သတ္တိဂုမ္ဗဇာတ်

    ဤအရာ၌ ဓားပြလူမိုက်တို့နှင့်ပေါင်းမိ၍ ကျေးမိုက်ဖြစ်ရသောသတ္တိဂုမ္ဗကျေးနှင့်သူတော်ကောင်းနှင့်
ပေါင်းမိ၍ ကျေးလိမ္မာဖြစ်ရသော ပုပ္ဖသူဝကျေးတို့ကို နှိုင်းယှဉ်ကြည့်သင့်သည်။
     ရှေးအခါက ပဉ္စာလတိုင်း ပဉ္စလ ဘုရင်ကြီးသည်တောကစားထွက်ရာမခရီးလွန်ကာရွာတရွာရောက်သွား
၏။ ရွာတံခါးကို ဝင်မိလျှင် *ဒီဘုရင်ကြီးကို ဖမ်းကြ၊ ဆီးကြ၊ သတ်ကြ* စသော ရက်စက်ကြမ်းကြုတ်လှသည့်
အသံကို ကြားရ၍ အသံလာရာသို့ ကြည့်လိုက်ရာ ကျေးသားတကောင် အော်ဟစ်ပြောဆိုနေသည်ကို တွေ့
လိုက်ရ၏။
   ထိုရွာသည် ဓားပြရွာဖြစ်သဖြင့် ကျေးသားသည်လည်း ဓားပြများနှင့်အတူ အနေကြာလာသဖြင့်ရက်စက်
ကြမ်းကြုတ်သော စိတ်ဆိုးစိတ်ယုတ်များဝင်နေသည့် သတ္တိဂုမ္ဗ ကျေးမိုက်ဖြစ်၏။ဘုရင်ကြီးသည်ကြောက်ရွံ့
စိတ် ဖြစ်ပေါ်လာသဖြင့် ချက်ချင်းပင် ရထားထိန်းကို ရထားကစေကာ ထိုနေရာမှထွက်ခွာလာရာမကြာမီပင်
ရသေ့ကျောင်းတကျောင်းသို့ရောက်သွား၏။ ရောက်လျှင်ရောက်ချင်းပင်း *အရှင်မင်းကြီး ကြွတော်မူပါ၊
ထိုင်တော်မူပါ၊ စမ်းရေအေးအေးသောက်တော်မူပါ၊ချိုမြိန်သော သစ်သီးများကိုလည်းသုံးဆောင်တော်မူပါ၊
ရှင့်ရသေ့များ သစ်သီးရှာသွားနေခိုက်ဖြစ်လို့ အရှင်မင်းကြီးကို ဧည့်ဝတ်ပြုမည်သူမရှိ၍ စိတ်မကောင်းပါ၊
အကျွန်ုပ်မှာ လက်မရှိ၍ ကိုယ်တိုင် ဧည့်ဝတ်မပြုနိုင်ဘဲဖြစ်နေပါသည်၊အရှင်မင်းကြီးကိုယ်တိုင်သာ အလို
ရှိသလို သုံးဆောင်တော်မူပါတော့* စသော သာယာချေငံသည့် ဧည့်ခံစကားကိုကြားရ၍ အသံလာရာသို့
ကြည့်လိုက်ရာ ကျေးသားတကောင်ကိုပင် တွေ့ရပြန်သည်။
     ကျေးသား၏ သာယာချေငံလှသော ဧည့်ခံစကားကြောင့်မင်းကြီး၏ ပင်ပန်းနွမ်းနယ်မှုတို့သည် တမု
ဟုတ်ချင်း ပျောက်ကင်းသွားကာ ကြည်သာရွှင်လန်း အပန်းပြေသွားတော့၏။
    ဤကျေးသားက ရသေ့သူတော်စင်များနှင့် အနေကြသဖြင့် သူတော်ကောင်းဓါတ် အရှိန်ဟပ်၍ သူမြတ်
စိတ်ဝင်ကာ ယဉ်ကျေးလိမ္မာနေသော ပုပ္ဖသူဝ ကျေးလိမ္မာဖြစ်၏။
    မင်းကြီး ယခင်တွေ့ခဲ့ရသော ကျေးသားနှင့် ယခုကျေးသားတို့ ကွာခြားပုံကို ပြောပြရာ ကျေးသားနှစ်
ကောင်မှာ တအူတုံဆင်း ညီရင်းအစ်ကိုများ ဖြစ်ကြကြောင်း၊လေပြင်းတိုက်သဖြင့် အသိုက်မှလွင့်ကာ တကွဲ
တပြားစီ ကျရာတွင် ယခင်ကျေးသားက ဓားပြများထံရောက်သွား၍ ယခုကျေးသားက ရသေ့တို့ထံ ရောက်
လာခြင်းဖြစ်ကြောင်း ပုပ္ဖသူဝကျေးလိမ္မာက ရှင်းပြသဖြင့် မင်းကြီးသိရ၏။
     ခိုနောက် ကျေးလိမ္မာက နီတိစကား ဆက်လက် ပြောကြားပြန်၏။
*****အရှင်မင်းကြီး ငါးပုပ်ကို သမန်းမြက်ဖြင့် ထုပ်လျှင် သမန်းမြက်ပါ အပုတ်နံ့ နံ့ပါသည်။ထိုအတူပင်
သူမိုက်နှင့် ပေါင်းသင်းလျှင် မိုက်စိတ်ဝင်ကာ သူမိုက်သာ ဖြစ်ရပါသည်။*****
             ပူတိမစ္ဆံ ကုသဂ္ဂေန၊ ယော နရော ဥပနယှတိ။
              ကုသာပိ ပူတီ ဝါယန္တိ၊ ဧဝံ ဗာလူပသေဝနာ။
   *****အရှင်မင်းကြီး တောင်ဇလပ်ပန်းကို ပေါက်ဖက်ဖြင့်ထုပ်လျှင် ပေါက်ဖက်ပါ ပန်းနံ မွှေးကြိုင်ပါသည်။
ထိုအတူပင် ပညာရှိ သူတော်ကောင်းနှင့် ပေါင်းသင်းလျှင် သူတော်စိတ်ဓါတ် အရှိန်ဟပ်ကာ သူတော်
သူမြတ် ဖြစ်ရပါသည်။*****
           တဂရဉ္စ ပလာသေန၊ ယောနရော ဥပနယှတိ။
           ပတ္တာပိ သုရဘိဝါယန္တိ၊ ဧဝံ ဓီရူပသေဝန။
   ပညာရှိသူတော်ကောင်းနှင့်ပေါင်းသင်းရ၍ အသိအလိမ္မာကြွယ်ဝလှသော ကျေးလိမ္မာ၏ နီတိစကားကို
ပီတိပွားလျှက် မင်းကြီးမှတ်သားလိုက်ရ၏။
   (ဇာတက-ဋ္ဌ ၄၊ နှာ ၄၃၂၊ ဝီသတိနိပါတ်၊ ဇာတ် ၅၀၃ ၊ သတ္တိဂုမ္ဗဇာ်)

2 Response to "သတ္တိဂုမ္ဗဇာတ်"

  1. မှတ်သားသွားပါသည်။။။

    yar zar says:

    ငယ်ငယ်တုန်းက သင်ရတဲ့ ကျေးညီနောင်ဇာတ်ပေါ့နော်..

Post a Comment

| |