မင်းလှသားလေးရဲ့လတ်တလော ဖြစ်ပေါ်နေသော စိတ်ဆန္ဒလေးများ


လတ်တလော ဖြစ်ပေါ်နေသော စိတ်ဆန္ဒများဆိုတဲ့ ခေါင်းစဉ်နဲ့ ရွှေညာသားလေးပြောလို့လေသိရပြီး 
တောင်းဆိုထားတော့လည်း နားလည်သလို ဖြေရသေးတာပေါ့ဗျာ။ လွဲချော်မှု့လေးတွေ ရှိရင် တော့ ခွင့်လွတ်ပေးပါလို့ ကြိုတင်ပြီး မေတ္တာရပ်ခံပါတယ်။ တောသားကလဲဖြစ်စာကလဲစရေးတာမကြာသေး
လို့ပါခဗျာ။                                                


၁။ အစားချင်ဆုံးအစားအစာ - မေမေချက်တဲ့ရွာဟင်းလေးကိုပါ။

၂။ နေ့တိုင်းစားဖြစ်တဲ့အစားအစာ - ဟင်းချက်ရတာဝါသနာလေ..အမြဲချက်စားတယ်။

၃။ အလိုချင်ဆုံးရေမွှေး - အလိုချင်ဆုံးရယ်လိုတော့ မရှိပါဘူး။

၎။ သုံးဖြစ်နေတဲ့ရေမွှေး - (ဘော်ဒီစပရေး)အပြင်ထွက်ရင်တော့ သုံးဖြစ်ပါတယ်။

၅။ အလိုချင်ဆုံး မွေးနေ့လက်ဆောင်- အခုထိတော့ ဘာမှမရသေးပါဘူး။

၆။ အလိုချင်ဆုံးဖုန်း - ဖုန်းတော့လိုချင်ပါတယ်….ဈေးကြီးတယ်လေ… ။

၇။ သုံးဖြစ်နေတဲ့ဖုန်း - မရှိသေးပါဘူး

၈။ အရူးသွပ်ဆုံးအရာ -ဇာတ်ကာကြည့်ခြင်း(မြန်မာကား)

၉။ အနီးစပ်ဆုံးဂီတ - .မြန်သီချင်းနားထောင်ခြင်း(ခေတ်ဟောင်းလေ)။

၁၀။ အလိုချင်ဆုံးစာအုပ် - ဘ၀အတွက် မှတ်သားစရာပေးတဲ့ စာအုပ်အမျိုးမျိုး။

၁၁။ အခုဖတ်ဖြစ်နေတဲ့စာအုပ် - ဘာသာရပ်ဆိုင်ရာစာအုပ်များနဲ့ ဘလော့တွေကစာပေတွေ။

၁၂။ အကြားချင်ဆုံးစကား - အဖေနဲ့အမေ့ပါးစပ်က “စည်သူလေး” လို့ခေါ်တဲ့လေး။

၁၃။ အဖြစ်ချင်ဆုံးဆန္ဒ - မိသားစုနဲ့အတူနေပြီး ပေးအပ်တဲ့တာဝန်ကျေတဲ့နိုင်ငံသာကောင်းတစ်
 
ယောက်ဖြစ်ချင်ပါတယ်။
၁၄။ အလိုချင်ဆုံးဆု - အသံကြားသနား၊မျက်နှာမြင်ချစ်ခင်ပါစေ ဆိုတဲ့ဆုပါဗျာ။

၁၅။ အသွားချင်ဆုံးနေရာ - ရွာသားဆိုတော့ဖေဖေ မေမေရှိတဲ့ရွာကိုပေါ့။

၁၆။ သွားဖြစ်နေတဲ့ နေရာတွေ - အဆောင်၊ ကျောင်း၊ ဈေး နဲ့ အခုနေတဲ့နိုင်ငံရဲ့ ထင်ရှားတဲ့နေရာတွေကို သွားဖြစ်တယ်။

၁၇။ အကြည့်ချင်ဆုံးရုပ်ရှင် - မြန်မာဟာသနဲ့အချစ်ဇာတ်လမ်းလေးတွေ။

၁၈။ အပြောချင်ဆုံးစကား - အတ္တာဟိ အတ္တနော နာထော ဆိုတဲ့စကားလေးပေါ့။

၁၉။ အယုံကြည်ဆုံးလူသား - ဗုဒ္ဓမြတ်စွာဘုရားနဲ့မိဘနှစ်ပါး၊ကျေးဇူးရှင်ဆရာသမားများ။

၂၀။ မယုံကြည်ဆုံးအရာ - ကောလဟာလ။

၂၁။ အမုန်းဆုံးအရာ - အတင်းပြောခြင်း။

၂၂။ အသောက်ဖြစ်ဆုံး အအေး - အအေးတော့မသောက်ဖြစ်ပါဘူး။ရေနွေးကြမ်းလေးပေါ့(ရွာသား)။

၂၃။ လတ်တလောအထိတွေ့ဆုံးအရာ - ကွန်ပျူတာ၊ အင်တာနက်။

၂၄။ မကောင်းတဲ့ ကျန်းမာရေး - မျက်စိနဲ့အစာအိမ်ရောဂါ။

၂၅။ အကောင်းဆုံးအဖော် - တရား၊ သီချင်း၊ နဲ့ စာပေ။

၂၆။ လက်ရှိအကြိုက်ဆုံးသီချင်း - မြန်မာသံစဉ်ကျေးလက်သဘာဝသီချင်း။

၂၇။ အကြောက်ဆုံးအလုပ် - မကောင်းမှု့မှန်သမျှ လုပ်ရမှာကြောက်ပါတယ်။

၂၈။ တန်ဖိုးအထားဆုံးအရာ - ရတနာမြတ်သုံးပါး မိဘဆရာသမားတို့၏ဂုဏ်ကျေးဇူး၊ ရိုးသားမှု့၊အကျင့်စာရိတ္တနဲ့ ကိုယ်ကျင့်တရား။

