MUCTR -မြန်မာကျောင်းသားများပါဝင်လှူဒါန်းသောအလှူတော်





ကုသိုလ်ဆိုတာ မေ့နေလျှင်




တိရစ္ဆာန်နှင့် မထူးတော့




ကုသိုလ်ဆိုတာ ဒီနည်းနဲ့လည်း ရ




ဟိုနည်းနဲ့လည်း ရနေမှကောင်းတယ်။ (ဆရာတော် အရှင်ဇနကာဘိဝံသ)

တစ်နေ့ ညနေခင်း စာရေးသူတို့ တက္ကသိုလ်အဆောင်ကို အဆောင်မှုးရောက်ရှိ လာခဲ့ပါတယ်။ လာမည့် ၁၇ ရက်နေ့ လပြည့်နေမှာ မိဘမဲ့ကလေးများ။ ဆင်းရဲ ချိုတဲ့စွာ ပညာသင်ကြားနေရှာသော သာမဏေများ နှင့် ကျောင်းသို့ လာရောက် ဥပုသ်စောင့် ကုန်သော ပုဂ္ဂိုလ်အပေါင်း တို့ အား နေ့လည်စာ ကျွေးမွေး လှူဒါန်း မည်ဖြစ်တဲ့အတွက် မိမိ တို့နိုင်သလောက် ထည့်ကြရန် စာရေးသူကို ပြောလာပါတယ်။


စာရေးသူမှာလည်း ကျောင်းစရိတ်က သွင်းထားတာ မကြာသေးတော့ မိမိလက်ထဲမှာ ငွေးကြေးက များများစားစားမရှိပါဘူး။ မိဘမဲ့ကလေးနဲ့ ဆင်းရဲ ချိုတဲ့စွာ ပညာသင်ကြား နေကြတော်မူကုန်သော သာမဏေတွေကို လှူဒါန်းတဲ့ ပွဲတစ်ခုဆိုတော့ တအားစိတ်ဝင်စား သွားခဲ့ပါတယ်။


စာရေးသူလည်း ဟိုတုန်းက ဆင်းဆင်းရဲရဲနဲ့ ပညာကို နှစ်ပေါင်းများစွာ သင်ကြားလာခဲ့ရတော့ မိဘမဲ့ကလေးများနဲ့ သာမဏေတွေ အပေါ်မှာ မိမိ နိုင်သလောက် လှူဒါန်းလိုစိတ် ဖြစ်သွားခဲ့ပါတယ်။ ဒါနဲ့ ဖြစ်ချင်တာ ဖြစ်ဆိုပြီး နေ့လည်စာအပြင် နိုင်သလောက်လည်း အားလုံးကို တပည့်တော် အကုန်တာဝန်ယူမယ်ဆိုပြီး အဆောင်ဘုန်းတော်ကြီးကို လျှောက်ခဲ့တယ်။



လူဦးရေက ဘယ်လောက်တောင်လာမှာလဲဆိုပြီး အဆောင်မှုးကို မေးကြည့်တော့ အားလုံး ၂၅၀ ကျော်ကျော်လောက် လာလိမ့်မယ်လို့ပြောတယ်။ ဒါနဲ့ စာရေးသူ သူများတွေထံမှာ ခေတ္တခဏ ပေးထားတဲ့ ငွေလေးတွေကို လိုက်စုပါတယ်။



ရသင့်သလောက်လည်း ရလာခဲ့ပေမယ့် ငွေက မလောက်လို့ ရှရှားမှာ ပညာသင်ကြားနေတဲ့ တပည့်များဖြစ်ကြတဲ့ မောင်ဇော်ဖြိုးသူ ။ မောင်သက်ဖြိုးနိုင်၊ မောင်ထွန်းထွန်းနိုင်။ မောင်သိန်းမင်းအောင်။ မောင်ပြည့်ဖြိုးအောင်။ မောင်စည်သူအောင် တို့ကို ပြောလိုက်တော့ သူတို့တတွေကလည်း ဝမ်းသာအားရနဲ့ ချက်ချင်းပဲ သူတို့ ဦးဆောင်းထည့် ကာ ညတွင်းချင်းပဲ သူတို့အဆောင်က သူငယ်ချင်းတွေကို ကိုယ်စီကိုယ်ငှ လိုက်စုပြီး ရသလောက်လှူမယ် ပြောလာခဲ့ပါတယ်။



ထိုင်းနိုင်ငံက တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ မနန်းယုယခိုင် ကလည်း ရှရှားက မောင်သက်ဖြိုးနိုင်နဲ့ ဆက်သွယ်ပြီး စာရေးသူကို နိုင်သလောက် လှူဒါန်းပါမည်ဟု လျှောက်ထားလာခဲ့ပါတယ်။



