ငါအိုသွားခဲ့သော်
ငါအိုသွားသောအခါငါဟာအရင်ကငါမဟုတ်တော့ ဘူး..ငါကိုနားလည်ပေးပါ...
စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ....
ချည့် နဲ့ နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေအင်္ကျီပေါ်ဖိတ်စင်သွားတဲ့ အခါအကျီင်္.လုံချည်..
ဖိုသီဖတ်သီဖြစ်နေတဲ့ အခါငါ့ ကိုမရွံ့ ပါနဲ့ ငယ်ငယ်တုန်းကငါသုတ်သင်ပေးခဲ့ တာတွေ..
ကိုကျေးဇူးပြု ပြီးသတိရပေးပါ...
အပ်ကြောင်းထပ်မကပြောဖူးတဲ့ စကားတွေပြန်ပြောမိတဲ့ အခါစကားမဖြတ်ပဲ..
ကျေးဇူးပြု ပြီးနားထောင်ပေးပါ..ငယ်ငယ်တုန်းကအိပ်ရာဝင်တိုင်းတစ်ထောင့် ..
တစ်ညပုံပြင်တွေငါးရာငါးဆယ်နိပါတ်တော်တွေ..ဇာတ်တော်ကြီးဆယ်ဘွဲ့ တွေစတဲ့ .
ပုံပြင်တွေကိုမရိုးအောင်ပြောရင်းငါချော့ သိပ်ခဲ့ တာတွေကိုသတိရပေးပါ...
မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့ အခါငါ့ ကိုမငြို ငြင်ပါနဲ့ ...
ငယ်ငယ်တုန်းကချော့ တလှည့် .ခြောက်တလှည့် ရေချိုးပေးခဲ့ ဖူးတဲ့ ပုံရိပ်လေးကို
မြင်ယောင်ပေးပါ...
ခေတ်သစ်နည်းပညာသစ်တွေကိုမသိနားမလည်ခဲ့ ရင်မလှောင်ပါနဲ့ ...
ငယ်ငယ်တုန်းက(ဘာကြောင့် ဆိုတဲ့ )မေးခွန်းတိုင်းကိုစိတ်ရှည်စွာငါဖြေခဲ့ တာကို
သတိရပေးပါ...
စိတ်သွားတိုင်းကိုယ်မပါနွမ်းလျပြီးလမ်းမလျှောက်နိုင်တဲ့ အခါခွန်အားပါတဲ့ လက်တစုံ
နဲ့ ငါ့ ကိုကူလို့ တွဲပေးကြပါ...
တစ်နေ့ ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ ကိုကြည့် ပြီးဝမ်းမနည်းပါနဲ့ နားလည်ပေးပါ..
အားပေးပါ..အရင်တုန်းကလူ့ ဘဝတက်လမ်းအတွက်ငါလမ်းညွှန်ခဲ့ သလို..
အခုချိန်မှာငါ့ ဘဝနောက်ဆုံးအချိန်အတွက်အဖော်ပြုပေးပါ...
ချစ်ခြင်းမေတ္တာနဲ့ အေးမြမှု့ တွေကိုငါပြုံးပြုံးလေးလက်ခံမှာပါ..
အဲဒီအပြုံးတွေထဲမှာမဆုံးတဲ့ ငါ့ မေတ္တာတွေတွေ့ ရမှာပါ....
(သားတို့ သမီးတို့ ရေ..ထာဝရပျော်ရွင်ချမ်းမြေ့ ကြပါစေကွယ်..)
(သူငယ်ချင်းတစ်ယောက်မိမိသိမ်းဆည်းထားသောစာသားလေးတွေကိုပြန့်ပြီးဖြန့်ဝေပေးတာကျေးဇူးတင်ပါ
သည်။) မိဘနှစ်ပါးပြုစုလုပ်ကျွေးနိုင်သောသားကောင်း၊သမီးကောင်းဖြစ်နိုင်ကြပါစေ။(မင်းလှသားလေး)

0 Response to "ငါအိုသွားခဲ့သော်"
Post a Comment