စိန္တာမဏိ ဂါထာတော်

စိန္တာမဏိ ရတနာနိ ဗုဒ္ဓံ ဗုဒ္ဓ ရတနာနံ
ကရံကရတိ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။
စိန္တာမဏိ ရတနာနိ ဓမ္မံ ဓမ္မ ရတနာနံ
ကရံကရတိ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။
စိန္တာမဏိ ရတနာနိ သံဃံ သံဃ ရတနာနံ
ကရံကရတိ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။
စိန္တမဏိရတနာနိ၊ ကြံစည်သမျှ လိုတိုင်းရအောင် ပြည့်စုံစေနိုင်သော ရတနာသည်။ ဗုဒ္ဓံ၊ ဘုရားရတနာပေတည်း။ ဗုဒ္ဓရတနာနံ၊ ဘုရားတည်းဟူသော ရတနာအား။ သရဏံ၊ ကိုးကွယ်ခြင်းကို။ ကရံကရောန္တော၊ ပြုသည်ရှိသော။ ကရတိ၊ ကိုးကွယ်မှုပြုသောသူ၌။ သမ္မိ စ္ဆဉ္စ၊ အလုံးစုံသော အလိုဆန္ဒ ဟူသမျှသည် လည်းကောင်း။သဗ္ဗသက်ပ္ပဉ္စ၊ အလုံးစုံသော အကြံအစည် ဟူသမျှသည် လည်းကောင်း။ ခိပ္ပမေ၀၊ လျှင်စွာသာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံပါစေသတည်း။
စိန္တမဏိရတနာနိ၊ ကြံစည်သမျှ လိုတိုင်းရအောင် ပြည့်စုံစေနိုင်သော ရတနာသည်။ ဓမ္မံ၊ တရားရတနာပေတည်း။ ဓမ္မရတနာနံ၊ တရားတည်းဟူသော ရတနာအား။ သရဏံ၊ ကိုးကွယ်ခြင်းကို။ ကရံကရောန္တော၊ ပြုသည်ရှိသော။ ကရတိ၊ ကိုးကွယ်မှုပြုသောသူ၌။ သမ္မိ စ္ဆဉ္စ၊ အလုံးစုံသော အလိုဆန္ဒ ဟူသမျှသည် လည်းကောင်း။ သဗ္ဗသက်ပ္ပဉ္စ၊ အလုံးစုံသော အကြံအစည် ဟူသမျှသည် လည်းကောင်း။ ခိပ္ပမေ၀၊ လျှင်စွာသာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံပါစေသတည်း။
စိန္တမဏိရတနာနိ၊ ကြံစည်သမျှ လိုတိုင်းရအောင် ပြည့်စုံစေနိုင်သော ရတနာသည်။ သံဃာံ၊ သံဃာရတနာပေတည်း။ သံဃာရတနာနံ၊ သံဃာတည်းဟူသော ရတနာအား။ သရဏံ၊ ကိုးကွယ်ခြင်းကို။ ကရံကရောန္တော၊ ပြုသည်ရှိသော။ ကရတိ၊ ကိုးကွယ်မှုပြုသောသူ၌။ သမ္မိ စ္ဆဉ္စ၊ အလုံးစုံသော အလိုဆန္ဒ ဟူသမျှသည် လည်းကောင်း။ သဗ္ဗသက်ပ္ပဉ္စ၊ အလုံးစုံသော အကြံအစည် ဟူသမျှသည် လည်းကောင်း။ ခိပ္ပမေ၀၊ လျှင်စွာသာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံပါစေသတည်း။
  ကျွန်တော်လဲဂါထာဘဲရတာေ၊အနက်မရဘူးတိုက်ဆိုင်တာနဲ့ကူယူဖော်ပြထားပါတယ်။(မင်းလှသားလေး)

1 Response to "စိန္တာမဏိ ဂါထာတော်"

  1. yar zar says:

    ညီလေးရေ ဂါထာလေးကို လာပြီး ရွတ်ဖတ်သွားပါတယ်...

Post a Comment

| |