရာကိုမေ့လွယ်လာရင်….
တစ်ရက်….အလေ့ထေတွေဟာပျက်ပြယ်ကုန်ရင်….
တစ်ရက်….သစ်သီးတွေစားရတာကိုမကြိုက်တော့ရင်….
တစ်ရက်….ဆန်ပြုတ်စားရတာကြိုက်လာရင်….
တစ်ရက်….အသွားအလာအရမ်းနှေးကွေးလာရင်….
သူတို့ကအအေးမိရုံလောက်ပဲဆိုပြီး မနေပါနဲ့…အဲဒါဟာ…အိုလာတာပါ…..
တစ်ရက်….သူတို့အပြင်မထွက်တော့ရင်…
သူတို့တကယ်အိုလာပါပြီ။
သားသမီးတွေရဲ့ပြုစုမှုကိုလိုလားတဲ့အချိန်ပါ….
သူတို့ကိုအချိန်ပေးပါ…
စိတ်ရှည်ပါ…သည်းခံပါ…
သူတို့ဘာလုပ်လုပ်အရင်လိုမဟုတ်တော့ဘူး။
သူတို့ရဲ့အိပ်ယာတွေကို လဲပေးပါ…..သူတို့ဒါတွေကို သတိထားမိတော့မှာမဟုတ်ပါဘူး….
မိဘဆိုတဲ့ ဂုဏ်အတိုင်း တင့်တယ်အောင်ထားပါ……
ရေချိုးပေးပါ….ကိုယ်တိုင်သန့်စင်အောင်သူတို့မလုပ်နိုင်တော့ပါဘူး…..
သူတို့တွေစားလို့ရနိုင်တဲ့ အစားတွေချက်ထားပေးဖို့လည်း မမေ့ပါနဲ့…..
ကောင်းကောင်းဝါးနိုင်တဲ့ သွားတွေမရှိတော့ပါဘူး….
မွေးကင်းစကတည်းက မိဘတွေလုပ်ပေးနေတဲ့ အရာအားလုံးကိုမမေ့ပစ်ပါနဲ့…..
လမ်းလျှောက်တာတွေ၊ စာရေးတာတွေ၊ အစစအရာရာ အခြေခံကနေ သင်ပေးခဲ့တယ်….
သူတို့တကယ် ဘာမှအလုပ်မလုပ်နိုင်တော့ဘူးဆိုရင်…ကိုယ်ပြန်လုပ်ပေးရမဲ့အလှည့်ပါ….
အားလုံးမှတ်ထားကြပါ….မိဘတွေဟာကိုယ့်ရဲ့ပုံရိပ်ပါ…
အားလုံးလဲတနေ့အိုလာကြမှာပါ….
အိုတဲ့အချိန်မှာ ဘယ်လိုနေထိုင်ခြင်တယ်ဆိုတာ စဉ်းစားထားလား။
အခုလို လူလွတ်ဖြစ်နေတဲ့အချိန်မှာတောင် သင့်မိဘကို ဂရုစိုက်ဖူးလား။
သင့်မိဘကကော သင့်ကိုဘယ်အချိန်ထိစောင့်နေနိုင်အုန်းမှာလဲ။

kswems
Posts: 38
Join date: 2011-02-03
   ယခုစာသားလေးတွေဟာ သားသမီးတိုင်းအတွက်လိုက်နာသင့်သောအချက်ကလေးကို(အကြင်နာနန်း
နန်းတော်)မှကူးယူဖြန့်ဝေထားပါတယ်။ ။
       ရှေးသူတော်ကောင်းတို့ရဲ့လမ်းစဉ်ကလျှောက်လှမ်းနိုင်ပါစေ။(မင်းလှသားလေး)                                                                                 

0 Response to "မိဘတွေကို ကြည့်ရင်ကိုယ့်ရဲ့ပုံရိပ်ကိုမြင်ရတယ်.."

Post a Comment

| |