လပြည့်နေ့ မတိုင်ခင်ရက်မှာပဲ ရှရှား နဲ့ ထိုင်းက ငွေရောက်လာခဲ့တယ်။ ငွေရောက်လာတာ နဲ့ စာရေးသူလည်း ဈေးသွားက နေ့လည်စာ အတွက် နဲ့ လှူဒါန်းဖို့ အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို သွားရောက်ဝယ်ယူခဲ့တယ်။ ၁၆ ရက်နေ့ ညတစ်ညလုံး သူငယ်ချင်းနှစ်ယောက်။ ကုလား ဒကာတွေနဲ့ အတူ နောက်တစ်နေ့ နေ့လည်စာတွက် စတင် ချက်ပြုတ်ခဲ့ပါတယ်။



နောက်နေ့မနက်ရောက်တော့ အဆောင်ဆရာတော်က ဒီနေ့ မိဘမဲ့ကလေးတွေတော့ လာနိုင်မှာမဟုတ်ဘူး သူတို့အတွက် စီစဉ်ထားတဲ့ ပစ္စည်းတွေနဲ့ ငွေကို ဆရာတော် ပေးတဲ့ သူတို့ အဖွဲ့ရဲ့ ဘဏ်အကောင့်ထဲကို ထည့်လိုက်ပါတယ်။ ရောက်လာတဲ့ သူတွေက စာရေးသူတို့ မှန်းထားတာတဲ့ ၂၀၀ ပတ်ဝန်လောက် ပိုရောက်လာပါတယ်။ အားလုံးပေါင်း လူပေါင်း ၄၀၀ နီးပါလောက်ဖြစ်သွားပါတယ်။



နောက်ဆုံးတော့ အလွန့်ကို ဝမ်းမြောက်ဖွယ်ရာ အလှူတစ်ခု ဖြစ်ခဲ့ပါတယ်။ စာရေးသူရဲ့ ဖြစ်ချင်တဲ့ အလှူဆန္ဒကို ဝမ်းသာအားရနဲ့ ဝိုင်းပြီး ပါရမီ ဖြည့်ပေးခဲ့ကြတဲ့ ရှရှားက တပည့်တွေနဲ့ ထိုင်းမှာ ဒကာမ မနန်းယုယုခိုင် တို့အားလုံးကို ကျေးဇူးတင်ပါတယ်။
"ကိုယ့်ကျိုးသူ့ကျိုး၊


ဆောင်သယ်ပိုးက၊


အကျိုးကမ္ဘာတည်လိမ့်မည်" တဲ့



စာရေးသူတို့ ဗုဒ္ဓဘုရားရှင်က လောက၌ ပုဂ္ဂိုလ် လေးမျိုးကို ဟောကြားခဲ့ပါတယ်။ အဲဒါတွေကတော့

ကိုယ်ကျိုးသူကျိုး ဘာမျှမဆောင်ရွက်သူ


ကိုယ်ကျိုးမျှသာ ဆောင်ရွက်သူ


သူတစ်ပါးအကျိုးမျှသာ ဆောင်ရွက်သူ


ကိုယ်ကျိုးသူကျိုး နှစ်မျိုး ဆောင်ရွက်သူ

၁ = စား၊ ဝတ်၊ နေရေး ဟူသော လောကရေးရာ၌ လည်းကောင်း၊ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ် လောကုတ္တရာ ရေးရာ၌လည်းကောင်း၊ မိမိလည်းအားမထုတ်၊ သူတစ်ပါးကိုလည်း မတိုက်တွန်းလျှင်၊ ထိုသူမျိုးသည် ခြေရောလက်ပါ ဘာမျှမပါသူနှင့် တူသည်ဟု ဆိုပါသည်။ ဤလူသည် ဤလောကဝယ် အညံ့ဆုံးသူဖြစ်သည်ဟု ဆိုပါသည်။



၂ = အချို့သည် မိမိ အကျိုးအတွက် အားတက်သရော လုပ်ကိုင်ဆောင်ရွက်ကြသည်။ အရာရာ၌ မိမိအကျိုးအတွက်သာ ကြည့်ပြီး သူတစ်ပါးအအကျိုးကို စိတ်မဝင်စား။ မိမိအတွက် အကျိုးမရှိက ဘာမျှမလုပ်၊ အများအကျိုးကို လုပ်ရမည်ဆိုလျှင် အကြောင်းအမျိုးမျိုးပြကာ ရှောင်နေတတ်သည်။ ကိုယ့်ဖို့ တစ်ဖို့သာရှိသော ထိုသူမျိုးသည် လက်သာပါ၍ ခြေမပါသူနှင့် တူပါသည်။ ထို ပုဂ္ဂိုလ်သည်လည်း အညံ့စား ပုဂ္ဂိုလ်မျိုး ဖြစ်ပါသည်။



