သဗ္ဗဇယမင်္ဂလာဂါထာတော်


သဗ္ဗဇယမင်္ဂလာဂါထာတော် ဖြင့် မေတ္တာပို့ခြင်း
ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြဟ္မဏော။
အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္တိ တုမှာကံ ဟောန္တု သဗ္ဗဒါ။
အာဒိစ္စော - ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ထွန်းလင်းပ၀င်း ရှင်နေမင်းသည်၊ ဒိဝါ - နေ့အခါ၌၊ တပတိ - လောကအလယ် ဂုဏ်မြင့်ကြွယ်၍ တင့်တယ်ပါပေ၏။ စန္ဒိမာ - စန်းငွေယုန်ခ သော်တာလသည်၊ ရတ္တိံ - ညဥ့်အခါ၌၊ အာဘာတိ - နှစ်သက်စဖွယ် တင့်တယ်ပါပေ၏။ သန္နဒ္ဓေါ - ချပ်ဝတ်တန်ဆာ ကိုယ်မှာစုံလင် ဆင်ယင်ထားသော၊ ခတ္တိယော - လူတို့သနင်း ပြည့်ရှင်မင်းသည်၊ တပတိ - ကြီးမြင့်ခံ့ထယ် တင့်တယ်ပါပေ၏။ ဈာယီ - ဘက်စုံကောင်းမြတ် သမာပတ်ကို မပြတ်ထင်ရှား ၀င်စားလျက်ရှိသော၊ ဗြဟ္မဏော - ကိလေသာကို ပယ်သတ်ပြီးသော အာသဝေါကင်းကွာ ရဟန္တာပုဂ္ဂိုလ်သည်၊ တပတိ - ဈန်မဂ်နှစ်သွယ် စွယ်စုံခြယ်၍ တင့်တယ်ပါပေ၏။ အထ - ထိုမှကြူး၍ ထူးသည်မှာကား၊ ဗုဒ္ဓေါ - သစ္စာလေးဆင့် ခိုင်လုံရင့်ကာ ပွင့်လာခေါင်ဖျား အောင်တော်မူ မြတ်စွာ ဘုရားသည်၊ သဗ္ဗမဟောရတ္တိံ - နေ့ရောညဥ့်ပါ အခါကာလပတ်လုံး၊ တေဇသာ ကြီးကဲစိုးရ တန်ခိုးတော် အနန္တဖြင့်၊ တပတိ - အံ့ချီးလောက်ဖွယ် လောကလယ်၌ တင့်တယ်တော်မူပါ ပေသတည်း။
ဧတေန သစ္စ၀ဇ္ဇေန - ဤသို့ ဖော်ထုတ်မှန်သော သစ္စာစကားကြောင့်၊ တုမှာကံ - အသင်တို့အား၊ သဗ္ဗဒါ - အခါခပ်သိမ်း၊ သောတ္တိ - ချမ်းသာခြင်းသည်၊ ဟောန္တု - ဖြစ်ပါစေသတည်း။ 

                                    ဂါထာတော်လေးကိုမျှဝေပေးထားပါတယ်။(မင်းလှသားလေး)
 

0 Response to "သဗ္ဗဇယမင်္ဂလာဂါထာတော်"

Post a Comment

| |