ကံ၏အကျိုးရှိကြောင်း မည်သို့ သိနိုင်ပါသလဲ

 ကမ္မပထမြောက်၍ အပါယ်သို့ လားရာလားကြောင်းဖြစ်သော နတ္ထိကဒိဋ္ဌ အမြင်ရှိသူများက**အလုပ်ကံနှင့်
ကံ၏ အကျိုး(လုပ်အားတန်ဖိုး) မရှိ**ဟု မှတ်ထင်ကြသော်လည်း အမှန်စင်စစ် လုပ်အား(ကံ)၏ စွမ်းရည်သတ္တိ
ကောင်းကျိုး၊ဆိုးပြစ်သည် မီးနှင့်အခိုးအလျှံကဲ့သို့ ဒွန်တွဲလျက်သာ တည်ရှိနေပေသည်။ အလုပ်(ကံ)၏
ကောင်းကျိုး၊ ဆိုးပြစ် ရှိမှုကို------
            (၁) ကိုယ်တွေ့အားဖြင့် လည်းကောင်း၊
            (၂)  ဆင်ခြင်ဝေဖန်ဥာဏ်အားဖြင့် လည်းကောင်း၊
            (၃) ဘုရားသမ္ဗုဒ္ဓ၏ ဟောကြားချက်အရ လည်းကောင်း--
ယထာဘူတ ကျကျ သိရှိနိုင်ပေသည်။
                        ဗုဒ္ဓဘာသာဝင်ကောင်တစ်ယောက် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားပါသည်။(မင်းလှသားလေး)

0 Response to "ကံ၏အကျိုးရှိကြောင်း မည်သို့ သိနိုင်ပါသလဲ"

Post a Comment

| |