မေတ္တပန်းခိုင် သုံးပွင့်ဆိုင့်

    လောက၌ သာသနာပေါ်ပေါက်လာရန်ခက်ခဲသလောက် ဘုရားမရှိသည့်နောက်သာသနာ မကွယ်ပျောက်
အောင်စောင့်ရှောက်ထိန်းသိမ်းရမည့်တာဝန်ကလည်းကြီးမားလှသည်။တစ်ဦးတစ်ယောက်ကောင်း အင်အားဖြင့်ထမ်းဆောင်နိုင်သောတာဝန်မျိုးလဲမဟုတ်ပေ။မည်သည့်ပစ္စည်းမျှမပါဝင်သော စကော၊လင်ပန်း(ဗျတ်)စသော ပေါ့ပါးသောအရာများကို ဖိုခနောက် ၁-လုံး၊၂-လုံး ပေါ်တင်၍ လွယ်ကူသော်လည်း စားဖွယ်အပြည့်ထည့်ထားသည့်ဒယ်အိုးကြီးမျိုးကိုကား ခိုင်မာသော ဖိုခနောက် (ဖိုခနောက်) ၃-လုံးရှိမှတင်၍ဖြစ်နိုင်ပါသည်။ဗုဒ္ဓသာသနာသည် အကြီးမားဆုံးသော အင်အားဖြစ်၍ အနှစ်သာရ အပြည့်ဝဆုံးလည်းဖြစ်သဖြင့်စိတ်ခွန်အား ကောင်းမွန်သန့်စင်ရိုးဖြောင့်သူ မေတ္တာရှင်တို့၏ မေတ္တာဖိုခနောက်(ဖိုခလောက်) ၃-လုံး ပေါ်တင်ထားမှ တာရှည်ခံမည်ဖြစ်သည်။
       မြန်မာပြည်၌ လူဖြစ်ရသူများသည် အခြားနိုင်ငံများထက်ပို၍ သသနာ့အကျိုးကို သယ်ပိုးထမ်းဆောင်ခွင့်ရကြသဖြင့်ပို၍ကံကောင်းသူများဖြစ်ကြသည်။သာသနာ့စွမ်းအားကိုမှီခိုခွင့် ရကြသဖြင့်လည်း စိတ်ဓါတ်ပိုမိုရင့်ကျက်၍ ခံနိုင်ရည်စွမ်းအားများ ရရှိထားကြပြီး ကောင်းဆိုး ၂-တန် လောကဓံကို စိန်ခေါ်ရဲလောက်အောင်စိတ်ဓါတ်ကြံ့ခိုင်သူများ ဖြစ်ခွင့်ရကြသည်။
      လောက၌ လူသုံးကုန်ပစ္စည်းများသည် (၁)ထုတ်လုပ်ရေး(၂)ထန်းသိမ်းရေး(၃)ဖြန့်ဝေရေးအားဖြင့် အပိုင်း
-၃ပိုင်း အဆက်မပြတ်လည်ပတ်ပေးနိုင်မှ လူအများပြည့်ဝလုံလောက်အောင် သုံးဆောင်ခွင့်ရသကဲ့သို့
သာသနာတော်လည်း ထိုနည်းတူပင် အပိုင်းကြီး ၃-ပိုင်း အဆက်မပြတ်လည်ပတ်ပေးနိုင်မှ တရားနှင့်
ထိုက်တန်သူအားလုံး တရားနှင့်တွေ့ကာ တရားစွမ်းအားကိုရရှိနိုင်ကြမည်ဖြစ်သည်။
      ထို ၃-ပါးတို့တွင် သာသနာ့ထုတ်လုပ်ရေး အပိုင်းမှာ ဗုဒ္ဓ၏ကိစ္စသာဖြစ်သည်။ဗုဒ္ဓ၏ကိစ္စ ပြီးဆုံးသွားခြင်း
ကြောင့်သာပရိနိဗ္ဗာန်စံခြင်းဖြစ်သည်။ကျန် ၂-ပိုင်းကား ဗုဒ္ဓ၏ကိစ္စမဟုတ်တော့ဘဲသာသနာကို ယုံကြည်
လက်ခံသူ ရဟန်းရှင်လူတို့၏တာဝန်သာဖြစ်သည်။ထို့ကြောင့် သာသနာပြုလုပ်ငန်းဟူသည်
(၁)မိမိကိုယ်တိုင် အသိတရားကြွယ်ဝရန်နှင့် အကျင့်တရားပြည့်စုံရန်လေ့ကျင့်ပေးခြင်းဟူသော ထိန်း
သိမ်းရေး၊
(၂)မိမိသိခွင့်ကျင့်ခွင့်ရသောတရားတော်ကို အခြားသောပုဂ္ဂိုလ်များနှင့် နောင်လာ နောက်သား သားစဉ်
မြေးဆက် အဆက်မပြတ် သိနိုင်ကျင့်နိုင်အောင် ဟောကြားပို့ချ လမ်းညွှန်ပေးခြင်းဟူသော ဖြန့်ဝေရေး။
   သာသနာပြုလုပ်ငန်းသည် မေတ္တာပြဋ္ဌာန်းသဖြင့် မေတ္တာပန်းခိုင် သုံးပွင့်ဆိုင်ပုံစံမျိုးဖြင့် ဝိုင်းဝန်းစုပေါင်း
ဆောင်ရွက်မှ အနှစ်သာရပြည့်ဝ၍ တာရှည်ခံမည်ဖြစ်သည်။
   သာသနာပြု  မေတ္တာပန်း ၃-ပွင့်သည်
(၁)စာပေပို့ချသင်ပြပေးသူ၊တရားဟောပြောပြသသူ။
(၂)စာပေနှင့်တရား သင်ယူနာကြားသူ။
(၃)မိဘပမာ သဒ္ဓါ မေတ္တာရှေ့ထား၍ ပစ္စည်း ၄ပါး ချီးမြှောက်ထောက်ပံ့သူတို့ပေတည်း။
    တနည်းအားဖြင့်----
(၁)သသနာ့ဝန်ထမ်း ရှင်ရဟန်းဟူသောသံဃာ၊
(၂)ပစ္စည်း ၄-ပါးချီးမြှောက်ထောက်ပံ့သူ တိုင်းသားပြည်သူ လူအပေါင်းနှင့်
(၃)နိုင်ငံတော်အစိုးရ စသောအုပ်ချုပ်ရေးတာဝန်ခံပုဂ္ဂိုလ် ဤ ၃-မျိုးပေတည်း။
  ဤ မေတ္တာပန်း၃-ပွင့် မျက်နှာချင်းဆုံကာစိတ်ထားကြည်ဖြူ ညီညွှတ်စွာဖြင့် ဝိုင်းဝန်းချီးမြှောက် စောင့်
ရှောက်အားပေးခြင်းကြောင့်သာ သာသနာတည်နေရပေသည်။
     ဆရာနှင့်ဒကာသည် ရေနှင့်ကြာပမာ အချင်းချင်းမေတ္တာဖြင့် အလှဆင်ပေးနေသူများဖြစ်သည်။ရေ 
ကြောင့်ကြာပေါက်၍ ကြာကြောင့်ရေလှသကဲ့သို့ ဒကာ၏ အေးမြကြည်လင်သော မေတ္တာရေကြောင့်
ဆရာ၏ သန့်စင်မွန်မြတ် အေးချမ်းတည်ငြိမ်လှပသော မေတ္တာကြပန်းပေါက်ရောက်၍ ဆရာ၏မေတ္တာကြာ
ပန်းကြောင့်ပင့် ဒကာ၏မေတ္တာကြာပန်းကြောင့်ပင် ဒကာ၏မေတ္တာရေမှာပို၍ ထည်ဝါလှပခွင့်ရလေသည်။

