ဘွဲ့တံဆိပ်တော် အဓိပ္ပါယ်ဖော် အပိုင်း(၆)

ဥပါသကာ ဘွဲ့တံဆိပ်(၄)မျိုး
၁။သီရိ+ သုဓမ္မ+ မဏိဇောတ+ဓရ။
ထက်မြက်+ကျယ်ပြန့်+အသရေတင့်+သူတော်ကောင်းတရား+ပတ္တမြားရတနာ+ဆောင်ထားသူ
(အသရေတင့်သည့်သူတော်ကောင်းတရားတည်းဟူသော ပတ္တမြားရတနာကို ထက်မြက်စွာ ဆောင်ထားနိုင်စွမ်းရှိသော ပုဂ္ဂိုလ်။)
၂။ သီရိ+ သုဓမ္မ+ မဏိဇောတ+ဓရ။
၃။သီဟ+သုဓမ္မ+ မဏိဇောတ+ဓရ။
(သီဟသည် တစ်ပုဒ်တည်းဆိုလျှင် ခြင်္သေ့၊သမာသ်ပုဒ်ဖြစ်လျှင်အမြတ်ဟု အဓိပ္ပါယ်ရသောကြောင့်
ယခု သီဟသုဓမ္မသည် သမာသ်ပုဒ်ဖြစ်ကာ မြင့်မြတ်သော သူတော်ကောင်း တရားဟုအဓိပ္ပါယ်ရ
ပါသည်။)
၎။ သုဓမ္မ+ မဏိဇောတ+ဓရ။

ဥပါသိကာ ဘွဲ့တံဆိပ်(၄)မျိုး
၁။ အဂ္ဂ+မဟာ+သီရိ+ သုဓမ္မ+သိ င်္ဂီ။

(သိ င်္ဂီ=ရွှေ=ရွှေရတနာရှင်။)
၂။သီရိ+ သုဓမ္မ+သိ င်္ဂီ။
၃။သီဟ+ သုဓမ္မ+သိ င်္ဂီ။
၎။ သုဓမ္မ+သိ င်္ဂီ။

ယခင် ဘွဲ့တံဆိပ်တော်(၂)မျိုး
၁။အဘိဓဇ+မဟာရဋ္ဌ+ဂုရု။
ေ အာင်လံထူးသဖွယ်+နိုင်ငံတော်၏+ဆရာမြတ်။
၂။အဂ္ဂ+မဟာ+ ပဏ္ဍိတ။
ထက်မြက်စွာ+ ကျယ်ပြန့်စွာ+(စွမ်းဆောင်နိုင်သော)ပညာရှိ။

ဖော်ပြပါအတိုင်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်အသစ်(၂၀)နှင့် ယခင်ရှိပြီး ဘွဲ့
တံဆိပ်တော်(၂)မျိုး အပါအဝင် စုစုပေါင်းဘွဲ့တံဆိပ်တော်(၂၂)မျိုးတို့အားယနေ့တပ်မတော် အစိုးရ၏သာသနာတော်အပေါ်ထားရှိအပ်သောစေတနာကိုအစဉ်မပြတ်ထင်ဟတ်ဖော်ကျူးနေပေတော့သည်။


သို့ဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တော်တို့၏လာရာ နိုင်ငံတော်အစိုးရ၊လားရာဆရာတော်ကြီး
များ၊သီလရှင် ဆရာကြီးများ၊ ဥပါသကာနှင့်ဥပါသိကာများအပြင် ဘွဲ့တံဆိပ်တော်ကွန်ဖြန့်ကြက်ရာ
နိုင်ငံသူ၊နိုင်ငံသားများပါ သဒ္ဓါပညာယှဉ်ကာဖြင့်သာသနာအလင်း ကမ္ဘာထွင်းအောင် အားတင်းမာန်
ထား လုံလပွားကြိုးစားနေကြမည်သာဖြစ်ပါတော့သည်။ ။

(*ရတနာရွှေချိုင့်ဆရာတော်(လွိုင်လင်)၏ ကြေးမုံသတင်းစာထဲမှ ရှင်လင်းချက်လေးအားသိရှိစေလို
သောစိတ်ဆန္ဒဖြင်ရေးသားဖော်ပြခြင်းပြီးပါပြီ။အမှားရှိပါက ကျွန်တော်ရဲ့အားနည်းချက်ဖြစ်ပါကြောင်း
နှင့်အမှာရှိက ခွတ်လွတ်ပြါရန်မေတ္တာရပ်ခံအပ်ပါသည်ခဗျား*)

သီတဂူဆန်းလ ပမာ ချမ်းမြသာယာကြပါစေ။(မင်းလှသားလေး)

0 Response to "ဘွဲ့တံဆိပ်တော် အဓိပ္ပါယ်ဖော် အပိုင်း(၆)"

Post a Comment

| |