ငြိမ်းချမ်းရေးရိပ်မြုံ (၁)

တိုင်းပြည် နိုင်ငံအသီးသီးတို့မှ ဘုရားဖူးလိုခြင်းတခုတည်းအတွက် ကြိုးစားလာရောက်သူတို့
အား ၊လမ်းညွန်သူကပြောပြသည့် တိုကျဉ်း ၊ရှည်ဝေး မရေရာနိုင်လှသော ဗဟုသုတမျှဖြင့်၊
ဘုရားဖူးရာဝယ် ၊နည်းမှန်လမ်းကျ အထောက့်ပံ့ရပြီဟုမည် သို့ မျှဆိုနိုင်မည်မဟုတ်၊ဘုရားဖူး
တစ်ဦး၏၊ အမြင့်မားဆုံး ပန်းတိုင်မှာ“နိဗ္ဗာန်” ဖြစ်သည်။
“ဗုဒ္ဓ”သည် ပရိနိဗ္ဗန် စံဝင်တော်မူခါနီး၌ ကိုယ်တေယ်တိုင်ပေးတော်မူခဲ့သည့် သာဓက များဖြင့်
ပင် အထက်ပါ အချက်လက်တို့ကို ခိုင်မာစေနိုင်သည်၊ ဗုဒ္ဓ သည်ဝေသာလီမှ ကုသိနာရုံ   သို့
နောက်ဆုံးခရီးရှည်ကြွလာခဲ့သည်၊တပည့်သားသံဃာတော် အခြံရံများနှင့်တကွ မလ္လာ မင်းတို့
၏ အင်ကြင်းဥယာဉ်သို့ ရောက်သောအခါ ၊မြောက်သို့ ဦးခေါင်းတော်ပြုလျှက်၊ရှင် အာနန္ဒာအား
ဤသို့ မိန့်လေသည်။
“အာနန္ဒာ သဒ္ဓါတရားရှိသော အမျိုးကောင်းသာ အမျိုးကောင်းသ္မီးတို့အတွက် လှည့်လည်အပ်၊
ဖူးမျှော်အပ်၊သံဝေဂယူအပ်သောနေရာတော်တို့သည် ၁။-ဗုဒ္ဓ ဖွားမြင်တော်မူရာ(လုမ္ဗိနီ)၂။ဗုဒ္ဓ
သဗ္ဗေညူတဥာဏ်တော်ကိုရတော်မှူု၍ ဘုရားအဖြစ်သို့ရောက်တော်မူရာ မဟာဗောဓိ(ဗုဒ္ဓု¨ဂယာ)
၃။ဗုဒ္ဓ တရားဦးဓမ္မဟောတော်မူရာ(ဆာရနသ်) ၄။ဗုဒ္ဓ ပရိနိဗ္ဗန်စံတော်မူရာ(ကုသိနာရုံ)တို့ဖြစ်
ကြသည်။
ဤသည်တို့မှာ နေရာတော်မြတ်-၄-ရပ်(သံဝေဇနိယ)လေးဌာနတို့ဖြစ်သည်၊ နောင်အနာဂတ် ကာလတွင် သဒ္ဓါတရားရှိသော ဘိက္ခူ ဘိက္ခူနီ ဥပသကာ ဦးပသကီ ဟူသော ပရိသတ် ၄ပါး
တို့သည်၊ဤအရပ်ဌာတို့၌ ဘုရားရှင် မွေးဖွားခဲ့သည်တကား၊ ဤအရပ်၌ သဗ္ဗေညုတဥာဏ်တော်
ကိုရရှိခဲ့သည်တကား၊ ဤအရပ်၌ တရားဦး ဓမ္မစက်ကိုဟောကြားခဲ့သည်တကား၊ဤအရပ်၌ပရိ
နိဗ္ဗန် ပြုတော်မူခဲ့သည်တကားဟူ၍ ဖူးမျှော်လာကြလိမည်။

“အာနန္ဒာ အကြင်သူတို့သည် ဘုရားဖူးခရီးလှည့်လည်၍ ကြည်ညိုသောစိတ်ဖြင့် သေလွန်ကုန်
၏ ၊ထိုသူတို့သည် သေလွန်ပြီးနောက်တွင် နတ်ရွာသုကတိသို့ လားရောက်ရ ကုန်လတ္တံ့ဟုမိန့်
တော်မူ၏ ”၊ ဘုရားဖူး ထွက်တော့မယ့် လူတစ်ယောက်သည်၊ခရီးမထွက်မီကတည်းက မိမိ၏
စိတ်ဓာတ်ကို ပလွှားခြင်း ၊ပြိုင်လိုခြင်း ၊ကြွားလိုခြင်း မရှိစေပဲ ၊ရိုးဖြောင့်သော-ဖြူစင်သော-သန့်
ရှင်းသော-သိမ်မွေ့သော-ယာဉ်ကျေးသော-မြင့်မြတ်သော-စိတ်ဓာတ်ဖြစ်အောင် ပြုပြင်ပေးရပါ
မည် (ပုဗ္ပစေတနာပါ) ။