၃ = အချို့သည် သူတစ်ပါး ကြီးပွားချမ်းသာအောင် အကြံပေးတတ်သည်။ သူတစ်ပါးကိစ္စကို လိုက်လံဆောင်ရွက်ပေးတတ်သည်။ မိမိ ကြီးပွားရာ ကြီးပွားကြောင်း ကိစ္စကို ပေါ့ပေါ့ဆဆ ပြုလုပ်နေတတ်ကြသည်။ ကုသိုလ်ရေးတွင် သူတစ်ပါးကို ဒါန၊ သီလ၊ ပြုရန် တိုက်တွန်းတတ်၏။ မိမိကမှု ဘာမှမလုပ်၊ ထိုသူသည်ကား ခြေထောက်သာပါ၍ လက်မပါသူနှင့်တူ၏၊ သွားလာဖို့သာတတ်သည်။ လက်မပါသောကြောင့် မယူတတ်။ ထိုလူမျိုးသည်လည်း အညံ့စားပုဂ္ဂိုလ်မျိုးဟူ၍ သတ်မှတ်ခေါ်ဝေါ်ရပါမည်။



၎ = အချို့သည် မိမိအကျိုး သူတစ်ပါးအကျိုးကို မျှတအောင် ရွက်သည်။ မိမိကြီးပွားအောင်လည်း ထထ ကြွကြွ ဆောင်ရွက် တတ်သည်။ သူတစ်ပါး ကြီးပွားအောင်လည်း နည်းလမ်းညွန်ပြ အကူအညီပေးတတ်သည်။ လောက ရေးရာတွင်သာမက ဘာသာရေးတွင်လည်း ကိုယ်တိုင်လုပ်သလို သူတစ်ပါး လုပ်ချင်အောင် လုပ်လာအောင် တိုက်တွန်းအားထုတ်သည်။ ထိုသူကား မြတ်သော ယောင်္ကျားပုဂ္ဂိုလ်ဖြစ်တော့သည်။ ဤ ပုဂ္ဂိုလ်သည် ခြေရော လက်ပါ အင်္ဂါပြည့်စုံသော ပုဂ္ဂိုလ်ဖြစ်သည်။ ထိုလူသည် ချီးမွမ်းအပ်၊ မြတ်နိုးအပ်သော ပုဂ္ဂိုလ်ဖြစ်လေသည်။



လောကအပေါ် တကယ်တမ်း ချစ်တတ်ဖို့ ကြင်နာတတ်ဖို့ ဆိုသည်မှာ လွယ်သည်တော့မဟုတ်ပါ။ မလွယ်သောလည်း မွေးမြူလျှင် ရပါတယ်။ မွေးမြူခြင်းဆိုသည်မှာ မိမိ၏ အကျိုးစီးပွားကို စွန့်၍ လောကအတွက် အနစ်နာခံခြင်းဖြစ်တယ်။ အနစ်နာမခံနိုင်ဘဲနှင့်တော့ လောကအပေါ် ချစ်၍ မရ၊ ကြင်နာ၍ မရ၊ ထိုကြောင့် လောကအပေါ် တကယ်တမ်း ချစ်နိုင်ရန်။ ကြင်နာနိုင်ရန် မြတ်စွာဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် အနှစ်နာခံခဲ့ပါတယ်။ လောက အပေါ် ချစ်တတ်ဖို့ ၊ ကြင်နာတတ်ဖို့ အတွက် အနစ်နာခံခြင်းနှင့်ပတ်သက်၍
"တစ်စတစ်စ ၊ စွန့်ဝံ့မှလျှင်


ဘဝနောက်နှောင်း၊


ဆက်တိုင်းကောင်း၏" ( ဦးရွှေအောင်၏ မစ္ဆရိယ သူဌေး ဝတ္ထုမှ)



ဟူ၍ မိမိအနေဖြင့် အနစ်နာခံနိုင်အောင် တဖြည်းဖြည်းချင်း ကျင့်ယူရန် ပညာရှိများက သွန်သင်ခဲ့ခြင်းဖြစ်တယ်။ အမှန်အားဖြင့် အနစ်နာခံခြင်း မရှိဘဲလျက် လောကအပေါ် ချစ်ပါသည်၊ ကြင်နာပါသည် ဟူ၍ ဆိုလျှင် ထိုချစ်ခြင်းနှင့် ကြင်နာခြင်းသည် မိမိ၏ အတ္တစိတ်ကို ဖုံးကွယ်ရန် အသုံးပြုသော " ဒိုင်း" သာဖြစ်ပေလိမ့်မည်။