    ချီးမြှေက်သူတို့၏မေတ္တာ၊ ချီးမြှေက်ခံရသူတို့၏မေတ္တာစွမ်းအားများသည် အတွင်းတွင် ငြိမ်ဝင်ပုန်းလျှိုးနေ ကြသည်မဟုတ်ဘဲ အရှိန်တက်ကာ လောကအတွင်းထိုးဖောက် ပြန့်နှံ့လျက် ဗဟိဒ္ဓကိုလည်း ဓါတ်ခိုက်နေမြဲသာဖြစ်သည်။လောက၌တရားသောအင်အားအကောင်းဆုံးဖြစ်သည်။တရားသာအထူးဆန်းဆုံး ဖြစ်သည်။တရားဖြင့် လူစွမ်းကောင်းလုပ်နိုင်သူလောက် မည်မျှမစွမ်းနိုင်ချေ။တရားသာ အကောင်းဆုံး လူစွမ်းကောင်းလုပ်နည်း  ဖြစ်ပေသည်။    ဗုဒ္ဓသာသနာတော်သည် စိတ်ကောင်းထုတ်လုပ်သည့်စက်၊စိတ်သန့်စင်သည့်စက်၊စိတ်အအေးခံသည် စက်၊ဥာဏ်ကောင်းထုတ်လုပ်သည့်စက်၊စိတ်ပျက်ကိုပြင်သည့်စက်ကြီးဖြစ်ပေသည်။စိတ်ချမ်းသာမှု၏ အနှစ်  ချုပ်မှာ(စိတ်စင်ကြယ်မှု)သာတည်း။တရားသည်မြန်မာအဓိကထွက်ကုန်ပစ္စည်းဖြစ်၍ထွက်ကုန်အဆက်မပြတ် ရရှိရေးအတွက်ဗုဒ္ဓသာသနာတော်တိကျပြည့်ခိုင်မာစွာတည်တံ့ဖို့လိုပါသည်။ထိုတာဝန်ကျေပွန်ရေးအတွက် ပရိယတ္တိ စာသင်တိုက်များပေါ်ပေါက်ရေး၊ကြာရှည်တည်တံ့ရေးသည် အရေးကြီးဆုံးဖြစ်ပေသည်။       ယခုပို့စ်လေးကို တိပိဋကယောဆရာတော်၏ တိပိဋက ဓမ္မလက်ဆောင်(၁၃)မှပြန်လည်တင်ပြထားပါ
ပြထားတယ်......
                                                           ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေ။(မင်းလှသားလေး)

1 Response to "မေတ္တပန်းခိုင် သုံးပွင့်ဆိုင့်"

  1. nilar says:

    Just happen to know that there is one blogger from my home town.DELIGHTED, EXCITED, AND WISH U ALL THE BEST!

Post a Comment

| |