သံယောဇဉ်ဆိုသောအရာ

သံယောဇဉ် ဆိုတဲ့အရာ သည်ဖြတ်တောက်ရန်ခက်ခဲလှပေသည်။(၅၂၈)၊(၁၅၀၀)၊
သူငယ်ချင်းသံယောဇဉ် စသည်ဖြင့်အမျိုးမျိုးခံစားရပါတယ်။လူတစ်ယောက်ကိုချစ်သည်
ခင်သည်၊ကြိုက်နှစ်သက်သည်၊ မုန်းသည်စသည်ဖြင့်အားလုံးသည် ဒုက္ခသစ္စာရဲ့သ
သောတရားတွေပါဘဲ။ အဲဒါတွေကိုလဲသိနေပြီဆိုရင်တော့ဘာလုပ်သင့်သလဲစဉ်းစား
ကြည့်ပါ။တဏှာရာဂ ဖက်နေနေရင်တော့ ဒီသံသရာမှလွတ်မည်မဟုတ်တော့ပါ။
မသိသေးရင်လဲသိအောင်လုပ်ပါ၊သိနေရင်လဲ လွတ်အောင်ကြိုးစားပါ။ ကိုးဘွဲ့ရ
ဆရာတော်ရဲ့တရားထဲမှာဒီသံသရာ ထဲမှလည်နေခဲ့တဲ့ဘဝတွေလဲများခဲ့ တဏှာ
မဖက် သံသရာမှလွတ်အောင်ကြိုးစားကြမည်ဟုဟောကြားခဲ့ပါတယ်ဗျာ။ ဘယ်သူမှတော့သံယောဇဉ်ဆိုတာကို မဖြတ်နိုင်ကြပါဘူး။မိဘနဲ့သားသမီး
သံယောဇဉ်ဆိုတာတော့ရှိကြပါတယ်ဗျာ။ စာရေးသူလဲသိပါတယ် တရားတွေလဲနာ
ကြားဖူးပါတယ် ။လက်တွေ့တော့မလုပ်ဖူးပါဘူးဗျာ။
                    
ကြိုးစားပြီးလုပ်ဆောင်ကြည့်ပါကောင်ကျိုးတွေရလာပါလိမ့်မယ်ဗျာ။
အရိယသူတော်ကောင်းတို့ ၏စွန့်ခြင်းသာဓကတွေယူပြီးကျင့်ကြံ
နိုင်ရင်တော့ကောင်းပါတယ်။အခုမေးသောအစ်မလဲအဲလိုကျင့်ပါ။
သံယောဇဉ်ဖြတ်နိုင်ပါတယ်။စာရေးသူကတော့မဖြတ်နိုင်သေးပါဘူးဗျာ။
          လောကီနယ်ပယ်မှာလေ သံယောဇဉ်ကိုဖြတ်နုင်ရင်အကောင်းဆုံး
ပေါ့ဗျာ။(ကျွန်တော်လဲ မိမိသိသလောက်ကလေးတွေကိုတင်ပြထားပေးပါတယ်
အမှားရှိက တောင်းပန်ပါတယ်၊လိုအပ်ချက်ရှိရင်လဲအကြံလေးပေးခဲ့ပါဗျာ။)
              ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေ။(မင်းလှသားလေး)

2 Response to "သံယောဇဉ်ဆိုသောအရာ"

  1. မင်းလှသားလေးရေ..စာလေးလာဖတ်သွားတယ်နော်..
    သံယောဇဉ်အကြောင်း ပြောရမယ် ဆိုရင်တော့...
    အတူတူပဲလို့...:P:P
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    လေးဖြူ သီချင်းလေးသာ ရေးတင်လိုက်ပါတော့ သားသားရယ် :)

Post a Comment

| |