သစ္စာလေးပါး ဆိုသည်မှာ

၁။ရုပ်နာမ်နှစ်ပါးက ဒုက္ခသစ္စာ=ဆင်းရဲအမှန်တရား။

၂။လိုချင်တက်မက်တဲ့ တဏှာက သမုဒယသစ္စာ=ဆင်းရဲဖြစ်ကြောင်း အမှန်တရား။

၃။ရုပ်နာမ်နှစ်ရပ် အဖြစ်ရပ်၍ နောက်ထပ် မဖြစ်ပေါ်ခြင်းက နိရောဓသစ္စာ=ဆင်းရဲချုပ်ငြိမ်းခြင်း အမှန်တရားနိဗ္ဗာန်။

၎။မဂ္ဂင်ရှစ်ပါးက မဂ္ဂသစ္စာ=ဆင်းရဲချုပ်ငြိမ်းကြောင်း အကျင့်လမ်းအမှန်တရား။

***ဒုက္ခသစ္စာ သည် ပိုင်းပိုင်းခြားခြား သိရမည့်(ပရိညေယျ)တရား။

***သမုဒယသစ္စာ သည် ပယ်ရမည့်(ပဟာတဗ္ဗ)တရား။

***နိရောဓသစ္စာ သည် မျက်မှောက်ထင်ထင် သိမြင်ဆိုက်ရောက်ရမည့်(သစ္ဆိကာတဗ္ဗ)တရား။

***မဂ္ဂသစ္စာ သည် ဖြစ်ပွားစေရမည့်(ဘာဝေတဗ္ဗ)တရား။

            ယခု ပို့စ်လေးကို ချမ်းမြေ့ဆရာတော်ချမ်းမြေ့မင်္ဂလာသင်စရာ စာအုပ်ထုတ်ယူဖော်ပြထားပါတယ်။
      
                                                                         ချမ်းမြေ့ပျော်ရွှင်ကြပါစေ။(မင်းလှသားလေး)

3 Response to "သစ္စာလေးပါး ဆိုသည်မှာ"

  1. ဖတ်.. မှတ် သွားပါတယ် မင်းလှသားလေးရေ...

    ဖတ်ကြားလို့ မှတ်သားသွားပါ၏။။။။
    မျှဝေမှုကိုကျေးဇူးတင်လျက်။။။။။။။။။။

    မင်းလှသားလေးရေ...စာဖတ်ရင်းရောက်တယ်...သင်တန်းလေးကြောင့် ပု့မှန်မရောက် ဖြစ်တာပါ...ကောင်းသောနေ့လေး ဖြစ်ပါစေ။

Post a Comment

| |