ငြိမ်းချမ်းရေးရိပ်မြုံ (၇)

                          ဂေါပက
၁၈၈၉ ခုဇူလိုင်လတွင်  ဂယာဆိုင်ရာ တရားသူကြီး မစ္စတာ မက်ဒေါ့ကို ဗုဒ္ဒဂယာဂေါပကအဖြစ်
တာဝန်လွှဲအပ်ပေးသည် ၊The Light of Asia ရေးသားသူ (SIREDWIN ARNOLD)ကဗုဒ္ဒဂ
ယာကို ဗုဒ္ဒဘာသာတို့လက်သို့ အရောက်လွှဲအပ်သင့်ကြောင်း ပထမဆုံး လှုံးဆော် ကြိုးပမ်းခဲ့
သည် ၊၁၈၉၁ ခုတွင် သီဟိုဠ်သား အနာဂါရိကဓမ္မပါလဘုရားဖူးရောက်လာသည် ၊ထိုနှစ်မှာပင်
မဟာဗောဓိအသင်းကို သီဟိုဠ်၌ စတင်ဖွဲ့စည်းပြီး ဂျူလိုင်လတွင် ဗုဒ္ဒဂယာသို့ပြန်လာပြီး ဗုဒ္ဒဂ
ယာအရေးများကို အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့သည် ၊ထိုအချိန်က ဗုဒ္ဒဂယာသည် ဘာ
သာခြားတို့၏လက်ထဲမှာပင်ရှိနေဆဲဖြစ်သည် ။
၁၈၉၅ တွင် ဓမ္မပါလနှင့် အဖွဲ့သည် ဂျပန်မှလှူဒါန်းလိုက်သော ရုပ်ပွါးတော်ကို စေတီတော်အ
ပေါ်ထပ်တွင် နေရာချထားစဉ် မဟန့်အုပ်စုများရောက်လာပြီး အကြမ်းဖက်ဆွဲထုတ်လိုက်ကြ
သည် ၊ဤကိစ္စနှင့်ပတ်သက်ပြီး နှစ်အတန်ကြာတရားဖြစ်ခဲ့ကြရသည် ၊အောက်ရုံးတွင် ဓမ္မပါလ
ကနိုင်သော်လည်း (ကာလကတ္တားဟိုက်ကုတ်တွင်)မဟန့်၏အယူခံချက်ကနိုင်သွားပြန်သည် ၊
၁၉၀၆ ခုတွင် ဓမ္မပါလကို မင်းတုန်းမင်း ဇ၇ပ်မှနှင်ထုတ်ခဲ့ကြသည် ၊သို့တိုင် ဓမ္မပါလ၏မလျှော့
သောဇွဲလုံးလကြောင်း ၁၉၅၃ ခုနှစ်တွင် အိန္ဒိယ လွှတ်တော်တွင် ဥပဒေပြဌာန်းလျှက် မဟာ
ဗောဓိစေတီကို မဟန့်တို့လက်မှ ပြန်ယူပြီးလျှင် ဗုဒ္ဒဘာသာ ၄ဦး ၊ဟိန္ဒူ ၄ ဦင်္းပါဝင်သည့် ကော်မ
တီလက်ထဲသို့ အပ်နှံလိုက်လေသည် ။
မဟာဗောဓိစေတီတော်မှာ(၂)ထပ်ဖြစ်ပြီး  အတွင်းဘုရားခန်းမကြီး ၂ ခုပါရှိသည်အောက်ထပ်
ခန်းမမှ အတွင်း ဝဇီရာသနလလ္လင်ပေါ်တွင် ရွှေသားဆင့်တုတော်တစ်ဆူရှိခဲ့ပြီး အေဒီ ၅ရာစု
တွင် မိစ္ဆာလူမျိုးများက ခိုးယူသွားကြသည် ယင်းနောက်တွင် ကျောက်ညိုရုပ်ပွါးတော်တစ်ဆူကို
တင်၍ကိုးကွယ်ခဲ့ကြသည် အေဒီ ၈-၉ရာစုလောက်တွင် တဖန်ပျောက်ဆုံခဲ့ပြန်သည်ဤနောက်
တွင် မဟန့်က ကျောက်ဆင့်တုတော်တစ်ဆူကိုတင်ပေးပြီး (စတူပါငယ်)တစ်ဆူကိုလည်း
(မဟာဒေဝလိင်္ဂ)အဖြစ် ဘုရားရှင်၏ ရှေးတော်တွင် နေရာချထာပေးခဲ့သည် ၊လပ်လွတ်ရေးရပြီး
နောက် အိန္ဒိယအစိုးရလက်ထက်တွင် ၄င်းကိုဖယ်ရှားပေးခဲ့သော်လည်း ၄င်းရှိခဲ့သည့်  တွင်း
ပေါက်နေရာလေးကို ဟိန္ဒူများက ယနေ့ထိတိုင်လာရောက်ပူဇော်နေကြဆဲဖြစ်သည်။
ဘုရားရှင်သည် ဤမဟာဗောဓိပင်အောက် ရတနာအတိဖြင့်ပြီးသော ပလ္လင်တော်ထက်တွင်
