အရှင်မဟာကဿပ၏ တပည်



 ဤနေရာ၌ တပည့်မိုက်တပါး အကြောင်းကို ဖော်ပြသင့်ပါတယ်။အရှင်မဟာကဿဖ
မထေရ်သည် ဝေဘာရတောင်စောင်းရှိ ပိပ္ပလိဂူကျောင်း၌ သီတင်းသုံးနေတော်မူစဉ်   
တပည့်ရဟန်း နှစ်ပါးက ဝတ်ကြီးဝတ်ငယ် ပြုစုလျှက်နေ၏။တပါးသည် သဒ္ဓါတရားရှိ၍
လိမ္မာ၏။အခြားတပါးမှာ သဒ္ဓါမွဲ၍ ကောက်ကျစ်စဉ်းလဲ မိုက်မဲ၏။
 *တပည့်လိမ္မာသည် မျက်နှာသစ်တော်ရေ ချိုးရေ တည်ထားခြင်း၊ ရေနွေးတည်ပေး
ခြင်းစသော ဝတ်ကြီးဝတ်ငယ်များကို  သဒ္ဓါတရားထက်ထက်သန်သန်ဖြင့် ပြုစု၏။
*တပည့်မိုက်မူကား မည်သည့်ဝတ္တရားကိုမျှ မပြုလုပ်ဘဲ တပည့်လိမ္မာ ဆောင်ရွက်
ထားသည့် ဝတ္တရားများကို မိမိဆောင်ရွက်လေဟန် မထေရ် မြတ်အားလျှောက်ထား၏။
    တနေ့တွင် တပည့်မိုက်သည် မထေရ်မြတ် ရေချိုးရန် တပည့်လိမ္မာ ရေနွေးတည်
ထားပြီးပြီဟု ထင်မှတ်ကာ*** ရေနွေးရပါပြီ၊ရေသုံးသပ်တော်မူပါဘုရား*** ဟု
မထေရ်မြတ်ကြီးအား မိမိ တည်ထားလေဟန် ကြွလာသောအခါ တပည့်မိုက်သည်
ရေနွေးခပ်ရန်မီးဖိုပေါ်ရှိ ရေနွေးအိုးအဖုံးကို လှပ်လိုက်၏။ရေနွေးအိုး၌ ရေတစက်မျှ
မတွေ့ရသောအခါ ဒေါပွ၍ တပည့်လိမ္မာကို ဆဲရေးရေရွတ်လျှက် ရေခပ်ရန်ထွက်
သွား၏။ထိုအခိုက်တွင် တပည့်လိမ္မာသည် ရေချိုးအိမ်၏ နောက်ဘက်၌ အသင့်
ကျိုထားသော ရေနွေးအိုးနှင့်အတူ ပုန်းကွယ်နေရာမှ ထွက်ခဲ့ကာ ဆရာမထေရ်မြတ်
အားရေနွေးဖြင့် ချိုးရေဆက်ကပ်လိုက်၏။
 တပည့်မိုက်၏ ကောက်ကျစ်စဉ်းလဲပုံကို သိရှိရသော အရှင်မြတ်ကြီးသည် တပည့်
မိုက်ကို ဆိုဆုံးမ၏။ တပည့်မိုက်က ဤအချက် ကြောင့် ဆရာရှင်မြတ်အပေါ် ရန်ငြိုးဖွဲ့
၏။ နောက်တစ်နေ့တွင် အရှင်မြတ်ကြီး တခြားရွာသို့ ဆွမ်းခံကြွရာ တပည့်လိမ္မာသည်
တပည့်မိုက်ကမူ မလိုက်ဘဲ အရှင်မြတ်ကြီး ဆွမ်းရပ်နေကျ ရွာသို့သာ တပါးတည်း
ကြွသွား၏။ ဒကာ ဒကာမများက မေးသောအခါ ဆရာအရှင်မြတ် မကျန်းမာ၍
ကျောင်း၌ နေခဲ့ကြောင်း၊ ဤမည်သော ဆွမ်းခဲဖွယ် တို့ကို လောင်းလှူလိုက်ကြရန်
မှာလိုက်ကြောင်း စသည်ကိုပြော၍ ဒကာ ဒကာမများက လောင်းလှူလိုက်ကြသောအခါ
ထိုဘောဇဉ်တို့ကို သူတပါးတည်းစားပစ်၏။
   နောက်တနေ့တွင် ထိုရွာသို့ အရှင်မြတ်ကြီး ဆွမ်းခံကြွသောအခါ တပည့်မိုက်၏
အကောက်ဥာဏ်ကို သိရပြန်၍ ကျောင်းသို့ရောက်ပြန်ရောက်သောအခါ ဆုံမရပြန်
သည်။ တပည့်မိုက်သည်  ****ယမန်နေ့က ရေနွေးကလေးမျှဖြင့် ငါ့ကိုဆူသည်။
ဒီနေ့လည်း ဆွမ်းကလေးမျှဖြင့် ငါ့ကိုဆူပြန်ပြီ****ဟုဆရာမြတ်ကြီးအပေါ် ရန်ငြိုး
ဖွဲ့ပြန်ကာ နောက်တနေ့ ဆရာအရှင်မြတ် ဆွမ်းခံကြွနေချိန်တွင် ကျောင်းကို မီးရှို့၍
မီးမလောင် ဘဲ  ကျန်နေသောအသုံးအဆောင်များကို ရိုက်ခွဲဖျက်ဆီးပြီးလျှင် ကျောင်းမှ
ထွက်သွား၏။
     ဘေးရန် ဥပဒ်အန္တရာယ်မှန်အမျှသည် လူမိုက်ကြောင့်သာဖြစ်ပေါ်၏။သူတော်
ကောင်းကြောင့် မဖြစ်ပေါ်ပေ။
 ဤအဖြစ်အပျက်နှင့် ပတ်သက်၍ မြတ်စွာဘုရားရှင်အောက်ပါတိုင်း ညွှန်ကြားဆုံးမ
တော်မူပါသည်။
**မိတ်ဆွေရှာသောအခါ သီလ သမာဓိ ပညာ အကျင့်သိက္ခာအရာတွင် မိမိထက် 
သာလွန်သူဖြစ်စေကာမူ၊ မိမိနှင့် တန်းတူသူကိုဖြစ်စေကာမူ မတွေ့လျှင်တယောက်
တည်းသာ နေရာ၏။ လူမိုက်ကိုကား ဆက်ဆံ ပေါင်းသင်းခြင်းမပြုရာ**.
  စရိဉ္စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။
  ဧကစရိယံ ဒဠံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတယ
  (ဓမ္မပဒ-ဋ္ဌ၊ ဗာလဝဂ်၊ အရှင်မဟာကဿပ၏ တပည့်ဝတ္ထု)
                                                 ကျန်းမာသုခနှင့်ပြည့်စုံပါစေ။(မင်းလှသားလေး)

0 Response to "အရှင်မဟာကဿပ၏ တပည်"

Post a Comment

| |