ရုရှားသာသနာပြု ဆရာတော် အရှင်ဝေဠုရိယ (သာသနဓဇဓမ္မာစရိယ၊ ဘီ-အေ)၏ ထေရုပတ္တိအကျဉ်းချုပ်

ရုရှားသာသနာပြု ဆရာတော် အရှင်ဝေဠုရိယ (သာသနဓဇဓမ္မာစရိယ၊ ဘီ-အေ)၏ ထေရုပတ္တိအကျဉ်းချုပ် -

၁။   အရှင်ဝေဠုရိယ လောင်းလျာကို  စစ်ကိုင်းတိုင်း၊  ရွှေဘိုခရိုင်၊   ဒီပဲယင်းမြို့နယ်၊     ပိတ်ချင်းတောရွာ ဦးချမ်းပို+ဒေါ်မြကြင် တို့မှ ၁၉၇၄-ခုနှစ် ဖေဖော်ဝါရီလ (၆)ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ပါသည်။

၂။    ၁၉၈၇-ခုနှစ် အသက်(၁၂)နှစ်အရွယ်တွင် ရှင်သာမဏေအဖြစ်သို့ရောက်ရှိပါသည်။

၃။    ၁၉၉၅-ခုနှစ် အသက်(၂၀)အရွယ်တွင် မြင့်မြတ်သောရဟန်းအဖြစ်သို့ရောက်ပါသည်။
၎။   ၁၉၉၅-ခုနှစ်တွင် အစိုးရပထမကြီးတန်း၊ ၂၀၀၀-ပြည့်နှစ်တွင် နိုင်ငံတော်အစိုးရ ဓမ္မာစရိယ စာမေးပွဲကို အောင်မြင်၍ `သာသနဓဇဓမ္မာစရိယ´ ဘွဲ့၊ ၂၀၀၀-ပြည့်နှစ်တွင် အစိုးရနိကာယ် `၀ိနယ၀ိဒူ´ဘွဲ့၊ ၁၉၉၈-ခုနှစ်တွင် ပဲခူးမြို့ ကြခတ်ဝိုင်းကျောင်းတိုက် `ဂဏ၀ါစကပရိယတ္တိဓမ္မာစရိယ´ဘွဲ့၊ ၁၉၉၉-ခုနှစ်တွင် `ပရိယတ္တိသာသနင်္ကုရဓမ္မာစရိယ´ ဘွဲ့၊   ၂၀၀၅-ခုနှစ်တွင်  ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်၊ မဟာသန္တိသုခဗုဒ္ဓသာသနာ ပြုကျောင်းတော်ကြီးမှ`ဗုဒ္ဓဓမ္မဒီပလိုမာ´ဘွဲ့၊         ၂၀၀၇-ခုနှစ်တွင် ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ `B.A(Buddha Dhamma)´ဘွဲ့များကိုရရှိခဲ့ပါသည်။ ၊ ၂၀၀၉-ခုနှစ်တွင်  အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်မှာဘဲ  ဆက်လက်၍ ‘M.A(Buddha Dhamma)’၊ ဘွဲ့အတွက်  တက်ရောက်ခဲ့သည်၊ သို့သော် ၂၀၁၀ ခုနှစ်တွင် ရုရှားနိုင်ငံသို့ သာသနာပြုခရီး ကြွရောက်ရသဖြင့်  Master ဘွဲ့အတွက် ရပ်နားခွင့် တင်ထားခဲ့သည်.။   အခြားစားမေးပွဲများအနေဖြင့် ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်၊ အပြည်ပြည်ဆိုင်ရာ မဟာစည် ဗုဒ္ဓသာသနာပြု သင်တန်းကျောင်းမှ ’International Mahasi Meditation Teachership’ စာမေးပွဲကို အောင်မြင်ခဲ့သည်။
၅။    ၁၉၉၇-ခုမှ ၂၀၀၁-ခုနှစ်ထိ ပဲခူးတိုင်း၊ ပဲခူးမြို့၊ သိရီမင်္ဂလာ ကြခတ်ဝိုင်းကျောင်းတိုက်၊ အမတရသ ကျောင်းဆောင် ကျောင်းဘုန်းကြီးအဖြစ်၎င်း၊ ဂဏ၀ါစကစာချဘုန်းကြီးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ ပါသည်။
၆။    ၂၀၀၂-ခုနှစ်တွင် ရန်ကုန်မြို့ ၊ မဟာစည်သာသနာ့ရိပ်သာကြီးသို့ ရောက်ရှိခဲ့ပြီး ထိုမှ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် မဟာစည် အပြည်ပြည်ဆိုင်ရာ သင်တန်းကျောင်းတွင် အင်္ဂလိပ်စာကို စတင်လေ့လာခဲ့သည်။ ၂၀၀၇-ခုနှစ်မှ ၂၀၀၉-ထိ ထိုမဟာစည်ပြည်ပသာသနာပြု သင်တန်းကျောင်းတွင်ပင် သင်တန်းဆရာအဖြစ် သင်တန်းသားရဟန်းတော်များအား အင်္ဂလိပ်စာ သင်ကြားပေးခဲ့သည်။
၇။    ၂၀၀၈-ခုနှစ်တွင် ရန်ကုန်မြို့ မဟာစည် သာသနာ့ရိပ်သာကြီးတွင် နိုင်ငံခြားသားယောဂီ များအတွက်  အင်္ဂလိပ် ဘာသာပြန်တာဝန်ကို နာယက ဆရာတော်ကြီးများနှင့် တွဲဖက်၍ ဆောင်ရွက်ခဲ့သည်။
၈။    ယခုအခါ ဆရာတော်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၊ အဘိဓမ္မဗုဒ္ဓ၀ိဟာရ ကျောင်းတော် Dom 182 , Ulitza Dshnaya  Posyolok  Gorelovo တွင်    သီတင်း သုံးနေထိုင်လျှက်  စစ်မှန်သော ထေရ၀ါဒဗုဒ္ဓသာသနာတော်နှင့်အညီ အမျိုးဘာသာ၊ သာသနာတော်အတွက် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ၀ိပဿနာ တရားတော်များကို ဟောကြား ပြသခြင်း၊ ကြာသပတေးနေ့တိုင်း ဗုဒ္ဓဘာသာသင်တန်း ပို့ချပေးခြင်းစသော သာသနာပြုလုပ်ငန်းများကို ထမ်းဆောင်လျှက်ရှိပါသည်။

0 Response to "ရုရှားသာသနာပြု ဆရာတော် အရှင်ဝေဠုရိယ (သာသနဓဇဓမ္မာစရိယ၊ ဘီ-အေ)၏ ထေရုပတ္တိအကျဉ်းချုပ်"

Post a Comment

| |