၂၉။ အကြောက်ဆုံး တိရစ္ဆာန် - မြွေ။

၃၀။ တွေ့ဖြစ်နေတဲ့ ဘလော့ဂါတွေ ကိုရာဇာ(ကျေးတောသားလေး)၊တောသားလေးမြန်အောင်၊ရွှေညာသားလေး၊
လပြည့်ဝန်း၊သီတဂူစတား၊ဓမ္မအေးရိပ်၊ညနေခင်းလေးနဲ့ကျန်မိတ်ဆွေအားလုံး။

၃၁။ အပြင်သွားတိုင်းပါတဲ့ပစ္စည်း - အပြင်ထွက်ရင်ယူနေကျပစ္စည်းတွေနဲ့ပိုက်ဆံပေါ့။

၃၂။ သွားဖြစ်တဲ့နေရာတွေ -ဆရာမနဲ့အတူလေ့လာရေးသွားဖြစ်တဲ့နေရာနဲ့ဆရာရွှမ်းနဲ့သွာဖြစ်တဲ့
ပန်ခြံ။

၃၃။ စိတ်အညစ်ဆုံးအချိန် - ဖြစ်ချင်တာနဲ့ ဖြစ်လာတာ တစ်ထပ်တည်း မကျတဲ့အခါ၊ ပတ်ဝန်းကျင်သိပ်ပြီးဆူညံတဲ့အခါ။

၃၄။ အနေချင်ဆုံးနေရာ - ရွာကခြံမှာစိုက်ပျိုးရေးမွှေးမြူရေးလုပ်ချင်တာပါဘဲ။

၃၅။ ကြားလိုက်မိတဲ့ဟာသလေး တခု - မရှိပါဘူးဗျာ။

၃၆။ ပေးချင်တဲ့သတင်းတခု - အကိုတွေပြန်ရင်မေမေ့ဆီပိုက်ဆံထည့်ပေးမယ်။

၃၇။ အပျော်ဆုံးဖြစ်မယ့်အချိန် - အဝေးကနေပြန့်လာမည့်သားနဲ့မိသားစုဆုံတဲ့အချိန်။

                                  လူတိုင်းမှာတော့အတွေးကိုယ်ဆီနဲ့ပေါ့ဗျာ။
   မိမိတို့လဲပါဝင်ပြီးမိမိဘလော့လေးမှာတင်ပေးကြပါဗျာ။(မင်းလှသားလေး)

3 Response to "မင်းလှသားလေးရဲ့လတ်တလော ဖြစ်ပေါ်နေသော စိတ်ဆန္ဒလေးများ"

  1. “အကိုတွေ ပြန်ရင်မေမေ့ဆီကို ပိုက်ဆံထည့်ပေးမယ်”တဲ့။ သားလိမ္မာလေးပါလား။ ကောင်းပါတယ်ညီရေ။ မိဘဆိုတာ သားသမီးဆီက ဘာကိုမှရပါစေဆိုပြီး မတမ်းတဘူးတဲ့။ ဒါပေမဲ့ ကိုယ့်သားသမီးက အလိုက်တသိ ပေးတယ်ဆိုရင် ကောင်းကောင်းဆိုးဆိုး တန်ဖိုးထားကြတယ်တဲ့။ အကို့အမေကို ပထမဆုံးရတဲ့ လစာလေးထဲက ဦးဦးဖျားဖျား လုံချည်လေး ၀ယ်ကန်တော့တာ အမေက သိပ်ဝမ်းသာနေတာပဲ။ အကိုဒီကို လာခါနီးတော့ အဲ့ဒီလုံချည်လေးဝတ်ပြီးတော့ ဓာတ်ပုံရိုက်ပေးလိုက်တယ်။ နောက်ပြီး ပြောသေးတယ် လူလေး ၀ယ်ပေးထားတဲ့ လုံချည်လေးကို ဘုရာသွား ကျောင်းတက်တဲ့အခါ အမေ၀တ်တယ်တဲ့။ လူလေးလည်း ကုသိုလ်ပိုရအောင်တဲ့လေ။ ညီလည်း ပိုက်ဆံတွေထည့်ပေးလိုက်တော့ညီ့အမေ လိုအပ်တာလေးတွေ ၀ယ်နိုင်တာပေါ့ကွာ။ သာဓုခေါ်ပါတယ်ညီရေ... မိဘကျေးဇူးသိတတ်သူက ဘယ်တော့မှ မဆင်းရဲဘူးတဲ့....။

    ရိုးသားရဲ့ ကလေးတစ်ယောက်ရဲ့ ခံစားမှု အပြည့်နဲ့မို့ ဖတ်ရတာ ကြည်နုးစရာ :):)

    နံပါတ် ၁ အချက်က တူပြန်ရော။

Post a Comment

| |