လောက(၃)ပါးသူတို့ နှင့် မနိုင်းအပ် မနိုင်းထိုက်  မကြံစည်ထိုက် မကြံစည်အပ်သောသဗ္ဗညုတ
ဥာဏ်တော်ကိုရ၍ အနိုင်းမဲ့ အတုလ အတုမရှိသူဖြစ်ခဲ့လေသည်၊ဘုရားအဖြစ်သို့ရောက်တော်
မူခဲ့သော ပလ္လင်တော်တွင်(၇)ရက်(၇)လီသီတင်းသုံစံပယ်တော်မူခဲ့သောကြောင်းယင်းကိုပလ္လ
က“သတ္တာဟ”ဟူ၍လည်းခေါ်ကြသည် ။(ပထမ)သတ္တာဟဖြစ်သည် ။
မဟာဗောဓိစေတီတော်ကြီး၏  အရှေ့ မြောက်ထောင့် ၂၂၇ ပေကွာကုန်းမြင့်ပေါ်တခုတွင် ပင်မ
စေတီတော်ကြီးနှင့် ပုံစံတူ စေတီငယ်တဆူရှိသည် ဤနေရာမှနေ၍ ဘုရားရှင်သည် မမှိတ်
သော မျက်လုံးတော်ဖြင့်  ဗောဓိပင် နှင့် ပလ္လင်တော်ကို တစိမ့်စိမ့်ရှု့တော်မူခဲ့၍ ၄င်းစေတီငယ်
ကို(အနီမိတသတ္တာဟ)ဟူ၍ခေါ်ကြသည်(ဒုတိယသတ္တဟ)ဖြစ်သည်။
စေတီတော်ကြီး၏ မြောက်ဘက် ဗောဓိပင်မှ ၅၈ ပေးအကွာ၌ ဘုရားရှင် (၇)ရက်ပတ်လုံး စကြံင်္
ကြွတော်မူခဲ့သောကြေင်း ၄င်းနေရာကို “စင်္ကြရတနသတ္တာဟ”ခေါ်သည် (တတိယ)သတ္တာဟ
ဖြစ်သည် ။
ဗောဓိပင်မှ မြောက် (အနောက်ခပ်ယွန်းယွန်း)၁၅၃ ပေအကွာ၌ ဘုရားရှင်သည် ပိဋကသုံးပုံကို
(၇)ရက်တိုင်တိုင်   အနုလုံ ပဋိလုံ အစုံဆန်ဝေဖန်တော်မူရာ ပဋ္ဌာန်ကျမ်တော်ကြီးသို့ရောက်တဲ့
အခါ ကိုယ်တော်မှရောင်ခြည်တော်(၆)သွယ်ကွန့်မြူးခဲ့သည် ၄င်းနေရာကို“ရတနာဃရသတ္တာ
ဟ”ခေါ်သည် ။(စတုတ္ထသတ္တာဟ)ဖြစ်သည် ။
စေတီတော်ကြီး၏ အရှေ့မုခ် လှေကားအဆင်းတည့်တည့်၌ မာရ်နတ်မင်း၏သမီးတော်-တဏှာ
-ရတီ-ရဂါ သုံယောက်တို့ လာရောက် ဖြားယောင်းမှုကို လျစ်လျှူရှု့၍(၇)ရက်တိုင်တိုင်သီတင်း
သုံးတော်မူခဲ့သောနေရာဖြစ်သည် ၊ဤနေရာကို“အဇာပါလနိဂြောဓသတ္တာဟ”ဟူ၍ခေါ်သည် ၊
(ပဉ္စမသတ္တာဟ)ဖြစ်သည် ။
စေတီတော်မှတောင်ဘက် ၃၃၂ ပေအကွာ ရေကန်၏အနီးရှိ ကျေးပင်ရင်း၌ ဘုရားရှင်သီတင်း
သုံးနေတော်မူစဉ် “ပေါက္ခရဝဿ”အခါမဲ့မိုးရွာသဖြင့် မုစလိန္ဒာ နဂါးမင်းက ပါးပျဉ်းမိုး ပူဇော်မှု
ကိုခံယူကာ(၇)ရက်တိုင်တိုင်သီတင်းသုံးတော်မူခဲ့သည် ၄င်းနေရာကို“မုစလိန္ဒာသတ္တာဟ”ဟု
ခေါ်သည် ။(ဆဋ္ဌမ)သတ္တာဟဖြစ်သည် ။
စေတီတော်၏ အတွင်းမဟာရံတံတိုင်းနှင့်ကပ်လျက် ယခင်က လင်းလွန်းပင်ရှိခဲ့သည် ၊ယခုမြန်
မာနိုင်ငံ ဗိုလ်မှုကြီးလှအောင်ကစိုက်ပျိုးခဲ့သော အပင်ငယ်တစ်ပင်ရှိသည် ၊ဤနေရာ၌လည်း ဘု
ရားရှင် (၇)ရက်တိုင်တိုင်သီတင်းသုံးတော်မူခဲ့၍“ရာဇာယတနသတ္တဟာ”ခေါ်သည် ၊(သတ္တမ
သတ္တာဟ)ဖြစ်သည်။   ငြိမ်းချမ်ရေးရိပ်မြုံ(၈)သို့------အရှင်ရေဝတ

0 Response to "ငြိမ်းချမ်းရေးရိပ်မြုံ (၇)"

Post a Comment

| |