တစ်သက်တခါဆိုသလို ဘုရားဖူးလိုတဲ့ တခုတည်းသောဦးတည်ချက်ဖြငထွက်လာခဲ့သည့်ခရီး
မှာ ခြေတစ်လှမ်း တစ်သန်းဆိုလည်းမမှားနိုင်လောက်သော အထွဋ်မြတ်ဆုံး နိဗ္ဗာန်ခရီးပါ၊သို့
တိုင် လူတိုင်းအတွက် ဖြစ်နိုင်ဖို့ကားမသေချာ၊အကြောင်းမှာ ဘုရားဖူးအဖွဲ့များနှင့် ဦးဇင်းတို့
ခဏခဏတွေ့မြင်နေရလို့ပါ ၊အဖွဲ့တော်တော်များများဦးစားပေးလုပ်တာက ဈေးဝယ်တာ ၊ဗော
ဓိရွက်ကောက်တာ ၊ရေကန်မှာ ငါးကြည့်တာ ၊စကားများတာတွေကိုပဲ ဦးစားပေးကြတယ် ၊ဒီလို
ပုံ ဒီလိုနှလုံးသွင်းမှုနှင့် ၊သူတို့တွေအတွက် အပါယ်တံခါး ပိတ်မှာတဲ့လား ၊ငွေကုန် လူပန်းဖြစ်ဖို့
သာများတယ် ။
အဲလိုမဖြစ်စေချင်ဘူး ၊ဘုရားဖူးလှည့်လည်စဉ်းကာလ လမ်းတစ်လျှောက်လုံးတွင်လည်းဘယ်
လိုအခြေနေမျိုးပဲ ကြုံကြုံ အကောင်းဆုံး စံတင် ဘုရာဖူး ဦပသကာ ဦးပါသိကာမတို့ဖြစ်ဖို့ စိတ်
ရှည်သည်းခံခြင်း ၊သတိ ပညာ မေတ္တာ ရှေ့ပြေးဖြင့် ၊မြင်တတ် ကြားတတ် သိမှတ်ခံစားတတ်
သော လေ)။
ဖော်ပြခဲ့သည့်အတိုင်း ပုဗ္ဗနှင့် မူစစေတနာများ အထမြောက်ခဲ့ပါက ဘုရားဖူး ခရီမှ အိမ်ပြန်
ရောက်သော်လည်း တွေ့ကြုံခဲ့ရသော ဘုရားရှင်၏ ပုံရိပ်များကို အမှတ်ရနေမယ် အမှတ်ရတိုင်း
သံဝေဂတွေ ဆင့်ပွါးနေမယ် ၊ဆိုလျှင် ဘုရားတစ်ခေါက်ထပ်ပြီး ထွက်ရသကဲ့သို့ ကုသိုလ်တရား
များမှာတိုးသထက်တိုးနေမှာဧကန်မုချပါ ၊ထိုပုဂ္ဂိုလ်တို့၏ သွားရာ ဂတိရှေ့ပြေးနိမိတ်များသည် ၊
ကောင်းသော မြင့်သော သိုက်မြုံ တခုဖြစ်နေမည်မှာ မြေကြီး လက်ခတ်မလွဲပါ၊
(အပရစေတနာ)


ဤစာပိုဒ်ကို  မဈ္ဇိမကြေမုံ ဒေါက်တာနန္ဒောဘာသ(ကာလကတ္တား)စာအုပ်မှ ကောင်းရာနိုးနိုးအ
ချို့ကို ထုတ်နှုပ်ပြီး ဦးဇင်း ၏ လေ့လာသိရှိမှု အချို့တို့နှင် ရောနှော တင်ပြခြင်းဖြစ်ပါသည်၊ဆက်
၍ ငြိမ်းချမ်းရေးရိပ်မြုံ(၂-၃-၄-၅-၆-၇)စသည်များကိုလည်း သာသနာတော်၏ သမိုင်းအစနများ
နှင့် တင်ပြသွားမှာဖြစ်ပါတယ် ။ 
                                                                                        အရှင်ရေဝတ

0 Response to "ငြိမ်းချမ်းရေးရိပ်မြုံ (၁)"

Post a Comment

| |