ဒါနကုသိုလ်ပြုတာ ပစ္စည်းတွေ လျော့သွားတာမဟုတ်ပါဘူး။ စိုက်ပျိုးရေး သမားတစ်ဦးဟာ ဂျုံ၊ စပါးတစ်ဆုပ်လောက် သူ့လယ်ထဲမှာ စိုက်ပျိုးလိုက်ရင် တစ်ဆုပ်စာတော့ စွန့်လိုက်ရတာပါပဲ။ ဒါပေမယ့် အဲဒီတစ်ဆုပ်ဟာ အပင်တွေ ပြန်ပေါက်ပြီး သီးလာတဲ့အခါ အဆုပ်ပေါင်းများစွာ ပြန်ရနိုင်တယ်။ အဲဒီသဘောမျိုးပါ။

သူများစိတ်ဓါတ်၊ မြတ်၊မမြတ်၊ လိုက်မှတ်၍သာ မနေနဲ့



သူများစကား၊ မှန်၊အမှား။ ခွဲခြား၍သာ မနေနဲ့


သူများအလုပ်၊ ဟုတ်, မဟုတ် ၊ သရုပ်ခွဲကာ မနေနဲ့


သူများအကြောင်း ၊ ကောင်း မကောင်း ၊ ငဲ့စောင်းကြည့်ကာ မနေနဲ့


မကောင်း သူများ ကောင် သူများ ၊ ခံစားရမှာ ၊ ဧကန်ကွဲ့၊


မိမိစိတ်ဓါတ်၊ မြတ်၊ မမြတ် ၊မပြတ်စိစစ်ပါ။


မိမိစကား၊ မှန်၊ အမှား ၊ ခွဲခြား ကြည့်နေပါ။


မိမိ အလုပ် ၊ ဟုတ်၊ မဟုတ် ၊ သရုပ်ခွဲကြည့်ပါ။


မိမိအကြောင်း၊ ကောင်း မကောင်း ၊ ငဲ့စောင်းကြည့်နေပါ။


မကောင်း မိမိ၊ ကောင်း မိမိ၊ ကံရှိ ခံရမှာ။


မမြတ်စိတ်ဓါတ် ၊ စွန့်ပစ်လတ်၊ မြင့်မြတ်စိတ်ထားပါ။


အမှားစကား၊ မပြောကြား ၊ စကားမှန် ပြောပါ။


မဟုတ်၊ အလုပ်။ မပြုလုပ် ၊ အဟုတ် လုပ်ကိုင်ပါ။


မိမိအရေး ၊ ထောက်လှမ်းတွေး ၊ စစ်ဆေးပြုပြင်ပါ။



ယနေ့ ပြုလုပ်ရသော ကုသိုလ်ကောင်းမှု အားလုံးကို မြင်အပ်သော သူ မြင်အပ်သောသူ အားလုံးနှင့် သုံးဆဲ့တစ်ပုံမှာ ကျင်လည်နေကြကုန်သော အားလုံးသော ပုဂ္ဂိုလ် သတ္တဝါအပေါင်းတို့ အား အမျှ .. အမျှ.. အမျှ ပေးဝေငှပါ၏။ အမျှ ရ၍ ကိုယ်စိတ် နှစ်ဖျာ ကျမ်းမာချမ်းသာကြပါစေ..

သာဓု.. သာဓု.. သာဓု..။


စာရေးသူ နှင့် အတူတကွ လှူဒါန်းသူများစာရင်း

မောင်ဇော်ဖြိုးသူ ( စိန့်ပီတာစပတ်- ရုရှား)


မောင်ထွန်းထွန်းနိုင်၊ မောင်သက်ဖြိုးနိုင် နှင့် သူငယ်ချင်းများ( ကုစ် - ရှရှား)


မောင်စည်သူအောင် နှင့် သူငယ်ချင်းများ (အမ်ယူစီတီအာ -မော်စကို- ရှရှား)


မောင်သိန်းမင်းအောင်။ မောင်ပြည့်ဖြိုးအောင် နှင့် သူငယ်ချင်းများ( မီဆာ- မော်စကို- ရှရှား)


မနန်းယုယုခိုင် (Rankanhaeng university -ဘန်ကပီ- ထိုင်း)


မောင်ငြိမ်းချမ်းလေး
     ယခုပို့စ်လေးကိုဆရာတော်ဦးပညာနန္ဒ၏ဆိုဒ်မှမိမိတို့ကုသိုလ်တော်အားသာဓုခေါ်ဆိုနိုင်ရန်တင်ပြထားပါ
သည်။                                                                                                                            
 မိမိတို့ကုသိုလ်ကောင်းမှုအားအားလုံကိုအမျှပေးပါ၏။အမျှ..အမျှ...အမျှ...ယူသော်မှုကြပါကုန်လော့သာဓု
 ...သာဓု...သာဓု
 ကိုယ်စိတ်နှဖြာကျန်းမာချမ်သာကြပါစေ။(မင်းလှသားလေး)

0 Response to "MUCTR -မြန်မာကျောင်းသားများပါဝင်လှူဒါန်းသောအလှူတော်"

Post a Comment

| |